31Bohn

Call Directions

31Bohn ART GALLERY

"Countless pagodas of Bagan, as echoing as the creaking oxcart axles."🛕 🐂 🛞 🎨 🖼️ 🌄 🌅 🌾 🇲🇲 🌿 ✨Painting By Myanmar Artist ...
10/14/2026

"Countless pagodas of Bagan, as echoing as the creaking oxcart axles."
🛕 🐂 🛞 🎨 🖼️ 🌄 🌅 🌾 🇲🇲 🌿 ✨
Painting By Myanmar Artist KYAW WIN
@ Laksa King, Vancouver.
Photo: 31 Bohn

"Installation Art of Jana Sterbak" 🎨🖌️🎨🖌️✨💫🌟🖼️🎭🎨 Artworks by Czech-born Canadian artist  Jana Sterbak" "Dimensions of In...
10/13/2026

"Installation Art of Jana Sterbak"
🎨🖌️🎨🖌️✨💫🌟🖼️🎭🎨
Artworks by Czech-born Canadian artist Jana Sterbak"
"Dimensions of Intimacy"✨💫🎨🏛️
@ Morris & Helen Belkin Art Gallery, UBC, Vancouver.
Photo: 31 Bohn

"Dimensions of Intimacy"🎨🖌️🎨🖌️Artworks by Czech-born Canadian artist  Jana Sterbak"  ✨💫🌟🖼️🎭🎨 @ Morris & Helen Belkin Art...
10/12/2026

"Dimensions of Intimacy"🎨🖌️🎨🖌️
Artworks by Czech-born Canadian artist Jana Sterbak"
✨💫🌟🖼️🎭🎨
@ Morris & Helen Belkin Art Gallery, UBC, Vancouver.
Photo: 31 Bohn

10/11/2026

😔 ကိုယ်သတိမထားလိုက်မိချိန် မှာပဲ ပျောက်ဆုံးသွားတတ်တဲ့ အခိုက်အတန့်လေးတွေ…

Edit SoldOut

The Book of Ichigo Ichie
By Héctor García & Francesc Miralles

‼️Now Our Price ~ 37000 ks
🚫Normal Price ~ 91000 ks

Pages ~ 200
Publisher ~ Qurrcus Press

🔖Original Hardcover Book
🔖Instock Only 1 Book

လူတစ်ယောက်က တစ်ခုခုကို ဆုံးရှုံးလိုက်ရတဲ့အခါမှ အဲဒီအရာရဲ့တန်ဖိုးကို ပိုနားလည်လာတတ်ပါတယ်။

အမြဲရှိနေမယ်ထင်ခဲ့တဲ့အရာတွေ ပျောက်ဆုံးသွားမှသာ ကိုယ်တန်ဖိုးမထားမိခဲ့တဲ့ သာမန်နေ့ရက်လေးတွေဟာ တကယ်တော့ ဘယ်လောက်အဖိုးတန်ခဲ့သလဲဆိုတာ သိလာရပါတယ်။

ထူးဆန်းတာက အဲဒီအရာတွေ ကိုယ့်ဘေးမှာရှိနေတုန်းမှာတော့ တန်ဖိုးထားဖို့ မေ့နေတတ်ကြတာပါပဲ။

ချစ်ရတဲ့သူနဲ့ အတူရှိနေရင်း ဖုန်းကိုပဲ ပွတ်နေမိတယ်။ သူစကားပြောနေချိန်မှာလည်း အပြည့်အဝနားထောင်ပေးဖို့ထက် ကိုယ်ပြန်ပြောမယ့်စကားကိုပဲ စဉ်းစားနေမိတယ်။

ဒီနေ့ဟာ သာမန်နေ့တစ်နေ့ပဲလို့ ထင်ပြီး နောက်တစ်ခါကျမှ ပိုတန်ဖိုးထားမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောနေမိပါတယ်။

ဒါပေမဲ့ ပြီးဆုံးသွားတဲ့အချိန်တွေကို အတိအကျတူညီတဲ့ပုံစံနဲ့ ပြန်ရနိုင်မှာမဟုတ်ဘူး။ ဒီအကြောင်းကို ပြန်သုံသပ်မိ စေတဲ့စာအုပ်ကတော့ Héctor García နဲ့ Francesc Miralles တို့ရဲ့ The Book of Ichigo Ichie ပါပဲ။

ဒီစာအုပ်ဟာ ပျော်ပျော်နေပါ၊ အကောင်းမြင်စိတ်ထားပါဆိုတဲ့ အကြံပေးစကားတွေထက် ပိုပါတယ်။

ကိုယ်ဘာကြောင့် လက်ရှိအချိန်မှာ အပြည့်အဝမနေနိုင်တာလဲ၊ ကိုယ့်အနားမှာရှိနေတဲ့အရာတွေကို ဘာကြောင့် တန်ဖိုးထားဖို့ မေ့နေတတ်တာလဲဆိုတာကို ပြန်ဆန်းစစ်စေပါတယ်။

Ichigo Ichie ဆိုတာ ဂျပန်အယူအဆတစ်ခုဖြစ်ပြီး တွေ့ဆုံမှုတိုင်း၊ အခိုက်အတန့်တိုင်းဟာ ထပ်တူညီတဲ့ပုံစံနဲ့ ပြန်မရနိုင်တဲ့ အတွေ့အကြုံတစ်ခုဖြစ်ကြောင်း သတိပေးတာပါ။

ပျော်ရွှင်နေတဲ့အချိန်တွေသာမက ဝမ်းနည်းမှုနဲ့ ပင်ပန်းမှုတွေကိုပါ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံတတ်ဖို့ ဆိုလိုပါတယ်။

လူတွေဟာ ပျော်ရွှင်မှုကို အနာဂတ်မှာပဲ ရှာဖွေနေတတ်ကြတယ်။ အလုပ်ပိုကောင်းလာရင်၊ ပိုက်ဆံပိုရှိလာရင်၊ ကိုယ်လိုချင်တဲ့အရာကို ရရှိလာရင်မှ စိတ်ချမ်းသာမယ်လို့ ထင်ကြတယ်။

ဒီလိုနဲ့ လက်ရှိဘဝကို ပျော်ရွှင်ဖို့အတွက်မဟုတ်ဘဲ နောက်တစ်ဆင့်ကို ရောက်ဖို့ စောင့်ဆိုင်းနေတဲ့အချိန်တစ်ခုလို သဘောထားမိလာပါတယ်။

စိတ်ပညာမှာလည်း လူတစ်ယောက်ဟာ လိုချင်တဲ့အရာကို ရရှိပြီးနောက် အဲဒီအခြေအနေနဲ့ အသားကျသွားတတ်ပါတယ်။

အရင်က အိပ်မက်လိုဖြစ်ခဲ့တဲ့အရာဟာ နောက်ပိုင်းမှာ သာမန်ဖြစ်သွားပြီး နောက်ထပ်လိုချင်စရာတစ်ခုကို ရှာဖွေပြန်တယ်။ ဒီလိုနဲ့ ပျော်ရွှင်မှုကို အမြဲတမ်း ရှေ့ကိုရွှေ့ထားမိတတ်တယ်။

ဒီစာအုပ်က ကိုယ့်ရည်မှန်းချက်တွေကို စွန့်လွှတ်ဖို့ ပြောနေတာမဟုတ်ဘူး။ အနာဂတ်အတွက် ကြိုးစားနေရင်း လက်ရှိမှာရှိနေတဲ့အရာတွေကိုပါ မဆုံးရှုံးမိဖို့ သတိပေးနေတာပါ။

စိတ်ပညာနဲ့ အတွေးအခေါ် ရှုထောင့်ကနေ ကြည့်ရင်လည်း လူ့စိတ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကို တွေ့ရပါတယ်။ လူတစ်ယောက်ရဲ့ အပြုအမူကို လွှမ်းမိုးနေတာဟာ သူလိုချင်တဲ့အရာတွေချည်း မဟုတ်ဘဲ သူကြောက်ရွံ့နေတဲ့အရာတွေလည်း ဖြစ်ပါတယ်။

တချို့လူတွေဟာ ဆုံးရှုံးရမှာကြောက်လို့ လက်ရှိပျော်ရွှင်မှုကိုတောင် အပြည့်အဝမခံစားနိုင်ကြပါဘူး။

ချစ်ရတဲ့သူ ထွက်သွားမှာကို ကြိုတွေးပြီး စိတ်ပူနေတတ်ကြတယ်။ အတိတ်က နာကျင်မှုကို ထပ်မကြုံချင်လို့ လူတွေနဲ့ အကွာအဝေးထားတတ်ကြတယ်။ မဖြစ်သေးတဲ့အရာတွေကို ကြိုတွေးရင်း ဖြစ်နေပြီးသားအချိန်တွေကိုပါ ဆုံးရှုံးနေမိကြတယ်။

တစ်ခါတလေ ကိုယ်ကြောက်နေတဲ့အရာဟာ လက်ရှိမှာ ဖြစ်ပျက်နေတာမဟုတ်ဘူး။ ကိုယ့်စိတ်က ဖြစ်လာနိုင်တယ်လို့ ထင်ထားတဲ့အရာတစ်ခုသာ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ အဲဒီအတွေးတွေကပဲ ကိုယ်လက်ရှိခံစားနေရတဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးနိုင်ပါတယ်။

ဒါကြောင့် လက်ရှိအခိုက်အတန့်ကို တန်ဖိုးထားတတ်ဖို့ဆိုတာ အရာအားလုံးကို လှပတယ်လို့ ဟန်ဆောင်နေတာမျိုးမဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲက ကြောက်ရွံ့မှုတွေနဲ့ အမှန်တကယ်ဖြစ်ပျက်နေတဲ့အရာတွေကို ခွဲခြားသိမြင်ဖို့၊ ကိုယ်ထိန်းချုပ်နိုင်တာကို အာရုံစိုက်ဖို့ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လူတစ်ယောက်နဲ့ တွေ့ဆုံမှုတိုင်းဟာ ထူးခြားတယ်ဆိုတဲ့ အယူအဆကို ဒီစာအုပ်က အလေးပေးထားပါတယ်။

ကိုယ်ချစ်တဲ့သူနဲ့ ဒီနေ့အတူစားခဲ့တဲ့ ညစာကို နောက်တစ်ကြိမ် ထပ်စားနိုင်ကောင်း စားနိုင်မယ်။ ဒါပေမဲ့ ဒီနေ့ရဲ့အခြေအနေ၊ ဒီနေ့ရဲ့စိတ်ခံစားချက်နဲ့ ဒီနေ့အတူရှိနေတဲ့ ကိုယ်တို့နှစ်ယောက်ကိုတော့ အတိအကျပြန်ရနိုင်မှာမဟုတ်ပါဘူး။

အဲဒါကြောင့် တစ်ယောက်ယောက်နဲ့ အတူရှိနေချိန်မှာ အာရုံစိုက်ပေးဖို့၊ စကားပြောတဲ့အခါ တကယ်နားထောင်ပေးဖို့၊ ချစ်ခင်မှုကို ဖော်ပြဖို့ အချိန်ကောင်းကို စောင့်မနေဖို့ အရေးကြီးပါတယ်။

တစ်ခါတလေ လူတစ်ယောက်ကို ဆုံးရှုံးသွားတဲ့အခါမှ ကိုယ်သူ့ကို ဘယ်လောက်ချစ်ခဲ့သလဲဆိုတာ သိလာတတ်ပေမဲ့ အဲဒီအချိန်မှာ ပြောချင်တဲ့စကားတွေက ပြောခွင့်မရှိတော့တာမျိုးလည်း ရှိတတ်ပါတယ်။

ဒဿနရှုထောင့်ကနေ ကြည့်ရင် ဒီအယူအဆဟာ ဘဝရဲ့ မမြဲခြင်းနဲ့လည်း ဆက်စပ်နေတယ်။ လူတွေဟာ ကိုယ်ချစ်တဲ့သူတွေကို အမြဲအနားမှာရှိနေစေချင်ကြပါတယ်။

ပျော်ရွှင်မှုတွေ မပြောင်းလဲစေချင်ကြဘူး။ ဒါပေမဲ့ ဘဝဆိုတာ အမြဲပြောင်းလဲနေတယ်။ လူတွေ ကြီးပြင်းလာကြတယ်၊ ဆက်ဆံရေးတွေ ပြောင်းလဲလာကြတယ်၊ တချို့လူတွေက ကိုယ့်ဘဝထဲကနေ ထွက်ခွါသွားကြပါတယ်။

မမြဲခြင်းကို လက်ခံတတ်လာခြင်းဟာ အရာရာကို လက်လျှော့လိုက်ဖို့ မဟုတ်ဘူး။ ရှိနေတုန်းမှာ တန်ဖိုးထားတတ်ဖို့ပါ။

ဒါပေမဲ့ တန်ဖိုးထားတယ်ဆိုတာ ကိုယ့်ကိုနာကျင်စေတဲ့အရာတွေကို ဆက်လက်သည်းခံနေရမယ်လို့လည်း မဆိုလိုဘူး။ ကိုယ့်ဘဝမှာ ဘာကိုထိန်းသိမ်းသင့်သလဲ၊ ဘာကိုလက်လွှတ်သင့်သလဲဆိုတာ သိမြင်ဖို့လည်း လိုအပ်ပါတယ်။

ဒီစာအုပ်ရဲ့ အယူအဆကို နေ့စဉ်ဘဝမှာ အသုံးချဖို့ကလည်း မခက်ခဲပါဘူး။

အစားစားတဲ့အခါ အရသာကို သတိထားခံစားတာ၊ လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို သတိပြုမိတာ၊ ကိုယ်နဲ့စကားပြောနေသူကို ဖုန်းဘေးချပြီး နားထောင်ပေးတာမျိုးပါပဲ။

အဓိကက နေ့စဉ်လုပ်နေကျအရာတွေကို အသစ်တစ်ခုလို ဖန်တီးဖို့မဟုတ်ဘဲ ကိုယ်လုပ်နေတဲ့အရာမှာ စိတ်ရောကိုယ်ပါ ရှိနေဖို့ပါ။

ဒီစာအုပ်ကို ဖတ်ပြီးတာနဲ့ နောင်တတွေပျောက်သွားမှာမဟုတ်သလို စိတ်ပူပန်မှုတွေလည်း အားလုံးအဆုံးသတ်သွားမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ကိုယ်အမြဲလက်လွတ်ခံနေမိတဲ့အရာတွေကို ပြန်မြင်လာစေနိုင်တယ်။ တစ်ခါတလေ ဘဝမှာ လိုအပ်နေတာဟာ အသစ်တစ်ခု ထပ်ရရှိဖို့မဟုတ်ဘဲ ရှိနေပြီးသားအရာတွေရဲ့ တန်ဖိုးကို ပြန်မြင်တတ်ဖို့ပဲ ဖြစ်တယ်။

The Book of Ichigo Ichie ကို ဖတ်ပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးကြည့်စရာ မေးခွန်းတစ်ခု ကျန်ခဲ့တယ်။

ကိုယ်ဟာ လက်ရှိဘဝကို တကယ်နေထိုင်နေတာလား၊ ဒါမှမဟုတ် တစ်နေ့နေ့မှာ ပိုကောင်းတဲ့ဘဝတစ်ခု ရောက်လာဖို့ပဲ စောင့်နေမိတာလားတဲ့…

မနက်ဖြန်အတွက် ကြိုးစားပါ။ ကိုယ်ဖြစ်ချင်တဲ့လူတစ်ယောက် ဖြစ်လာဖို့လည်း ဆက်လျှောက်ပါ။ ဒါပေမဲ့ အဲဒီခရီးလမ်းတစ်လျှောက်မှာ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ်ဖြတ်သန်းနေရတဲ့နေ့ရက်တွေနဲ့ ကိုယ်တကယ်တန်ဖိုးထားတဲ့အရာတွေကို မမေ့ပါနဲ့။

ဘာကြောင့်လဲဆိုတော့ ကိုယ်တို့ဟာ ပိုကောင်းတဲ့မနက်ဖြန်ကို စောင့်နေကြရင်း ဒီနေ့ကို ဘယ်တော့မှ ပြန်မရနိုင်တော့လို့ပါ။

The Prince Bookshop

Telegram Channel :
https://t.me/theprincebookshop

၂၀၂၆ စာပေနိုဘလ်ဆုရှင် ကနေဒါကဗျာဆရာမ အန်းကာဆန်ရဲ့ "နာမဝိသေသနဆိုတာဘာလဲ"ကဗျာအပါဝင် နှစ်သက်မိတဲ့ ကဗျာအချို့။📚🇨🇦✍️🇨🇦📜 🎖️🍁 🏅🍁✨...
10/11/2026

၂၀၂၆ စာပေနိုဘလ်ဆုရှင် ကနေဒါကဗျာဆရာမ အန်းကာဆန်ရဲ့ "နာမဝိသေသနဆိုတာဘာလဲ"ကဗျာအပါဝင် နှစ်သက်မိတဲ့ ကဗျာအချို့။
📚🇨🇦✍️🇨🇦📜 🎖️🍁 🏅🍁
✨ Selected poems by Canadian poet Anne Carson, recipient of the 2026 Nobel Prize in Literature — featuring "What is an Adjective?" 📚🇨🇦✍️🇨🇦📜 🎖️🍁 🏅🍁
🍁“𝐋𝐞𝐭 𝐌𝐞 𝐒𝐡𝐚𝐫𝐞 𝐚 𝐁𝐢𝐭 𝐨𝐟 𝐖𝐢𝐬𝐝𝐨𝐦 𝐰𝐢𝐭𝐡 𝐘𝐨𝐮”
by Anne Carson
Come here, let me share a bit of wisdom with you.
Have you given much thought to our mortal condition?
Probably not. Why would you? Well, listen.
All mortals owe a debt to death.
There's no one alive
who can say if he will be tomorrow.
Our fate moves invisibly! A mystery.
No one can teach it, no one can grasp it.
Accept this! Cheer up! Have a drink!
But don't forget Aphrodite--that's one sweet goddess.
You can let the rest go. Am I making sense?
I think so. How about a drink.
Put on a garland. I'm sure
the happy splash of w**e will cure your mood.
We're all mortal you know. Think mortal.
Because my theory is, there's no such thing as life,
it's just catastrophe.

🍁"အကြံဉာဏ်ကောင်းလေး ပေးပါရစေ”
************************************
ဒီနားကိုလာပါ၊ ငါ့ရဲ့ အသိအမြင် စကားအချို့ ဝေမျှပါရစေ။
ငါတို့ သေမျိုးတွေရဲ့ ဖြစ်တည်မှုအကြောင်း ရှင်သေချာ စဉ်းစားဖူးရဲ့လား။
စဉ်းစားဖူးမှာ မဟုတ်ပါဘူးလေ။ ဘာလို့ စဉ်းစားမှာလဲ။ ကဲ… နားထောင်ကြည့်။
သေမျိုးမှန်သမျှဟာ သေခြင်းတရားဆီမှာ အကြွေးတင်နေကြတာချည်း။
မနက်ဖန် ငါ သက်ရှိထင်ရှား ရှိနေမယ်လို့ အာမခံရဲတဲ့ သက်ရှိရယ်လို့ မရှိပါ။
ငါတို့ရဲ့ ကံကြမ္မာဟာ မမြင်နိုင်ဘဲ လှုပ်ရှားနေတာမို့… ပဟေဠိဆန်လှရဲ့။
ဘယ်သူမှလည်း သင်ပေးလို့မရ၊ ဘယ်သူမှလည်း ဆုပ်ကိုင်နားလည်လို့မရ။
ဒါကို လက်ခံလိုက်ပါ။ စိတ်ရွှင်ရွှင်ထားပါ။ သောက်စရာတခွက်လောက် သောက်လိုက်ပါ။
ဒါပေမဲ့ အဲဖရိုဒိုတီကိုတော့ မေ့မပစ်လိုက်နဲ့ သူက အလွန်ချိုမြိန်တဲ့ နတ်သမီးတပါးပဲ။ ကျန်တာတွေကိုတော့ မင်း လွှတ်ချလိုက်။ ငါပြောတာ အဓိပ္ပာယ်ရှိရဲ့လား။
ရှိတယ်လို့ ထင်တာပဲ။ သောက်စရာတခွက်လောက် သောက်မလား။
ပန်းကုံးကလေး ဆင်မြန်းကြည့်လိုက်စမ်းပါ။
ဝိုင်အရက်ရဲ့ ပျော်ရွှင်စရာ စိမ့်စမ်းရေဓာတ်က မင်းရဲ့ စိတ်အာရုံကို ကုစားပေးမှာ အသေအချာပါ။
ငါတို့ဟာ သေမျိုးတွေပါ၊ မင်းလည်း သိတာပဲ။ သေမျိုးတယောက်လိုပဲ တွေးစမ်းပါ။
ဘာလို့လဲဆိုတော့ ငါ့ရဲ့ ဒဿနအရတော့… 'ဘဝ' ဆိုတာမျိုးရယ်လို့ သီးခြားမရှိ၊ အရာရာဟာ ဘေးဒုက္ခ ကပ်ဘေးကြီးတခု သက်သက်ပါ။

============================
🍁“𝑺𝒉𝒐𝒓𝒕 𝑻𝒂𝒍𝒌 𝒐𝒏 𝑴𝒂𝒋𝒐𝒓 𝒂𝒏𝒅 𝑴𝒊𝒏𝒐𝒓”
By Anne Carson
Major things are wind, evil, a good fighting horse,
prepositions, inexhaustible love, the way people
choose their king. Minor things include dirt,
the names of schools of philosophy, mood and
not having a mood, the correct time. There
are more major things than minor things
overall, yet there are more minor things
than I have written here, but it is
disheartening to list them. When I
think of you reading this I do not
want you to be taken captive,
separated by a wire mesh lined with glass
from your life itself, like some Elektra.

🍁"လိုတိုရှင်း အဓိကနဲ့ သာမည"
**************************
အဓိက အရာတွေဆိုတာ၊ မကောင်းမှု၊ စစ်မြင်းကောင်းတကောင်၊ ဝိဘတ်စကားလုံးတွေ၊ မကုန်ခမ်းတဲ့အချစ်၊ လူတွေ သူတို့ရဲ့ ဘုရင်ကို ရွေးချယ်ကြသလိုပေါ့။
သာမညအရာတွေကတော့ ဖုန်မှုန့်တွေ၊ ဒဿနိကဗေဒကျောင်းတော်တွေရဲ့ နာမည်တွေ၊ စိတ်အာရုံ အခြေအနေနဲ့ စိတ်အာရုံ ကင်းမဲ့နေတာ၊ တိကျတဲ့အချိန် စတာတွေ ပါဝင်တယ်။
ခြုံကြည့်ရင် သာမညအရာတွေထက် အဓိကကျတဲ့ အရာတွေက ပိုမိုများပြားလှပေါ့၊ သို့ပေမဲ့ ငါ ဒီမှာ ရေးထားတာထက်မက သာမညအရာတွေ အများကြီး ရှိနေပါသေးတယ်။
ဒါပေမဲ့ အဲဒါတွေကို စာရင်းလိုက်ထုတ်နေရကိုက စိတ်ဓာတ်ကျစရာပါပဲ။
မင်း ဒီစာကို ဖတ်နေလိမ့်မယ်လို့ ငါ စဉ်းစားမိတဲ့အခါ၊ မင်းရဲ့ ကိုယ်ပိုင်ဘဝကနေ မှန်ခံထားတဲ့ သံဇာကွက်ကြီးတခုနဲ့ ပိုင်းခြားခံလိုက်ရသလိုမျိုးပေါ့၊ ဂရိဒဏ္ဍာရီထဲက အီလက်ထရာလိုမျိုး မင်းကို အကျဉ်းသားအဖြစ် ဖမ်းဆီးချုပ်နှောင် မခံရစေချင်တာ ငါ့ရဲ့ ဆန္ဒပါ။
===========================================

🍁“𝑻𝒐𝒘𝒏 𝒐𝒏 𝒕𝒉𝒆 𝑾𝒂𝒚 𝒕𝒉𝒓𝒐𝒖𝒈𝒉 𝑮𝒐𝒅'𝒔 𝑾𝒐𝒐𝒅𝒔”
By Anne Carson
Tell me.
Have you ever seen woods so.
Deep so.
Every tree a word does your heart stop?
Once I saw a cloud over Bolivia so deep.
Mountains were cowering do you ever?
Look in so quick you see the secret.
Word inside the word?
As in an abandoned railway car.
One winter afternoon I saw.
The word for "God's woods."

🍁“ဘုရားသခင်၏ သစ်တောများကို ဖြတ်သန်းရာ လမ်းပေါ်က မြို့ကလေး”
*******************************************************************
ငါ့ကို ပြောပြစမ်းပါ။
ဒီလောက် နက်ရှိုင်းတဲ့ သစ်တောမျိုးတွေ့ဖူးရဲ့လား။
သစ်ပင်တပင်စီတိုင်းဟာ စကားလုံးတလုံးစီ ဖြစ်နေလို့ မင်းရဲ့ နှလုံးခုန်သံတွေ တန့်ရပ်သွားခဲ့ဖူးသလား။
တခါက ဗိုလီးဗီးယားအထက်က တိမ်တိုက်တခုဟာ အလွန်တရာ နက်ရှိုင်းလွန်းလို့ တောင်တန်းတွေတောင် စိမ့်စိမ့်တုန် ရို့ကျိုးသွားခဲ့ရဖူးတယ်၊ မင်းတွေ့ဖူးရဲ့လား။
စကားလုံးတလုံးရဲ့ အတွင်းထဲက လျှို့ဝှက်စကားလုံးကို မြင်တဲ့အထိ အထဲကို စူးစိုက်ကြည့်မိဖူး ပါသလား။
စွန့်ပစ်ထားတဲ့ ရထားတွဲတခုထဲမှာလိုပေါ့။ ဆောင်းရာသီ မွန်းလွဲချိန်မှာ ငါ မြင်တွေ့ခဲ့ရတယ်၊
"ဘုရားသခင်၏ သစ်တောများ" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်အမှန်ကိုပေါ့။

====================================
🍁“𝑾𝒉𝒂𝒕 𝒊𝒔 𝒂𝒏 𝑨𝒅𝒋𝒆𝒄𝒕𝒊𝒗𝒆 ?”
By Anne Carson
What is an adjective? Nouns name the world. Verbs activate the names. Adjectives come from somewhere else. The word adjective (epitheton in Greek) is itself an adjective meaning 'placed on top', 'added', 'appended', 'foreign'. Adjectives seem fairly innocent additions, but look again. These small imported mechanisms are in charge of attaching everything in the world to its place in particularity. They are the latches of being.

🍁“နာမဝိသေသန ဆိုတာ ဘာလဲ”
****************************
နာမဝိသေသနဆိုတာ ဘာလဲ။
နာမ်တွေဟာ ကမ္ဘာလောကကြီးကို အမည်တပ်ပေးကြတယ်။
ကြိယာတွေဟာ ဒီအမည်တွေကို သက်ဝင်လှုပ်ရှားစေတယ်။
နာမဝိသေသနတွေကတော့ တခြားတနေရာရာက ရောက်လာတာပါ။
"နာမဝိသေသန" (Adjective) ဆိုတဲ့ စကားလုံးကိုယ်တိုင်က ဂရိဘာသာနဲ့ epitheton လို့ဆိုတာပါ။
'အထက်မှ ထပ်မံတင်ရှိထားသော'၊ 'ဖြည့်စွက်ထားသော'၊ 'တွဲဆက်ထားသော'၊ 'ပြင်ပမှ ရောက်ရှိလာသော' လို့ အဓိပ္ပာယ်ရတဲ့ နာမဝိသေသနတခုပါပဲ။
နာမဝိသေသနတွေဟာ သာမန်အားဖြင့် အပြစ်ကင်းစင်တဲ့ ဖြည့်စွက်ချက်ကလေးတွေလို့ ထင်ရပေမဲ့… သေချာပြန်ကြည့်ပါဦး။
ပြင်ပက တင်သွင်းလာတဲ့ ဒီယန္တရားလေးတွေဟာ ကမ္ဘာလောကထဲက အရာရာတိုင်းကို သူတို့ရဲ့ သီးခြားဖြစ်တည်မှု အတိအကျနေရာမှာ မြဲမြံစွာ ခိုင်တွဲပေးထားတဲ့ တာဝန်ကို ယူထားကြတာ ဖြစ်ပါတယ်။
သူတို့ဟာ… ဖြစ်တည်မှုတံခါးရဲ့ ဂျက်ကလေးတွေပါပဲ။
===========================================
🍁“𝑵𝒊𝒈𝒉𝒕𝒉𝒂𝒘𝒌𝒔”
By Anne Carson
I wanted to run away with you tonight
but you are a difficult woman
the rules of you -
Past and future circle round us
now we know more now less
in the institute of shadows.
On a street black as widows
with nothing to confess
our distances found us
the rules of you -
so difficult a woman
I wanted to run away with you tonight.

🍁“ညဉ့်ငှက်များ”
**************
ဒီည… မင်းနဲ့အတူ ငါ အဝေးဆုံးကို ထွက်ပြေးချင်ခဲ့တယ်၊
ဒါပေမဲ့ မင်းက ခက်ခဲနက်နဲလွန်းတဲ့ မိန်းမတယောက်ပါပဲ
ခက်ထန်လွန်းတဲ့ မင်းရဲ့ စည်းမျဉ်းတွေ -
အတိတ်နဲ့ အနာဂတ်ဟာ ငါတို့ပတ်လည်မှာ ဝဲလှည့်လို့၊
အရိပ်တွေစိုးမိုးရာ ဒီအဆောက်အအုံထဲမှာ
အခု ငါတို့ ပိုသိလာရသလို… ပိုပြီးတော့လည်း ဝေဝါးသွားခဲ့ပြီ။
မုဆိုးမတယောက်ရဲ့ အနက်ရောင်လို မည်းမှောင်နေတဲ့ လမ်းမပေါ်မှာ၊
ဖွင့်ဟဝန်ခံစရာ ဘာမှမကျန်ရှိတော့တဲ့အခါ
ငါတို့ကြားက အကွာအဝေးတွေကပဲ ငါတို့ကို ပြန်လည်တွေ့ရှိသွားကြတယ်။
ခက်ထန်လွန်းတဲ့ မင်းရဲ့ စည်းမျဉ်းတွေ -
နေထိုင်ရ ခက်ခဲလွန်းတဲ့ မိန်းမတယောက်၊
ဒီည… မင်းနဲ့အတူ ငါ အဝေးဆုံးကို ထွက်ပြေးချင်ခဲ့တာပါ။
===========================================
🍁“𝑨𝒔 𝑻𝒉𝒆 𝑪𝒐𝒇𝒇𝒆𝒆”
By Anne Carson
As the coffee slid down my throat and the caffeine penetrated my haze, I wondered why he had returned so soon. I pulled my scraggly housecoat tightly around me. His gray eyes looked far too awake for this time of the day. He must be one of those morning people. After sitting contentedly for five minutes his left knee began to fidget. I enjoyed his discomfort. Call me mean, but anyone who dares enter my domain before my first cup of coffee deserves no less. I kept drinking, closing my eyes to express my bliss and taking a wee bit of pleasure in his discomfort.Coffee

🍁“ကော်ဖီတခွက်ရဲ့ အရသာ”
*************************
ကော်ဖီက ငါ့လည်ချောင်းထဲ စီးဆင်းသွား၊
ကဖင်းဓာတ်က ငါ့ရဲ့ ဝိုးတဝါးအိပ်လိုစိတ်ထဲ ထိုးဖောက်ဝင်သွားချိန်
သူ ဘာလို့ ဒီလောက် စောစောစီးစီး ပြန်ရောက်လာရလဲဆိုတာ ငါတွေးမိ။
ငါ့ရဲ့ နွမ်းဖတ်ဝတ်ရုံရှည်ကို ကိုယ်မှာ မြဲအောင် တင်းကျပ်ခြုံလိုက်တယ်။
သူ့ရဲ့ ခိုးလိုးခုလု မီးခိုးရောင် မျက်ဝန်းတွေဟာ ခါတိုင်းထက်ပိုလို့ နိုးကြားလန်းဆန်းနေပုံရရဲ့။
သူဟာ မနက်ခင်း ပုံမှန် စောစောထတတ်သူ တယောက် ဖြစ်ရမယ်။
ငါးမိနစ်လောက် ကျေနပ်နှစ်သိမ့်စွာထိုင်လိုက်ပြီး သူ့ရဲ့ ဘယ်ဘက်ဒူးခေါင်းက စတင်လှုပ်ရှား ယမ်းယိမ်းလာခဲ့။
သူ စိတ်မသက်မသာ ဖြစ်နေတာကို ငါ သဘောကျမိခဲ့။
ရိုင်းစိုင်းတယ်လို့ပဲ ပြောပြော၊ ငါ့ရဲ့ ပထမဆုံး ကော်ဖီတခွက်ကို မသောက်ရသေးခင် ငါ့ပိုင်နက်နယ်မြေထဲ ဝင်ရဲသူ မှန်သမျှ ဒီထက် မနည်းတဲ့ အပြစ်နဲ့ ထိုက်တန်ရဲ့။
ငါ ဆက်သောက်နေခဲ့တယ်၊ ငါ့ရဲ့ သုခချမ်းသာကို ဖော်ထုတ်ပြသဖို့၊
မျက်စိတွေမှိတ်ထားရင်း သူ့ရဲ့ စိတ်မသက်မသာဖြစ်မှုအပေါ် ပျော်ရွှင်မှုသေးသေးကလေးတွေကို အမိအရ အရသာခံယူရင်းပေါ့.။
===========================================
🍁“𝑵𝒆𝒘 𝑹𝒖𝒍𝒆”
By Anne Carson
A New Year’s white morning of hard new ice.
High on the frozen branches I saw a squirrel jump and skid.
Is this scary? he seemed to say and glanced
down at me, clutching his branch as it bobbed
in stiff recoil – or is it just that everything sounds wrong today?
The branches
clinked.
He wiped his small cold lips with one hand.
Do you fear the same things as
I fear? I countered, looking up.
His empire of branches slid against the air.
The night of hooks?
The man blade left open on the stair?
Not enough spin on it, said my true love
when he left in our fifth year.
The squirrel bounced down a branch
and caught a peg of tears.
The way to hold on is
afterwords
so
clear.
🍁“စည်းမျဉ်းသစ်”
**************
နှစ်သစ်ရဲ့ မနက်ခင်း…
ခဲရောင် ရေခဲပြင်ကြီး လွှမ်းခြုံထားတဲ့ အဖြူရောင် မနက်ခင်းမှာ၊
သစ်ကိုင်းမြင့်မြင့်တွေပေါ်မှာ ရှဉ့်ကလေးတကောင် ခုန်ပျံရင်း ချော်ထွက်သွားတာ မြင်လိုက်ရတယ်။
"ဒါက ထိတ်လန့်စရာကောင်းသလား" လို့ သူက မေးခွန်းထုတ်နေသလိုမျိုး… ငါ့ကို ငဲ့စောင်းကြည့်လို့၊
တောင့်တင်းစွာ ပြန်လည်ယိမ်းထွဲ့သွားတဲ့ သစ်ကိုင်းကလေးကို မြဲမြံစွာ ဆုပ်ကိုင်ထားရင်းပေါ့။
ဒါမှမဟုတ်… ဒီနေ့ အရာရာဟာ လွဲမှားအသံထွက်နေလို့ပဲလား။
သစ်ကိုင်းတွေဟာ ကြွပ်ဆတ်စွာ ခွက်ခနဲ အသံမြည်သွားကြရဲ့။
သူ့ရဲ့ အေးစက်စက် နှုတ်ခမ်းပါးကလေးတွေကို လက်တဖက်နဲ့ ပွတ်သပ်လိုက်ရင်း
"ငါ ကြောက်လန့်နေတဲ့ အရာတွေကိုပဲ… မင်းလည်း ကြောက်ရွံ့နေတာလား"လို့ မော့ကြည့်ရင်း မေးခွန်းပြန်ထုတ်မိတယ်။
သူ့ရဲ့ သစ်ကိုင်း အင်ပါယာကြီးဟာ လေထုထဲမှာ လျှောတိုက် လှုပ်ရှားသွားလေရဲ့။
ဆူးချိတ်တွေနဲ့ ပြည့်နှက်နေတဲ့ ညဉ့်မှောင်ထုလား။
လှေကားထက်မှာ ပွင့်လျက်သား ကျန်ရစ်ခဲ့တဲ့ ဓားသွားကလေးလား။
"လှည့်ပတ်စက်ဝန်း လိုအပ်သလောက် မပြည့်ဝခဲ့ဘူး" လို့ ငါ့ရဲ့ အချစ်စစ်က ဆိုခဲ့ဖူးတယ်၊
ငါတို့ရဲ့ ငါးနှစ်မြောက် နှစ်ပတ်လည်မှာ သူ ထွက်ခွာသွားခဲ့စဉ်တုန်းကပေါ့။
ရှဉ့်ကလေးဟာ သစ်ကိုင်းတလျှောက် အောက်ဆီ ခုန်ဆင်းသွားခဲ့
မျက်ရည်ငှက်ပျောဖူးလို ရေခဲစကလေးကို ဖမ်းဆုပ်လိုက်မိတယ်။
အရာရာကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားနိုင်မဲ့ နည်းလမ်းဆိုတာ…
နောက်ကျမှပဲ ဒီလောက်အထိ ရှင်းလင်းထင်ရှားသွားခဲ့။

Credit- AnneCarson Best-poems.net
See less
Comments
No comments yet
Be the first to comment.

ကမာကူရက "နိအို" ဘုရားစောင့်နတ်ရုပ်⛩️ 👹 🛡️ ⚔️ 🛕 🇯🇵 ☸️ 🧘‍♂️ 🪵 ✨ 🔱 🗿"The Nio statue at Kotoku-in is a famous temple guardia...
10/11/2026

ကမာကူရက "နိအို" ဘုရားစောင့်နတ်ရုပ်
⛩️ 👹 🛡️ ⚔️ 🛕 🇯🇵 ☸️ 🧘‍♂️ 🪵 ✨ 🔱 🗿
"The Nio statue at Kotoku-in is a famous temple guardian statue in Kamakura."
Agyo& Ungyo Deity Statue
Gate, Kamakura, Tokyo.
Photo: 31 Bohn

"ဂျပန်ပန်းချီဆရာကြီး အိုတာကဲ သားအဖရဲ့ ပန်းချီလက်ရာ"  🎨 🌸 🏛️ 🇯🇵🎨 🌸 🏛️ 🇯🇵1. ဆူဂီမိုတိုဒဲရ ကျောင်းတော် (အိုတာကဲ ဂိုယိုး၏လက်...
10/10/2026

"ဂျပန်ပန်းချီဆရာကြီး အိုတာကဲ သားအဖရဲ့ ပန်းချီလက်ရာ"
🎨 🌸 🏛️ 🇯🇵🎨 🌸 🏛️ 🇯🇵
1. ဆူဂီမိုတိုဒဲရ ကျောင်းတော် (အိုတာကဲ ဂိုယိုး၏လက်ရာ)
2. ဂျပန်ရိုးရာ အကမယ် (အိုတာကဲ ဂိုယိုး၏လက်ရာ)
3. မန်ရိုးသီးအပင် (အိုတာကဲ မာဆာယောရှီ၏လက်ရာ)
4. နွေဦးရာသီပန်းခြံရှေ့ဝင်း (အိုတာကဲ မာဆာယောရှီ၏လက်ရာ)
Painting By Otake Goyo & Otake Masayoshi
Museum, Kamakura, Tokyo
Photo: 31 Bohn

"Seeking 'Coolness' at Hoshun – Tranquil Colors –"🎨 🌸 🌺 🌿 🏺 🖼️ 🇯🇵 🍃 🧊 ✨ဟိုးရွှန်းဆီမှာ အေးမြမှုကို ရှာဖွေခြင်း – သက်ငြိမ...
10/09/2026

"Seeking 'Coolness' at Hoshun – Tranquil Colors –"
🎨 🌸 🌺 🌿 🏺 🖼️ 🇯🇵 🍃 🧊 ✨
ဟိုးရွှန်းဆီမှာ အေးမြမှုကို ရှာဖွေခြင်း – သက်ငြိမ် အရောင်များ
Painting By Japanese Artist- Hoshun Yamaguchi
Yamaguchi Hoshun Memorial Museum, Tokyo.
Photo: 31 Bohn

"သစ္စာရှိခွေးကလေး ဟာချီကို"🇯🇵 🐕 ❤️Hachiko -Statue  🇯🇵 🐕 ❤️Photo: 31 Bohnဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှီဘူယဘူတာအပြင်ဘက်မှ...
10/08/2026

"သစ္စာရှိခွေးကလေး ဟာချီကို"🇯🇵 🐕 ❤️
Hachiko -Statue 🇯🇵 🐕 ❤️
Photo: 31 Bohn
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှီဘူယဘူတာအပြင်ဘက်မှာရှိတဲ့ သစ္စာရှိ ခွေးကလေး ဟာချီကို (Hachiko Nov 1923 – March 8, 1935) ရဲ့ ကမ္ဘာကျော် ကြေးရုပ်တု ဖြစ်ပါတယ်။ 🐕✨
ဟာချီကိုဟာ အကီတမျိုးဆက် ခွေးကလေးတကောင် ဖြစ်ပြီး၊ သူ့သခင် အူအဲဒါသေဆုံးသွားခဲ့ပြီးတဲ့ နောက်မှာတောင် သခင်ပြန်အလာကို ရှီဘူယဘူတာမှာ ၁၀ နှစ်နီးပါးကြာအောင် နေ့တိုင်း မပျက်မကွက် စောင့်ဆိုင်းခဲ့တာကြောင့် သစ္စာရှိမှုရဲ့ သင်္ကေတတခုဖြစ် ကမ္ဘာကျော်ခဲ့ပါတယ်။ 🐕✨
လက်ရှိမှာတော့ ဒီခွေးလေးရဲ့ ပုံတူရုပ်တုရှိတဲ့နေရာဟာ တိုကျိုမြို့ရဲ့ လူကြိုက်များတဲ့ ဆုံရပ်တခုနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ဓာတ်ပုံရိုက်လေ့ရှိတဲ့ ထင်ရှားတဲ့နေရာတခု ဖြစ်ပါတယ်။ 🐕✨🇯🇵 🐕 ❤️
Photo Credit- Wikipedia

Address

Vancouver, BC

Telephone

+12369982701

Website

Alerts

Be the first to know and let us send you an email when 31Bohn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category