Heffey Norin Yangon

Heffey Norin Yangon Never let your loneliness drive you back toxic people

08/09/2025
fbပေါ်မှာ တစ်နေ့တစ်နေ့ ရှင်သန်နေရတာလည်းလွယ်တော့ လွယ်မနေခဲ့ဘူး။ 🌚ဟင်းတွေချက်ပြီး တင်နေတဲ့ အဖွဲ့ကိုလည်းစားချင်လိုက်တာ ချက်...
22/11/2021

fbပေါ်မှာ
တစ်နေ့တစ်နေ့ ရှင်သန်နေရတာလည်း
လွယ်တော့ လွယ်မနေခဲ့ဘူး။ 🌚

ဟင်းတွေချက်ပြီး တင်နေတဲ့ အဖွဲ့ကိုလည်း
စားချင်လိုက်တာ ချက်တတ်လိုက်တာ
ဘာညာ ဝင်မန့်ပေးရသေးတယ်။
မဟုတ်ရင် ကိုယ့်မှာ
မုဒိတာ မရှိဘူး ထင်ကြမှာမို့။ 🌝

ဝလာပြီ ဝက်ကြီးဖြစ်တော့မယ် ဘာညာ
ညည်းနေရင်လည်း မဖြစ်မနေ
ဝင်အားပေးရတယ်။
တော်ကြာ သူရုပ်ဆိုးသွားတာကို
ကိုယ်ကြိတ်ပျော်နေတယ် ဖြစ်ဦးမှာလေ။ 😒

ကလေးလေးတွေပုံ
ရိုက်တင်တဲ့အခါမျိုးလည်း
ကျော်သွားလို့ မရပြန်ဘူး။
သားသားလေး ချစ်လိုက်တာ
မီးမီးလေး တော်လိုက်တာနဲ့
ဝင်ပြောပေးရတယ်။
သူတို့ သားသမီးတွေကို
မေတ္တာတုံးနေတယ် ထင်မစိုးလို့။ 🥳

မိုင်ဒေးတွေ ဘာတွေ ဝင်ကြည့်မိရင်လည်း
အသဲတန်သည် အသဲ
ပါးစပ်ဟောင်းလောင်းတန်သည် ပါးစပ်ဟောင်းလောင်း
ပေးပြီးမှ ကိစ္စပြီးတယ်။
မဟုတ်ရင် သူ့ကိုပဲ မကြည်နေတာလို ထင်လို့။ 😒

မက်ဆင်ဂျာကနေနေကောင်းပါစေ
ကျန်းမာပါစေ ဆိုတဲ့
ဆေးရောင်စုံ စာသားတွေ
ပန်းပုံတွေ လာရင်လည်း
ဒီတိုင်းထားလိုက်လို့ မရပြန်ဘူး။
ငါအပါအဝင် သင်ချစ်ခင်တဲ့သူတွေကို
ပြန်ပို့ပေးပါဆိုလို့
ဖော်ဝပ်နဲ့ သူ့တို့ကို ပြန်ပို့ပေးရသေးတယ်။
မဟုတ်ရင် ကိုယ်ကပဲ သူ့ကို
နေမကောင်းစေချင်တာလိုလို
သဘောသက်ရောက်နေလို့။ 😒

စာအရှည်ကြီး ရေးထားတဲ့ သူတွေကိုလည်း
Just now မှာတင် သွားlikeလို့ မရဘူး။
စာမဖတ်ဘဲ likeမပေးပါနဲ့
ဘာညာ ဆဲဆိုနေလို့
စာအတိုအရှည်ပေါ် မူတည်ပြီး
နှစ်မိနစ်တန်သည် သုံးမိနစ်တန်သည်
စောင့်ပြီးမှ တဖန် likeပြန်ပေးရတယ်။
အလကားနေရင်း မြင်းထိန်းငတာ
ဖြစ်သွားလွန်းလို့။ 😒

သူတို့ပိုင်တဲ့ ပစ္စည်းတွေ ဘရန်းဒတ်တွေကို
သိသိသာသာ တစ်မျိုး မသိမသာတစ်ဖုံ
ကြွားတဲ့အခါမှာလည်း
ဟယ် ဟိုတံဆိပ်က ဘယ်လို
ဟိုဘရန်းကတော့ ဘယ်ပုံ ဆိုတာမျိုး
သွားမန့်ပေးရတယ်။
တော်ကြာ ကိုယ့်ကို ဘာမှမသုံးဖူးတဲ့
ငမွဲ ထင်ခံရမစိုးလို့။ 😷

စောင်ကြွေးတောင်း ပို့စ်တွေ ဘာတွေ
စောင်းကာ မြောင်းကာ တင်ပြန်ပလားဆို
အပြေးအလွှားနဲ့ ဘာဖြစ်တာလဲ ဘာညာ
စကားမရှိ စကားရှာ သွားမေးရသေးတယ်။
သူ့ဖရန့်တွေက ကိုယ်လို့ ထင်နေမှာ ကြောက်လို့
ကိုယ်မဟုတ်ကြောင်း ကိုယ်ယောင်သွားပြရတာ။😐

သူတို့မျက်နှာပုံကို
အဝတ်အစားတွေ အမျိုးမျိုးလဲပြီး
ဆယ်ဖီတွေ မျိုးစုံ ရိုက်တင်နေရင်လည်း
ချောပါပေ့ လှပါပေ့ အားကျပါပေ့နဲ့
အောက်ကနေ မြှောက်ထိုးပင့်ကော်ကလည်း
ပြောပေးရသေးတယ်။
သူတို့ကို ကြိတ်မနာလိုနေတယ်
ထင်ခံရမစိုးလို့။ 🤨

ချဲလင့်တွေ ခေါ်ရင်လည်း
ဟုတ်ဟုတ် မဟုတ်ဟုတ်
စတေကာ တစ်ရာလောက်တော့
ဝင် up ပေးရတယ်။
ကိုယ်ဟာ သူ့ကို စမြင်တွေကပ်ပြီး
ချဲလင့် မလုပ်စေချင်ဘူး ထင်မှာကြောက်လို့။ 🌝

သူ့ကို ဘယ်က စသိတာလဲ
ဆိုတာမျိုး မေးလာရင်လည်း
သေချာစဉ်းစားပြီး သွားဖြေရသေးတယ်။
ခင်မင်မှုကို တန်ဖိုးမထားရာ ကျပြီး
လူမှုရေး လစ်ဟင်းသူ အဖြစ်မခံချင်လို့။ 🥺

ဟာသတွေ ရှဲလာရင်လည်း
HaHa သွားနှိပ်ပေးရတယ်။
Likeလောက်ပဲ ပေးမိရင်
အလကားနေရင်း ကလော်တုပ်ခံရလို့။😤

အရက်သမားတွေ အုပ်စုကိုလည်း
လွှတ်ထားလို့ မရဘူး။
အရက်ကောင်းကြောင်းတွေ
သူတို့အားရအောင် ပြောပေးရတယ်။
မူးမူးရူးရူးနဲ့ ထဆဲတဲ့အခါ ကိုယ်မပါအောင်လို့။ 😒

စုံတွဲပုံတွေတင်
အပိုဆာဒါးတွေ လုပ်ပြနေရင်လည်း
အားကျချင်ယောင်ဆောင်ပြီး
ပဒီးပဒါးတွေ ဝင်ပြောပေးရသေးတယ်။
သူတို့ဘဲတွေကို စနိုက်ချင်နေတဲ့
စာရင်းထဲ ပါမှာ ကြောက်လို့။ 😒

တစ်တော့ပ်တွေ ဆော့နေရင်လည်း
ဘေကုန်ခံ ဖွင့်ကြည့်ပေးပြီး
အသဲယားလိုက်တာ ဆိုတာမျိုး
ချစ်စရာကောင်းလိုက်တာ
ဆိုတာမျိုး ပြောပေးရသေးတယ်။
သူ့ကို ကြည့်မရဖြစ်နေတဲ့လူ
စာရင်းထဲ ထည့်လိုက်မှာ သိနေတယ်။ 🌚

Live တွေ လွှင့်ပြီး ဆံပင်တွေသပ်ပြီး
တောင်လုပ် မြောက်လုပ်တွေ
လျှောက်လုပ်နေရင်လည်း
သူ့ live မှာ ကိုယ့်ကို မမြင်မချင်း
ဖြတ်ပြေးပြရသေးတယ်။
ဂရုမစိုက်ဘူး ဘာညာ စိတ်ထဲ မကွက်အောင်လို့။ 😷

အေး။
လွယ်တော့ လွယ်မနေဘူး။😤

Credit

Never let your loneliness drive you back toxic people

ဂန္ဓီက ဒီလိုပြောတယ်...မင်းရဲ့ ``အတွေးအခေါ်တွေကို ကောင်းမွန်အောင်လုပ်ပါ...ဘာလို့လဲဆိုတော့......မင်းရဲ့ အတွေးအခေါ်ကနေ ``စက...
19/11/2021

ဂန္ဓီက ဒီလိုပြောတယ်...

မင်းရဲ့ ``အတွေးအခေါ်တွေကို
ကောင်းမွန်အောင်လုပ်ပါ...
ဘာလို့လဲဆိုတော့......
မင်းရဲ့ အတွေးအခေါ်ကနေ
``စကားလုံးတွေ ဖြစ်လာပါလိမ့်မယ်။

မင်းရဲ့ ``စကားလုံးတွေ
ကောင်းမွန်အောင်လုပ်ပါ...
မင်းရဲ့ စကားလုံးကနေ
မင်းရဲ့``အပြုအမူတွေ ဖြစ်လာပါလိမ့်မယ်။

မင်းရဲ့ ``အပြုအမူတွေ
ကောင်းမွန်အောင် လုပ်ပါ...
မင်းရဲ့ အပြုအမူကနေ မင်းရဲ့
``အလေ့အကျင့်တွေ
ဖြစ်လာပါလိမ့်မယ်။

မင်းရဲ့ ``အလေ့အကျင့်တွေကို
ကောင်းမွန်အောင်လုပ်ပါ ...
မင်းရဲ့ အလေ့အကျင့်တွေကနေ
မင်းရဲ့ ``တန်ဖိုးဖြစ်လာပါလိမ့်မယ်။

မင်းရဲ့ ``တန်ဖိုးကို
ကောင်းမွန်အောင် လုပ်ပါ...
မင်းရဲ့ တန်ဖိုးတွေကနေ
မင်းရဲ့ ``ကံဖြစ်လာပါလိမ့်မယ်။
Mahatama Gandhi

Address

Yangon

Telephone

+959451774914

Website

Alerts

Be the first to know and let us send you an email when Heffey Norin Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category