Burma Record

Burma Record မြန်မာ့သမိုင်းတွေအကုန်တင်မယ်

YouTube မှာ Kyaw Swer Volgger တင်ဆက်တဲ့သမိုင်းထဲကရေနံ့သာခင်ခင်ကြီးရဲ့ ဂူ ဗိမာန်ကိုလေ့လာခြင်း မှဆွေတော်မျိုးတော်မှာသင်္ချ...
12/05/2026

YouTube မှာ Kyaw Swer Volgger တင်ဆက်တဲ့သမိုင်းထဲကရေနံ့သာခင်ခင်ကြီးရဲ့ ဂူ ဗိမာန်ကိုလေ့လာခြင်း မှဆွေတော်မျိုးတော်မှာသင်္ချိုင်းအကြောင်းကိုကြည့်လိုက်ရတာစိတ်မကောင်းဖြစ်ရတယ်။

ဒီသင်္ချိုင်းတော်မှာအဓိက မင်းတုန်းမင်းမျိုးဆက်နှင့်ကနောင်မင်းတို့ရဲ့မျိုးဆက်တွေရဲ့အုတ်ဂူတွေရှိပါတယ်။
သီပေါမင်းမျိုးဆက်တွေရဲ့ဂူသင်္ချိုင်းကတော့ ရွှေတိဂုံဘုရားတောင်ဘက်မုခ် ကန်တော်မင်ဥယျာဥ်အတွင်းမှာရှိတယ်။အဲဒီမှာမိဖုရားခေါင်ကြီးစုဖုရားလတ်ရဲ့ဂူ၊တတိယသမီးတော်ရဲ့ဂူနဲ့မြေးတော် တော်ဘုရားကြီးရဲ့သမီးတော်ကြီး မြစ်တော် ထိပ်စုမြတ်ဖုရားကြီးရဲ့ဂူ တို့ရှိပါတယ်။

ငါးထပ်ကြီးဘုရားအနီးဆွေတော်မျိုးတော်သင်္ချိုင်းမှာမင်းဆွေမင်းမျိုးကမဟုတ်တဲ့အခြားသောအုတ်ဂူများလည်းရှိပါတယ်။
သင်္ချိုင်းတော်မြေကိုဝယ်ယူစီမံထားတဲ့သူက မင်းတုန်းမင်းကြီးရဲ့သမီးတော်မင်းတပ်ထိပ်ခေါင်တင်ဖြစ်ပါတယ်။သူဖြစ်ချင်သလိုဆွေတော်မျိုးတော်တွေရဲ့သင်္ချိုင်းဖြစ်ခဲ့ပါတယ်။သူကိုယ်တိုင် ကံကုန်တော့လည်းဒီသင်္ချိုင်းမှာပဲမြုပ်နှံခဲ့တာဖြစ်လို့သူရဲ့အုတ်ဂူလည်းရှိနေပါတယ်။
ဒါဟာဒီနေရာဟာ ဆွေတော်မျိုးတော်သင်္ချိုင်းဖြစ်ကြောင်းသက်သေခံနေပါတယ်။ဝမ်းနည်းစရာကောင်းတာကသူတို့နေရာကိုပြောင်ပြောင်တင်းတင်းကျုးကျော်ခံရပြီးလူနေအိမ်ခြေကြားထဲလူတွေနဲ့အတူတကွနေ နေရတာမဖြစ်သင့်ဘူးလို့ထင်ပါတယ်။
ကျုးကျော်နေထိုင်တဲ့အိမ်တွေဖယ်ရှားပြီးမင်းတုန်းမင်း၊ကနောင်မင်းတို့ရဲ့မျိုးဆက်အုတ်ဂူများရှိတဲ့သင်္ချိုင်း​တော်ကိုထိမ်းသိမ်းစောင့်ရှောက်သင့်တယ်လို့ထင်ပါတယ်။

အဲဒီသင်္ချိုင်းတော်မှာ ရေနံ့သာခင်ခင်ကြီးရဲ့အုတ်ဂူလည်းရှိနေပါတယ်။လင်းပင်မင်းသား ၏ မြောက်သားတော် ရေနံ့သာ ခင်ခင်ကြီး နှင့်စာရေးဆရာကြီးမောင်သိန်းဆိုင်ရေးသားတဲ့ ရေနံ့သာ ခင်ခင်ကြီးတစ်ယောက်ထဲမဟုတ်ပါဘူး။

လင်းပင်မင်းသားရဲ့မြောက်သားတော် ရေနံ့သာခင်ခင်ကြီးကမင်းဆွေမင်းမျိုးဖြစ်ပါတယ်။ကနောင်မင်းသားရဲ့ အနွယ်တော်များထဲမှာလင်းပင်မင်းသားထင်ရှားပါတယ်။လင်းပင်မင်းသားကို ၁၈၅၆ခုမှာ အိမ်ရှေ့စံကနောင်မင်းနှင့် ဆောင်ရသခင်ကြီးခင်ဖော့တို့မှ ဖွားမြင် တယ်။ နာမည်က မောင်ဆွေမြင့် ဖြစ်ပြီး မင်းညီမင်းသားဘွဲ့က သတိုးမင်းရဲဒိဗ္ဗပါ။

၁၈၆၆ခုမှာ ခမည်းတော် အိမ်ရှေ့စံမင်းဟာ နန်းမြေဘုံသာစံနန်းတော်ရဲ့ လွှတ်တော်ကျင်းပရာနေရာမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်။
၁၈၇၉ခုမှာ သွေးလွှမ်းနေသော နန်းတွင်းအာဏာသိမ်းပွဲမှ တိမ်းရှောင်ရန်အတွက် ဗြိတိသျှအစိုးရ အုပ်ချုပ်လျက်ရှိသော ရန်ကုန်မြို့သို့ ထွက်ပြေးခဲ့တယ်။ နောက်တော့ စိန်ဂျွန်းကျောင်းမှာ ပညာသင်ယူခဲ့တဲ့ နောက်ပိုင်း
ထားဝယ်မြို့အုပ်၊ ဟင်္သာတမြို့အုပ် တာဝန်ကို ထမ်းဆောင်ခဲ့တယ်။
၁၈၈၄ခုမှာ ဗြိတိသျှအစိုးရကို အကြောင်းမကြားဘဲ ကရင်နှင့် ကယားပြည်နယ်သို့ သွားရောက်ခဲ့သည့်အတွက် အလုပ်ထုတ်ခံလိုက်ရတယ်။ ၁၈၈၅ခုမှာ မော်လမြိုင်မြို့မှ ရှမ်းပြည်နယ်သို့တိတ်တဆိတ် ထွက်ခွါသွားပါတယ်။

၁၈၈၅ခု၊ နိုဝင်ဘာလမှာ မြို့တော်မန္တလေးဟာ ဗြိတိသျှလက်အောက်သို့ အခုအခံမရှိ ကျရောက်သွားတယ်။ လင်းပင်မင်းသားဟာ ဗြိတိသျှတို့အား တွန်းလှန်ရန်အတွက် ကျိုင်းတုံစော်ဘွားနှင့် ရပ်စောက်စော်ဘွားများ အကူအညီကို ရယူကာ လင်းပင်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ လက်နက်အင်အား၊ လူအင်အား မမျှတတဲ့အတွက် ၁၈၈၇ခု၊ မေလမှာလင်းပင်မင်းသားတို့ အခြေစိုက်ရာ မိုးနဲမြို့ ကျရှုံးခဲ့ပါတယ်။
လင်းပင်မင်းသားလည်းအိန္ဒိယနိုင်ငံသို့ ပြည်နှင်ဒဏ် ပေးခံလိုက်ရပါတယ်။

လင်းပင်မင်းသားဟာ ရေနံ့သာ မြို့စား ကသည်းမြို့ဝန်မင်းလှသမိန်ထောရာဇာဦးရွှေမောက် ၏သမီး ရေနံ့သာခင်ခင်ကြီးနှင့် အိန္ဒိယနိုင်ငံ မှာလက်ထပ်ထိမ်းမြားခဲ့ပါတယ်။၁၉၁၂ခုရောက်မှသာ ရန်ကုန်မြို့သို့ ခေတ္တမျှ အလည်အပတ်ပြန်ခွင့် ရခဲ့တယ်။သားတော်သမီးတော်များထွန်းကားခဲ့ရာ ရတနာနတ်မယ်ရဲ့မိခင် ထိပ်တင်မလတ်လည်းအပါအဝင်ဖြစ်ပါတယ်။

၁၉၂၁ခုမှာမြန်မာပြည်ကိုအပြီးတိုင်ပြန်လာတဲ့ လင်းပင်မင်းသားတို့မိသားစုဟာ ရန်ကုန်မြို့၊ ကုက္ကိုင်းလမ်းရှိ ခြံအမှတ် (၁၁၂)ရတနာသိင်္ဃစံအိမ်မှာ နေထိုင်ခဲ့ကြပါတယ်။ကြင်ယာတော် ရေနံ့သာခင်ခင်ကြီးဟာ သက်တော် ၆၈နှစ်မှာ ကွယ်လွန်ခဲ့ပြီး လင်းပင်မင်းသားဟာ သက်တော် ၇၇နှစ်၊ ၁၉၃၃ခုမှာ ကွယ်လွန်ခဲ့ပါတယ်။ဆွေတော်မျိုးတော်သင်္ချိုင်းမှာလင်းပင်မင်းသားရဲ့အုတ်ဂူနဲ့ကြင်ယာ​တော်ရေနံ့သာခင်ခင်ကြီးရဲ့အုတ်ဂူလည်းရှိပါတယ်။

စာရေးဆရာကြီး မောင်သိန်းဆိုင်ရေးသားချယ်မှုန်းခဲ့တဲ့ ရေနံ့သာခင်ခင်ကြီးစိတ်ကူးယဥ်ဇာတ်ကောင်ဖြစ်ပါတယ်။ဇာတ်ကောင်ဖန်တီးရာမှာခန်းနားကြီးကျယ်ပြီးဆရာကြီးရဲ့အရေးအသားပီပြင်လွန်းတာကြောင့်တကယ့်သက်ရှိလူသားလို့ထင်မှတ်ခဲ့ကြတယ်။

တကယ့်ရေနံ့သာခင်ခင်ကြီးရဲ့အုတ်ဂူကတော့ဆွေတော်မျိုးတော်သင်္ချိုင်းမှာရှိနေပါတယ်။

Credit

Kyaw Swar Volgger မှ
စာသားများနှင့်ဓါတ်ပုံယူထားပါတယ်။
မောင်သန်းဆွေ (ထားဝယ်) ၏ဆောင်းပါးများ။
Fb ပေါ်မှာဆောင်းပါးများ၊ဓါတ်ပုံများ။

ကိုလေးဖြူ အမှတ်တရသေတော့မယ်ထင်လို့အမှတ်တရ တွေရေးပါမယ်ဓားတောင် ရိုက်ပြီးတော့ဦးကျော်ကသီချင်းတွေထည့်မယ့်လို့ဆုံးဖြတ်တယ်Stud...
12/05/2026

ကိုလေးဖြူ အမှတ်တရ

သေတော့မယ်ထင်လို့
အမှတ်တရ တွေရေးပါမယ်

ဓားတောင် ရိုက်ပြီးတော့
ဦးကျော်က
သီချင်းတွေထည့်မယ့်လို့ဆုံးဖြတ်တယ်

Studio D ကိုကြည်မင်းသိန်း

ဇော်ဝင်းထွဋ်
လေးဖြူ
ထူးအိမ်သင်
ဆိုကြမယ်

ထုံးစံအတိုင်း
တောက်တိုမယ်ရ

မှတ်မှတ်ရရ
ကိုလေးက
ကွမ်းစားပြီးဆိုတာ

May
နဝရတ်
လင်း

အကြောင်းကြောင်းရောက်ဖူး
ထားပါ

ကိုလေးကို
လေးဖြူဆိုတာတော့ သိတယ်
ဘယ်လောက်အောင်မြင်နေတာလဲ
မသိခဲ့ဘူး

ကိုလေးက
ဘယ်တော့မှ မပြောင်းလဲ
ကျွန်တော်ကို ခင်တဲ့တစ်ယောက်

တွဲရိုက်တဲ့ဓာတ်ပုံ မရှိ

ဘာကြောင့်လည်းမသိ
ရေးချင်လို့ရေး၏...


အတိတ်ရဲ့ ရန်ကုန်....😎
23/04/2026

အတိတ်ရဲ့ ရန်ကုန်....😎

နိုင် ငံ ကျော် တ ယောက် ၏ဆွေ မျိုး အ ရင်း အ ချာ တွေ ပါ နော်
20/04/2026

နိုင် ငံ ကျော် တ ယောက် ၏

ဆွေ မျိုး အ ရင်း အ ချာ တွေ ပါ နော်

ပျူနဲ့ ဗမာ အမျိုးတော် လူမျိုး အတူတူလုပ်ချင်နေသူများ.. ဒီဟာတွေက ဗမာလူမျိုးတွေ အရုပ်လား.. 😁.. ။ သိပ်ပြီး သမိုင်းကြီး မလုပ်...
20/03/2026

ပျူနဲ့ ဗမာ အမျိုးတော် လူမျိုး အတူတူလုပ်ချင်နေသူများ.. ဒီဟာတွေက ဗမာလူမျိုးတွေ အရုပ်လား.. 😁.. ။ သိပ်ပြီး သမိုင်းကြီး မလုပ်ချင်နဲ့ သမိုင်းဆိုတာ ကိုယ်ဖြစ်ချင်တာတွေ လုပ်ရေးလို့မရဘူး။ သမိုင်းဆိုတာ မကြီးမြတ်တာ ကြီးမြတ်တာ လုက်ယူမရ အရှိတရားကို လက်ခံရတာ။

နောင်လူတွေ မမှားဖို့.. ဒါကိုပင် ဆက်ကျင့်သုံးနေရင်.. ကျောင်းစာအထိ ဂျင်းတွေလုပ်ကြံ ထည့်သင်းနေရင်.. ဘယ်မှာလဲ့ မင်းတို့ သမိုင်းမှန်ကဆိုတာမျိုး ဖြစ်ကုန်လာမယ်။

ဗံး/ဗွေ/ဗွယ်= အရှင်ဂံး/ခွေ= ငါပံး/ ဖေ/ ပွေ= (ဖေ)ပေးသည်/ ပွေ(ပြည့်သည်)တ္ဒး/ တဒါ= အသိ/အတတ်ပညာဗံးတ္ဒး/ = အသိပညာအတတ်ပညာနှင့်...
12/03/2026

ဗံး/ဗွေ/ဗွယ်= အရှင်
ဂံး/ခွေ= ငါ
ပံး/ ဖေ/ ပွေ= (ဖေ)ပေးသည်/ ပွေ(ပြည့်သည်)
တ္ဒး/ တဒါ= အသိ/အတတ်ပညာ
ဗံးတ္ဒး/ = အသိပညာအတတ်ပညာနှင့်ပြည့်စုံသောမင်းကြီး
ယံ/ယမ်= ဤ
*ဗိံး/ ဗဲး = တဖန်/ ဒီလိုပြန်ပြီးတော့(အနောက်ဝါကျအပေါ်မူတည်ပြီးအဓိပ္ပါယ်ပြောင်းနိုင်)
*ဌော/ တောမ်း/တွမ်= နာမ်အရှေ့တွင်အသုံးပြုသောစကား(အသံထွက် “တွမ်”)
သထုံပအိုဝ့်=တောမ်း
ရှမ်းပြည်ပအိုဝ့်= တွမ်
(တွမ်မွိုးဖာ=အဖေနဲ့အမေ)
(တွမ်ဖရာ=မြတ်စွာဘုရား)
ဗဒေါ့/ ဗဒေါ့= ပြောခဲ့သည် / ပြောသည်(အဆုံးအမ)
သ္ဂု/ သက်ခု = ခုနှစ်/ သက္ကရာဇ်
ဥမိ/အမင်= အမည်
ဗ/ ဗ = ရောက်၍
ပြိး/ ပလယ်= ပြည်
ဥဒေါ့ဒး/ အဉ်ဒေါ့ဒါ= ဒီလိုပြောလို့ရပါတယ်
မယး/မာ= ဇနီး/မယား
တြး/တရား= တရား
ဟေား/ သွောန်း= ကျွန်
ဟိ/ သီ= သေသည်
ဥဒြ/ ဥတ်ဆာ = ပစ္စည်းဥစ္စာ
သ္နိး/ နိင်း= နှစ်
ဟြံ/ သွပ်ဟ်= ၈ /ရှစ်
ဟ္နိံးဟ္ဠိံး/ နဲင်းဟ်လဲုင်းဟ် = ဒီလိုမျိူး
ဟိမ္တုဠု/ သီမှုတလှူ= သေခြင်းအတွက်ကောင်းမှု
မ္တောမ= တွေ့ခဲ့သည် ( ကျေးဇူးတရားကို ပြန်တွေ့/ ပြန်သိသည်)
မ္ဒောဟ/ မော့တဟောဝ်= ကောင်းခြင်းတွေတွေ့ပါစေ( ကောင်းရာမွန်ရာရောက်ပါစေ**နောက်ဘဝအတွက်ရည်ညွှန်း)
ဗူဓ/ဗုဒ္ဓ= ဗုဒ္ဓမြတ်စွာဘုရား
ဆးဗေါ/ ဆင်(ဆံ)ပွန်= ဖန်တီးထားသောရုပ်ထု
သေက္ယး/ သေကယား= ပြန်လည်၍သိပါစေ( အနာဂတ်ကိုရည်ညွှန်း)
သေ/သေ= သိသည်
ဠေား/ လောင်း= အပေါ်တွင်
တုထ္မူးဠေား/ တိိှးထှူး(မ်)အလောင်း= သူ့အပေါ်တွင်ရောက်ရောက်ပြီး၍
ရးသး/ ရသား = ငါတို့
(ရသားသီးဒုံ= ငါ့တို့ရဲ့ရွာ)
မဗူး/မဘွန်/တဘွန်= ဘုန်းကြီး
ဗံးဟြ/ ဗွယ်ဖရာ= အရှင်မြတ်ဘုရား
ဌောဠေား/ တောမ်းအလောင်း= ထိုအပေါ်တွင်
ဟပြဆော/ ဟောဝ်ဖြာစွမ်= အယောက်တိုင်းကောင်းခြင်းရကြပါစေ
(စွမ်ဖြာ=အယောက်တိုင်း)
တြးဗံး/တရားဗွေ= ဗုဒ္ဓ တရားတော်နှင့်အညီ ပြည့်စုံသော ရဟန်း
သဃ/သံခါ= သံဃာတော်
ဟ္ငု/ ဟံငါ= ရှေ့တွင်
တုဗံး/ တ့ဗာ= ပက်ဖြန်းသည်
တ္ဒူ/ တဒူ= ရေနောက်သည်( နောက်ကျိသောရေ)
သ္ထဗန/သထာပနာ= စေတီအား သထာပနာထည့်သွင်းသည်
ဂေါ့/ ဂူ= ဂူ
ဥသ္ထော/ အဉ်သော့= ထည့်သွင်းသည်
ဥဟ္ဠေား/ အဉ်လွောန်= ပိတ်/ဖုံးသည်
သံး/သဲင်= ခြောက်သည်(အခြောက်ခံသည်)
ဟိံဗူး/သံဖော=သင်္ဘော

ပ္လိ/လီ= မြေး
တိံမ္တု/ တိ့တမှု=တိုက်ခိုက်မှု
က္နံးဒူ/ နဲင်းဒဲ့= ဒီအဖြစ်
ဩူး/ စှို့= အဖွဲ့ (စှို့ခွို့=ငါတို့လူမျိူး/အဖွဲ့အစည်း)
ပ/ပ= ကွဲသည်
ဗြောပ္ဍ/ ဗူပ= ညီညွတ်မှုကို ကွဲစေသည်
(လောင်းဗူ=ညီညီညွတ်ညွတ်)

ဩိး

၁၉၉၇ ခုနှစ်က အကယ်ဒမီ ဇာတ်ဆောင်ဆုရှင် (ဒွေး ၊ ပန်းဖြူ)💫၁၉၉၇ ခုနှစ် - အမေ့ခြေရာ (ဇာတ်ဆောင်) ဒွေး၁၉၉၇ ခုနှစ် - အရိပ် (ဇာတ်ဆ...
07/01/2026

၁၉၉၇ ခုနှစ်က အကယ်ဒမီ ဇာတ်ဆောင်ဆုရှင် (ဒွေး ၊ ပန်းဖြူ)💫
၁၉၉၇ ခုနှစ် - အမေ့ခြေရာ (ဇာတ်ဆောင်) ဒွေး
၁၉၉၇ ခုနှစ် - အရိပ် (ဇာတ်ဆောင်) ပန်းဖြူ

အရင်တုန်းက တင်ဖူးတဲ့ Post အဟောင်းလေးပါ။၂၇.၁၂. ၂၀၂၅ နေ့ဟာဒေါ်ခင်ကြည် ကွယ်လွန်တာ(၃၇)နှစ်ပြည့်ဖြစ်ပါတယ်။ရွှေတိဂုံတောင်ဘက်မု...
01/01/2026

အရင်တုန်းက တင်ဖူးတဲ့ Post အဟောင်းလေးပါ။
၂၇.၁၂. ၂၀၂၅ နေ့ဟာဒေါ်ခင်ကြည် ကွယ်လွန်တာ(၃၇)နှစ်ပြည့်ဖြစ်ပါတယ်။

ရွှေတိဂုံတောင်ဘက်မုခ် ကန်တော်မင်ဥယျာဉ်မှာရှိတဲ့အဖြူရောင်ဂူဗိမာန်တစ်ခု ဟာ ဒေါ်ခင်ကြည်ရဲ့ ဂူဗိမာန်ဖြစ်ပါတယ်။

'အမျိုးသားခေါင်းဆောင်ကြီး တပ်မတော် ၏ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ၁၉၁၂-၁၉၈၈'ဆိုပြီး ကမ္ပည်းထိုးထားတယ်။

ဒေါ်ခင်ကြည်အုတ်ဂူက ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန်ဘေး ဘက်ကပ်လျက်မှာ ရှိပါတယ်။

အဲဒီနေရာမှာမိဖုရားခေါင်ကြီးစုဖုရားလတ်နှင့်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဟောင်း)ဦးသန့် ၏ဂူဗိမာန်လည်းရှိပါတယ်

ဒေါ်ခင်ကြည်ကို မြောင်းမြမြို့ ကွင်းကုန်းရပ်

ဦးဖိုးညှင်း နဲ့ဒေါ်ဖွားစုတို့မှ (၁၉၁၂)

ခုနှစ် ဧပြီ ၁၆ရက် မှာမွေးဖွားခဲ့ပါတယ်။

မွေးချင်း ၉ယောက် အနက် သတ္တမမြောက်သမီးဖြစ်တယ်။

အစ်မဖြစ်သူဒေါ်ခင်ကြီးကသူနာပြူဆရာမလုပ်နေတော့ဒေါ်ခင်ကြည်လည်း ရန်ကုန်ဆေးရုံ ကြီးမှာသူနာပြုသင်တန်း

တက်ရောက်သင်ယူခဲ့ပြီး သူနာပြုဆရာမ လုပ်ခဲ့ပါတယ်။

ဂျပန်ခေတ်အတွင်းဆေးရုံကြီးမှာလည်းတာဝန်ထမ်းဆောင်ခဲ့တယ်။

BIAစစ်သေနာပတိချုပ်ဗိုလ်ချုပ်အောင်ဆန်းကအဖျားရောဂါဖြင့်ဆေးရုံလာတက်ရာမှာသူနာပြုဆရာမလေးဒေါ်ခင်ကြည်နှင့်တွေ့ဆုံပြီးဖူးစာဖက်ဖြစ်လာပါတယ်။

၁၉၄၂ ခုနှစ် စက်တင်ဘာ ၆ ရက် ဆေးရုံကြီးရဲ့ခန်းမကျယ်မှာဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်ခင်ကြည်တို့ လက်ထပ် ခဲ့ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းဒေါ်ခင်ကြည်တို့မှ

အောင်ဆန်းဦး၊အောင်ဆန်းလင်း၊

အောင်ဆန်းစုကြည်တို့မွေးဖွားခဲ့တယ်။

၁၉၄၇ ခု နှစ် ဇူလိုင် ၁၉ ရက်ကတော့ ဒေါ်ခင်ကြည်အတွက် ဝမ်းနည်းစိတ်အထိခိုက်ရဆုံးနေ့ဖြစ်ခဲ့ရတယ်။

အဲဒီနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းဟာမသမာသူလူတစ်စုရဲ့လုပ်ကြံမှုနဲ့ အသက်ဆုံး ရှုံးသွားရပါတယ်။

သူမြတ်နိုးတန်ဖိုးထားရဆုံး သူတစ်ဦးလူ့လောကကထွက်ခွာသွားတဲ့အ တွက် ယူကျုံးမရတဲ့စိတ်ကိုထိန်းရင်း လူထုထံ ပန်ကြားလွှာကိုထုတ်ပြန်ပြီး လွတ်လပ်ရေးကြိုး ပမ်းမှုသမိုင်းမှာ ပါဝင်ခဲ့ပြန်တယ်။

ဗိုလ်ချုပ်ကို သတိရလွမ်းဆွတ်နေမယ့် အစား သူချမှတ်ခဲ့တဲ့လမ်းစဉ်မှာ ပါဝင်နိုင်တဲ့ ဘက်မှာ ပါဝင်ဖို့ တိုက်တွန်းခဲ့တယ်။

ခင်ပွန်းသည်ကျဆုံးပြီး ခြောက်နှစ်အကြာ

၁၉၅၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာ ဒေါ်ခင်ကြည်ရဲ့သားအလတ် အောင် ဆန်းလင်းဟာ နေအိမ်အတွင်းမှရေကန်(ယခုဗိုလ်ချုပ်အောင်ဆန်းပြတိုက်)မှာ ရေနစ်သေဆုံးခဲ့တယ်။

အဲဒီလိုဆုံးရှုံးမှုတွေများခဲ့တဲ့ဗိုလ်ချုပ်ရဲ့ နေအိမ်ဖြစ်တဲ့အမှတ်၂၅ တာဝါလိန်းလမ်းဗဟန်းမှ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့ ၁၉၅၃ နှောင်းပိုင်းမှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။

ဗိုလ်ချုပ်ကျဆုံးပြီးနောက်ပိုင်းမှာ ဒေါ် ခင်ကြည်ကို ဝန်ကြီးချုပ်ဟောင်းဦးနု၊
ဝန်ကြီး ချုပ်ဟောင်း ဦးဗဆွေတို့ မိသားစုဝင်တွေနဲ့ နိုင်ငံအကြီးအကဲတွေ၊ အာဇာနည်မိသားစုဝင် တွေ၊ရဲဘော်ရဲဘက်မိသားစုဝင်တွေက သွားရောက်ကြည့်ရှုအားပေးကြတယ်လို့ဆိုပါတယ်။

ဒေါ်ခင်ကြည်ဟာ သူ့ဆီလာရောက်တဲ့ ဧည့်သည်တွေကို ဗမာမုန့်များနဲ့ဧည့်ခံကျွေး မွေးလေ့ရှိကြောင်း အာဇာနည်မိသားစုဝင် တွေထံမှ သိရပါတယ်။



ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်း
ကျဆုံးပြီးနောက် အိန္ဒိယနိုင်ငံကို မြန်မာအမျိုး သမီးသံအမတ်ကြီးအနေဖြင့် နိုင်ငံတာဝန်တွေ ကိုထမ်းဆောင်ခဲ့တယ်။

၁၉၆၇ ခုနှစ်မှာ သံအမတ် ကြီးရာထူးမှ အငြိမ်းစားယူကာ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ သစ် ပင်ပန်းပင်များကို ပြုစုစိုက်ပျိုးပြီးနေထိုင်ခဲ့ပါ တယ်။

ဒေါ်ခင်ကြည်ဟာ အသက် ၇၆နှစ်အရွယ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်၊ အင်္ဂါနေ့နံနက် ၇ နာရီ ၇ မိနစ်မှာကွယ် လွန်သွားခဲ့ပါတယ်။

ဒေါ်ခင်ကြည်ရဲ့ဂူဗိမာန်ကိုဗိသုကာပညာရှင်

ရေးဆွဲပေးသူကရန်ကုန်တိုင်းဆောက်လုပ်ရေးဦးစီးဌာန က ဦးစီးမှူး ဦးဘိုကြီးဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်၏ Idea ကိုအခြေခံ၍ဆောက်လုပ်ထားသည့်ဂူဗိမာန်ဒီဇိုင်းကအမှတ်(၅၄)တက္ကသိုလ်ရိပ်သာလမ်းအိမ်ရှေ့ဆင်ဝင်ဒီဇိုင်းပုံစံပါ။

ဒေါ်ခင်ကြည်ဟာမကွယ်လွန်ခင်ကအိမ်ရှေ့
ဆင်ဝင်အောက်မှာအမြဲထိုင်ပြီးပုတီးစိတ်
တရားမှတ်လေ့ရှိတာကြောင့်

"မေမေနှစ်သက်တဲ့နေရာလေးအမှတ်တရဒီဇိုင်းထုတ်ချင်တာဖြစ်ကြောင်း"

ဒေါ်အောင်ဆန်းစုကြည်ကဆန္ဒရှိတယ်။

ဆန်းသစ်တဲ့ဒီဇိုင်းဂူဗိမာန်ကိုရေးဆွဲပေးတဲ့

ဗိသုကာပညာရှင်ဦးဘိုကြီးဟာအလုပ်မှပင်စင်တင်လိုက်ပြီးအစိုးရဝန်ထမ်းဘဝကအနားယူလိုက်တယ်။

လောကီလူ့ဘောင်ကိုစွန့်လွှတ်ပြီးသာသနာ့ဘောင်သို့ဝင်ရောက်သွားသူဦးပဏ္ဍိတသည်

“ဒီလုပ်ရပ်ကိုဘဝမှတ်တိုင်အတွက်အမြဲတမ်းဂုဏ်ယူနေပါတယ်။”လို့ပြောကြားခဲ့တယ်။

ဦးပဏ္ဍိတကတော့ယခုအခါပျံလွန်တော်မူသွားပါပြီ။

ဒေါ်ခင်ကြည် စျာပန ရဲ့ရှားပါးဓာတ်ပုံများကိုဒေါ်ခင်ကြည်ကွယ်လွန်ပြီး (၂၈)နှစ်အကြာဒီဇင်ဘာ ၂၉ ရက် ၂၀၁၇ ခုထုတ်

The Speaker News Journal မှာဖေါ်ပြတာတွေ့ရပါတယ်။

ဓာတ်ပုံဆရာက တေဇအာရှ ဖြစ်ပြီး သူ့ရဲ့အဖိုးကလည်းဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့အပြင် ဗိုလ်ချုပ်အောင်ဆန်းကိုဓာတ်ပုံရိုက်ကူးပေးခဲ့ဘူးတဲ့သူဖြစ်ပါတယ်။

တေဇအာရှကဓာတ်ပုံများကိုလှိူ့ဝှက်သိမ်းဆည်းထားပြီးနောင်တချိန်ကျမှဓာတ်ပုံများကိုချပြခဲ့ပါတယ်။

စျာပနအခန်းအနားကို

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဌဗိုလ်ချုပ်မှူးကြီးစောမောင်

အတွင်းရေးမှူး (၁)ဗိုလ်မှူးချုပ်ခင်ညွန့်၊

အတွင်းရေးမှူး (၂)ဗိုလ်မှူးချုပ်တင်ဦးတို့ရောက်လာကြပြီးဝမ်းနည်းကြောင်းလက်မှတ်ရေးထိုးခဲ့ကြတယ်။

ဓာတ်ပုံဆရာ တေဇအာရှ ရဲ့ဒေါ်ခင်ကြည်စျာပန ဓာတ်ပုံများဟာသမိုင်းဝင်ပုံများဖြစ်ခဲ့ပြီ။

ရွှေခေတ်တခေတ်တခါကသူများတွေအားကျခဲ့ရသည့်တို့ရွှေပြည်ချမ်းသာမှုအခြေခိုင်သည်မယိုင်လဲခဲ့ပါဘုမျက်နှာပန်းလှအထက်တန်းလည်းကျပါဘိတ...
01/01/2026

ရွှေခေတ်

တခေတ်တခါက
သူများတွေအားကျခဲ့ရသည့်
တို့ရွှေပြည်
ချမ်းသာမှုအခြေခိုင်သည်
မယိုင်လဲခဲ့ပါဘု
မျက်နှာပန်းလှ
အထက်တန်းလည်းကျပါဘိ
တွေးမိတော့‌ဖြေမဆည်
ရွှေခေတ်တကယ်ရှိခဲ့ဘူးပါသည်။

" မန္တလေး  မတိုင်ခင်က  မန္တလေး """""""""""""""""""""""""""""""""""""""""""""""""""""""                                  ...
04/12/2025

" မန္တလေး မတိုင်ခင်က မန္တလေး "
""""""""""""""""""""""""""""""""""""""""""""""""""""""
#လူထုဒေါ်အမာ

ကျွန်မက ကျွန်မမန္တလေးသူဆိုပြီးတော့
မန္တလေးမြို့အကြောင်းတွေတော့ ရေးနေပါရဲ့
ဒါပေမယ့် ရေးရင်းရေးရင်း ကျွန်မ မသိတဲ့
မန္တလေးအကြောင်းအရာတွေက ပေါ်ပေါ်လာ
ပါတယ်။ဥပမာဆိုပါတော့ ကျွန်မတို့အနားက
လမ်းလယ်ဘုရားဟာ ဘယ်နှယ့်ကြောင့် လမ်း
အလယ်ခေါင်ကြီးမှာ ဘုရားတည်ထားကြ
သလဲ၊ဘယ်အစိုးရက ခွင့်ပြုတာလဲမေးတော့
အဲသည်ဘုရားက မန္တလေးမတည်ခင် က
တည်းကရှိတဲ့ ဘုရားတဲ့။သည်လမ်းလယ်
ဘုရားသာမကဘူး၊မြောက်ဘက်နားက ရှင်
ဘို့မယ်ဘုရားလည်း မန္တလေးမတည်ခင်က
ရှိတဲ့ ဘုရားပဲတဲ့။ ပြီးတော့ သည့်အပြင်လည်း
ရှိလေသေးရဲ့။မြောက်ပြင်က အရိပ်မထွက်
ဘုရားတို့၊ အနောက်ပြင်က ဘုရားနီတို့၊
ဗောင်းတော်ကျဘုရားတို့၊ ရွှေဆပ်သွားဘုရား
တို့ ဆိုတာတွေလည်း မန္တလေးမတည်ခင်က
ရှိနေတဲ့ ဘုရားကြီးတွေပဲတဲ့။

ဒါဖြင့် မင်းတုန်းမင်းကြီးက "အင်ကြင်း
ကြာအုံ၊ရတနာပုံ"ဆိုတဲ့အတိုင်း ၁၂၂၁ခုနှစ်
မှာ သည်မြို့တည်တာဆိုတော့ သည်ရတနာ
ပုံ မတည်ခင်ကမန္တလေးက ဘာလဲ။ မန္တလေး
တဲ့လားဆိုတော့လည်း မဟုတ်ဘူးတဲ့။"အုတ်
ကျစ်ကျော်အေး၊မန္တလေး"မို့ မန္တလေးဟာ
၁၂၂၁ခုက တည်တာပဲတဲ့။ မင်းတုန်းမင်းကြီး
က သူတည်တဲ့မြို့တော်ကို ရတနာပုံရွှေမြို့
တော်ကြီးလို့ သမုတ်ခဲ့ပေမယ့် မန္တလေးတောင်
ကြီးရဲ့ တောင်ခြေမှာ ရှိတာမို့ လူတွေက
"မန္တလေး"လို့ ခေါ်နေကြတာတဲ့။တကယ်က
ရှေးမန္တလေးဟာ ပုဂံခေတ်ရဲ့ ကျောထောက်
နောက်ခံ စိုက်ပျိုးရေးနယ်မြေ တစ်ခုပါတဲ့။
မြို့ကြီးပြကြီးမရှိခဲ့ပေမယ့် လူနေရှိခဲ့ပါတယ်
တဲ့။ပုဂံခေတ်ဘုရားကျောင်းကန်တွေမှာ ရေး
ထိုးစိုက်ထူခဲ့တဲ့ ကျောက်စာတွေက သည်
အချက်ကိုဖော်ပြနေကြတယ်တဲ့။

ကျွန်မတို့မန္တလေးမှာ ရွှေကျီးမြင်၊ဘုရား
နီ၊ဗောင်းတော်ကျ၊အရိပ်မထွက်၊ရတနာ့မဥ္ဇူ
ရွှေဆပ်သွားစတဲ့ဘုရားတွေဟာ မန္တလေး
မတည်မီကတည်းက ရှိနေကြတဲ့ဘုရားတွေ။
အိမ်တော်ရာဘုရားတောင်မှ မန္တလေးမတည်
ခင်က ဘုရားပေပဲလေ။အဲသည်တော့ မန္တလေး
မတိုင်ခင်က မန္တလေးဒေသအကြောင်းကို
ကျွန်မတို့သမိုင်းပညာရှင် ဦးစိန်မောင်ဦးကို
အပူကပ်ရပြန်တာပေါ့။ ကိုစိန်မောင်ဦးရေ
မန္တလေးမဖြစ်ခင်က မန္တလေးကဘယ်လိုလဲ။
ရွှေကျီးမြင်ဘုရားက ပုဂံခေတ်ကတည်းက
ရှိခဲ့တာဆို၊မင်းတုန်းမင်းကြီး မြို့တော်သစ်
တည်မယ်ဆိုတော့ စည်မျက်နှာကဲ့သို့ ညီညာ
တဲ့မြေနေရာမှာ မြို့တည်ဖို့ရွေးချယ်ခဲ့တယ်
လို့တော့ ဖတ်ဖူးပါရဲ့ ဘာမြို့ဟောင်းနေရာ
လို့မှ မတွေ့ရဘူး။ဒါကြောင့် သည်ဘုရားတွေ
အစွဲပြုပြီး သမိုင်းကြောင်းခြေရာကောက်
ပေးပါဦးလို့တောင်းပန်ရပါတယ်။ဦးစိန်
မောင်ဦးလည်း သူလက်လှမ်းမီသမျှ စိတ်
ရှည်လက်ရှည်ရှာဖွေပေးပါတယ်။

အဲသည်တော့ မန္တလေးနေရာဟာ ပုဂံ
ခေတ်ဦးကတည်းက လူသူအရောက်အ
ပေါက်ရှိတဲ့နေရာ၊လူနေ အထိုက်အလျောက်
ရှိတဲ့နေရာပါကလား။ ပုဂံခေတ်ဘုရားဆို
တာတွေကြည့်လိုက်တော့ မန္တလေးတောင်
ထိပ်က ဆုတောင်းပြည့်စေတီဟာ အနော်
ရထာမင်း တရုတ်ပြည်စွယ်တော်ပင့်သွားရာ
ကအပြန် မန္တလေးတောင်ထိပ်မှာ သည်စေ
တီ တည်ခဲ့တာဖြစ်ပါသတဲ့။ မန္တလေးမြောက်
ပြင်က အရိပ်မထွက်ဘုရားက ကျန်စစ်မင်း
ကြီးရဲ့ ကောင်းမှု့တဲ့၊ ပြီးတော့ အနောက်ပြင်
က ဗောင်းတော်ကျ၊ဘုရားနီတို့ဟာလည်း
ကျန်စစ်မင်းကြီးရဲ့ ကောင်းမှု့တွေပဲတဲ့။ရတ
နာ့မဥ္ဇူတို့၊ရှင်ဘို့မဟ်ဘုရားတို့ကတော့
အင်းဝခေတ်ဘုရားတွေ။ချမ်းသာကြီး၊ချမ်း
သာရ ဘုရားတွေက ကုန်းဘောင်ခေတ်ဦး
က ဘုရားတွေပါတဲ့။

ပြီးတော့ မန္တလေးဖြစ်လာတဲ့ သည်နေရာ
နဲ့ အမရပူရဖြစ်လာတဲ့နေရာတွေက ရှေးက
တည်းက တောကြီးမျက်မည်း ဆင်နေကျား
အောင်း ဟုတ်ခဲ့ဟန်မတူဘူး။သူ့အနေအထား
က အရှေ့ဘက်မှာ ရှမ်းရိုးမတောင်တန်းကြီး၊
တောင်ဘက်မှာ ဒုဋ္ဌဝတီခေါ်တဲ့ မြစ်ငယ်မြစ်၊
အနောက်ဘက်မှာ ဧရာဝတီမြစ်ကြီး၊မြောက်
ဘက်မှာက ချောင်းမကြီးခေါ်တဲ့ မတ္တရာမြစ်
ရှိတယ်။သုံးမျက်နှာက အဲ့လိုမြစ်တွေ ဝန်းရံ
နေတဲ့အပြင် သည်နေရာဝန်းကျင်မှာ တောင်
သမန်အင်း၊တက်သေးအင်း၊ဇောင်းကလော
ကန်၊အောင်ပင်လယ်၊နန္ဒာကန် ဆိုတာတွေ
လည်း ရှိသေးတယ်။ ပြီးတော့ ​တောင်နဲ့
မြောက်စီးကြတဲ့ ရွှေတချောင်း၊ရွှေလောင်း
ချောင်း၊ဒင်္ဂါးချောင်း၊သင်္ဂဇာချောင်း ဆိုတာ
တွေလည်း ရှိပါသေးတယ်။အဲသည်တော့
သည်အရပ်က ဆန်စပါးလို ရေလိုအပ်တဲ့
အသီးအနှံမျိုး စိုက်ပျိုးလို့ကောင်းတဲ့ဒေသ
မျိုးလေ။

ပြီးတော့ အနော်ရထာမင်းက ပျူမင်း
ဆက်ကို ဆက်ခံတဲ့မင်း။အဲသည်မင်းဆက်
တွေလက်ထက်မှာ လူတွေက ဆန်စပါးကို
စိုက်ပျိုးပြီး စားတတ်တဲ့လူမျိုးတွေ၊ ပုဂံက
ဘုရားတွေကို ခုပြုပြင်နေတော့ စေတီပျက်
တစ်ဆူရဲ့ ဌာပနာတိုက်ထဲမှာ စပါးခွံတွေ
တောင်းနဲ့ကျုံးယူရလောက်အောင် တွေ့ရ
တယ်လို့ ဆိုပါတယ်။ ကျွန်မတို့ တောင်သမန်
ကိုပညာရဲ့ ကျောင်းနားကတွေ့တဲ့ မြေစိုင်
မြေခဲတွေမှာ စပါးစေ့တွေကပ်နေတာတွေ့
ရပါတယ်။ သည်တောင်သမန်အင်းစောင်း
က ရှေးဟောင်းပစ္စည်းတွေမကြာခဏတွေ့
နေတာပါ။ အဲသည်ချက်ပြုတ်စားတဲ့ မီးဖို
နားက မြေစိုင်ခဲက စပါးစေ့တွေကို အင်္ဂလန်
နိုင်ငံ ကင်းဘရစ်တက္ကသိုလ်က ဒေါက်တာ
ဂျင်းနစ်စတားဂတ်ရဲ့ အကူအညီနဲ့ စမ်းသပ်
စစ်ဆေးတော့ စပါးမှာ အမျိုးနှစ်မျိုးရှိတယ်
Oryza Indica နဲ့ Oryza Jopinica ရယ်လို့ နှစ်
မျိုးရှိရာမှာ သည်စပါးစေ့တွေက Oryza In-
dica မျိုးနဲ့တူတယ်၊ရှည်လျားတယ်သွယ်
တယ်လို့ အဖြေပေးတယ်။

အဲသည်တော့ ဗုဒ္ဓဘာသာ သာသနာပြု
မင်းအနော်ရထာဟာ သူ့နိုင်ငံရဲ့ ပန်းရံ၊လက်
သမား၊ပန်းပဲတို့လို လက်မှု့ပညာသည်တွေ
စားဖို့ ကျောထောက်နောက်ခံစပါးစိုက်တဲ့
လယ်မြေတွေ ရှိရမှာပါ။ပုဂံဟာ စပါးစိုက်
လို့ကောင်းတဲ့အရပ်မဟုတ်ပါဘူး။အနော်
ရထာမင်း ဆည်တွေ၊မြောင်းတွေကို ကိုးခ
ရိုင်စတဲ့ နေရာတွေမှာ ဆည်တည်ပြုပြင်
တယ်ဆိုတာကလည်း တချို့က ပျုမင်းတွေ
ရဲ့ လက်ထက်ကတည်းက ဆည်တွေကို ပြု
ပြင်တာပါ။

ပြီးတော့ ပုဂံခေတ်ကျောက်စာတွေထဲမှာ
'ဆန်'ဆိုတဲ့စကားလုံးတွေ တော်တော်များများ
တွေ့ရတယ်။သျှင်ဒိသာပါမောက်ဆရာတော်
က တရုတ်ပြည်ပေကျင်းမြို့မှာ ကူဗလိုင်ခန်
မင်းကြီးနဲ့ တွေ့တဲ့အခါ"မဟာရစ် ဤသူရာယ်
အလုမ်းသင်္ဃအလုမ် စပါးတီမှ တေ တည်
ကြည်အံ့၊ စပါးကား ပြည်စည်းစိမ်အဖြစ်
မဟုတ်လော"လို့ ဆန်စပါးအရေးပါပုံကို
ထည့်သွင်းပြောကြားခဲ့ပါသတဲ့။အနော်ရ
ထာမင်းပိုင်နက် ဆန်စပါးစိုက်ရတဲ့နေရာတွေ
ပုဂံခေတ် လူထုအတွက်ရှိရမှာပါ။အနော်ရ
ထာမင်းပိုင်တဲ့ နိုင်ငံတော်အကျယ်အဝန်းက
ဘုရင်ကိုယ်တိုင်လက်နဲ့ လုပ်ပြီးစာရေးထိုး
ထားတဲ့ အုတ်ခွက်ဘုရားတွေ၊ဘုရားစေတီ
တွေတွေ့ရှိရတာမျိုးကို ကိုးကားပြီး မြောက်
ဘက်ဆိုရင် ဧရာဝတီမြစ်ကြောင်းအတိုင်း
တကောင်းအထိ၊ရှမ်းပြည်နယ်ဘက်ဆိုရင်
မိုးမိတ်အထိ၊ချင်းတွင်းမြစ်ကြောင်းအတိုင်း
ဆိုရင် ကလေးမြို့အထိ၊အနောက်ဘက်က
ထီးလင်း၊ဂန့်ဂေါနဲ့မြိုင်အထိ၊တောင်ဘက်မှာ
တွံတေး၊ဒလအထိ အနည်းဆုံးကျယ်ဝန်းပါ
လိမ့်မယ်။

နောက်ပြီးတော့ မန္တလေးမြောက်ဘက်က
ဝါးရင်းတုတ်တို့၊တောင်ပြုန်းတို့၊မတ္တရာတို့
ဆိုတာတွေကလည်း ကျောက်စာတွေမှာပါ
တဲ့ ပုဂံခေတ်ကတည်းကရှိတဲ့နေရာတွေပါ။
ပုဂံမင်းတွေဟာ ကျောထောက်နောက်ခံဆန်
စပါးစိုက်တဲ့ ဒေသတွေမှာ ဆည်တွေမြောင်း
တွေ တူးဖော်လုပ်ဆောင်ပေးကြတယ်ဆိုတာ
လည်း အားလုံးအခိုင်အမာရှိပါတယ်။အ
လောင်းစည်သူမင်းကြီးဟာ သားတော်
မင်းရှင်စောကို စိတ်တိုင်းမကျလို့ တိုင်းပြည်
က နှင်ထုတ်တဲ့အခါ မင်းရှင်စောက"ထွန်းတုံး
ပူတက်"အရပ်မှာ နောက်လိုက်နောက်ပါများ
နဲ့ အခြေချပြီး အောင်ပင်လယ်ကန်ကိုဆည်
ဖို့ပါသတဲ့။ "အောင်ပင်လယ်ကန်"ကို ရှေးက
"ကန္တိလိ"လို့ခေါ်ပါတယ်။ကောင်းမှု့တော်ဘု
ရားကြီးနားမှာ ကန္တလူဘုရားဆိုတာလည်း
ရှိပါတယ်။အဲဒါတွေဟာ ရှေးအခေါ်ဝေါ်တွေ
ပါ။

(ယင်းအကြောင်းအရာကို မဟာရာဇဝင်
ကြီး ပထမတွဲ၌ အောက်ပါအတိုင်းဖော်ပြ
ထားပါသည်။)
"အလောင်းစည်သူမင်းကြီးသည် အထိန်း
တော်သား"အနန္တသူရိယ"ကိုမင်းကြီးသနား
တော်မူသည်ဖြစ်၍ မင်းသားတို့ဝတ်ထိုက်
သော "ဒုရင်အခြေတပ်ဝတ်လုံ"ကိုပေးတော်
မူ၏။ထိုဝတ်လုံကို သဘင်ရှိသည့်အခါ အ
နန္တသူရိယက ဝတ်၍ သဘင်တက်သည်ကို
သားတော်မင်းရှင်စောမြင်လေသော် "ဤ
ဖျင်ကား မင်းထိန်းမင်းယတို့ ဝတ်ထိုက်သော
အဝတ်မဟုတ်၊မင်းညီမင်းသားတို့သာဝတ်
ထိုက်သောအဝတ်ဖြစ်သည်။ဤကဲ့သို့အရော
ရောမဝတ်စေနှင့်"ဟူ၍ အနန္တသူရိယ ဝတ်လုံ
ကို ချွတ်၍လဲစေ၏။ထိုအကြောင်းကိုမင်း
ကြီး ကြားတော်မူသော် ငါမသေခင်ကပင်
ဤကဲ့သို့ကျင့်သည်။ငါမရှိ၊မင်းဖြစ်ပြီးကား
ငါ့သားတော်သမီးတော် မှူးတော်မတ်တော်
တို့ကို ညှင်းပမ်းနှိပ်စက်လတ္တံ့"ဟုဆိုကာ စား
ကျေးစားလက်အခြွေအရံတို့ကို ရုတ်သိမ်း
ကာ နှောင်အိမ်သွင်းလေ၏။

မယ်တော်ဖြစ်သော ရတနာပုံမိဘုရားကြီး
မင်းကြီးအားသနားတော်မူမည့်အကြောင်းကို
လျှောက်ရာ လျှောက်ဖန်များလတ်သော်သ
နားတော်မူ၍ အလုံးအရင်းဆင်မြင်းဥစ္စာတို့
ကို ပေးတော်မူပြီးသော်"ငါမျက်နှာသုန်၍
သွားဖူးလေပြီဖြစ်သောကြောင့် ငါ့မြို့တွင်
မနေနှင့်ဟု နှင်ထုတ်လေ၏။သားတော်မင်း
ရှင်စောလည်း အလုံးအရင်းဆင်မြင်းဗိုလ်ပါ
နှင့်တကွ အရှေ့ဘက်ထွန်းတုံးပူတက်(ယခု
မန္တလေးမြို့အရှေ့တောင်ဘက်အရပ်)မှာ
ရွာပြုပြည်ထောင်နေလေ၏။ ထိုအရပ်၌
အလျားအနံ တာသုံးထောင်ရှိသော"အောင်
ပင်လယ်ကန်"က်ိုဆည်၏။တမုတ်ဆိုးအရပ်
၌ ကန်ကိုလည်းဆည်၏။မြောင်းသုံးသွယ်၊
လယ်ပယ်သုံးသောင်းဖြစ်စေ၏။တစ်နှစ်သုံး
သီးစားရ၏။အလွန်ဝပြောစည်ပင်စွာဖြစ်
လေ၏။ထိုသို့စီရင်သောကြောင့် ကျီကြ
ဘဏ္ဍာ၊ရွှေ၊ငွေ၊ဥစ္စာ၊စပါးပေါများ၏။ဆင်
လုံးမြင်းရင်းအခြွေအရံလည်းပွားများ၏။
ပါဠိ၊အဋ္ဌကထာကျနသော အရိယာတို့ကို
ပင့်၍ ကျမ်းဂန်ပြုပြီးလျှင် ပို့သသင်ကြားရ
၏။ပစ္စည်းလေးပါးထောက်ပံ့တော်မူ၍ သာ
သနာတော်ထွန်းပစေ၏။"
မဟာရာဇဝင်တော်ကြီး(တတွဲ၊စာ၂၀၂-၃)

အဲသည် ကန္တိလိ ဆိုတဲ့ အောင်ပင်လယ်ကန်
ကြီးအကြောင်းကို ပြောပါဦးမယ်။ ခုကျွန်မ
တို့ သိနေတာက မန္တလေးမြို့ကအထွက် မေ
မြို့(ပြင်ဦးလွင်)တက်တဲ့ကားလမ်းဟာ ပေါ်
တော်မူဘုရားရောက်တော့ အရှေ့ဘက်ကို
ချိုးသွားပါလေရော၊အဲဒါ အောင်ပင်လယ်
ကန်ဘောင်ရိုးမှာ လမ်းဖောက်ထားတာပါပဲ။
စပါးစိုက်လယ်တွေကတော့ ကားလမ်းရဲ့
ဝဲယာမှာရှိလေတော့ ကားလမ်းရဲ့အရှေ့ဘက်
နဲ့မြောက်ဘက်ကလယ်တွေက်ို "ကန်တွင်း
လယ်" တွေလို့ ခေါ်ဆိုကြတယ်။ကားလမ်းရဲ့
အနောက်ဘက်နဲ့ တောင်ဘက်ကလယ်တွေ
ကိုတော့ ကန်အောက်လယ်တွေလို့ ခေါ်ဆိုကြ
တယ်။ကန်တွင်းလယ်တွေက်ို အရင်ကပိုင်
တဲ့ နိုင်ငံခြားသားတစ်ယောက်၊ သူ့လယ်တွေ
ကို လုပ်ပေးကြရတဲ့ မြန်မာလယ်သမားတွေ
က သူ့ကို နန္ဒာမင်းကြီး လို့ခေါ်ကြတယ်။သူ့
လယ်တွေဟာ ကန်တွင်းမှာ ဘယ်နှဧကရှိ
တယ်တော့မသိပါဘူး။ဒါပေမယ့်စပါးပေါ်
ချိန်ဆိုရင် မန္တလေး ၃၅လမ်းဖြစ်တဲ့ Aလမ်း
တလျှောက်မှာ အရှေ့ဘက်ကမောင်းဝင်လာ
တဲ့ စပါးလှည်းတွေဟာ ရေတွက်လို့မဆုံးန်ိုင်
ပါဘူး။ပြီးတော့ မန္တလေးမြူနီစီပါယ် ဝင်းကြီး
နဲ့ မလှမ်းမကမ်းမှာ ကာနန္ဒာမင်းကြီးရဲ့ စပါး
ကျီကြီးတွေ အများကြီးရှိပါတယ်။အဲဒါကျွန်
မတို့ သိမီတဲ့အောင်ပင်လယ်ပါ။

ကျွန်မတို့အမေများပြောတဲ့ အောင်ပင်
လယ်ကတော့ အောင်ပင်လယ်ဟာ အရင်က
တော့ ခုလိုလယ်တွေမဟုတ်ဘူး။ရေတွေ
အပြည့်နဲ့ ဧရာမကန်ကြီး။ကန်စပ်မှာ ကြာ
တွေလည်းရှိတယ်။ညနေစောင်းလာပြီဆိုရင်
ဟင်္သာတို့၊စက္ကဝတ်ငှက်တို့၊ရေကြက်တို့၊ဝမ်း
ဘဲတို့၊ကြာဖက်နင်းတို့ဆိုတဲ့ ရေနားကျက်စား
တဲ့ ငှက်တွေဟာ ဧရာဝတီမြစ်ကမ်းကနေပြီး
အောင်ပင်လယ်ဆီကို ပျံသန်းကြတာမို့ တို့
မန္တလေးမြို့ပေါ်က အတိုင်းသားမြင်ရတယ်။
နောက်တော့ အင်္ဂလိပ်မင်းက သည်ကန်ကြီး
ကရေတွေကို ဖောက်ထုတ်လိုက်ပြီး လယ်
တွေလုပ်ပစ်လိုက်တယ်။ သည်လယ်တွေကို
လည်း သူတို့အင်္ဂလိပ်တွေကို ခွဲဝေပေးလိုက်
တယ်လို့ အမေတို့ကပြောပါတယ်။

အဲသည် ကန္တိလိ ခေါ် အောင်ပင်လယ်ကို
မင်းရှင်စောက ပြုပြင်ဆည်ဖို့ပေးသတဲ့။စစ်
ကိုင်းတောင်ရိုး ရှင်ဖြူရှင်လှချောင်အနီးက
တွေ့တဲ့ အင်းဝခေတ်ထိုးကျောက်စာတစ်ချပ်
မှာ "မန္တလေးရွှေတောင်အရပ်နှိုက်၊ ကန္တိလိ
ကို မင်းလျင်စစ် ဆည်တော်မူ"လို့ရေးထိုး
ထားတာ ပါရှိပါတယ်။ပြီးတော့ ပုဂံမြို့မြင်း
ကပါရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ စေတီတစ်ဆူ
နဲ့ကျောင်းတစ်ဆောင်ကို မင်းမယား ဆိုတဲ့
အမျိုးသမီးကြီးက လှူခဲ့ရာမှာ ကန္တိလိလယ်
အပယ်၂၀ကိုလည်း လှူဒါန်းခဲ့တယ်လို့ ရေး
ထိုးမှတ်တမ်းတင်ခဲ့တယ်။အဲဒါသက္ကရာဇ်
၅၇၇ခု ကပါတဲ့။(အေဒီ-၁၂၁၅)

နောက်တစ်ခုကတော့ သက္ကရာဇ် ၆၁၀ခု
နှစ်(အေဒီ-၁၂၄၈)မှာ ပုဂံပြည့်ရှင်ဇေယျသူရ်
မင်းကြီးနှင့် မိဘုရားကြီး တြိလောကစနြနာ
မ မဟာဒေဝီတို့ရဲ့ သမီးတော်အစောကြွမ်
မင်းသမီးက ပုဂံနေပြည်တော် မင်းနန်သူရွာ
အနီးမှာ စေတီ၊ပုထိုး၊ကျောင်းကန်၊ဘုရား
တွေတည်ထားလှူဒါန်းပြီး ကန္တိလိအရပ်က
လယ်အပယ်ပေါင်း ၃၈၄ပယ်ကို လှူဒါန်း
ခဲ့တယ်လို့ ကမ္ဗည်းကျောက်စာ ရေးထိုးထား
တာ ရှိပါတယ်။

မင်းရှင်စောဟာ ထွန်တုံးပူတက်မှာနေ
သွားတယ်။ထွန်တုံးပူတက်ဟာ အခု "ဗိုလ်
တက်ကုန်း"လို့ခေါ်တဲ့ ရွာနေရာပဲတဲ့။ဗိုလ်
တက်ကုန်းဟာ မန္တလေးအထွက် ​မေမြို့(ပြင်
ဦးလွင်) ကားလမ်းနားကရွာပါ။ရွှေကျီးမြင်
ဘုရားကိုလည်း မင်းရှင်စော တည်ခဲ့တာပါ
တဲ့။မန္တလေးမြို့ တည်ထားတဲ့နေရာဟာ
ပုဂံခေတ်ကတည်းက လူနေအိမ်ခြေတွေ
ရှိနေပြီး ပုဂံနဲ့ သည်အရပ်နဲ့လည်း အသွား
အလာရှိနေပြီ ဖြစ်ပါတယ်။သည်အရပ်က
လယ်မြေတွေဟာ ပုဂံရဲ့ကျောထောက်နောက်
ခံ စပါးစိုက်ပျိုးတဲ့အရပ်။ဒါကြောင့် ပုဂံမင်း
များက သည်အရပ်မှာ ဘုရားတွေ လာတည်
တာဖြစ်တယ်လို့ ပြောပါရစေ။

လူထုဒေါ်အမာ
ဓနစီးပွားရေးမဂ္ဂဇင်း(မတ်လ၊၂၀၀၃)

" မင်းရှင်စော နှင့် မန္တလေး "
""""""""""""""""""""""""""""""""""""""""""""""
မင်းရှင်စောသည် ခမည်းတော်၏အမိန့်
ကြောင့် ဆင်၊မြင်း၊ဗိုလ်ပါရဲမက်များနှင့်နောက်
ပါအခြွေအရံများအားခေါ်ဆောင်ကာ ပုဂံ
နေပြည်တော်မှထွက်လာခဲ့ရာ မန္တလေးဒေသ
ထွန်တုံးပူတက်ကုန်းရွာသို့အရောက် ယာယီ
နန်းတည်၍ စံနေတော်မူသည်။(ထွန်တုံးပူ
တက်ကုန်းရွာကို ယခုဗိုလ်တက်ကုန်းရွာဟု
ခေါ်ကြပါသည်။)ဗိုလ်တက်ကုန်းရွာသည်
မန္တလေးမြို့၏အရှေ့တောင်ဘက် မန္တလေး
မေမြို့သွားသော ကားလမ်းတွင် "လက်
တောင်ရွာ"ရှိသည်။ထို လက်တောင်ရွာအဝင်
တောင်ဘက်ဆီသို့ ကိုက်၅၀၀ ခန့်သွားပြီး
အနောက်ဘက်မြေနီလမ်းအတိုင်း ဆက်သွား
လျှင် ဗိုလ်တက်ကုန်းရွာသို့ရောက်ပါသည်။

မင်းရှင်စောသည် ဆင်ရတနာက်ိုစီး၍
ခရီးဆက်ရာ အနီးရှိတဲစုမှ ရေကြည်တော်
ဆက်သသဖြင့် ထိုရေကြည်ဆက်သည့်အ
ရပ်ကို "ရေကြည်ရွာ"ဟုယနေ့တိုင်ခေါ်ဆိုကြ
သည်။ထိုရေကြည်ရွာမှ မြောက်စူးစူးသို့ခရီး
ဆက်ရာတွင် ခေတ္တနားပြီး စစ်သည်များအ
နက် အထူးလက်ရွေးစင်တပ်သားများကို
ရွေးချယ်စုစည်းခဲ့သည့် နေရာကို "ရွေးစုရွာ"
ဟု ယနေ့တိုင်ခေါ်ဆိုကြ၏။ ဆက်လက်၍
ခရီးဆက်ပြန်ရာ ဆင်တော်မောပမ်းသဖြင့်
မင်းရှင်စောသည် ဆင်ရတနာပေါ်မှဆင်းပြီး
ကုန်းမြင့်တစ်နေရာတွင် အမောပြေရပ်နား
သည့်အရပ်ကို ရှေးက"ဆင်တော်ကုန်း"ဟု
ခေါ်ဆိုကြ၍ ယခုအခါ "ရှင်တော်ကုန်း"ခေါ်
ဆိုကြပါသည်။

မင်းရှင်စောသည် မိမိနှင့်လိုက်ပါလာ
သော စစ်သည်ဗိုလ်ပါအခြွေအရံများအတွက်
စားနပ်ရိက္ခာပြည့်စုံစွာရရှိစေရန် လယ်ယာ
ဥယျာဥ်စိုက်ပျိုးရန် လယ်ယာမြေများကို
အကွက်ချတိုင်းတာစေသည်။ မြေတိုင်းမင်း
မှု့ထမ်းများသည် မြေကွက်လပ်တစ်နေရာ၌
ယာယီတဲများဆောက်လုပ်နေထိုင်ကြပြီး
လယ်မြေများကိုစံနစ်တကျတိုင်းတာက အ
ကွက်ချခွဲဝေပေးခဲ့သည်။ထိုသို့မြေကွက်
များတိုင်းသည့် မင်းမှု့ထမ်းကို "ပိန်သုကြီး"
ဟုခေါ်ဆိုကြ၏။ထိုပိန်သူကြီးနေထိုင်ခဲ့သည့်
အရပ်ကို ပုသိမ်ကြီးရွာဟုနောင်အခါခေါ်ဆို
ကြရာ ယခုမြို့ဖြစ်နေသောကြောင့် ပုသိမ်
ကြီးမြို့ဟု ခေါ်ဆိုကြ၏။

ဗိုလ်တက်ကုန်း(ထွန်တုံးပူတက်)၌နေထိုင်
စဥ်က အောင်ပင်လယ်ကန်၊တမုတ်ဆိုးကန်
တို့ကို ပြုပြင်ဆည်ဖို့၍ တူးမြောင်းများသွယ်
ကာ လယ်ယာမြေတို့ကိုတိုးပွားစေခဲ့ပါသည်။
ဘာသာသာသနာထွန်းကားစေရန်လည်း
မိမိယာယီစံနန်းနေရာ ဗိုလိတက်ကုန်းရွာ၌
ရွှေကျင်ကျဘုရား၊ရွှေမုတ္တောဘုရား၊ဓါတ်
တော်ကုန်းဘုရား၊ နှင့် ရှေးဘုရားဟောင်း
၃ဆူကိုလည်းအသစ်မွမ်းမံပြုပြင်ကာ လေး
မျက်နှာစေတီနှင့် သိမ်ကုန်းဘုရားတို့ကို
လည်း တည်ထားကိုးကွယ်ခဲ့ပါသည်။ထို့
နောက် ဆင်ရတနာဖြင့် ခရီးလှည့်တော်မူရာ
မန္တလေးတည်ရာအရပ် လမ်းခရီးတစ်နေရာ
၌ သစ်ပင်ထက်ဆီမှ ကျီးအော်မြည်သံကြား
၍ မော့ကြည့်ရာ ရွှေကျီးတစ်ကောင်ကိုမြင်
တွေ့ရသည့်အတွက် ကျီးသာသည့်နိမိတ်ကို
ပညာရှိတို့အားမေးမြန်းသည်။

ပညာရှိတို့က ဤအရပ်၌ သာသနာထွန်း
ကားမည့်နိမိတ်ဖြစ်​ကြောင်း လျှောက်ထား
သဖြင့် ထိုနေရာ၌ စေတီတစ်ဆူတည်ပြီး
"ရွှေကျီမြင်ဘုရား"ဟုဘွဲ့အမည်ပေးခဲ့သည်။
ယခုအခါ "ရွှေကျီးမြင့်"ဘုရားဟု အများ
ခေါ်ဆိုကြ၏။ မင်းရှင်စောကောင်းမှု့ ရွှေကျီး
မြင့်ဘုရားသည် နောင်အခါ မန္တလေးမြို့တည်
ပြီးနောက်တွင် ၂၃လမ်းနှင့် ၂၄လမ်းကြား
အောင်မြေသာစံရပ်ကွက်တွင်တည်ရှိ၏။
၂၄လမ်းနှင့်၂၅လမ်းကြားတွင်လည်း"ဗောင်း
တော်ကျ"ဘုရားတစ်ဆူနှင့် ၃၅လမ်း၊၈၄လမ်း
နှင့် ၈၅လမ်းကြားတွင်လည်း ဒဟတ္တော
ဘုရားတစ်ဆူတို့ကိုပါ မင်းရှင်စောတည်ထား
ကိုးကွယ်တော်မူခဲ့သည်ဟု ဆို၏။ထို့ကြောင့်
ရှေးအတိတ်ကာလကပင် မန္တလေးမြို့မတည်
ခင်ကတည်းက မန္တလေးအရပ်သည် လူနေ
ရှိခဲ့သော ဒေသဟု ဆိုနိုင်ပါသည်။

နဂါးဗိုလ်မောင်မောင်သက်
"သမိုင်းပုံရိပ်"မှ
®Phoe K(25:1:2021)

"ရိုးသားတဲ့စစ်သားကြီး"ဗိုလ်ချုပ်မှူးကြီးစောမောင်သည် နိုင်ငံတော်သမ္မတဒေါက်တာ​မောင်​မောင်ထံမှ ၁၉၈၈ ခုနှစ်စက်တင်ဘာလ ၁၈ ရက်တ...
01/12/2025

"ရိုးသားတဲ့စစ်သားကြီး"

ဗိုလ်ချုပ်မှူးကြီးစောမောင်သည် နိုင်ငံတော်သမ္မတဒေါက်တာ​မောင်​မောင်ထံမှ ၁၉၈၈ ခုနှစ်စက်တင်ဘာလ ၁၈ ရက်တွင် အာဏာသိမ်းခဲ့သောတပ်မတော်ခေါင်းဆောင်ဖြစ်သည်။၁၉၈၈ မှ ၁၉၉၂ ခုနှစ်ဧပြီအထိနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ်ဧပြီ ၂၃ တွင်ကျန်းမာရေးအကြောင်းပြချက်ဖြင့်ရုတ်တရက်အနားယူခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ၁၉၂၈ ခုနှစ်တွင်မန္တလေးမြို့၌ဗမာလူမျိုးဦးမောင်ကလေး၊ဒေါ်မှတ်မှမွေးဖွားခဲ့သည်။၁၉၅၂ ခုနှစ်တွင် OTS အပတ်စဉ် (၆) ဖြင့်ပြန်တမ်းဝင်အရာရှိဒုဗိုလ်ဖြစ်ခဲ့သည်။၁၉၇၅ - ၇၆ တွင်ထိုင်းနယ်စပ်ရှိကရင်လက်နက်ကိုင်များကိုတိုက်ခိုက်ခြေမှုန်းခဲ့သည်။၁၉၈၅ ခုနှစ်မှစတင်၍ဒု-ဗိုလ်ချုပ်ကြီးအဆင့်ဖြင့်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့်ရာထူးတိုးမြှင့်ခံရပြီး ၁၉၈၈ ခုနှစ်စက်တင်ဘာလ ၁၈ တွင် နဝတ ဥက္ကဋ္ဌနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။၁၉၉၀ ပြည့်နှစ်တွင်မြန်မာ့စစ်တပ်မှာပထမ‌‌ဦးဆုံးဗိုလ်ချုပ်မှူးကြီးအဆင့်တိုးမြှင့်ရယူခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးစောမောင် သည်နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းဆောင်ရွက်ခဲ့သည်။သူသည် ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်သူဖြစ်သောကြောင့်သူ့လက်ထက်ပြုလုပ်ခဲ့ရသောဗုဒ္ဓသာသနာတော်သန့်ရှင်းရေးလုပ်ငန်းအတွက်ကြီးစွာသောစိတ်သောကဝေဒနာခံစားခဲ့ရသည်ဟုဆိုသည်။

ဗိုလ်ချုပ်မှူးကြီးစောမောင်ကပါတီစုံရွေးကောက်ပွဲကျင်းပ‌ပေးမည်ဖြစ်ကြောင်း၊ရွေးကောက်ပွဲတွင် အနိုင်ရပါတီကိုအာဏာလွှဲအပ်မည်ဖြစ်ကြောင်းနှင့်အာဏာရပါတီကလွတ်‌တော်တွင်ဖွဲ့စည်းပုံအ‌ခြေခံဥပဒေရေးဆွဲကြရမည်ဖြစ်ကြောင်းနှင့်အာဏာလွှဲအပ်ပြီးပါကစစ်တပ်ကသူ့နေရာမှန်စစ်တန်းလျားပြန်ကြမည်ဖြစ်ကြောင်းပြည်သူကိုကတိကဝတ်ပြုခဲ့ဖူးသည်။

၁၉၉၀ မေလတွင်ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင်ဦးစီး၍ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကိုအောင်မြင်စွာခြိမ့်ခြိမ့်သည်းကျင်းပနိုင်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိခဲ့သော်လည်းအာဏာလွှဲပြောင်းပေးရန်အခြားဗိုလ်ချုပ်များကသဘောမတူခဲ့ကြဟုသတင်းများကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(ခြေ/ဥ)မရှိပဲအာဏာလွှဲပေးရန်မဖြစ်နိုင်ဟုဗိုလ်ချုပ်များကအကြောင်းပြခဲ့ကြသည်။‌မှော်ဘီ‌ညောင်နှစ်ပင်မှာအငြင်းပွားစရာပုဒ်မများစွာနဲ့ခြေ/ဥကို ၁၈ နှစ်ကျော်အချိန်ယူရေးဆွဲခဲ့ကြသည်။ဆန္ဒမဲပေးခွင့်ရှိသူ ၉၂.၄ % ကျော်က ၂၀၀၈ ခြေ/ဥကိုတခဲနက်ထောက်ခံကြသည်ဟုစစ်အာဏာရှင်(စာဖတ်‌နေသူကြီး)ကကမ္ဘာကိုဝမ်းသာအားရကြေညာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးစောမောင်ဇနီးဒေါ်အေးရီတွင်သားနှစ်ယောက်သမီးတစ်ယောက်နှင့်မြေးသုံးယောက်ရှိသည်။ဂေါက်သီးရိုက်အလွန်ဝါသနာပါပြီးဗုဒ္ဓဘာသာကိုင်းရှိုင်းသူတစ်ဦးဖြစ်သည့်ဗိုလ်ချုပ်မှုးကြီးသည် ၁၉၉၇ ခုနှစ်ဇူလိုင်လ ၂၄ ရန်ကုန်မြို့နေအိမ်၌ကွယ်လွန်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင်ဗိုလ်ချုပ်မှူးကြီးစောမောင်အား နစက (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ဥက္ကဋ္ဌကပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သောအဂ္ဂမဟာသရေစည်သူဘွဲ့နှင့်သုဓမ္မသင်္ဂဟဘွဲ့၊ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ကိုချီးမြှင့်အပ်နှင်းခဲ့သည်။


Source: Wikipedia
လွင်ဦး(ရန်ကင်း)

Address

Yangon

Alerts

Be the first to know and let us send you an email when Burma Record posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Burma Record:

Share

Category