21/06/2020
အရှေ့ဖက်လိပ်ဘုရားမှ ၅၅၀ မြေမီးဖုတ်ရုပ်ကြွလက်ရာများ
ဖက်လိပ်ဘုရားနှစ်ဆူထဲက ရုပ်ကြွတွေနဲ့ ပတ်သက်ပြီး ဘယ်လက်ရာကို ပိုကြိုက်သလဲမေးရင် ကျွန်တော်ကတော့ အခုတွေ့ရတဲ့ အရှေ့ဖက်လိပ်က လက်ရာတွေကို ပိုကြိုက်တယ်လို့ ဆိုမိမှာပါ။ ဖက်လိပ်က ၁၁ရာစု မြေမီးဖုတ်ရုပ်ကြွတွ ဟာ ပုဂံရဲ့ အရေးအကြီးဆုံး အနုပညာယဉ်ကျေးမှု လက်ရာတွေ ဖြစ်ပါတယ်။ ထိန်းသိမ်းမှု အားနည်းခဲ့လို့ အတော်များများကို အကောင်းပကတိ မြင်တွေ့ဖို့ ခက်ခဲနေပါပြီ။ ဒါ့အပြင် ကျွန်တော်တို့ မြန်မာတွေရဲ့ မကောင်းတဲ့ အကျင့်ဖြစ်တဲ့ သူများကို ဝေမျှမှုမလုပ်ချင်တာ အသိပညာမပေးချင်တာတွေကြောင့် ဒီပုံတွေကို အစုံအလင် မြင်တွေ့ခဲ့ရခွင့် ဘယ်တုန်းကမှ မရှိခဲ့ဘူး။ အင်္ဂလိပ်တွေမှတ်တမ်းတင်သွားတဲ့ ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရင် ကျွန်တော်တို့ ကိုယ့်လွတ်လပ်ရေးနဲ့ ကိုယ့်လူမျိုးတွေ လက်ထက်မှာ ဘယ်လောက်တောင် ပျက်စီးသွားသလဲဆိုတာ သိနိုင်ပါလိမ့်မယ်။ အကောင်းအတိုင်းကျန်တဲ့ဟာဆိုတာ လက်ချိုးရေလို့ ရပါတယ်။ နောင် ၁၀ နှစ်မှာ ဘယ်လောက်ပဲ ကျန်တော့မလဲဆိုတာ မတွေးဝံ့စရာပါ။ နှောင်းလူတွေနဲ့ အထူးသဖြင့် Scholar တွေ Researcher တွေ လေ့လာနိုင်ဖို့ သေချာမှတ်တမ်းတင် ဝေမျှပါတယ်။ Wednesday, December 26, 2018 ရက်နေ့မှာ ကျွန်နော်ကိုယ်တိုင် ရိုက်ကူးခဲ့ပြီး Kyaw Thura Aung,Thura Htwe, Zunzun Kyaw တို့က ကူညီခဲ့ကြတယ်။ ပညာရဲ့ အထောက်အပံ့ ဖြစ်ပါစေ။
East and West Hpetleik (11th century)
Photos were taken by Nyi Lynn Seck at Wednesday, December 26, 2018. Academic and Research purpose. Do not allow any commercial use.
The East and West Hpetleik temples predate the reign of King Anawrahta (r. 1044-77) and the 'canonical' Bagan architecture that derived from his reign. They are a pair of odd fellows—their barrel-shaped stupas and wide, flat roofed bases are distinctly different from the majority of the surviving structures at Bagan.
Both temples are located well to the south of the main monument zone near the west edge of New Bagan, about 150 meters from the present-day riverbank. Though probably built at the same time, each is slightly off axis, with the main entrances facing one another. This would have been even more apparent when they were originally built as both featured mandapa-like wooden porches facing the common ground between the two temples (traces of such wood survived as late as 1907, as mentioned by Taw Sein Ko).
The temples represent an intermediary step in the transition from Pyu prototypes at Sri Ksetra to the dominant forms at Bagan which emerged in King Anawrahta's reign and later. For instance, the essential form of the Hpet-leik monuments is a square-shaped solid core surrounded by an ambulatory, capped with a centrally-placed stupa. This design is consistent with the Leimyethna Paya at Sri Ksetra (Pyay) which was probably built in the 7th century, though the stupa atop the Leimyethna no longer survives. The Hpet-leik stupas, too, are indebted to Sri Ksetran prototypes such as the Bawbawgyi Paya Stupa which displays a similar barrel shaped form, with the circumference of the upper part of the stupa only slightly smaller than the base. The one major anomaly is the square-shaped harmika placed atop both the Hpet-leik stupas, though these were likely added after their initial construction, possibly during the reign of King Sithu II (r. 1174-1211) when travel to and from Ceylon, where the harmika was commonly used, grew more frequent. The overall layout—square shaped base with a perimeter ambulatory,
topped by a stupa—served a functional purpose as it allowed worshipers to ritually circum-ambulate the stupa even if they could not directly view it from within the ambulatory.
Readmore here:
https://www.orientalarchitecture.com/sid/1195/myanmar/bagan/east-and-west-hpet-leik