27/06/2026
''သွားပြီး ပြန်လာမယ်လို့တော့ အမြဲပြောသွားပေမယ့် သူကတော့ ဘယ်နားလည်ရှာမလဲ။ ဘယ်တော့ ပြန်ပေါ်လာမလဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ။
အမေရိကန်ပြည်ထောင်စုခရီးက ၁၉ ရက်တောင် ကြာခဲ့တော့ ပြန်လာစအခါမှာ တိုက်ချီတိုက ကျွန်မကို လုံးဝ မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်နေပါတယ်။
သူ့နားက သွားတော့မယ် ထင်တာနဲ့ ခြေထောက်တွေကို ဖက်ထားတယ်။ ညအိပ်တဲ့အခါမှာလည်း သူ့ကိုယ်နဲ့ ကျွန်မခြေထောက်ကို ကပ်ပြီးအိပ်တယ်။ သူ့နားက ခွဲခွာသွားစေတာ ဒီခြေထောက်တွေပဲ လွှတ်ထားလို့တော့ မဖြစ်ပေဘူးလို့ ထင်ပုံရတယ်။
ကျွန်မ ခဏခဏ ထွက်သွားရတဲ့အကြောင်းတွေကို တိုက်ချီတိုသာ သိရင် ဘာများလုပ်မလဲလို့ တစ်ခါတစ်ရံ တွေးမိပါတယ်။''
ဒေါ်အောင်ဆန်းစုကြည်
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်ထုတ် ဒီလှိုင်းစာစောင် အတွဲ (၁) ၊ အမှတ် (၄၈)