Outstanding Muslims from Myanmar

Outstanding Muslims from Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Outstanding Muslims from Myanmar, History Museum, Klinik Ng dan Lee (Wangsa Maju branch), Ampang.

17/12/2025

Send a message to learn more

26/11/2025
26/11/2025

ယူနန်ပြည် ပန်သေးမွတ်စလင်မ် ရေတပ်ဗိုလ်ချုပ်ကြီး ကျန်းဟီ(ZHENG HE, 郑和) AD 1371 - 1435

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်က ရေကြောင်းသွားလာရေးနယ်ပယ်ကို တစ်ခေတ်ဆန်းစေတဲ့ လူတစ်ယောက် တရုတ်နိုင်ငံမှာ မွေးဖွားခဲ့ပြီး သူ့ရဲ့အမည်က ကျန်းဟီ (Zheng He) ဖြစ်ပါတယ်။ သူဟာ တရုပ်ရေတပ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်တယ်။ 1421 | The Lost Empire of Atlantis စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ ဂါဗင် မန်ဇီ (Gavin Menzies) ရဲ့ ကျန်းဟီအကြောင်းစာအုပ်မှာ ကျန်းဟီဟာ အိန္ဒိယသမုဒ္ဒရာတစ်ခွင်လုံးကို ရွက်လွှင့်သွားလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မက္ကာ၊ ပါသျှန်းပင်လယ်ကွေ့၊ အရှေ့အာဖရိက၊ သီရိလင်္ကာနဲ့ အာရေဗျတို့ကိုလည်း ရောက်ခဲ့ပြီး ခရစ္စတိုဖာကိုလံဘတ်နဲ့ ဗာစကိုဒဂါးမားတို့ ဒီဒေသတွေကိုမရောက်ခင် ဆယ်စုနှစ်တော်တော်ကြာကြာအရင်ကတည်းက ကျန်းဟီတစ်ယောက် ခြေချနိုင်ခဲ့တာဖြစ်ပါတယ်။ သူ ရွက်လွှင့်ခဲ့တဲ့ သင်္ဘောဟာဆိုရင် ကိုလံဘတ်နဲ့ ဗာစကိုဒဂါးမားတို့ရဲ့ သင်္ဘောထက် ၄ ပုံ ၃ ပုံလောက်ကို ပိုကြီးပါတယ်။
ကျန်းဟီဟာ ကမ္ဘာကြီးကို တရုတ်နိုင်ငံနဲ့မိတ်ဆက်ပေးခဲ့တဲ့ မွတ်စလင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဧရာမသင်္ဘောကြီးနဲ့ ၂၈ နှစ်တာ ရေကြောင်းခရီးသွားသက်တမ်းမှာ နိုင်ငံပေါင်း ၃၇ နိုင်ငံကို ရောက်ရှိခဲ့ပြီး ကုန်သွယ်ရေးနဲ့ သံခင်တမန်ခင်းအတွက် အရေးပါတဲ့ ရေကြောင်းခရီး ၇ ခုကို သွားခဲ့ပါတယ်။ သူသွားခဲ့တဲ့ ခရီးတွေရဲ့ စုစုပေါင်း အကွာအဝေးဟာ ကီလိုမီတာ ၅၀,၀၀၀ (မိုင်ပေါင်း ၃၁,၀၀၀) ရှိခဲ့ပြီး သူ့ရဲ့ ပထမဆုံး ရေယာဉ်စုမှာ သင်္ဘော ၃၁၇ စီး၊ လူ ၂၇,၈၇၀ ဦး ပါဝင်ခဲ့ပါတယ်။ ဒါဟာ မြို့ငယ်လေးတစ်ခု ဒါမှမဟုတ် ဘောလုံးကွင်းကြီးတစ်ခု ရေထဲမြောနေသလိုပါပဲ။ လူသူရောက်ပေါက်ခြင်းမရှိတဲ့ ရေကြောင်းခရီးလမ်းတွေကို ဒီလောက်လူအုပ်ကြီးနဲ့ ရွက်လွှင့်ဖို့ဆိုတာ ကျွမ်းကျင်မှုကောင်း၊ စီမံခန့်ခွဲမှုကောင်းတွေ လိုအပ်ပါတယ်။ ခရီးဟာ အမှားမခံသလို၊ သူ့ခေတ်သူ့အခါက သူ့ရဲ့ အောင်မြင်မှုကလည်း ယနေ့ခေတ် လပေါ်သွားနိုင်တဲ့ အောင်မြင်မှုလောက်ကို ရှိပါတယ်။
ကျန်းဟီရဲ့ ငယ်နာမည်ဟာ “မဟီ” ဖြစ်ပြီး ဖခင်၊ အဖိုးတို့နဲ့အတူ မက္ကာကို ဟဂျ်ဘုရားဖူးခရီးစဉ်မှာ လိုက်သွားတာကြောင့် တရုတ်အပြင် အာရဘီ ဘာသာစကားကိုပါ တက်ကျွမ်းပါတယ်။ တရုတ် ‘မင်’ မင်းဆက်ရဲ့ တိုက်ခိုက်မှုအတွင်း ကျန်းဟီဟာ သူ့ရဲ့ မွေးရပ် မွန်ဂိုးလီးယားဒေသ ကူမင်းမြို့ကနေ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ သင်းကွပ်ခံခဲ့ရပြီး မိန်းမစိုးအဖြစ် မြို့စား ကျူးဒီ (Zhu Di) ထံမှာ အလုပ်အကျွေးပြုခဲ့ရပါတယ်။ ကျူးဒီဟာ နောက်ပိုင်းမှာ တရုတ်ထီးနန်းကို ဆက်ခံခဲ့ပြီး ယုံလီ (Yong Le) အမည်နဲ့ အင်ပါယာရှင် ဖြစ်လာခဲ့ပါတယ်။
ဂါဗင်မန်ဇီက “ကျန်းဟီဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ မွတ်စလင်တစ်ယောက်ဖြစ်သလို ရဲစွမ်းသတ္တိရှိတဲ့ စစ်သားတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကျူးဒီရဲ့ အနီးကပ်အကြံပေးအဖြစ် နန်းတွင်းမှာ သြဇာကြီးထွားလာခဲ့ပါတယ်။ ၂ မီတာကျော်မြင့်ပြီး ကိုယ်အလေးအချိန် ၁၀၀ ကီလိုဂရမ်ကျော်လောက်ရှိတဲ့ ကျန်းဟီဟာ လမ်းလျှောက်ရာမှာ ကျားတစ်ကောင်လို ခြေလှမ်းကြဲကြဲနဲ့ လျှောက်တတ်တယ်” လို့ ရေးသားခဲ့ပါတယ်။
မြို့စားဘ၀ ကျူးဒီရဲ့ စစ်ရေးလှုပ်ရှားမှု တော်တော်များများမှာ ထဲထဲဝင်ဝင်ပါဝင် ဆောင်ရွက်ပေးခဲ့တာကြောင့် အင်ပါယာရှင်ဖြစ်လာတဲ့အခါ ကျူးဒီဟာ မဟီကို နန်းတွင်းရေးရာ စီမံခန့်ခွဲရေးမှူးချုပ်အဖြစ် တာဝန်ပေးခဲ့ပြီး ကျန်းဟီဆိုတဲ့ နာမည်ကိုလည်း ပေးခဲ့ပါတယ်။
ကျန်းဟီတစ်ယောက် ‘ရတနာသင်္ဘော’ နဲ့ ရေကြောင်းခရီး ၇ ခု သွားရောက်ရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ သိပ္ပံဆိုင်ရာ စူးစမ်းမှုပြုလုပ်ဖို့ ပါသလို၊ ကျောက်မြတ်၊ တွင်းထွက်သတ္တု၊ အပင်၊ တိရစ္ဆာန်၊ ဆေးဝါးတွေ ရှာဖွေဖို့လည်း ပါဝင်ပြီး ဒီလိုရည်ရွယ်ချက်တွေက သူ့ရဲ့ ရေကြောင်းခရီး အရေးပါမှုကို မြင့်တက်စေခဲ့ပါတယ်။ တရုတ်အင်ပါယာရှင်က ကမ္ဘာ့ရေကြောင်းသွားလာရေးနဲ့ မြေပုံပညာရပ်တွေကို ပိုမို နားလည်သဘောပေါက်ချင်ပြီး တရုတ်နိုင်ငံဟာ ယဉ်ကျေးမှုနဲ့ စီးပွားရေးမှာ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်တယ်ဆိုတာကိုလည်း နိုင်ငံခြားတိုင်းပြည်တွေသိအောင် ပြချင်တဲ့ဆန္ဒ ရှိပါတယ်။
ဒါ့ကြောင့် နိုင်ငံရပ်ခြားကုန်သွယ်ရေးချဲ့ထွင်မှုကို အားပေးခဲ့ပြီး နိုင်ငံခြားတိုင်းပြည်တွေက တရုတ်နိုင်ငံရဲ့ သင်္ဘောအုပ်စုကြီးတွေကို မြင်တဲ့အခါ နိုင်ငံ့သြဇာအရှိန်အဝါ ပိုမိုမြင့်တက်လာဖို့လည်း မျှော်လင့်ခဲ့ပါတယ်။ ကျန်းဟီရဲ့ ဒီခရီးစဉ်တွေကြောင့် အခြားတိုင်းပြည်တွေဟာ တရုတ်နိုင်ငံအပေါ် သံတမန်ရေးအရ သစ္စာခံခဲ့ပြီး၊ ဒေသတွင်းခေါင်းဆောင်တွေကလည်း အင်ပါယာရှင်အဖြစ် အသိအမှတ်ပြုလာခဲ့ပါတယ်။
ကျန်းဟီဟာ ၁၄၀၅ ခုနှစ်နဲ့ ၁၄၃၃ ခုနှစ်အကြားမှာ အခြား မိန်းမစိုးခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဟိုရှင် (Hou Hsien)၊ ဝမ်ချင်ဟုန် (Wang Ching-Hung) တို့နဲ့ ပူးပေါင်းကာ သွားရောက်ခဲ့တာဖြစ်ပါတယ်။
ဒီခရီးစဉ်တွေဟာ အလွန်ရှည်လျားတဲ့ ခရီးစဉ်တွေဖြစ်ပေမယ့် တော်တော်လေး စနစ်တကျဖြစ်ခဲ့တာက အံ့သြစရာ ကောင်းပါတယ်။ ကျန်းဟီက “သင်္ဘောပေါင်း ၆၂ စီးမှာ အကြီးဆုံးသင်္ဘောက အလျား ပေ ၄၄၀ ရှိပြီး ဗျက်အကျယ်ဆုံးအပိုင်းက ပေ ၁၈၀ ရှိပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ဒီအတိုင်းအတာဟာ ‘မင်’ မင်းဆက်လက်ထက်က အတိုင်းအတာဖြစ်ပြီး လက်ရှိ ကျွန်တော်တို့သုံးနေတဲ့ အတိုင်းအတာဆိုရင် အလျား ၄၄၉ ပေ၊ ဗျက် ၁၈၄ ပေ ရှိပါတယ်။ သင်္ဘောတစ်စီးတိုင်းမှာ လူ ၄၅၀ ကနေ ၅၀၀ အထိ ပါတယ်လို့ ကျန်းဟီက မှတ်တမ်းတင်ခဲ့ပြီး သင်္ဘောသား၊ စာရေး၊ စကားပြန်၊ စစ်သား၊ အနုပညာရှင်၊ ဆရာဝန်နဲ့ ဇလဗေဒပညာရှင် စသဖြင့် လူစုံတက်စုံ ပါဝင်ပါတယ်။ စတုတ္ထမြောက်ခရီးစဉ်မှာတော့ လူပေါင်း သုံးသောင်းလောက်ပါခဲ့ပြီး အာရေဗျနဲ့ ပင်လယ်နီအဝအထိ ရောက်ခဲ့ပါတယ်။
သင်္ဘောအရွယ်စား အလွန်အမင်းကြီးမားတာကြောင့် ထိန်းသိမ်းရခက်ခဲမယ်ဆိုတာ တရုတ် သင်္ဘောတည်ဆောက်သူတွေက သိရှိခဲ့ပြီး သင်္ဘောကို ပိုမိုတည်ငြိမ်အောင် ထိန်းနိုင်ဖို့အတွက် တင်လို့ချလို့ရမယ့် ‘ဟန်ချက်ထိန်းတက်မ’ အရှင်တစ်ခုကို သင်္ဘောမှာ တပ်ဆင်ခဲ့ပါတယ်။ ပေပေါင်း ၄၀၀ လောက်ရှိတဲ့ သင်္ဘောကိုယ်ထည်အတွက် သံမပါဘဲ သစ်သားနဲ့ ဘယ်လို ဖရိန်ချလဲဆိုတာကို ဒီနေ့ခေတ် သင်္ဘောတည်ဆောက်သူတွေက နားမလည်ကြပါဘူး။ တစ်ချို့ကလည်း ဒီလိုသင်္ဘောတွေ ရှိမှရှိပါ့မလားဆိုပြီး သံသယဖြစ်ကြပါတယ်။
ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ နန်ဂျင်းပြည်နယ်က ‘မင်’ မင်းဆက်လက်ထက် သင်္ဘောကျင်းအပျက်တစ်ခုမှာ ၃၆ ပေရှည်တဲ့ တက်မဟောင်းတစ်ခုကို တွေ့ရှိခဲ့ပြီး တရုတ်သင်္ဘောတွေမှာ အသုံးပြုတဲ့တက်မတွေရဲ့ အရွယ်အစားနဲ့ တွက်ချက်လိုက်တဲ့အခါမှာ ဒီတက်မဟာ အလျား ပေ ၅၀၀ လောက်ရှည်တဲ့ သင်္ဘောကြီးက တက်မဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီဧရာမသင်္ဘောကြီးတွေမှာ ပိုးထည်၊ ကြွေထည်၊ ရွှေထည်၊ ငွေထည်၊ ကြေးအိုးခွက်ပန်းကန်၊ သံထည်ပစ္စည်တွေနဲ့ ချည်ထည်တွေလို ကုန်ပစ္စည်းပေါင်းစုံ ပါဝင်ပါတယ်။ သစ်ကုလားအုပ်၊ မြင်းကြား၊ အာဖရိကသမင်၊ ငှက်ကုလားအုပ်တွေလို တိရစ္ဆာန်တွေအရှင်တွေကိုလည်း သင်္ဘောထဲမှာ ထည့်သွင်း သယ်ဆောင်ခဲ့ကြပါတယ်။ ငါးအရှင်တွေထည့်ဖို့နဲ့ ရေချိုးဖို့အတွက် သင်္ဘောအတွင်းမှာ ရေလုံအခန်းတွေ ဖန်တီးထားပါတယ်။ သင်္ဘောနဲ့တွဲထားပြီး ရေပေါ်ပေါ်နေတဲ့ ရေတိုင်ကီကြီးတွေက ရေတွေကို သင်္ဘောထဲ သွယ်ယူနိုင်အောင်လည်း ပြုလုပ်ထားပါတယ်။ သင်္ဘောအချင်းချင်း အချက်ပြရာမှာတော့ အလံ၊ မီးအိမ်၊ ခေါင်းလောင်း၊ စာပို့ခို၊ မောင်းတွေကို အသုံးပြုကြပါတယ်။
ဒီသင်္ဘောခရီးစဉ်နဲ့ပတ်သက်ပြီး ‘မင်’ မင်းဆက်လက်ထက်က မှတ်တမ်းတစ်ခုမှာ “တောင်ပင်လယ်မှာ ရွက်လွှင့်နေတဲ့ ဒီသင်္ဘောတွေဟာ အိမ်တွေ ရွေ့လျားနေသလို ဖြစ်ပြီး၊ သင်္ဘောတွေ ဖြန့်လိုက်တဲ့အခါမှာတော့ ကောင်းကင်က တိမ်တိုက်တွေနဲ့ တူပါတယ်” လို့ ရေးသားထားပါတယ်။ သင်္ဘောဦးမှာ နဂါးမျက်လုံးတွေ တပ်ဆင်ထားတာကြောင့် ‘ရေကူးနေသောနဂါးများ’ ဆိုပြီးတော့လည်း တင်စားခေါ်ဝေါ်ပါတယ်။
ကျန်းဟီရဲ့ ရေကြောင်းခရီးစဉ် ၇ ခုအပြီးမှာ တရုတ်နိုင်ငံဟာ ရေကြောင်းနည်းပညာမှာ ပြိုင်ဘက်ကင်းနိုင်ငံ ဖြစ်လာခဲ့ပြီး အာဖရိကရဲ့ ပထမဆုံးသစ်ကုလားအုပ်လို တိုင်းတစ်ပါးက ထူးထူးဆန်းဆန်းအရာတွေကိုလည်း ရရှိခဲ့ပါတယ်။ ဒီကုလားအုတ်ကို တရုတ်ဒဏ္ဍာရီမှာ အရေးပါတဲ့ ရေနဂါးနဲ့ မှားယွင်းဖော်ပြလေ့ရှိပါတယ်။ ကွန်ဖြူရှပ်အယူဝါဒအရ ရေနဂါးဟာ ပညာဉာဏ်အပေါင်းရဲ့ သုခမိန်ဖြစ်ပြီး ဒီအရုပ်မျိုးထားရှိခြင်းဟာ ကံကောင်းတယ်လို့ မှတ်ယူပါတယ်။
ကျန်းဟီဟာ ၁၄၃၃ ခုနှစ်မှာ တရုတ်နိုင်ငံကို ပြန်လာနေတဲ့အချိန် အိန္ဒိယမှာ ကွယ်လွန်သွားခဲ့တယ်လို့ အဆိုရှိပါတယ်။ သူ့ရဲ့သေဆုံးမှု၊ ကွန်ဖြူရှပ်ဝါဒ ပြန်လည်ရှင်သန်လာမှုနဲ့အတူ တရုတ်အင်ပါယာဟာ တံခါးပိတ်ဝါဒကို ကျင့်သုံးတဲ့တိုင်းပြည် ဖြစ်လာခဲ့ပြီး နောက်ဆုံးမှာ ရေကြောင်းကုန်သွယ်မှုကို လုံး၀ ပိတ်ပင်လိုက်ပါတယ်။ နှစ် ၁၀၀ ပျော့ပျော့အတွင်းမှာ ရေကြောင်းခရီးသွားလာမှုကို တရုတ်နိုင်ငံက ကြီးလေးတဲ့ ပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၅၂၅ ခုနှစ်မှာတော့ တရုတ်အင်ပါယာဟာ သူတို့ပိုင်ဆိုင်တဲ့ ရွက်တပ်သင်္ဘောအားလုံးကို ဖျက်ဆီးခဲ့ပြီး၊ တစ်ချိန်မှာ သင်္ဘောပေါင်း ၃၅၀၀ လောက်ရှိတဲ့ တရုတ်ရဲ့ ကြီးကျယ်တဲ့ ရေတပ်သမိုင်းကြောင်းကလည်း နိတ္ထိတံသွားခဲ့ရပါတော့တယ်။
ကျန်းဟီရဲ့ ရေကြောင်းသွားလာမှု နှစ် ၅၈၀ ပြည့်မြောက်တဲ့ ၁၉၈၅ ခုနှစ်မှာ နန်ဂျင်းမှာရှိနေတဲ့ သူ့ရဲ့ အုတ်ဂူကို ပြန်လည်ပြင်ဆင်ခဲ့ပြီး မူလ အုတ်ဂူနားမှာ အစ္စလာမ့်အငွေ့အသက် လွှမ်းခြုံတဲ့ အုတ်ဂူသစ်တစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ ဂူဗိမာန်ရဲ့ အဝင်အဝင်မှာ ‘မင်’ မင်းဆက်လက်ရာ မုခ်ဦးတစ်ခု တည်ဆေက်ထားပြီး၊ ကျန်းဟီရဲ့ ပုံတွေနဲ့ သူ့ရဲ့ရေကြောင်းခရီးစဉ်ကို ပြသထားတဲ့ အမှတ်တရ ခန်းမတစ်ခုလည်း ဂူဗိန်မှာ ရှိပါတယ်။
ဂူဗိမာန်ကို ရောက်ရှိဖို့အတွက် လှေခါး ၂၈ ထစ်ကို တက်ရပြီး၊ ၄ ထစ်တစ်ကန့်စီ ၇ ကန့်ခွဲထားတဲ့ ဒီလှေခါးတွေဟာ ကျန်းဟီရဲ့ ရေကြောင်းခရီးစဉ် ၇ ခုကို ဖော်ညွှန်းနေတာဖြစ်ပါတယ်။ အုတ်ဂူရဲ့ ထိပ်ဆုံးမှာ ‘ဘုရားသခင်သည် ကြီးမြတ်တော်မူသည်’ လို့ အဓိပ္ပါယ်ရတဲ့ အာရဘီစကားလုံးကို ထွင်းထားပါတယ်။
ကျန်းဟီအသုံးပြုခဲ့တဲ့ ရွက်တပ်သင်္ဘောလို ကြီးမားတဲ့သင်္ဘောမျိုး ကမ္ဘာပေါ်မှာ မရှိခဲ့ပါဘူး။ သူ့ရဲ့ သင်္ဘောအုပ်စုဟာ ရေပါ်မှာမျောနေတဲ့ မြို့ကြီးတစ်ခုနဲ့တူပြီး ဒီသင်္ဘောအများစုကို နန်ဂျင်းပြည်နယ်အနီးက ‘နဂါးသင်္ဘောကျင်း’ မှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီသင်္ဘောကျင်းရဲ့ အကြွင်းအကျန်တွေကို ဒီနေ့အချိန်အထိ တွေ့မြင်နိုင်ပါသေးတယ်။

ကျန်းဟီ ကျော်ကြားသည့် ရေကြောင်းခရီးစဉ် ၇ ခု

၁။ ၁၄၀၅-၁၄၀၇
အင်ဒိုချိုင်းနား၊ ဂျာဗားနှင့် ဆူမားတြားကျွန်း၊ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံ ကလ်ကတားသို့ ရောက်ရှိခဲ့

၂။ ၁၄၀၇-၁၄၀၉
ထိုင်းနှင့် အိန္ဒိယတို့ကို ရွက်လွှင်ခဲ့ပြီး အိန္ဒိယနိုင်ငံ ကိုချင်မြို့တွင် ရပ်နားခဲ့

၃။ ၁၄၀၉-၁၄၁၁
မလာကာကို အခြေစိုက်ပြီး အိန္ဒိယသမုဒ္ဒရာ အရှေ့ခြမ်းကို ရွက်လွှင့်ခဲ့။ အိန္ဒိယမှ ကွီလုံမြို့ကို ပထမဆုံး ရောက်ရှိ

၄။ ၁၄၁၃-၁၄၁၅
ကျန်းဟီ၏ သင်္ဘောအုပ်စုမှာ နှစ်စုခွဲပြီး တစ်စုက အိန္ဒိယသမုဒ္ဒရာအရှေ့ခြမ်းကို ပြန်သွား။ နောက်တစ်စုက သီရိလင်္ကာ အခြေစိုက်ကာ ဘန်ဂေါလ်၊ မော်လ်ဒိုက်နဲ့ အော်ရ်မုဇ်ပါရှန်တိုင်းပြည်များသို့ ရောက်ရှိ။ ယခုခရီးစဉ်မှ တရုတ်နိုင်ငံ၏ သြဇာအရှိန်အဝါကို ကြီးထွားစေခဲ့ပြီး ၁၄၁၆ ခုနှစ်တွင် နန်ဂျင်းသို့ နိုင်ငံအများအပြားမှာ သံတမန်များ ရောက်ရှိလာ။ ၁၄၁၇ ခုနှစ်တွင် ကျန်းဟီ၏ သင်္ဘောအုပ်စု တရုတ်နိုင်ငံသို့ ပြန်ရောက်။

၅။ ၁၄၁၆-၁၄၁၉
ပစိဖိတ်သင်္ဘောအစုက ဂျာဗား၊ ရူကျူဘုရင့်နိုင်ငံငယ် (ယခုဂျပန်ပိုင်နက်တွင်ပါဝင်) နှင့် ဘရူးနိုင်းသို့ သွားရောက်။ အိန္ဒိယကိုအခြေစိုက်သည့် အုပ်စုမှာ အော်ရ်မုဇ်၊ အေဒင်၊ မိုဂါဒစ်ရှူး၊ မွမ်ဘာဆာနှင့် အရှေ့အာဖရိကမှ အခြေားသော ဆိပ်ကိမ်းများကို ရောက်ရှိ။ ယခုခရီးစဉ်မှ အာဖရိက ကုလားအုတ်ကို ယူဆောင်လာခဲ့။

၆။ ၁၄၂၁-၁၄၂၂
ယခင်ရေလမ်းကြောင်းများအတိုင်း ရွက်လွှင့်ခဲ့ပြီး အာရေဗျတောင်ပိုင်းနှင့် အရှေ့အာဖရိကမှ တစ်ခြားဆိပ်ကမ်းများသို့ ရောက်ရှိ။ ၂ နှစ်အတွင်း ကျန်းဟီ၏ သင်္ဘောအုပ်စုမှာ အရှေ့ဖက် ဘော်နီယိုမှ၊ အနောက်ဖက် ဇန်ဇီဘာရ် (ယခုတန်ဇန်းနီးယားပိုင်နက်တွင်ရှိ) အထိ နိုင်ငံပေါင်း ၃၆ နိုင်ငံကို ရောက်ရှိခဲ့။ ဤခရီးစဉ်တွင် သင်္ဘောများမှာ အုပ်စုခွဲခဲ့ပြီး မလာကာကို စုံရပ်အဖြစ်သတ်မှတ်ကာ ရွက်လွှင့်ခဲ့။ ရေဒီယို မတီထွင်နိုင်ခင် ထိုကဲ့သို့ အချိန်းအချက်လုပ်နိုင်မှုမှာ ထူးခြားသည့် အောင်မြင်မှုလည်းဖြစ်။

၇။ ၁၄၃၁-၁၄၃၃
အသက် ၆၀ ရှိလာပြီဖြစ်သည့် ကျန်းဟီ၏ နောက်ဆုံး ခရီးစဉ်ဖြစ်ပြီး ဂျာဗား၊ မက္ကာနှင့် အရှေ့အာဖရိကမှ ဘုရင့်နိုင်ငံငယ် ၂၀ ကျော်နှင့် ဆက်ဆံရေးတည်ဆောက်ခဲ့။ အရှေ့အာဖရိကတွင် ကျန်းဟီဦဆောင်သည့် တရုတ်သင်္ဘောအုပ်စုမှာ မည်မျှဝေးဝေး ရောက်ခဲ့သည်ကို အတိအကျမသိရှိရဘဲ အာဖရိကအငူကို ပတ်သွားနိုင်ခဲ့သည်ဟုသာသိရပါတယ်။

26/11/2025

မြိတ်မြို့ရဲ့ မွတ်စလင့် ကြယ်တပွင့်

၁၉၇၄ မြိတ်မဂ္ဂဇင်းမှာ ပါတဲ့ မြိတ်၏ ကြယ်တပွင့် ဆိုတဲ့ဆောင်းပါး ကိုရေးခဲ့တဲ့ စာရေးသူ ကလောင်အမည် "အေးခန့်" ဆိုတာ ကျနော့
အဖေပါ။ သူရေးခဲ့တဲ့ အဲဒီဆောင်းပါး ကျနော်မဖတ်ဘူးခဲ့ပါ။
မြိတ်၏ကြယ်တပွင့် ဆိုသူက ဦးရွှေယွန်းပါ။ ကျနော့ ဖခင်ဘက်က
ကျနော့အဖိုးရဲ့ အကိုအကြီးဆုံးပါ။ ငယ်ငယ်က ပါကြီးဦးရွှေယွန်း
ဆိုပြီး ကျနော် ပါပါ ပြောတာ ခဏခဏကြားနေမိခဲ့ပါတယ်။
ကျနော့ မိခင်ဘက်က အဖိုး ဦးကာ နဲ့လဲ ရင်းနှီးသူတယောက်ပါ။

ဒါပေမဲ့ အခု ကိုဗက ဆိုသူက ဦးရွှေယွန်းအကြောင်း တော်တော်
လေး ပြည့်ပြည့်စုံစုံ ရေးထားတာတွေ့ရပါတယ်။ သူ့ရဲ့
Reference မှာ ကျနော့ အဖေ ရေးခဲ့ဘူးတဲ့ ဆောင်းပါးကို တွေ့မိ
လို့ copy shared လိုက်ပါတယ်။ အောက်မှာ ဆက်ဖတ်ပေးပါ။
ဦးရွှေယွန်း တို့ညီအကို ဓါတ်ပုံ ကျနော့မှာရှိလို့ ဒီ post နဲ့တွဲတင်
ပေးထားပါတယ်။

Credit to Ko Baka
=================================

မြိတ်မှ ဥပဒေပညာရှင် ဦးရွှေယွန်း

ကိုဗက ရေးခဲ့တာပါ။
ကောင်းရာသုဂတိရောက်ပါစေဗျ။
ဥပဒေပညာရှင်တစ်ဦးဖြစ်ပြီး ဥပဒေရှုထောင့်က ဦးရွှေယွန်း(မြိတ်)ပြုစုခဲ့တဲ့ စာပေဟာ သူ့ခေတ် သူ့အခါအလျောက် အလွန်တန်ဖိုးရှိလှတဲ့ စာပေရေစီးကြောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။
-
နောင်သောအခါ ကျော်ကြားလာမည့် ဥပဒေပညာရှင်ကြီး ဦးရွှေယွန်းကို မြိတ်မြို့ ကံခေါင်းရပ်မှ သူကြီးမျိုးရိုးမှ ဆင်းသက်လာတဲ့ (အဘ)ဦးထွန်း (အမိ)ဒေါ်မင်းမို တို့မှ ၁၂၃၆-ခု၊ ဝါဆိုလဆန်း(၆)ရက်၊ အင်္ဂါနေ့မှာ သားဦးအဖြစ် မွေးဖွားခဲ့ပါတယ်။
အဲဒီနှစ်ကို တွက်ရင် အထက်မြန်မာနိုင်ငံမှာ မင်းတုန်းမင်းတရားကြီး နန်းစံနေတုန်းပါ။
ဦးရွှေယွန်း(မြိတ်)ရဲ့ မိဘအဆက်အနွယ်တို့ဟာ အစ္စလာမ်သာသနာ ကိုးကွယ်ယုံကြည်ကြသူများဖြစ်ကြလို့ ဦးရွှေယွန်းကိုယ်တိုင်လည်း အစ္စလာမ်သာသနာသက်၀င်ယုံကြည်သူဖြစ်ခဲ့ပါတယ်။
-
အာရဗ်ကုန်သည်တွေဟာ အနောက်ဘက် ဒမစကမတ်ကျွန်းစုမှ အေ့ရှဘက် တရုတ်ပြည်အထိ ကူးသန်းသွားလာကြရာမှ မြိတ်မြို့ ဆိပ်ကမ်းကို စခန်းထောက်အဖြစ် အသုံးပြုခဲ့ကြတယ်ဆိုတဲ့ သမိုင်းတွေ ရှိနေပါတယ်။ အာရဗ်ကုန်သည်တွေ အ၀င်အထွက်များခဲ့ရာမှ မြိတ်မြို့မှာလဲ အစ္စလာမ်သာသနာ အမြစ်တွယ်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းတို့ရှိခဲ့ပါတယ်။
-
ဦးရွှေယွန်း(မြိတ်)ဟာ အစ္စလာမ်သသနာကိုးကွယ်ပေမယ့် အခြေခံပညာကိုတော့ ဘုန်းတော်ကြီးကျောင်းနေပြီး သင်ခဲ့ရတယ်။ နောက်တော့ အင်္ဂလိပ် – မြန်မာ အထက်တန်းကျောင်းပြောင်းပြီး ခေတ်ပညာသင်ခဲ့တယ်။
-
ကျောင်းမှာ စာကြိုးစားတယ်။ တော်တယ်။ ဒီတော့ ကျောင်းဆရာ ဆရာမတို့က ချစ်ခင်ကြ၊ စာကြိုးစားမှုအားကောင်းလို့ ပညာရည်ထူးချွန်ဆု အကြိမ်ကြိမ်ရခဲ့သူပါ။
-
ဦးရွှေယွန်း အထက်တန်းပညာ ကုန်ဆုံးချိန်မှာ မြန်မာနိုင်ငံမှာ တက္ကသိုလ်မရှိသေးလို့ အိန္ဒိယပြည် ကာလကတ္တားတက္ကသိုလ်သွား ပညာသင်ကြားပြီး ပြန်လာတော့ ကျောင်းဆရာအလုပ်၀င်လုပ်တယ်။ အသက်(၂၂)နှစ်မှာ အထက်တန်း ရှေ့နေ စာမေးပွဲ၀င်ဖြေတယ်။ အောင်ခဲ့လို့ ကျောင်းဆရာဘ၀က ထွက်ပြီး ရှေ့နေလုပ်ငန်းကို ဇောက်ချလုပ်ကိုင်ခဲ့သူပါ။
ရှေ့နေလုပ်ငန်းလုပ်တော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့နဲ့ ဆက်သွယ်ရတယ်။ ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းလည်းနေခဲ့ဖူးတော့ ဗုဒ္ဓသာသနာကိုလည်းလေ့လာတယ်။ မိမိကိုယ်တိုင် အစ္စလာမ်သာသနာ ကိုးကွယ်သူဖြစ်တာကြောင့် အစ္စလာမ်သာသနာကိုလည်း လေ့လာတယ်။ သာသနာ၀င်ချင်းမတူပေမယ့် သာသနာ၀င်ချင်းချစ်ကြည်ရေး၊ စိတ်၀မ်းမကွဲရေးကြိုးပမ်းခဲ့တယ်။ ပါဠိ – ပေါရာဏတို့ကို ကျွမ်းကျင်အောင်ကြိုးစားခဲ့တယ်။ မြို့ရွာအရေး၊ ရပ်ရွာအရေးတို့မှာလည်း ဦးရွှေယွန်းပါခဲ့ရတာများပါတယ်။
-
အလုပ်ကလည်းလုပ်၊ လူချစ်လူခင်ကလဲများလာလို့ မြိတ်မြို့ရဲ့ မြူနီစပါယ်လူကြီးဖြစ်လာတယ်။ တစ်ဆင့်တက်ပြီး မြူနီစပါယ်အဖွဲ့ဥက္ကဋ္ဌဖြစ်လာတယ်။ ဒိစတြိတ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်လာတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့နေရာတွေကို ကိုင်လာရတော့ မြို့ရွာစည်ပင်သာယာရေး၊ လမ်းများတိုးချဲ့ဆောက်လုပ်ရေး၊ စာသင်ကျောင်းများတိုးချဲ့ဖွင့်လှစ်ရေးတို့ကို လုပ်ခဲ့တယ်။ အောင်မြင်မှုတွေလည်း ရခဲ့တယ်။ အလုပ်ကလည်းလုပ်၊ မြို့သူမြို့သားတွေကလည်း ချစ်ခင်ကြလို့ ၉၁-ဌာန အုပ်ချုပ်ရေးမှာ မင်းတိုင်ပင်အမတ်ဖြစ်တယ်။ မင်းတိုင်ပင်အမတ်ဘ၀နဲ့ မြိတ်၊ ကျောက်ဖြူတောင်တန်း၊ တနင်္သာရီကားလမ်းဖောက်လုပ်ရေးစီမံကိန်း၊ ကျောက်ဖြူတောင်တန်းမှ မြိတ်မြို့ ရေရရှိရေးစီမံကိန်းတို့ကို တင်ခဲ့တယ်။ ဒါပေမယ့် အဲဒီခေတ် အဲဒီကာလက တိုင်းရေးပြည်ရေးထက် ရာထူးလုပွဲတွေကသာ အဓိကဖြစ်နေလို့ သူ့စီမံကိန်းတွေဟာ မအောင်မြင်ခဲ့ပါဘူး။
-
ရနိုင်သမျှ၊ ရတတ်သမျှတွေကို အများပြည်သူတွေအတွက် ထာ၀စဉ်အာရုံစိုက်နေသူဖြစ်လေတော့ လူခွန်တော်ဖျက်သိမ်းရေး၊ လယ်ယာမြေ နှစ်ရှည်ငှားရမ်းရေး၊ လယ်သမားများဘ၀ တိုးတက်ရေးနဲ့ မြို့ရွာစည်ပင်သာယာမှုတို့ကို အစဉ်တစိုက်လုပ်နေတာတွေကြောင့် အမ်-ဘီ-အီး ဘွဲ့နဲ့ ကေ-အိုင်-အိပ်ခ်ျ ဘွဲ့ တို့ကို အင်္ဂလန်ပြည့်ရှင် ဘုရင်မက ချီးမြှင့်ခဲ့တယ်။
ဘုရင်မက ဘွဲ့တွေပေးထားပေမယ့် ဒုတိယကမ္ဘာစစ်ပြီးပြီးလို့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဖ-ဆ-ပ-လ ပေါ်လာတဲ့အခါ မြိတ်မြို့ ဖ-ဆ-ပ-လ အဖွဲ့မှာ ခေါင်းဆောင်တစ်ဦးဖြစ်လာပြီး၊ ဖ-ဆ-ပ-လ စင်မြင့်ပေါ်ကနေပြီး အင်္ဂလိပ်နယ်ချဲ့သမားကို စိန်ခေါ်ခဲ့တယ်။ ဒါကြောင့် မြိတ်မှာ ထူးခြားတဲ့ ကြယ်တစ်ပွင့်ဖြစ်လာတယ်။
အစ္စလာမ်သာသနာနဲ့ ဦးရွှေယွန်း
မြို့ရေး ရပ်ရေးတို့ကို မအားမလပ်ဆောင်ရွက်ရင်း မိမိယုံကြည်ကိုးကွယ်ရာ အစ္စလာမ်ဓမ္မများကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့တယ်။ လေ့လာတော့လည်းတတ်ကျွမ်းလာတယ်။ ဒီတော့လည်း အစ္စလာမ်သာသနာ၀င်ချင်းဖြစ်ကြရတဲ့ကိစ္စ တွေကို တရားဓမ္မနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုဏ်းသခင်ကြီးဖြစ်လာတယ်။
-
မြိတ်မြို့ ကံခေါင်းရပ်မှာရှိတဲ့ ထုံးဖိုဗလီ ထရပ်စ်စတီ(ဂေါပက)အဖွဲ့ ဥက္ကဋ္ဌဖြစ်လာတယ်။ မိမိစရိတ်မိမိစားပြီး ဗလီ ရှေ့ဆောင်အဖြစ် တာ၀န်ယူခဲ့တယ်။ လောကီဘုံသားတို့မှာဖြစ်လေ့ဖြစ်ထရှိတဲ့ မွတ်စလင် လင်မယားကွာရှင်းမှု၊ အမွေမှုတို့ကို ဆုံးမသြ၀ါဒပေးပြီး ဖြေရှင်းပေးခဲ့နိုင်တာရှိသလို တချို့ကတော့လည်း ရုံးပြင်ကန္နားရောက်ကြတာတွေလည်း ဒုနဲ့ဒေးပေါ့။ မွတ်စလင်မ်အချင်းချင်းဖြစ်ပွားကြတဲ့ လင်ကွာ မယားကွာ အမွေမှုတွေကလည်း အစ္စလာမ်ဓမ္မသတ်နဲ့ ဆုံးဖြတ်ရတာမျိုးကလည်း အများသား။
-
ဦးရွှေယွန်းနဲ့ စာပေရေစီးကြောင်း
-
လင်မယားကွာရှင်းမှု၊ အမွေမှုတို့နဲ့ဆက်နွယ်လာတဲ့ ကိစ္စတွေ၊ ရုံးပြင်ကန္နားရောက်ကြရင် ဖြေရှင်းပေးကြတဲ့အခါ အထောက်အကူပြုကြရတာက မဟာမေဒင်လော(ဥပဒေ)။ ရောက်လာကြတဲ့ အမှုတို့ကို ကိုင်တွယ်ဆုံးဖြတ်ပေးကြရတဲ့ တရားသူကြီးတိုင်း မွတ်စလင်မ်များမဟုတ်။ မွတ်စလင်မ်မဟုတ်ကြလို့ မဟာမေဒင်လောကို ပယ်လို့မရ။ ဒီအခက်အခဲမျိုးတွေပြေလည်စေဖို့ အင်္ဂလိပ်လိုမှ မြန်မာလို ဘာသာပြန်ခဲ့တယ်။ ဦးရွှေယွန်းရဲ့ စာပေရေစီးကြောင်းကို မြန်မာနိုင်ငံတရားရုံးများသို့ စီးဆင်းစေခဲ့တယ်။ သူ့စာပေရေစီးကြောင်းကို ပိုမိုလေးနက်စေလိုတဲ့ဆန္ဒနဲ့ ဖ-ဆ-ပ-လ ခေတ်၊ တရားလွှတ်တော်ချုပ်၊ တရားရေး၀န်ကြီးများဖြစ်ကြတဲ့ ဒေါက်တာဘဦး(နောင်သောအခါ သမ္မတဖြစ်လာသူ)၊ ဒေါက်တာဦးအေးမောင် (နောင်သောအခါ တရားရေးဌာန၀န်ကြီးဖြစ်လာသူ)နဲ့ တစ်ချိန်မှာ တရားလွှတ်တော် တရားရေး၀န်ကြီးဖြစ်လာသူ ဦးသောင်းစိန်တို့ထံ ပို့ခဲ့တယ်။
ဦးရွှေယွန်းဆက်သွယ် ပိုခဲ့သူများကလည်း တလေးတစား သူ့ဆီပြန်ကြားခဲ့ကြတယ်။
-
အဆွေတော်ဦးရွှေယွန်း …
၁၉၄၉-ခု၊ ဇူလိုင်လ (၁၁)ရက်နေ့စွဲဖြင့်ပေးပို့သော အဆွေတော့်စာကို ရရှိပါသည်။ အဆွေတော်က မိမိစီရင်ရေးသားသော မိုဟာမက်ဘာသာ လက်ထပ်ခန်း၊ ကွာရှင်းခန်း အစရှိသည့်ကျမ်းကို ကျွန်ုပ်အား ဆက်သလိုသည့်အချက်ကို အမှန်အားဖြင့် ဂုဏ်ယူမိပါသည်။
မြန်မာပြည်တွင် မွတ်စလင်မ်အမျိုးသား အမြောက်အမြားရှိသည့်အပြင် ၎င်းတို့အရေအတွက်သည်လည်း တစ်နေ့တစ်ခြား တိုးပွားလျက်ရှိသဖြင့် မြန်မာဘာသာဖြင့် ရေးသားသော မိုဟာမက်ဘာသာတရားဥပဒေသည် အရေးအကြီးဆုံးဖြစ်သည်။ မွတ်စလင်မ်အမျိုးသားတို့ ကြာမြင့်စွာကပင် အလိုရှိအပ်သောကျမ်းဖြစ်သည်။ ဤကျမ်းသည် လူအများအလွယ်တကူ ၀ယ်ယူသုံးစွဲကြလိမ့်မည်ဟု ယုံကြည်ကြောင်း။ (ဤကျမ်းကို ကျွန်ုပ်အား ဆက်သခွင့်ပြုလိုက်ကြောင်း)။
နေ့စွဲ ။ ၁၉၄၉-ခု၊ ဇူလိုင်လ (၁၅)ရက်။

ပုံ/ ဒေါက်တာဘဦး
တရား၀န်ကြီးချုပ်။
ပြည်ထောင်စုမြန်မာနိုင်ငံ
တရားလွှတ်တော်ချုပ်။
* * * * *
-
အဆွေတော် ဦးရွှေယွန်း ….
အဆွေတော် စီရင်ရေးသားသည့် မွတ်စလင်မ် လက်ထပ်ခြင်းတရားဥပဒေ ပထမတွဲကို ပေးပို့လိုက်၍ ရရှိသဖြင့် အထူးကျေးဇူးတင်ပါကြောင်း။
အဆွေတော်၏စာကို ပြန်ရာ၌ နှောင့်နှေးရခြင်းအကြောင်းမှာ ဤစာအုပ်ကို သေချာစွာဖတ်ရှုလို၍ဖြစ်ပါကြောင်း။ ထိုစာအုပ်ကို သေချာစွာဖတ်ရှုပြီးနောက် ကျွန်ုပ်ထင်မြင်သည်မှာ ဤစာအုပ်သည် မွတ်စလင်မ်လက်ထပ်ခြင်းနှင့်ဆိုင်သည့် အမှုအခင်းများကိုဆောင်ရွက်ရသည့် တရားသူကြီးများ၊ ေ့ရှနေ ေ့ရှရပ်များအတွက် အများဆုံး အကူအညီပေးနိုင်သောစာအုပ်ဖြစ်ကြောင်း၊ ဤတရားဥပဒေ အချက်အလက်များသည် ထိုအရာ၌ မကျွမ်းကျင်သူများအတွက် ရံဖန်ရံခါ အလွန်ရှုပ်ထွေးနက်နဲစေသော်လည်း အဆွေတော်က ထိုအရာများကို စိတ်၀င်စားစွာဖတ်ရှု၍ အမှုအခင်းများဆုံးဖြတ်ရာ၌ လေးလေးနက်နက် ရှေ့ကို ဆက်လက်၍ လေ့လာပြီး အသုံးပြုနိုင်စေရန် စီစဉ်ထားသည့်အတွက် ကျွန်ုပ်အထူး၀မ်းမြောက်မိပါကြောင်း။
နေ့စွဲ ။ ၁၉၅၀-ခု၊ ဇန်နဝါရီလ(၃၀)ရက်။

ပုံ/အေးမောင်
တရား၀န်ကြီးချုပ်။
ပြည်ထောင်စုမြန်မာနိုင်ငံ
တရားလွှတ်တော်ချုပ်။
* * * * *
-
အဆွေတော်ဦးရွှေယွန်း …
အဆွေတော်၏ မြန်မာဘာသာဖြင့် ရေးသားစီရင်သော မွတ်စလင်မ် လက်ထပ်ထိမ်းမြားခြင်း တရားဥပဒေကျမ်းကို ရရှိသည့်အတွက် အမှန်ပင် အထူးကျေးဇူးတင်ပါကြောင်း။
ဤကျမ်းကို ကျွန်ုပ်သည် အထူးစိတ်၀င်စားစွာ ဖတ်ရှုခဲ့ပါသည်။ အဆွေတော်အား ဤကဲ့သို့ ပြီးမြောက်အောင် ဆောင်ရွက်သည့်အတွက် အထူး၀မ်းမြောက်ပါကြောင်း မေတ္တာပို့ပါသည်။ မြန်မာဘာသာဖြင့် စီရင်ရေးသားသည့် မွတ်စလင်မ်တရားဥပဒေကျမ်းများကို ဤတိုင်းပြည်၌ အချိန်ကာလကြာမြင့်စွာကပင် လိုလားနေလေရာ အဆွေတော်က ထိုလိုလားချက်ကို ဖြည့်စွက်နိုင်သည့်အတွက် ကျွန်ုပ်များစွာ ၀မ်းမြောက်မိပါကြောင်း။
နေ့စွဲ ။ ၁၉၅၀-ခု၊ ဧပြီလ ၁၂-ရက်။

ပုံ/သောင်းစိန်
(တရား၀န်ကြီး)
ပြည်ထောင်စုမြန်မာနိုင်ငံတော်
တရားလွှတ်တော်ချုပ်။

* * * * *
-
ဦးရွှေယွန်း၏ စာပေရေစီးကြောင်းသည် မြန်မာနိုင်ငံအတွင်းရှိ အစ္စလာသာသနာ၀င်များ၏ လောကတစ်ရပ်လုံးအတွင်းသာ စီးဆင်းခဲ့ရုံသာမက မြန်မာနိုင်ငံအတွင်းရှိ တရားရုံးများသို့တိုင် စီးဆင်းခဲ့ပါတယ်။
ဦးရွှေယွန်း၏ စာပေရေစီးကြောင်းသည် ပျောက်ကွယ်သွားမည့် ရေစီးကြောင်း မဖြစ်နိုင်သည်မှာ ထင်ရှားလှပါတယ်။
စာဆိုရှင်ဟူသမျှတို့ရဲ့ ရည်ရွယ်ချက်မှာ မိမိတို့ပြုစုခဲ့ကြတဲ့ စာပေများ အများပြည်သူတို့ကို အကျိုးပြုကြဖို့ ရည်မှန်းကြရမှာ သစ္စာတရားဖြစ်ပါတယ်။ မိမိတို့ပြုစုကြတဲ့ စာပေတို့ဟာလည်း ပြည်သူအတွင်း အဆိပ်အတောက်မဖြစ်စေဖို့ ကြီးစွာ သတိထားကြရမှာလည်း သစ္စာတရားပါ။
ဦးရွှေယွန်းပြုစုခဲ့တဲ့ ကျမ်းတို့ဟာ ပြည်သူ့အကျိုးပြုစာပေများ၊ အဆိပ်အတောက်ကင်းတဲ့စာပေရေစီးကြောင်းသာဖြစ်ကြောင်း ခြွင်းချက်မရှိယုံကြည်လျက်ပါ။

ဦးရွှေယွန်း(မြိတ်)သည် ၁၉၆၀-ခု၊ ဖေဖော်ဝါရီလ (၂၈)ရက် အသက်(၈၆)နှစ်အရွယ်တွင် ကွယ်လွန်သည်။
-
ကိုးကား-ပသီကိုကိုလေး ဦးရွှေယွန်း(မြိတ်)
မိုးသောက်ကြယ်မဂ္ဂဇင်း၊ ၁၉၉၅-ခု ဖေဖော်ဝါရီလ၊
-
၁၉၇၄-ခုနှစ်ထုတ် မြိတ်မဂ္ဂဇင်းမှ ဆောင်းပါးရှင် - အေးခန့်(မြိတ်)မြိတ်၏ကြယ်တစ်ပွင့်

22/09/2025

https://myanmarmuslim.news/en/2025/09/22/the-myth-of-myanmars-135-national-races/
For decades, Myanmar’s rulers have claimed that the country is home to exactly “135 national races.” This number is repeated in official speeches, textbooks, and government documents. But where did it come from? Why was it chosen? And why has the figure changed several times over the last half-century?

A Questionable Invention
Contrary to what people are led to believe, there has never been a transparent, nationwide consultation or parliamentary debate that produced the number 135. No historical records from the Pagan, Konbaung, or even British colonial eras mention such a figure. In fact, before independence, only the major ethnic groups—Bamar, Karen, Shan, Chin, Kachin, Mon, Rakhine—along with occasional references to Chinese, Indian, Pyu, Talaing, Pathi (Muslims), and others, were documented.

The British censuses of 1911 and 1931 recorded 65 and 135 languages respectively, but not “135 races.” This appears to be the earliest root of the figure, but even then it referred to languages, not ethnic identities.

After independence, successive governments—AFPFL, caretaker, parliamentary, and even early BSPP under Ne Win—never endorsed the number 135.

The first official ethnic list only appeared in December 1972, when the Ministry of Home and Religious Affairs published a list of 144 groups. That list included Burmese Muslims (Pathi), Rohingya, Myedu, Pashu (Malays), and Panthay.

Curiously, both 144 and 135 add up numerologically to nine (1+4+4=9; 1+3+5=9), leading some to suspect that numerology, not ethnography, guided these decisions.

Send a message to learn more

Address

Klinik Ng Dan Lee (Wangsa Maju Branch)
Ampang
53300

Alerts

Be the first to know and let us send you an email when Outstanding Muslims from Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category