16/11/2025
နွေရာသီမိုးရာသီေဆာင်းရာသီကျောင်းပိတ်ရက်လေးများမှာ ကလေးတို့အတွက်
ပန်းချီသင်တန်းကလေးအဆင်သင့်ရှိသတဲ့ကွယ်
သင်တန်းကလေးကရန်ကုန်မြို့
၁)ပုဇွန်တောင် လမ်းငါးဆယ် အလယ်ဘလောက် နံပါတ်တစ်ရာတစ်ဆယ့်ကိုးတဲ့
သင်တန်းခွဲအနေနဲ့လဲ
၂)သုဝဏ္ဏလမ်းဆုံရွှေအင်ကြင်းရိပ်မွန်အိမ်ယာ တိုက်နံပါတ်Bမြေညီထပ်မှာဖွင့်လှစ်သင်ကြားနေတာမို့ နီးစပ်တဲ့သင်တန်းကျောင်းနေရာမှာ တက်လို့ရသတဲ့
ပန်းချီပြခန်းနဲ့တွဲဆက်ဖွင့်ထားတာဆိုတော့ ပညာရှင်ဆရာကြီးတွေရဲ့ မှော်ဝင်ပန်းချီကားတွေရဲ့လွမ်းမိုးမှုက ကလေးတို့ရဲ့အနုပညာခရီးလမ်းကို ပိုမိုအားကောင်းဖို့ ဝန်းကျင်ကောင်းကလေးဖြစ်နေသတဲ့
ပညာရှင်ဆရာတို့ရဲ့ပန်းချီပြပွဲကလေးများကိုလဲ မကြာခနကျင်းပပြုလုပ်လေ့ရှိတာမို့ ကလေးတို့ကို ပန်းချီပညာသင်ကြားရင်း ပန်းချီလောက အနုပညာလောကနဲ့ပိုမိုရင်းနှီးကျွမ်းဝင်စေတာမို့ ကလေးတို့ စိတ်နဲ့ကိုယ်အမူအရာတွေ နွေးထွေးနူးညံ့လာစေနိုင်သတဲ့
ကလေးတို့ ပန်းချီသင်ဖို့နေရာထိုင်ခင်းများအတွက်ကလဲ ကျယ်ဝန်းသန့်ရှင်းပြီး လေဝင်လေထွက်ကောင်း အလင်းရောင်ကောင်းပြီး ကျန်းမာရေးအတွက် စိတ်ချရသတဲ့
ပန်းချီပညာသင်ကြားပေးတဲ့ဆရာဆရာမတို့ကလဲ မိဘစိတ် မိသားစုစိတ်ထားနဲ့စေတနာရှေ့ထားပြီး တတ်သည့်ပညာနဲ့ အစွမ်းကုန်သင်ကြားပြသပြီး ကလေးတို့ပင်ကိုယ်အနုပညာကို တီချယ်တို့ သင်ကြားသောနည်းစနစ်တို့နှင့်ပေါင်းစပ်ပြီး ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အနုပညာတို့ကို ဖန်တီးနိုင်ဖို့သင်ကြားပေးတဲ့ဆရာတီချာများဖြစ်သတဲ့ကွယ်
ပန်းချီသင်တန်းချိန်ကလဲ စနေတနဂ်နွေ အဂ်ါ ဗုဒ္ဓဟူး ကြာသပတေး ငါးရက်မှတစ်ရက်ကေနငါးရက်အထိအဆင်ပြေမယ့်ရက်ကို ရွေးချယ်ပြီး မနက်ကိုးနာရီမှ ညနေငါး
နာရီအတွင်း တနေ့ကိုအဆင်ပြေတဲ့နှစ်နာရီရွေးပြီးလာတက်လို့ရသတဲ့
ဒီနေ့မနက်ခင်းလာတက်ပြီးနောက်နေ့ညနေလာတက်လို့လဲအဆင်ပြေသတဲ့
ဒီတပတ် စနေတရက်ပဲလာပြီးနောက်တပတ်တနဂ်နွေတရက်ပဲလာလဲ (သုံးလအတွင်း)သင်တန်းချိန်ရှစ်ချိန်ပြည့်မှ နောက်တလစာပေးသွင်းရမှာမို့ အဆင်ပြေတဲ့ရက်ရွေးတက်လို့ရသတဲ့
နေ့ရက်အတွက်လဲမပူရ အချိန်နာရီအတွက်လဲမပူရအောင်စီစဉ်ထားရှိသတဲ့
ကလေးတို့ သင်ကြားရင်း အနုပညာလက်ရာဖန်တီးမှုလေးတွေစုဆောင်းမိလာတဲ့အခါ ချပြကြဖို့ ပန်းချီပြပွဲကလေးတွေလဲခပ်စိပ်စိပ် ပြသပေးဖို့ စီစဉ်ထားသလို မိသားစုဆန်သော ပြင်ပသို့လေ့လာရေးနှင့် ပန်းချီအောက်ဒိုးထွက်ဆွဲခြင်းတို့ကိုလဲ ကလေးတို့၏ ကိုယ်အားလပ်ချိန် စိတ်အားလပ်ချိန်တို့ကိုတွက်ဆပြီး မကြာခနလေ့လာကြဖို့အစီအစဉ်ကောင်းများရှိသတဲ့
ပန်းချီဆွဲခြင်းမှာ အချိန်ကြာလာလို့ အနည်းငယ် ပျင်းသလိုဖြစ်လာကြရင်လဲ အခြေခံပန်းပုသင်ခန်းစာကလေးတွေရှိသေးလို့ ကလေးတို့အတွက်စိတ်အပြောင်းအလဲဖြစ်ဖို့ဖန်တီးထားသေးသတဲ့ကွယ်
ဒီသင်တန်းနေရာလေးတွေက ကလေးတို့အားလပ်ချိန်ကေလးေတွအတွက် အမှတ်တရကောင်းတွေနဲ့အတူ ပန်းချီပညာရပ်များသင်ကြားပေးဖို့စောင့်နေသတဲ့ကွယ်
,119th,50thstreet,middleblock,Pazundaung Township, Yangon
https://maps.app.goo.gl/U7LePZwsJzTxuDkZA
, building number B, ground floor, Shwe-In-Gyin Yeikmon Housing, Thuwanna Junction, Thingangyun Township, Yangon
https://maps.app.goo.gl/Es3qjCkZ1wvS5MYi6
09402004141