Myanmar Historic Archive

เส้นทาง

Myanmar Historic Archive Myanmar Archive is a page to collect historic photos, videos of Myanmar (Burma) in the past.

01/09/2026

တချိန်တခါက ရန်ကုန်မြို့မြင်ကွင်းများ ရှေးကပုံများကို Ai နှင့် Animate ထားတာပါ

နေရာလေးတွေသိရင် ပြောပြပါဦး

၁၉၄၇ ဇန်နဝါရီလ ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်သွားခရီးကို BBC Corporation မှ ရိုက်ကူးထားသော သတင်းမှတ်တမ်းများ.. #၁၉၄၇
30/08/2026

၁၉၄၇ ဇန်နဝါရီလ ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်သွားခရီးကို BBC Corporation မှ ရိုက်ကူးထားသော သတင်းမှတ်တမ်းများ..

#၁၉၄၇

ကွယ်ပျောက်သွားသော ဝင်္ဂဘာကန်တချိန်က ရန်ကုန်မြို့မှာ ကန်တော်ကြီးအနား ဗဟန်းရပ်မှာ ဝင်္ဂဘာကန်ကြီးရှိခဲ့ပါတယ်။ ၁၉၀၀ ဝန်းကျင်...
28/08/2026

ကွယ်ပျောက်သွားသော ဝင်္ဂဘာကန်

တချိန်က ရန်ကုန်မြို့မှာ ကန်တော်ကြီးအနား ဗဟန်းရပ်မှာ ဝင်္ဂဘာကန်ကြီးရှိခဲ့ပါတယ်။ ၁၉၀၀ ဝန်းကျင် (၅) ထပ်ကြီးဘုရားအနီး ရွာငယ် (ဝင်္ဂဘာရွာ) ရဲ့ အဓိက ရေအရင်းအမြစ် ကန်ကြီးလည်း ဖြစ်ခဲ့ပါတယ်။

(၅) ထပ်ကြီး ဘုရား ဝန်းကျင်နေရာကို တောများ ရှုပ်ထွေးလွန်းသောကြောင့် ဝင်္ဂဘာအရပ်ဟု အရင်က ခေါ်တွင်ပါတယ်။ နှောင်းပိုင်း လူနေထူထပ်လာတာက တကြောင်း ကန်အပေါ်လူတွေရဲ့မှီတင်းမှုလည်း နည်းလာတာက တကြောင်း ကန်ကြီး လည်း ကောပြီး မြက်ရိုင်းပင်ထူထပ်နေတဲ့ ကွက်လပ်ကြီး ဖြစ်နေပါပြီ။

ထိုကန်နဲ့ ပတ်သတ်ပြီး သမိုင်းအချက်အလက် နည်းပါးလှပါတယ်။

Satellite ပုံနဲ့ ၁၉၁၄ မြေပုံကို ယှဉ်ပြီး ကန်နေရာကို လေ့လာလို့ရအောင် ဖော်ပြထားပါတယ်။

အခုကန်နေရာကတော့ ဓမ္မဇောတိဝိပဿနာ ကျောင်းရဲ့ တစိတ်တပိုင်း ဖြစ်နေပါပြီ။

Yangontimemachine.com မှကိုးကား ဖော်ပြပါတယ်။

#ဝင်္ဂဘာကန် #ရန်ကုန်သမိုင်း

Time Machine နဲ့ ကိုလိုနီခေတ် ရန်ကုန်မြို့သို့Time Machine တစ်စီး ရှိခဲ့မယ်ဆိုရင်… ကိုလိုနီခေတ် ရန်ကုန်မြို့ကို သွားကြည့...
23/08/2026

Time Machine နဲ့ ကိုလိုနီခေတ် ရန်ကုန်မြို့သို့

Time Machine တစ်စီး ရှိခဲ့မယ်ဆိုရင်… ကိုလိုနီခေတ် ရန်ကုန်မြို့ကို သွားကြည့်မလား?

ဒီနေ့ခေတ် ရန်ကုန်မြို့ရဲ့ လမ်းမတွေ၊ အဆောက်အအုံတွေကို ခဏမေ့ထားပြီး နှစ်ပေါင်း ၁၀၀ ကျော် အတိတ်ကို ပြန်သွားကြည့်ကြရအောင်။

ရန်ကုန်ဘူတာကြီး (ကွမ်းခြံဘူတာ) နားမှာ လူတွေ အလျင်အမြန် သွားလာနေကြမယ်။
လမ်းမပေါ်မှာ ရထားလမ်းတွေ၊ မြင်းလှည်းတွေ ဖြတ်သန်းနေမယ်။
ဗြိတိသျှကိုလိုနီခေတ်က အဆောက်အအုံတွေကြားမှာ အင်္ဂလိပ်ဆိုင်းဘုတ်တွေ၊ စျေးဆိုင်တွေ၊ ရုံးခန်းတွေ ရှိနေမယ်။
အမျိုးသမီးတွေက ခေတ်ဟောင်းအဝတ်အစားတွေနဲ့၊ အမျိုးသားတွေက ဦးထုပ်နဲ့ လမ်းမပေါ် လျှောက်သွားနေကြမယ်။
ရန်ကုန်ဆိပ်ကမ်းဘက်မှာတော့ ကုန်တင်သင်္ဘောကြီးတွေ ဝင်ထွက်နေပြီး မြို့ဟာ အရှေ့တောင်အာရှရဲ့ အရေးကြီးတဲ့ ဆိပ်ကမ်းမြို့တစ်မြို့အဖြစ် အသက်ဝင်နေမယ်။

တစ်ချိန်က လူတွေ ဖြတ်သန်းသွားလာခဲ့တဲ့ လမ်းမပေါ်မှာ ကိုယ်တိုင်ရပ်ပြီး—

“ဒီနေရာမှာ လွန်ခဲ့တဲ့ နှစ် ၁၀၀ က ဘာတွေ ဖြစ်ခဲ့လဲ?”

လို့ တွေးကြည့်ရင်…

#ရန်ကုန် #ကိုလိုနီခေတ်ရန်ကုန် #မြန်မာ့သမိုင်း

၁၅ ရက်ကြာသော ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးစစ်ပွဲ တတိယအင်္ဂလိပ်–မြန်မာစစ်ပွဲ (၁၈၈၅) တတိယအင်္ဂလိပ်–မြန်မာစစ်ပွဲ (Third An...
21/08/2026

၁၅ ရက်ကြာသော ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးစစ်ပွဲ တတိယအင်္ဂလိပ်–မြန်မာစစ်ပွဲ (၁၈၈၅)

တတိယအင်္ဂလိပ်–မြန်မာစစ်ပွဲ (Third Anglo-Burmese War) သည် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သော ကုန်းဘောင်မင်းဆက် အဆုံးသတ်သွားစေခဲ့သည့် စစ်ပွဲဖြစ်သည်။

အဓိက စစ်ဆင်ရေးကာလမှာ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ဖြစ်ပြီး ဗြိတိသျှတပ်များသည် မြန်မာပြည်အထက်ပိုင်းသို့ လျင်မြန်စွာ ချီတက်ကာ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် မန္တလေးကို သိမ်းပိုက်ခဲ့သည်။ နိုဝင်ဘာ ၂၉ ရက်တွင် သီပေါမင်း လက်နက်ချခဲ့ပြီး နောက်တစ်ဆင့်တွင် မြန်မာနိုင်ငံကို ဗြိတိသျှအိန္ဒိယ၏ အစိတ်အပိုင်းအဖြစ် သိမ်းသွင်းခဲ့သည်။

အဓိကစစ်ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ—
မင်းတုန်းမင်းလက်ထက် အင်္ဂလိပ်နှင့် ဆက်ဆံရေးကောင်းမွန်အောင် သံတမန်ရေးရာအရ တည်ဆောက်နိုင်ခဲ့ပေမယ့် သားတော် သီပေါမင်းလက်ထက် ဆက်ဆံရေးပြတ်တောက်ပြီးတင်းမာလာသည်။

အဓိက ပြဿနာတွေက
၁။ Bombay-Burmah Trading Corporation ပြဿနာ

ဗြိတိသျှကုမ္ပဏီ Bombay-Burmah Trading Corporation (BBTC) သည် မြန်မာနိုင်ငံအတွင်း ကျွန်းသစ်လုပ်ငန်း လုပ်ကိုင်နေခဲ့သည်။ ကုမ္ပဏီနှင့် မြန်မာအစိုးရအကြား ကျွန်းသစ်ထုတ်လုပ်မှုဆိုင်ရာ ပြဿနာ ပေါ်ပေါက်လာပြီး မြန်မာဘက်မှ Company မှ သစ်ခိုးထုတ်သူများ ဖမ်းဆီသောကြောင့် ဗြိတိသျှဘက်က လျော်ကြေးနှင့် သတ်မှတ်ချက်များကို လက်ခံရန် ဖိအားပေးခဲ့သည်။

၂။ မြန်မာနိုင်ငံနှင့် ပြင်သစ်တို့၏ ဆက်ဆံရေး

သီပေါမင်းအစိုးရသည် ပြင်သစ်နှင့် စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံရေး တိုးမြှင့်လာခဲ့သည်။ ဗြိတိသျှတို့က ပြင်သစ်၏ မြန်မာပြည်အပေါ် သြဇာတိုးလာမည်ကို စိုးရိမ်ခဲ့သည်။

၃။ ဗြိတိသျှတို့၏ နိုင်ငံရေးရည်ရွယ်ချက်

အထက်မြန်မာပြည်ကို သိမ်းပိုက်ခြင်းဖြင့် အိန္ဒိယနယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် တရုတ်နိုင်ငံဘက်သို့ ဆက်သွယ်နိုင်မည့် အခွင့်အလမ်းများကို ထိန်းချုပ်လိုခြင်းလည်း အရေးပါခဲ့သည်။

ထို့ကြောင့် အကြောင်းအရာရှာကာ စစ်ပွဲကိုဖန်တီးခဲ့သည်။

စစ်ပွဲမှာ မြန်မာဘက်မှ တိုင်တားမင်းကြီး က ကာကွယ်ရေးကို တာဝန်ယူပြီး အင်အား ၄၀၀၀၀ မှ ၆၀၀၀၀ အထိပါဝင်သည်။

အင်္ဂလိပ်ဘက်မှ Major-General Sir Harry Prendergast ဦးဆောင်ပြီး စစ်သား၊ အင်ဂျင်နီယာ၊ ဆေးဘက်ဆိုင်ရာနှင့် ထောက်ပံ့ရေးတပ်များအပါအဝင် ၁၀,၀၀၀ နီးပါး ရှိခဲ့သည်။ ခေတ်မှီ စက်သေနတ်တပ် အမြောက်တပ် သင်္ဘောများ အစီးရေ ၅၀ ကျော် ဧရာဝတီမြစ်တလျှောက်ချီတပ်လာသည်။

မြန်မာဘက်တွင် လူအင်အားရှိသော်လည်း စစ်ဆင်ရေးအတွက် အချိန်မရခြင်း၊ လက်နက်နှင့် စစ်ရေးနည်းပညာ မညီမျှခြင်း၊ အမိန့်ပေးစနစ်နှင့် စုစည်းမှုအားနည်းခြင်း တို့ကြောင့် ဗြိတိသျှတပ်၏ လျင်မြန်သော ချီတက်မှုကို မတားဆီးနိုင်ခဲ့ခြင်းကြောင့် အရှုံးပေးလိုက်ရသည်။ နိုဝင်ဘာလ ၂၆ တွင် အင်္ဂလိပ်တပ်များက သီပေါမင်းလက်နက်မချလျှင် အင်းဝကို အမြှောက်နှင့်ပစ်ခတ်ဖျက်ဆီးမည်ဟု ရာဇသံပေးသောကြောင့် ၂၇ ရက်တွင် သီပေါမင်းတပ်များ လက်နက်ချကာ စစ်ပွဲ အဆုံးသတ်သွားသည်။ ကုန်ဘောင်မင်းဆက်လည်း အဆုံးသတ်သွားသည်။

သီပေါမင်းဆရာ (J D Mark) ဆရာမတ်တည်ထောင်ခဲ့သော စိန့်ဂျွန်းကောလိပ်စိန့်ဂျွန်းကောလိပ် (St. John’s College) ဟာ ရန်ကုန်မြို့ရဲ...
21/08/2026

သီပေါမင်းဆရာ (J D Mark) ဆရာမတ်တည်ထောင်ခဲ့သော စိန့်ဂျွန်းကောလိပ်

စိန့်ဂျွန်းကောလိပ် (St. John’s College) ဟာ ရန်ကုန်မြို့ရဲ့ ကိုလိုနီခေတ်ပညာရေးသမိုင်းမှာ အရေးပါတဲ့ အထင်ကရကောလိပ်တွေထဲက တစ်ခုပါ။ ရန်ကုန်မြို့မှာ ခရစ်ယာန်သာသနာပြုအဖွဲ့တွေက ပညာရေးကို အခြေခံပြီး ကျောင်းများတည်ထောင်ခဲ့တဲ့ သမိုင်းနဲ့လည်း နီးကပ်စွာ ဆက်စပ်နေပါတယ်။

စိန့်ဂျွန်းကောလိပ်ဟာ ၁၈၆၃ တွင် J. D Mark (သီပေါမင်းရဲ့ဆရာ) မှ စတင်ခဲ့ပြီးအင်္ဂလိပ်ကိုလိုနီခေတ် ရန်ကုန်မှာ အင်္ဂလိပ်ပညာရေးစနစ်နဲ့ ခရစ်ယာန်ပညာရေးကို အခြေခံပြီး ဖွံ့ဖြိုးလာခဲ့တဲ့ ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

အဲဒီခေတ်က ရန်ကုန်ဟာ ဗြိတိသျှအုပ်ချုပ်မှုအောက်မှာ အိန္ဒိယတိုင်းပြည်ရဲ့ အရေးကြီးတဲ့ ဆိပ်ကမ်းမြို့တစ်မြို့အဖြစ် အလျင်အမြန်ဖွံ့ဖြိုးလာတာကြောင့် အစိုးရဝန်ထမ်း၊ ကုန်သည်၊ စီးပွားရေးသမားနဲ့ ပညာတတ်လူတန်းစားတွေအတွက် ခေတ်မီပညာရေးလိုအပ်ချက်လည်း မြင့်တက်လာခဲ့ပါတယ်။

စိန့်ဂျွန်းကောလိပ်ဟာ အင်္ဂလိပ်စာ၊ အနောက်တိုင်းပညာရေးနဲ့ ဘာသာရပ်ဆိုင်ရာ အသိပညာတွေကို သင်ကြားပေးခဲ့ပြီး ရန်ကုန်မြို့ရဲ့ ခေတ်မီပညာတတ်လူတန်းစား ပေါ်ထွန်းလာရေးမှာ အခန်းကဏ္ဍတစ်ခု ပါဝင်ခဲ့ပါတယ်။

အထူးသဖြင့် ကိုလိုနီခေတ်က မြန်မာနိုင်ငံမှာ အင်္ဂလိပ်ဘာသာစကားဟာ အစိုးရအလုပ်၊ ဥပဒေ၊ ကုန်သွယ်ရေးနဲ့ အဆင့်မြင့်ပညာရေးတွေအတွက် အရေးပါလာတာကြောင့် အင်္ဂလိပ်ပညာရေးကို ရရှိထားသူတွေဟာ လူမှုဘဝမှာ အခွင့်အလမ်းပိုမိုရရှိခဲ့ကြပါတယ်။

၁၉၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက်လာပြီးနောက် ရန်ကုန်မြို့ရဲ့ အဆင့်မြင့်ပညာရေးစနစ်ဟာ ပိုမိုတိုးတက်လာခဲ့ပါတယ်။ ဒီကာလဟာ မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုနဲ့ ကျောင်းသားလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဂျပန်ခေတ် ရန်ကုန်မြို့လယ်ရှိခဲ့သော ဂျပန်စစ်သည်ဂုဏ်ပြုတိုင်
20/08/2026

ဂျပန်ခေတ် ရန်ကုန်မြို့လယ်ရှိခဲ့သော ဂျပန်စစ်သည်ဂုဏ်ပြုတိုင်

ပထမ မြန်မာနိုင်ငံတည်ထောင်သူ အနော်ရထာမင်းမှာ အမျက်တော် ထွက်လေပြီသားသဖွယ်ချစ်ရသော စစ်သူကြီး ကျန်စစ်သားမှာ ဆက်သလိုက်သော မင်...
15/08/2026

ပထမ မြန်မာနိုင်ငံတည်ထောင်သူ အနော်ရထာမင်းမှာ အမျက်တော် ထွက်လေပြီ

သားသဖွယ်ချစ်ရသော စစ်သူကြီး ကျန်စစ်သားမှာ ဆက်သလိုက်သော မင်းသမီး နှင့် ချစ်ကြိုးသွယ် သစ္စာဖောက်လေပြီ

အမျက်တော်ရှကာ ကျန်စစ်သားကို ဖမ်းစေ ရှေ့တော်သွင်း ဒူးထောက်စေကာ လှံတော်နဲ့ ပစ်လိုက်သည်။

ပစ်လိုက်ချိန်တွင် အနော်ရထာမင်းကြီး ပြောလိုက်သော စကားမှာ …..

တချိန်က ..
15/08/2026

တချိန်က ..

မြန်မာ့သမိုင်းမဟုတ်ပေမယ့် မြန်မာနိုင်ငံကို ၁၉၂၂ မှာ လာခဲ့ဖူးတဲ့ Edward VIII ဘုရင်ရဲ့ အချစ်ကြီးမှုပါ။အချစ်ကြောင့် ထီးနန်း...
13/08/2026

မြန်မာ့သမိုင်းမဟုတ်ပေမယ့် မြန်မာနိုင်ငံကို ၁၉၂၂ မှာ လာခဲ့ဖူးတဲ့ Edward VIII ဘုရင်ရဲ့ အချစ်ကြီးမှုပါ။

အချစ်ကြောင့် ထီးနန်းစွန့်ခဲ့တဲ့ Edward VIII ရဲ့ မယုံနိုင်စရာ ဇာတ်လမ်း

၁၉၃၆ ခုနှစ်… ဗြိတိန်နိုင်ငံရဲ့ ဘုရင်တစ်ပါးဟာ သူ့ဘဝမှာ မယုံနိုင်လောက်အောင် ခက်ခဲတဲ့ ရွေးချယ်မှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

“ထီးနန်းကိုရွေးမလား… အချစ်ကို ရွေးမလား…”

သူကတော့ ဗြိတိန်ဘုရင် Edward VIII ဖြစ်ပါတယ်။

Edward ဟာ ဖခင်ဖြစ်သူ George V ကွယ်လွန်ပြီးနောက် ၁၉၃၆ ခုနှစ် ဇန်နဝါရီလမှာ ဘုရင်ဖြစ်လာခဲ့ပါတယ်။ လူကြိုက်များတဲ့ မင်းသားတစ်ပါးဖြစ်ခဲ့ပြီး ဆင်းရဲနွမ်းပါးသူတွေအပေါ် စိတ်ဝင်စားမှုရှိသူအဖြစ်လည်း လူသိများခဲ့ပါတယ်။

ဒါပေမယ့် သူ့ဘဝကို ပြောင်းလဲသွားစေမယ့် အမျိုးသမီးတစ်ဦး ရှိနေခဲ့ပါတယ်။

သူမကတော့ အမေရိကန်နိုင်ငံသူ Wallis Simpson ဖြစ်ပါတယ်။

Edward ဟာ အမေရိကန်သူ Wallis ကို ၁၉၃၀ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ သူမကို ချစ်မိသွားခဲ့ပါတယ်။ ဒါပေမယ့် Wallis ဟာ အိမ်ထောင်ရှိနေသူဖြစ်ပြီး နောက်ပိုင်းမှာလည်း ကွာရှင်းထားသူ ဖြစ်လာခဲ့ပါတယ်။

အဲဒီခေတ်က ဗြိတိန်တော်ဝင်စနစ်အရ နှစ်ကြိမ်ကွာရှင်းထားတဲ့ အမျိုးသမီးတစ်ဦးကို ဘုရင်ရဲ့ မိဖုရားအဖြစ် လက်ခံဖို့ လုံးဝမဖြစ်နိုင်ပါဘူး။

Edward ကတော့ Wallis ကို လက်ထပ်ချင်ခဲ့ပါတယ်။

ဒီကိစ္စကြောင့် ဗြိတိန်အစိုးရ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ Commonwealth နိုင်ငံတွေအကြား ပြင်းထန်တဲ့ အကျပ်အတည်း ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးမှာ Edward ဟာ ထီးနန်းစွန့်ပြီး သူချစ်တဲ့မိန်းမ

Edward က ဒုတိယတစ်ခုကို ရွေးချယ်ခဲ့ပါတယ်။

၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ Edward VIII ဟာ နန်းစွန့်စာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ နောက်တစ်နေ့မှာ Parliament ရဲ့ ဥပဒေပြုမှုနဲ့ နန်းစွန့်ခြင်းဟာ တရားဝင်အကျိုးသက်ရောက်ခဲ့ပါတယ်။

သူ့ရဲ့ မိန့်ခွန်းထဲမှာတော့—

“I have found it impossible to carry the heavy burden of responsibility without the woman I love.”

လို့ လူသိများခဲ့ပါတယ်။

သို့သော် အရေးကြီးတာတစ်ခုက ဒီစကားဟာ Edward ရဲ့ တရားဝင်နန်းစွန့်မိန့်ခွန်းထဲက စာသားအတိအကျတော့ မဟုတ်ပါဘူး။ တရားဝင်မိန့်ခွန်းမှာ သူက သူ့ရဲ့ ကိုယ်ရေးကိုယ်တာခံစားချက်တွေကို အသေးစိတ်မပြောဘဲ ဘုရင့်တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်တော့မည်မဟုတ်ကြောင်း ပြောခဲ့ပါတယ်။ (Hansard)

Edward VIII ဟာ ဘုရင်အဖြစ် နန်းတက်ပြီး ၃၂၅ ရက်သာ ကြာမြင့်ခဲ့ပါတယ်။

သူဟာ ဗြိတိန်သမိုင်းမှာ နန်းစွန့်ခဲ့တဲ့ ဘုရင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး သူ့နေရာမှာ သူ့ညီဖြစ်သူ Albert က George VI အမည်နဲ့ ဘုရင်ဖြစ်လာခဲ့ပါတယ်။

၁၉၃၇ ခုနှစ်မှာ Edward ကို Duke of Windsor ဘွဲ့ပေးခဲ့ပြီး အဲဒီနှစ်မှာပဲ Wallis Simpson နဲ့ ပြင်သစ်နိုင်ငံမှာ လက်ထပ်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ နောက်ပိုင်းမှာ ဆယ်စုနှစ်များစွာ အတူနေထိုင်ခဲ့ကြပါတယ်။ တော်ဝင်မိသားစုနဲ့ ဆက်ဆံရေးစိမ်းကားပြီး ပြတ်တောက်လှနီးပါးဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့် တကယ့်သမိုင်းအရတော့ သူ့နန်းစွန့်မှုဟာ အချစ်တစ်ခုတည်းကြောင့်သာ မဟုတ်ဘဲ ဘုရင့်တာဝန်၊ အစိုးရရဲ့ သဘောထား၊ Commonwealth နိုင်ငံတွေရဲ့ အမြင်နဲ့ Wallis ကို လက်ထပ်လိုတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်တို့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကြီး တစ်ခုလည်း ဖြစ်ပါတယ်။

#သမိုင်း

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Myanmar Historic Archive โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์