Nat's Art Gallery

Nat's Art Gallery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nat's Art Gallery, Art Gallery, Yangon.

"တီးတိုးဖော်"မသူတို့ တစ်ဦးတယောက်စီတိုင်းမှာ အကြောင်းတစ်ခုခုရှိလို့ ပြောကြမယ် တိုင်ပင်မယ် ရင်ဖွင့်ဖို့ တိုင်ပင်ဖော် သူငယ...
15/08/2025

"တီးတိုးဖော်"

မသူတို့ တစ်ဦးတယောက်စီတိုင်းမှာ အကြောင်းတစ်ခုခုရှိလို့ ပြောကြမယ် တိုင်ပင်မယ် ရင်ဖွင့်ဖို့ တိုင်ပင်ဖော် သူငယ်ချင်း ရှိကြစမြဲပါ။ ဟဲ့ သူငယ်ချင်းရေ ဘယ်သူကတော့ ဘယ်လိုမျိုး ဘာကတော့ ဘယ်လိုဖြစ်နေပြီဆိုပြီးပြောလိုက်မှ ရင်ထဲပေါ့သွားကြတာမျိုးပေါ့ရှင်... အချစ်ဆုံးသူငယ်ချင်း တီးတိုးဖော် က ကျမတို့အနီးမှာ ရှိတာရော အဝေးမှာရောရှိနေနိုင်ပါတယ်။ ဘယ်နေရာရောက်နေနေ ကျမတို့ သူငယ်ချင်းတွေပြန်တွေ့ကြတဲ့အချိန် ပြောမကုန်နိုင်တဲ့ စကားဝိုင်း ၊ မပြောင်းလဲတဲ့ စိတ်ထားနဲ့ သူငယ်ချင်းကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ တီးတိုးဖော်လေးတွေကိုပိုင်ဆိုင်ထားပြီပေါ့ကွယ်....

ဒီပန်းချီလေးထဲမှာ မိန်းကလေးနှစ်ယောက်ရဲ့ မတူတဲ့ ဝတ်စားစီရင်ပုံ ထုံးဖွဲ့ပုံတွေနဲ့ အတူ၊ သစ်သားကနုပ် တွေကိုနောက်ခံထားပြီး
ရှေးခတ်က ဆေးပြင်းလိပ်တွေ ကိုယ်စီသောက်ရင်း စကားပြောနေဟန်ကို ဆွဲထားတာဖြစ်ပါတယ်ရှင်။

တီးတိုးဖော်
3' x 3' feets
Acrylic on Canvas
✅Avaliable for Collection

ကျမရဲ့ သီဟဗာဟု ပန်းချီကားကြီးနှင့် အမှတ်တရ....ဘုရားများရှေ့ကခြင်္သေ့ရုပ်ကြီးတွေဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးကို inspiration ...
19/03/2025

ကျမရဲ့ သီဟဗာဟု ပန်းချီကားကြီးနှင့် အမှတ်တရ....
ဘုရားများရှေ့ကခြင်္သေ့ရုပ်ကြီးတွေဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးကို inspiration ယူပြီးဆွဲထားသော ပန်းချီဖြစ်ပါတယ်ရှင့်

"Between Earth and Elegance" ပြပွဲLast Day Memory ပုံရိပ်လေးတွေဝေမျှရင်း ကြွရောက်အားပေးကြသော ချစ်သော မိတ်ဆွေများအားလုံးန...
16/03/2025

"Between Earth and Elegance" ပြပွဲLast Day Memory ပုံရိပ်လေးတွေဝေမျှရင်း ကြွရောက်အားပေးကြသော ချစ်သော မိတ်ဆွေများအားလုံးနဲ့ ပန်းချီချစ်သူများအားလုံးကို ကျေးဇူးအထူးပါရှင်🙏🥰🥰🥰

ပြပွဲ ဒုတိယနေ့ အမှတ်တရပုံရိပ်လေးများ 🥰🥰🥰 ကျမတို့ပွဲလေးကို လာရောက် အားပေးသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင် မနက်ဖြန...
15/03/2025

ပြပွဲ ဒုတိယနေ့ အမှတ်တရပုံရိပ်လေးများ 🥰🥰🥰 ကျမတို့ပွဲလေးကို လာရောက် အားပေးသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်
မနက်ဖြန် နောက်ဆုံးနေ့လေးမှာဆုံကြမယ်နော် ချစ်သာ ပန်းချီချစ်သူများရှင့်🥰🥰🖼️

ကျမတို့ရဲ့ Between Earth and Elegance ပြပွဲ Day 1 ပုံရိပ်များကို အမှတ်တရတင်လိုက်ပါတယ်ရှင်။ ကြွရောက် အားပေးကြသော ဆွေမျိုး...
14/03/2025

ကျမတို့ရဲ့ Between Earth and Elegance ပြပွဲ Day 1 ပုံရိပ်များကို အမှတ်တရတင်လိုက်ပါတယ်ရှင်။ ကြွရောက် အားပေးကြသော ဆွေမျိုးများနဲ့ ချစ်မိတ်ဆွေ များ၊ချစ်တပည့်များ၊ ပန်းချီချစ်သူများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်🥰🥰
မနက်ဖြန် စနေနေ့နဲ့ တနင်္ဂနွေနေ့ များတွင်လည်း ပြပွဲအား လာရောက်ကြည့်ရှု ဖို့ဖိတ်ခေါ်ပါတယ်ရှင်🎉🎊

ကျမ နဲ့  မောင်လေး Devin တို့ရဲ့ Group Art Exhibition ပွဲလေးကို ဝန်ကြီးများရုံးရှိ Mula Art Gallery တွင် ၁၄ရက်နေ့မှ ၁၆ရက်...
09/03/2025

ကျမ နဲ့ မောင်လေး Devin တို့ရဲ့ Group Art Exhibition ပွဲလေးကို ဝန်ကြီးများရုံးရှိ Mula Art Gallery တွင် ၁၄ရက်နေ့မှ ၁၆ရက်နေ့အထိကျင်းပပြုလုပ်မှဖြစ်လို့ ကြွရောက်ကြဖို့ လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်။

သောကြာနေ့ ၁၄ရက် မနက် ၁၀နာရီမှာ Violin ဆရာကြီး ဦးတင်ဝင်းအောင်၏ ဖျော်ဖြေမှုနဲ့အတူ မြန်မာမုန့်များဖြင့် တည့်ခင်းဧည့်ခံမှာဖြစ်ပါတယ်ရှင်။
ပန်းချီချစ်သူ ချစ်မိတ်ဆွေများအားလုံး လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင် 🥰🥰🥰

UntitledAcrylic on Canvas3'×2' feets
13/08/2024

Untitled
Acrylic on Canvas
3'×2' feets



Address

Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959450018936

Website

Alerts

Be the first to know and let us send you an email when Nat's Art Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category