Myanmar Historic Archive

Myanmar Historic Archive Myanmar Archive is a page to collect historic photos, videos of Myanmar (Burma) in the past.
(2)

တချိန်တခါက ရေဒီယိုကို လိုင်စင်နဲ့မှ သုံးခွင့်ရှိပါသည်။ (၁၉၇၀ ကျော်သတင်းစာ)
10/08/2026

တချိန်တခါက ရေဒီယိုကို လိုင်စင်နဲ့မှ သုံးခွင့်ရှိပါသည်။ (၁၉၇၀ ကျော်သတင်းစာ)

09/08/2026

တရားဝင် နိုင်ငံခြားငွေလက်ဝယ်ရှိပြီး နိုင်ငံခြားက ကားတွေဝယ်ချင်ရင်ဆက်သွယ်လိုက်ပါ

၁၉၈၉-၉၀ အခါက အစိုးရပိုင် Showroon

08/08/2026

တခေတ်တခါက မသိသူမရှိတဲ့ကြော်ငြာ

08/08/2026

🇯🇵 ရန်ကုန်မြို့ပေါ်က စစ်ပွဲအဆုံးသတ်သံ — ၁၉၄၅

တစ်ချိန်က စစ်လေယာဉ်သံတွေ၊ ဗုံးပေါက်ကွဲသံတွေ၊ သေနတ်သံတွေနဲ့ ပြည့်နှက်ခဲ့တဲ့ ရန်ကုန်မြို့…

၁၉၄၅ ခုနှစ် ရောက်လာတဲ့အခါတော့ အဲဒီအသံတွေ တဖြည်းဖြည်း တိတ်ဆိတ်လာခဲ့ပါပြီ။

နှစ်ပေါင်းများစွာ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက်
ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးဟာ ပြန်လည်အသက်ဝင်လာခဲ့တဲ့အချိန် ဖြစ်ပါတယ်။

🇯🇵 ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့

ဂျပန်ဧကရာဇ် ဟီရိုဟီတိုက ဂျပန်နိုင်ငံအနေဖြင့် မဟာမိတ်များထံ လက်နက်ချမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်နဲ့အတူ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေရဲ့ နောက်ဆုံးအခန်းဟာလည်း နီးကပ်လာခဲ့ပါတယ်။

📍 ရန်ကုန် — ၁၉၄၅

မဟာမိတ်တပ်များက ရန်ကုန်ကို ပြန်လည်ထိန်းချုပ်ထားပြီးဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးတဲ့ ဂျပန်တပ်များအတွက်တော့ နောက်ဆုံးဆုံးဖြတ်ချက်က ရောက်ရှိလာခဲ့ပါပြီ။

လက်နက်ချရတော့မယ်။

နောက်ဆုံးတွင်…

🇯🇵 ဂျပန်စစ်သားများသည် သူတို့ကိုင်ဆောင်ထားသော လက်နက်များကို ချထားခဲ့ကြသည်။

စစ်မြေပြင်မှာ နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ သေနတ်တွေဟာ
အဲဒီနေ့မှာတော့ အသံမထွက်တော့ပါဘူး။

စစ်သားတွေရဲ့ ခြေလှမ်းတွေ၊
လက်မှတ်ရေးထိုးနေတဲ့ ဘောပင်သံတွေ၊
စာရွက်တွေ လွှဲပြောင်းပေးတဲ့ အသံတွေကသာ
စစ်ပွဲပြီးဆုံးခြင်းရဲ့ သက်သေဖြစ်လာခဲ့ပါတယ်။

📜 ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့

ရန်ကုန်မြို့မှာ မြန်မာနိုင်ငံအတွင်းရှိ ဂျပန်တပ်များ၏ တရားဝင်လက်နက်ချမှုကို အခမ်းအနားဖြင့် ပြုလုပ်ခဲ့ပါတယ်။

တစ်ချိန်က ရန်ကုန်ကို သိမ်းပိုက်ခဲ့တဲ့ စစ်တပ်ဟာ
အဲဒီနေ့မှာတော့ လက်နက်ချသူများအဖြစ် ရပ်တည်နေခဲ့ပါတယ်။

ပြီးတော့…

ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ
စစ်ပွဲရဲ့ အသံတွေထက်
ငြိမ်းချမ်းရေးရဲ့ တိတ်ဆိတ်မှု က ပိုမိုကြီးမားလာခဲ့ပါတယ်။

သို့သော် စစ်ပွဲတစ်ပွဲပြီးဆုံးသွားတာနဲ့
စစ်ပွဲကြောင့် ဖြစ်ပေါ်ခဲ့တဲ့ နာကျင်မှုတွေက ချက်ချင်းပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။

အိမ်ပျက်ခဲ့သူတွေ၊
မိသားစုဝင်တွေ ဆုံးရှုံးခဲ့သူတွေ၊
နှစ်ပေါင်းများစွာ ကြောက်ရွံ့နေခဲ့ရသူတွေ…

သူတို့အတွက် ၁၉၄၅ ခုနှစ်ဟာ
စစ်ပွဲပြီးဆုံးတဲ့နှစ်သာမက
ပြန်လည်အသက်ရှင်ဖို့ စတင်ခဲ့တဲ့နှစ် လည်း ဖြစ်ခဲ့ပါတယ်။

🕊️ ၁၉၄၅ — ရန်ကုန်

သေနတ်သံတွေ တိတ်သွားခဲ့တဲ့နေ့။
စစ်သားတွေ လက်နက်ချခဲ့တဲ့နေ့။
ပြီးတော့ စစ်ဒဏ်ရာတွေနဲ့အတူ မြန်မာပြည်သူတွေက
ငြိမ်းချမ်းတဲ့ မနက်ဖြန်တစ်ခုကို ပြန်မျှော်လင့်ခဲ့တဲ့နေ့…

သမိုင်းဆိုတာ အောင်နိုင်သူတွေရဲ့ ဇာတ်လမ်းတစ်ခုတည်း မဟုတ်ပါဘူး။
စစ်ပွဲကြားမှာ အသက်ရှင်ကျန်ရစ်ခဲ့သူတွေရဲ့ အမှတ်တရလည်း ဖြစ်ပါတယ်။

#မြန်မာ့သမိုင်း #ရန်ကုန်သမိုင်း #ဂျပန်တပ် #1945

ကုန်းဘောင်ခေတ် ဝန်ကြီး ကင်းဝန်မင်းကြီး ရုရှားနိုင်ငံ (ရွတ်ရှနိုင်ငံ) ပေးသောစာ
07/08/2026

ကုန်းဘောင်ခေတ် ဝန်ကြီး ကင်းဝန်မင်းကြီး ရုရှားနိုင်ငံ (ရွတ်ရှနိုင်ငံ) ပေးသောစာ

07/08/2026

မှတ်မိကြသေးလား တချိန်က ဝင်းသူဇာအရောင်းဆိုင်များ

မြန်မာပြည်၌ ပထမဆုံး လေယာဉ်ပြန်ပေးဆွဲခဲ့သူ ဗိုလ်မှူး စောကျော်အေး၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲမှအရေးနိမ့်ကာဆုတ်ခွာလာခဲ့ရသော...
06/08/2026

မြန်မာပြည်၌ ပထမဆုံး လေယာဉ်ပြန်ပေးဆွဲခဲ့သူ ဗိုလ်မှူး စောကျော်အေး

၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲမှအရေးနိမ့်ကာဆုတ်ခွာလာခဲ့ရသော KNDO တပ်များသည်မြစ်ဝကျွန်းပေါ်ဒေသတဝိုက်နှင့် KNDO ခေါင်းဆောင်စောဘဦးကြီးနှင့်အဖွဲ့အချို့သည်နိုင်ငံခြားအကူညီရရန်အတွင်ထိုင်း-မြန်မာနယ်စပ်သို့ဆုတ်ခွာခဲ့ကြပါသည်။ ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့စောဘကြီးကျဆုံးပြီးနောက် KNDO များစစ်မျက်နှာအသီးသီးမှာပိုမိုအရေးမလှဖြစ်ခဲ့ရသည်။ ထို့ကြောင့် ကျဆင်းနေသော KNDO တပ်ဖွဲ့ဝင်များ၏စိတ်ဓါတ်ကိုပြန်လည်မြင့်မားလာစေရန်နှင့် အထူးသဖြင့်လက်နက်ကြီးများရရှိနိုင်ရေးအတွက် ၁၉၅၄ ခုနှစ်တွင် KNDO တပ်မှူးများအစည်းအဝေးတခုကိုလျို့ဝှက်ကျင်းပခဲ့ကြပါသည်။ ထိုအစည်းအဝေးတွင် တချို့တပ်မှူးများက တဖက်နိုင်ငံမှလက်နက်ကြီးများဝယ်ယူဖို့၊ တချို့တပ်မှူးများက ထိုအချိန်ကမြန်မာပြည်အတွင်းဝင်ရောက်တပ်စွဲထားသော ကူမင်တန်တရုတ်ဖြူတပ်များထံမှလက်နက်ကြီးများဝယ်ယူဖို့အသီးသီးဆွေးနွေးကြသည်။ နောက်ဆုံး ကရင်ပြည်နယ် ဒေါနတောင်တနေရာမှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အင်္ဂလိပ်တပ်များစွန့်ပစ်ထားခဲ့သောလက်နက်ကြီးများ၊ ဂျပန်စစ်တပ်များဆုတ်ခွာစဉ်ကျန်ရစ်ခဲ့သောလက်နက်ကြီးအများအပြားတွေ့ရှိထားကြောင်းဗိုလ်မှူးဒေါ်နယ်ဆိုသူမှပြောကြားလိုက်ရာ အားလုံးစိတ်ဝင်စားသွားကြပြီး၊ ထိုလက်နက်ကြီးများကို မြစ်ဝကျွန်းပေါ်နှင့်ပဲခူးရိုးမတို့ကိုပို့ဆောင်ပေးနိုင်ပါက လက်ရှိတိုက်ပွဲအခြေအနေများတမျိုးတဖုံပြောင်းလဲသွားနိုင်ကြောင်းယူဆကြပြီး KNDO ခေါင်းဆောင်များက စစ်ဆင်ရေးစီမံချက်တရပ်ချမှတ်လိုက်ပါတော့တယ်။

၁၉၅၄ ခုနှစ် ဇွန်လ၂၅ ရက်တွင် ရန်ကုန်မှ စစ်တွေသွား ဒါကိုတာလေယာဉ်ကို KNDO မှ ဗိုလ်မှူး စောကျော်အေး ခေါင်းဆောင်သော အဖွဲ့ဝင်က လက် ပစ်ဗုံးဖြင့် ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်၍ ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်ဖြင့် လက်နက်များသယ်ဆောင်ရန် ရည်ရွယ်၍ ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။

ခရီးသည် ၁၄ ဦးပါ ယင်းလေယာဉ်သည် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ သဲ သောင်ပြင်ပေါ် ဆင်းသက်နိုင်ခဲ့သော်လည်း ချိန်းဆိုထားသော တပ်ဖွဲ့ဝင်များကို၂ နာရီကျော် ပျံဝဲရှာဖွေရသဖြင့် လေယာဉ်ဆီနည်းပါးခြင်း၊ ချိန်းဆိုမှုလွဲချော်ခြင်းများကြောင့် မူလလက်နက်ကြီးများ သယ်ဆောင်မည့်အစီ အစဉ်ကို စွန့်လွှတ်ကာ လေယာဉ်ကို ပြန်လွှတ်လိုက်သည်။

ထိုစဉ်က သတင်းစာများ၌ လေယာဉ်ပေါ်တွင် ပါလာသော အစိုးရငွေ ၇၂၄၀၀၀ ကျပ်ကို ဓားပြတိုက်သည်ဟု ရေးသား ဖော်ပြခဲ့ကြသည်။

၁၉၅၉ ခုနှစ်တွင် ဗိုလ်မှူး စောကျော်အေးနှင့် အဖွဲ့သည် ငြိမ်းချမ်းရေးယူခဲ့သည်။ ၂၀၁၉ အသက် ၁၀၁ နှစ်တွင်ကွယ်လွန်ခဲ့ပါသည်။

စာရေးဆရာ လှသောင်း (Dip in B.Dh) ၏ ကမ္ဘာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု စာအုပ်ကို အခြေခံကာ လေယာဉ်ပြန်ပေးဆွဲမှုကို ဦးဆောင်ခဲ့သူ ဗိုလ်မှူးစောကျော်အေး တို့ပြောပြသော အကြောင်းအရာများအား ရိုက်ကူးထားသည့် ရောင်နီဦး၏ အလင်းရောင်နှင့်အတူ (Burma's Hijack) ဇာတ် ကားကို ၂၀၁၆ ခုနှစ် မတ်လတွင် ရုံတင်ပြသခဲ့သည်။

၇၅ နှစ်ကျော်ကြာ လက်သည်မပေါ်တဲ့ အစိုးရဝန်ကြီးလုပ်ကြံမှု အာဇာနည်ခေါင်းဆောင်များလုပ်ကြံခံရပြီး တနှစ်ကျော်အကြာ မြန်မာနိုင်ငံ...
06/08/2026

၇၅ နှစ်ကျော်ကြာ လက်သည်မပေါ်တဲ့ အစိုးရဝန်ကြီးလုပ်ကြံမှု

အာဇာနည်ခေါင်းဆောင်များလုပ်ကြံခံရပြီး တနှစ်ကျော်အကြာ မြန်မာနိုင်ငံအစိုးရသစ် ဝန်ကြီးတဦးလည်း ထပ်မံလုပ်ကြံခံခဲ့ရပါသည်။ ထိုအမှုမှာထိုစဉ်က ဟိုးလေးတကျော်ဖြစ်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်လာခဲ့သည်။

၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးနှင့် ပထမဆုံး အိုင်စီအက်စ် (ICS – Indian Civil Service) အရာရှိဖြစ်သူ ဦးတင်ထွဋ် (ICS) သည် ရန်ကုန်မြို့ Sparks Street (ယခု ဗိုလ်အောင်ကျော်လမ်း) ပေါ်တွင် ကားဖြင့်သွားလာနေစဉ် ဗုံးပေါက်ကွဲမှုဖြင့် လုပ်ကြံခံခဲ့ရသည်။

စစ်ဆေးမှုအရ ဗုံးကို နောက်ဘက် အိတ်ဇောနှင့် ခြေနင်းအကြားညှပ်ထားခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ခြေထောက် ၂ ချောင်း မျက်လုံးများ ဒဏ်ရာရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။

ဦးတင်ထွဋ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ အနီးကပ်အကြံပေးတစ်ဦးဖြစ်ပြီး လွတ်လပ်ရေးညှိနှိုင်းမှုများ၊ လန်ဒန်ဆွေးနွေးပွဲနှင့် ပင်လုံညီလာခံတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ နောက်ပိုင်းတွင် အစိုးရမှ နုတ်ထွက်ပြီး ပြည်တွင်းလုံခြုံရေးတာဝန်များကို ဆောင်ရွက်ခဲ့သည်။

ဤလုပ်ကြံမှု၏ တရားခံကို ယနေ့တိုင် တရားဝင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။ နိုင်ငံရေးအုပ်စုများ၊ လက်နက်ကိုင်အဖွဲ့များနှင့် အခြားအင်အားစုများ ပါဝင်ပတ်သက်နိုင်သည်ဟု သမိုင်းပညာရှင်များက အမျိုးမျိုး သုံးသပ်ထားသော်လည်း ခိုင်လုံသော အထောက်အထားဖြင့် အတည်ပြုထားသည့် တရားဝင်ကောက်ချက် မရှိသေးပေ။ ထို့ကြောင့် ဦးတင်ထွဋ်၏ ကားဗုံးလုပ်ကြံမှုကို မြန်မာ့သမိုင်းတွင် မဖြေရှင်းနိုင်သေးသော နိုင်ငံရေးလုပ်ကြံမှုကြီးများထဲမှ တစ်ခု အဖြစ် မှတ်တမ်းတင်ထားကြသည်။

သီပေါမင်း ပါတော်မူဘဝတွင် လစဉ်ငွေမလောက် သဖြင့် ဘုံဘေမှ ဘုရင်ခံထံရေးသောစာဗြမ္မာဘုရင်သီပေါမင်းမြတ်တော်ဟု လက်မှတ်ထိုးထားသည်။...
02/08/2026

သီပေါမင်း ပါတော်မူဘဝတွင် လစဉ်ငွေမလောက် သဖြင့် ဘုံဘေမှ ဘုရင်ခံထံရေးသောစာ

ဗြမ္မာဘုရင်သီပေါမင်းမြတ်တော်ဟု လက်မှတ်ထိုးထားသည်။

ခုနှစ်မသိ

28/07/2026

တချိန် ရွှေဘုံသာလမ်းပေါ် ရှိခဲ့တဲ့ Tokyo Fried Chicken -

KFC, Lotteria , Marry Brown တွေ မပေါ်ခင်က ရန်ကုန်မြို့ရဲ့ အစောပိုင်း ကြက်ကြော်

မှာရင် မယ်လမင်းပန်ကန်တွေနဲ့ အကျအန လာချပေးတဲ့ ကြက်ကြော်

အမှတ်တရလေးတွေရေးပေးခဲ့ပါဦး

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Historic Archiveผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์