Artist Gallery Cafe'- Online

Artist Gallery Cafe'- Online Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Artist Gallery Cafe'- Online, Art Gallery, Lamai Condo, , Myay Nu Street, Sanchung, Yangon.

💥💥💥ယခုတပတ် Artist Gallery Cafè ပန်းချီပြခန်းမှာ အွန်လိုင်းအရောင်းပန်းချီကား တင်ဆက်ပေးလိုက်ပါတယ်ရှင် 💥💥💥Artist နာမည်က Kya...
05/05/2024

💥💥💥ယခုတပတ် Artist Gallery Cafè ပန်းချီပြခန်းမှာ အွန်လိုင်းအရောင်းပန်းချီကား တင်ဆက်ပေးလိုက်ပါတယ်ရှင် 💥💥💥

Artist နာမည်က Kyaw Min Htoo ပါ
သူဟာ မွေးရာပါ စကားမပြောတတ်တဲ့သူဖြစ်ပါတယ်
ဒါပေမယ့် ပန်းချီမှာ အလွန်ကို အစွမ်းအစ ထက်မြက်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို
သူ့ရဲ့ artwork တွေကို မြင်လိုက်ရချိန်မှာ
သူ့ရဲ့ အနုပညာယုံကြည်နက်ရှိုင်းစိတ်ကို ကျမ မလေးစားပဲ မနေနိုင်တော့ပါဘူး
သူ့ကို စကားပြောချင်တဲ့အခါ စာရေးပြီး ပြောပြရတယ်
သူကလဲ စာရေးပြီး ပြန်ပြောတယ်
စကားပြောတဲ့အခါ ကျမတို့စကားသံကို သူ အများကြီးလိတ်ပတ်လည်အောင် နားမလည်ပါဘူး
အမူအရာတွေ ဟန်ပန်တွေနဲ့ပဲ သူနားလည်အောင် ပြောပြရပါတယ်
ဒါပေမယ့်လည်း ပန်းချီဆိုတာကို ခံစားဖို့က စကားတွေအများကြီး မလိုဘူးမဟုတ်လား
ရုပ်ပုံတစ်ခုကို မြင်လိုက်တာနဲ့ သူဘာတွေပြောပြနေတယ်ဆိုတာကို မြင်တွေ့ခံစားနိုင်တယ်လေ
အသံတိတ်အနုပညာရှင်ရဲ့ အရောင်တွေကနေ သူပြောပြချင်တဲ့ အသံတွေကို ကျမတို့ ခံစားကြည့်ကြဖို့
သူ့ရဲ့ ဖန်တီးထားတဲ့ အနုပညာတွေကို
လာမယ့်အပတ်မှာ Artist Gallery Cafè ပန်းချီပြခန်းမှ တင်ဆက်ပေးလိုက်ပါတယ်
ပန်းချီကားတွေကို ပြခန်းမှာလဲ လာရောက်ကြည့်ရှုလို့ရပါတယ်ရှင်
ဖုန်းလေးတော့ ကြိုဆက်ပေးဖို့ လိုပါတယ်နော်

🥰🥰အများကြီး နွေးထွေးစွာ ကြိုဆိုအားပေးကြဖို့ မျှော်လင့်ပါတယ် 🥰🥰
မသန်ပေမယ့် စွမ်းသော အနုပညာရှင် တစ်ဦးရဲ့ အနုပညာတွေကို
Artist Gallery Cafè ပန်းချီပြခန်းမှာ လာရောက်ခံစားကြည့်လှည့်ပါနော် 🥰🥰

10:00 AM to 5:00 PM

💒💒💒Artist Gallery Cafe'💒💒💒
No.99, Ground floor, Lamai Condo
Myay Nu Street, Sanchaung Tsp, Yangon
📞📞09778388841, 09795692033📞📞

➡️➡️➡️➡️ပြခန်းကိုရှာရလွယ်စေရန်
Google map link လေး
ထည့်ပေးထားပါတယ်ရှင်

https://maps.app.goo.gl/zvnnRF2SMMrbXrFb6

🧡💛🧡 #အတာသင်္ကြန်ဆိုတာ မြန်မာတွေရဲ့ရိုးရာ ယဥ်ကျေးမှု ဓလေ့စရိုက်ကို ဖော်ကြူးသော မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ် #မြန်မာ...
28/03/2024

🧡💛🧡 #အတာသင်္ကြန်ဆိုတာ မြန်မာတွေရဲ့ရိုးရာ ယဥ်ကျေးမှု ဓလေ့စရိုက်ကို ဖော်ကြူးသော မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ်

#မြန်မာ့နှစ်သစ်ကူးအခါသမယမှာ ပန်းချီအနုပညာကို
ချစ်မြတ်နိုးကြသူများအားလုံး မြန်မာပြည်သူပြည်သားအားလုံး ရွှင်လန်းကျန်းမာ ဘေးဘယာဝေးကြပါစေလို့
Artist Gallery Cafè ပန်းချီပြခန်းကြီးမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်

Artist Gallery Cafè ပန်းချီပြခန်းကြီးမှ
ဆရာဝင်းမြင့်မိုးရဲ့ ရေးဆွဲထားသော သင်္ကြန်အမှတ်တရ အနုပညာလက်ရာပန်းချီကားများကို တင်ဆက်ပေးရင်း
ဆရာ့ရဲ့အတ္ထုပတ္တိအကျဥ်းကိုပါ ဖော်ပြပေးလိုက်ပါတယ်

🏠🏠ဆရာဝင်းမြင့်မိုးကို ၁၉၅၅ အောက်တိုဘာ ၂ ရက်နေ့ ညောင်တုန်းမြို့မှာမွေးဖွားခဲ့ပါတယ်
🏢🏢၁၉၇၃ မှ ၁၉၇၆ အထိ ရန်ကုန် ပန်းချီပန်းပုကျောင်း ဆရာကြီးဦးသုခ၊ ဆရာကြီးဦးသိန်းဟံ၊ ဆရာကြီးဦးမြအေး၊ ဆရာကြီးဒေါက်တာဦးလွန်းကြွယ်တို့ထံမှ ပန်းချီပညာသင်ယူခဲ့ပါတယ်
🏆🏆၁၉၇၆ မှာ ဦးငွေကိုင်ပန်းချီထူးချွန်ဆု ရရှိခဲ့ပါတယ်
🎨🎨၁၉၇၇ တွင်ယဥ်ကျေးမှုဝန်ကြီးဌာန လက်ထောက်ပန်းချီဆရာအဖြစ် ဆရာကြီးဦးအမ်တင်အေး၊ ဦးအုန်းတင်၊ ဦးမင်းစံချိန်တို့နှင့်အတူ တာဝန်ထမ်းဆောင်ရင်း ပန်းချီပြပွဲတွေ ပါဝင်ပြသခဲ့ပါတယ်
🎨🎨၁၉၈၄ တွင်မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန ရုပ်မြင်အခမ်းအနားပန်းချီဆရာ
🎨🎨၁၉၉၁ တွင် ဇာတ်သဘင်နောက်ခံဂီတဆက်တင်
🎨🎨၁၉၉၄ တွင် အစိုးရအမှုထမ်းဘဝမှ အငြိမ်းစားယူကာ ပန်းချီကားများ ရေးဆွဲပြီး ပြည်တွင်းပြည်ပ ပန်းချီပြပွဲ ၁၀၀ ကျော်နှင့် solo ပြပွဲ ၉ ကြိမ်ပြသခဲ့ပါတယ်
🖼🖼၁၉၈၅ တွင် ဂျပန်နိုင်ငံ ဖူကူအိုကာ ပန်းချီပြပွဲ
🖼🖼၁၉၉၀ တွင် ကိုရီးယားမြန်မာ ပူးပေါင်းပန်းချီပြပွဲ
🖼🖼၁၉၉၄ တွင် မလေးရှား စင်္ကာပူ ထိုင်းနိုင်ငံ ပန်းချီပြပွဲ
🖼🖼၁၉၉၆ တွင် မြန်မာနိုင်ငံပန်းဆယ်မျိုးပန်းချီပြပွဲ၌ ဆီဆေး ပထမ၊ ပိုစတာ ပထမ၊ ရေဆေး ဒုတိယဆုရရှိခဲ့ပါတယ်
🖼🖼၂၀၁၅ တွင် ကိုရီးယားနိုင်ငံတွင်ကျင်းပသော ကမ္ဘာ့ရေဆေး ပန်းချီပြပွဲသို့ ပန်းချီဦးလှတင်ထွန်းနှင့်အတူ သွားရောက်ပြသခဲ့ပါတယ်
🖼🖼၂၀၁၅ ခုနှစ်မှာပဲ လန်ဒန်နေပီယာဟောလ်တွင် ပန်းချီပြပွဲထပ်မံပြသခဲ့ပါတယ်
ဆရာရေးဆွဲခဲ့တဲ့ နံရံပန်းချီကားတွေကို
မလေးရှားမှာရှိတဲ့ ပီနန်ဘုန်းကြီးကျောင်း
ပုဂံယဥ်ကျေးမှုပြတိုက်
ရန်ကုန်အမျိုးသားပြတိုက်
အမျိုးသားကဇာတ်ရုံ
မင်္ဂလာဒုံဆေးတက္ကသိုလ်
နေပြည်တော် သမတ္တအိမ်တော် သဘင်ဆောင်တို့မှာ အထင်ကရ တွေ့မြင်နိုင်ပါတယ်
၂၀၁၅ နောက်ပိုင်းမှာတော့ ကျန်းမာရေးအရ အနားယူရင်း အချိန်ရသရွေ့ ပန်းချီကားများသာ ဆက်လက်ဖန်တီးနေလျက်ရှိပါတယ်ရှင်

ဆရာဝင်းမြင့်မိုးရဲ့ ထင်ရှားတဲ့ အနုပညာလက်ရာပန်းချီများကတော့ ဇာတ်ပွဲအက၊ သင်္ကြန်၊ စျေး ၊ ရှင်ပြုစတဲ့ လှုပ်ရှားနေသော ပုံရိပ်များကို ရေးဆွဲရာမှာ အားပါသက်ဝင်ထင်ရှားလှပါတယ်

ယခု Artist Gallery Cafè ပန်းချီပြခန်းကြီးမှ ဆရာဝင်းမြင့်မိုးရဲ့ စုတ်ချက် အတက်အကျ အနိမ့်အမြင့် အဖိအဖော့လေးများနဲ့ အရောင်အလင်းပိုင်နိုင်စွာ တင်ပြထားသော ပန်းချီအနုပညာများကို တင်ဆက်ပြသပေးလိုက်ပါတယ်ရှင်

Artist Gallery Cafè
No 99, Ground floor Lamai Condo
Myay Nu Street Sanchaung Tsp.Yangon
09778388841,09795692033

Open Daily
10:00 AM to 6:00 PM

Artist Gallery Cafè မှ တမူထူးခြားစွာ တင်ဆက်မှုအဖြစ်Artist Gallery Cafè ပန်းချီပြခန်းကြီးကိုတည်ထောင်ဖွင့်လှစ်ထားသူလဲဖြစ်သ...
11/03/2024

Artist Gallery Cafè မှ တမူထူးခြားစွာ တင်ဆက်မှုအဖြစ်
Artist Gallery Cafè ပန်းချီပြခန်းကြီးကို
တည်ထောင်ဖွင့်လှစ်ထားသူလဲဖြစ်သလို
ကိုယ်တိုင် Abstract ပန်းချီကားတွေကို ၁၀ နှစ်ကျော် ရေးဆွဲခဲ့ပြီး ပန်းချီ ပြပွဲများစွာရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့
Artist K Mar Shinn ရဲ့ Abstract ပန်းချီကားတွေကို တင်ဆက်ပြသပေးချင်ပါတယ်ရှင်
Artist K Mar Shinn အနေနဲ့ Covid မတိုင်မီကာလတုန်းကတော့
Group ပန်းချီပြပွဲတွေမှာ ပါဝင်ပြသခဲ့ပေမယ့်
Covid အလွန် နောက်ပိုင်းမှာတော့
Solo ပန်းချီပြပွဲ ၂ ကြိမ်ကျင်းပခဲ့ပါတယ်
တကိုယ်တော်ပြပွဲတွေ ပြုလုပ်စဥ်တိုင်းမှာ
Artist လို့ မသုံးနှုန်းခဲ့ပဲ
Art by K Mar Shinn လို့သာ သူမရဲ့ အနုပညာကို
ရိုးရှင်းစွာ ခေါင်းစဥ်တပ် တင်ဆက်ပြသခဲ့ပါတယ်

ယခု ဒီပိုစ့်အောက်မှာ မခေမာရှင်းရဲ့ Artwork များကို တင်ဆက်ပြသထားပါတယ်ရှင်

ပန်းချီအနုပညာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Artist Gallery Cafè
No 99, Ground floor, Lamai Condo
Myay Nu Street Sanchaung Tsp.Yangon
09778388841, 09795692033

Open Daily
10:00 AM to 5:00 PM

https://maps.app.goo.gl/ohtvbaFEnkT4ykEk9

Artist Gallery Cafè ပန်းချီပြခန်းကြီးမှ မြန်မာ ပန်းချီဆရာများရဲ့လက်ရာကောင်း ထင်ရှားသော အနုပညာလက်ရာပန်းချီကားများကို အထူး...
11/03/2024

Artist Gallery Cafè
ပန်းချီပြခန်းကြီးမှ မြန်မာ ပန်းချီဆရာများရဲ့လက်ရာကောင်း ထင်ရှားသော အနုပညာလက်ရာပန်းချီကားများကို အထူးလျှော့ချထားသောစျေးနှုန်းများဖြင့် တင်ဆက်ပြသပေးလိုက်ပါသည်ရှင်
ပန်းချီတစ်ကားချင်းစီကို အသေးစိတ် ဖော်ပြပေးထားပါတယ်ရှင်

ကျယ်ဝန်းခမ်းနား သန့်ပြန့်ပြီး ကားပါကင်ရပ်နားရအဆင်ပြေသော တိတ်ဆိတ်အေးချမ်းသော ကွန်ဒိုမြေညီထပ်မှာ ဖွင့်လှစ်ထားရှိတဲ့
Artist Gallery Cafè ပန်းချီပြခန်းကြီးမှာလဲ အနုပညာချစ်သူများ ကိုယ်တိုင်ကိုယ်ကျ ဝင်ကြေးမရှိ လွတ်လပ်စွာ လာရောက်ကြည့်ရှုခံစား လေ့လာ ဝယ်ယူနိုင်ပါတယ်ရှင်

ပန်းချီအနုပညာချစ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Artist Gallery Cafè
No 99, Ground floor, Lamai Condo
Myay Nu Street Sanchaung Tsp.Yangon
09778388841, 09795692033

Open Daily
10:00 AM to 5:00 PM

https://maps.app.goo.gl/ohtvbaFEnkT4ykEk9

💥💥💥ယခုတပတ် Artist Gallery Cafè ပန်းချီပြခန်းမှာ ပြသမည့် ပြပွဲ 💥💥💥၂၀၂၄ ဇန်နဝါရီ ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ၅ ရက်တိုင် ကျင်းပ ပ...
25/01/2024

💥💥💥ယခုတပတ် Artist Gallery Cafè ပန်းချီပြခန်းမှာ ပြသမည့် ပြပွဲ 💥💥💥

၂၀၂၄
ဇန်နဝါရီ ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ
၅ ရက်တိုင် ကျင်းပ ပြသမယ့်
Spectrum Art
Group Art Exhibition ပြပွဲကြီးကို
Artist Gallery Cafè ပန်းချီပြခန်းကြီးမှာ
စည်ကားစွာ ကျင်းပပြသသွားမှာဖြစ်ပါတယ်ရှင်
Artist စုစုပေါင်း 28 ဦး ပါဝင်ပြီး
ထူးခြားချက်က ပန်းပုအဖြစ်အလှထားလို့ရသလို ပန်းချီအဖြစ် နံရံမှာချိတ်ထားလို့ရမယ့် ပန်းပုရုပ်တွေလဲ ပါဝင်ပြသထားမှာဖြစ်ပါတယ်

ပန်းချီအနုပညာချစ်သူများ အားလုံးကို ပြခန်းမှာ
ကြွရောက်ခံစားပေးကြဖို့ လေးစားစွာ ဖိတ်ကြားလိုက်ပါတယ်ရှင် 🙏🙏🙏

Art
Art Exhibition

(25. 1. 2024) to (29.1.2024)

10:00 AM to 5:00 PM

💒💒💒Artist Gallery Cafe'💒💒💒
No.99, Ground floor, Lamai Condo
Myay Nu Street, Sanchaung Tsp, Yangon
09778388841, 09795692033

🏡🏡 မြေနီကုန်း မဟာမြိုင် မှတ်တိုင် ၊ မဟာမြိုင်ဆေးခန်းဘေး ကပ်ရက်လမ်းက မြေနုလမ်းဖြစ်ပါတယ်
လမ်းရဲ့အလယ်မှာ ပန်းချီပြခန်းရှိပါတယ်ရှင် ..

💥💥💥ယခုတပတ် Artist Gallery Cafè ပန်းချီပြခန်းမှာ ပြသမည့် ပြပွဲ 💥💥💥ဒီတပတ် Artist Gallery Cafè ပန်းချီပြခန်းမှာ ပြသမယ့် ပြပ...
18/12/2023

💥💥💥ယခုတပတ် Artist Gallery Cafè ပန်းချီပြခန်းမှာ ပြသမည့် ပြပွဲ 💥💥💥

ဒီတပတ်
Artist Gallery Cafè ပန်းချီပြခန်းမှာ ပြသမယ့် ပြပွဲက
အရမ်းထူးခြားပါတယ်
Artist နာမည်က Kyaw Min Htoo ပါ
သူဟာ မွေးရာပါ စကားမပြောတတ်တဲ့သူဖြစ်ပါတယ်
ဒါပေမယ့် ပန်းချီမှာ အလွန်ကို အစွမ်းအစ ထက်မြက်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို
သူ့ရဲ့ artwork တွေကို မြင်လိုက်ရချိန်မှာ
ကျမ တအံ့တသြ မှတ်ချက်ပြုမိခဲ့ပါတယ်
သူက ဆိုလိုပြပွဲပြချင်တယ်လို့ပြောလာပြီး ပြပွဲစီစဥ်ချိန်မှာတော့ သူ့ရဲ့ အနုပညာယုံကြည်နက်ရှိုင်းစိတ်ကို ကျမ မလေးစားပဲ မနေနိုင်တော့ပါဘူး
သူ့ကို စကားပြောချင်တဲ့အခါ စာရေးပြီး ပြောပြရတယ်
သူကလဲ စာရေးပြီး ပြန်ပြောတယ်
စကားပြောတဲ့အခါ ကျမတို့စကားသံကို သူ အများကြီးလိတ်ပတ်လည်အောင် နားမလည်ပါဘူး
အမူအရာတွေ ဟန်ပန်တွေနဲ့ပဲ သူနားလည်အောင် ပြောပြရပါတယ်
ဒါပေမယ့်လည်း ပန်းချီဆိုတာကို ခံစားဖို့က စကားတွေအများကြီး မလိုဘူးမဟုတ်လား
ရုပ်ပုံတစ်ခုကို မြင်လိုက်တာနဲ့ သူဘာတွေပြောပြနေတယ်ဆိုတာကို မြင်တွေ့ခံစားနိုင်တယ်လေ
အသံတိတ်အနုပညာရှင်ရဲ့ အရောင်တွေကနေ သူပြောပြချင်တဲ့ အသံတွေကို ကျမတို့ ခံစားကြည့်ကြဖို့
သူ့ရဲ့ ဖန်တီးထားတဲ့ အနုပညာတွေကို
လာမယ့်အပတ်မှာ Artist Gallery Cafè ပန်းချီပြခန်းမှာ ပြသပါတော့မယ်ရှင်

🥰🥰အများကြီး နွေးထွေးစွာ ကြိုဆိုအားပေးကြဖို့ မျှော်လင့်ပါတယ် 🥰🥰
မသန်ပေမယ့် စွမ်းသော အနုပညာရှင် တစ်ဦးရဲ့ အနုပညာတွေကို
Artist Gallery Cafè ပန်းချီပြခန်းမှာ လာရောက်ခံစားကြည့်လှည့်ပါနော် 🥰🥰

ပြပွဲကျင်းပ ပြသမည့်ရက်ကတော့ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ၃ ရက်ပြသမှာဖြစ်ပါတယ်

🩷🩷🩷Lotus 🩷🩷🩷

Artist Kyaw Min Htoo
Lotus
Art Exhibition
(21. 12. 2023) to (23.12.2023)

10:00 AM to 5:00 PM

💒💒💒Artist Gallery Cafe'💒💒💒
No.99, Ground floor, Lamai Condo
Myay Nu Street, Sanchaung Tsp, Yangon
📞📞09778388841, 09795692033📞📞

➡️➡️➡️➡️ပြခန်းကိုရှာရလွယ်စေရန်
Google map link လေး
ထည့်ပေးထားပါတယ်ရှင်

https://maps.app.goo.gl/zvnnRF2SMMrbXrFb6

💥💥💥ယခုတပတ် Artist Gallery Cafè ပန်းချီပြခန်းမှာ ပြသမည့် ပြပွဲ 💥💥💥ဆရာမ ယုသီတာ ရဲ့ Colour Story လို့အမည်ပေးထားတဲ့ ပန်းချီပ...
07/12/2023

💥💥💥ယခုတပတ် Artist Gallery Cafè ပန်းချီပြခန်းမှာ ပြသမည့် ပြပွဲ 💥💥💥

ဆရာမ ယုသီတာ ရဲ့
Colour Story လို့အမည်ပေးထားတဲ့ ပန်းချီပြပွဲဖြစ်ပါတယ်ရှင်
ဆရာမ ယုသီတာရဲ့ ပထမဦးဆုံးအကြိမ် တကိုယ်တော်ပန်းချီပြပွဲဖြစ်ပါတယ်
ချစ်စရာ နှစ်သက်စရာ စိတ်နှလုံးကို ညှို့ယူဖမ်းစားနိုင်တဲ့ အရောင်လေးများနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားများကို ပြသသွားမှာဖြစ်ပါတယ်

ပန်းချီကားများကို အွန်လိုင်းမှကြည့်ရှုဝယ်ယူနိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်

ပန်းချီအနုပညာချစ်သူများ အားလုံးကိုလဲ ပြခန်းမှာ ကြွရောက်ခံစားပေးကြဖို့ လေးစားစွာ ဖိတ်ကြားပါတယ်ရှင်

🩷🩷🩷Colour Story 🩷🩷🩷

Artist Yu Thida
Art Exhibition
(9. 12. 2023) to (11.12.2023)

10:00 AM to 5:00 PM

Artist Gallery Cafe'
No.99, Ground floor, Lamai Condo
Myay Nu Street, Sanchaung Tsp, Yangon
09778388841, 09795692033

💥💥💥  Gallery Cafè ပန်းချီပြခန်းနှင့် လက်တွဲအလုပ်လုပ်ကြသော ပန်းချီဆရာ ပန်းချီဆရာမများအတွက် အထူးသတင်းကောင်းလေးတစ်ခု ပါးပါရ...
24/11/2023

💥💥💥 Gallery Cafè ပန်းချီပြခန်းနှင့် လက်တွဲအလုပ်လုပ်ကြသော ပန်းချီဆရာ ပန်းချီဆရာမများအတွက် အထူးသတင်းကောင်းလေးတစ်ခု ပါးပါရစေရှင် 💥💥💥
💝💝Artist Gallery Cafè ပန်းချီပြခန်းဟာ နေရာအချက်အခြာကျသော စမ်းချောင်းမြို့နယ် မြေနီကုန်း မဟာမြိုင်မှတ်တိုင်အနီးမှာ တည်ရှိပါတယ်
ကျယ်ဝန်းသော ကားပါကင်ပါရှိသော ၂ ထပ်ပန်းချီပြခန်းကျယ်ကြီး ဖြစ်ပါတယ်ရှင် 💝💝
💥💥💥ခေတ်ကာလ အခြေအနေများ စီးပွားရေးအခြေအနေများကို ငဲ့ကွက်သောအားဖြင့် ...

1.12.2023 နေ့မှစတင်၍
ပြခန်းကြေးအား
( ပန်းချီကား အကြီးအသေး ကား ၅၀ ဆံ့ဝင်သော )
ပြခန်း တစ်ထပ်စာအတွက် ယခင်မူလ သတ်မှတ်ထားသော
တစ်ရက်လျှင် ၂ သိန်း ၁ သောင်းကျပ်အစား
တစ်ရက်လျှင် ၁ သိန်း ၇ သောင်းကျပ်ဖြင့် ပြောင်းလဲ လျှော့ချ သတ်မှတ်လိုက်ပါတယ်ရှင်
ပြခန်းဒိတ် ယူပြီးသူများ အားလုံးအတွက်လဲ တစ်ရက်လျှင်
၁ သိန်း ၇ သောင်းကျပ်သာလျှင် ပေးရတော့မှာဖြစ်ပါတယ်..
ပန်းချီ ပြခန်း ၂ ထပ်စာ (ပန်းချီကားချပ်ရေ ၁၀၀ ကျော်ဆံ့ဝင်သော) ပြခန်း ၂ ထပ်စာအတွက်လဲ ယခင်သတ်မှတ်ထားသော တစ်ရက်လျှင် ၃ သိန်းခွဲကျပ်အစား
ယခု တစ်ရက်လျှင် ၂ သိန်း ၉ သောင်းကျပ်ဖြင့်
ပြန်လည်ပြင်ဆင် လျှော့ချ သတ်မှတ်ပေးလိုက်တဲ့အကြောင်း ဝမ်းသာစရာ သတင်းကောင်း ပါးလိုက်ပါတယ်ရှင်
ပြခန်းကြေးတွေ လျှော့ချပေးပြီးတဲ့အပြင်
ပန်းချီကား အပြင်ဘောင် support ပေးခြင်းများကိုလဲ ယခင်အတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမည့်အကြောင်း သတင်းပေးလိုက်ရပါတယ်ရှင်။
ပန်းချီချစ်သူများအားလုံး နှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါစေ။

Artist Gallery Cafè
No 99.Ground floor. Lamai Condo .
Myay Nu Street .Sanchaung Tsp.Yangon 09778388841,09795692033

https://maps.app.goo.gl/D9vYzEp7ortjwTf67

23/11/2023

💝💝💥💥မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာပြီး လိုရာဆန္ဒတွေ အမြန်ဆုံးပြည့်စေဖို့ Artist Gallery Cafè ပန်းချီပြခန်းမှ ဆုမွန်တောင်းလိုက်ပါတယ်ရှင် 💝💝💥💥

ဆရာဝင်းမြင့်မိုးရဲ့ ၂၀၀၀ ခုနှစ်လက်ရာ
ပုဂံနှစ်ပါးသွားအက ပန်းချီကား
ကျောက်ဂူထဲ ကညင်ဆီမီးတိုင်လေးနဲ့ ငြိမ့်ညောင်းသာယာလှစွာသော ပုဂံ အက ပန်းချီကားကြီးပါရှင်

ပြခန်းမှာ လာရောက်ကြည့်ရှုခံစားနိုင်ပါတယ်

Artist Win Myint Moe
Oil on Canvas
48" 42"
Year 2000

Artist Gallery Cafè
No 99.Ground floor. Lamai Condo .
Myay Nu Street .Sanchaung Tsp.Yangon 09778388841,09256217363

https://maps.app.goo.gl/4sx6XJf8M8RcBRzbA

💥💥💥ယခုတပတ် Artist Gallery Cafè ပန်းချီပြခန်းမှာ ပြသမည့် ပြပွဲ 💥💥💥ပန်းချီအနုပညာချစ်သူများ အားလုံး ကြွရောက်ခံစားပေးကြဖို့ ...
16/11/2023

💥💥💥ယခုတပတ် Artist Gallery Cafè ပန်းချီပြခန်းမှာ ပြသမည့် ပြပွဲ 💥💥💥

ပန်းချီအနုပညာချစ်သူများ အားလုံး ကြွရောက်ခံစားပေးကြဖို့ လေးစားစွာ ဖိတ်ကြားပါတယ်ရှင်

The Collector's Choice
Art Exhibition
(16. 11. 2023) to (20.11.2023)

The Collector's Choice ပန်းချီပြပွဲမှ ပန်းချီကားများကို အွန်လိုင်းမှ တင်ဆက်ပြသပေးလိုက်ပါတယ်ရှင်

10:00 AM to 5:00 PM

Artist Gallery Cafe'
No.99, Ground floor, Lamai Condo
Myay Nu Street, Sanchaung Tsp, Yangon
09778388841, 09795692033

💥💥💥 Artist U Hla Tin Htun ရဲ့  တစ်ကိုယ်တော် ပြပွဲ 🌺🌻💐🌼  Watercolour Outdoor Trip 🌹🥀🍁ဒီတပတ် Artist Gallery Cafè မှာ ဆရာကြ...
24/10/2023

💥💥💥 Artist U Hla Tin Htun ရဲ့ တစ်ကိုယ်တော် ပြပွဲ
🌺🌻💐🌼 Watercolour Outdoor Trip 🌹🥀🍁

ဒီတပတ် Artist Gallery Cafè မှာ
ဆရာကြီး ဦးလှတင်ထွန်း ရဲ့
Watercolour Outdoor Trip လို့အမည်ပေးထားတဲ့
တစ်ကိုယ်တော်ပန်းချီပြပွဲကို ကျင်းပပြသသွားမှာဖြစ်ပါတယ်ရှင်

ဆရာကြီးဦးလှတင်ထွန်းသည် မြန်မာ့ပန်းချီသမိုင်းအတွက် အထူးအရေးပါတဲ့ ပန်းချီဆရာကြီးတစ်ဦးဖြစ်ပါတယ်
ဆရာကြီးဟာ ၁၉၆၃ ခုနှစ်ကနေ ယနေ့အချိန်အထိ ပန်းချီနှင့် ပတ်သက်သော စာပေများ ၊ မြန်မာ့ပန်းချီသမိုင်း၏ထင်ရှားသော ပန်းချီဆရာကြီးများရဲ့
အတ္ထုပ္ပတ္တိစာအုပ်များ၊ ပန်းချီဆိုင်ရာ စာတမ်း မှတ်တမ်းများ၊ နှင့် ယနေ့အချိန်အထိ ဖြစ်ပေါ်နေတဲ့ ပန်းချီအနုပညာဆိုင်ရာ စာပေများကို ရေးသားပြုစုနေသူ ရေးသားပြုစုနေဆဲ ဆရာကြီးတစ်ဦးဖြစ်ပါတယ်ရှင်။
ပန်းချီဆိုင်ရာ စာအုပ်စာတမ်းများကို ရေးသားပြုစုရင်း
အားလပ်သောအချိန်များမှာ ပန်းချီရေးဆွဲခြင်းနဲ့ မွေ့လျော်နေလျှက်ရှိပါတယ်
သို့သော် ဆရာကြီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ အသက်အရွယ်အခြေအနေများကြောင့်
ပြင်ပသို့ မသွားရောက်နိုင်တော့ပဲ အိမ်တွင်းမှာသာ ရေးသားပြုစု အနုပညာဖန်တီးနေလျှက်ရှိပါတယ်။

ယခု ဆရာကြီးရဲ့ တကိုယ်တော်ပြပွဲမှာ
ယခင် ဆရာကြီးကျန်းမာရေးကောင်းစဥ်က နေရာအနှံ့ သွားလာရေးဆွဲခဲ့တဲ့ Outdoor ရေဆေး ပန်းချီကားများကို
Watercolour Outdoor Trip ဆိုတဲ့အမည်နဲ့ ပြပွဲပြုလုပ်ပြသမှာဖြစ်ပါတယ်ရှင်

ပန်းချီမှာ Outdoor နဲ့ Indoor ရေးဆွဲမှုရဲ့ ကွာခြားချက်ကလေးကို ကျမသိသလောက်ပြောရရင်..
Outdoor ရေးဆွဲမှုက ပိုမိုခက်ခဲပြီး ပညာသားပိုပါတယ်လို့ထင်ပါတယ်
လက်ရှိရောက်ရှိနေတဲ့နေရာမှာ ဖြစ်ပေါ်နေတဲ့ နေရောင်ခြည်၊ ရာသီဥတု၊ အလင်းအမှောင်၊ ပန်းချီကားကို နေရာရွေးချယ်ထားမှု အနေအထား စတာတွေကို တချိန်ထဲမှာ တွက်ချက်နေရာချပြီး ရေးဆွဲရတာမျိုးဖြစ်ပါတယ်
ရာသီဥတု နေရောင်ခြည် အလင်းအမှောင်ဆိုတာက
စက္ကန့်ပိုင်းအတွင်း ပြောင်းလဲနိုင်တဲ့သဘောတရားရှိပါတယ်
ဒါကို ရေးဆွဲနေတဲ့အချိန်အတွင်းမှာ လျှပ်တပြက်ဖမ်းယူရေးဆွဲရတာကြောင့် ပန်းချီပညာရှင်ရဲ့ ကျွမ်းကျင်နိုင်နင်းတဲ့ ဖန်တီးမှုစွမ်းရည်
ပညာ သဘာတွေနဲ့သာ အလွန်ကောင်းမွန်ပြည့်စုံတဲ့ ပန်းချီတစ်ကားကို ရရှိခြင်းဖြစ်ပါတယ်
Indoor ပန်းချီကားဆိုတာကတော့ နေရာတစ်ခုကနေ ကြိုက်နှစ်သက်လို့ရိုက်ယူလာတဲ့ပုံကို မိမိဆန္ဒရှိသလို ရေးဆွဲနိုင်တာကြောင့် ပြင်ပရဲ့ ရာသီဥတုကြောင့်ဖြစ်တဲ့ ပြောင်းလဲမှုတွေကို ထည့်တွက်စဥ်းစားစရာမလိုအပ်ပါဘူး
Outdoor နဲ့ Indoor ကွာခြားချက်ကို အရှင်းဆုံးနားလည်ရရင်တော့ ရုပ်အရှင်ကိုရေးနည်း နဲ့ ရုပ်အသေကိုရေးနည်းလို့ အလွယ်မှတ်ယူလို့ရပါတယ်
ပန်းချီဆရာအများစုဟာ ရုပ်အရှင်ရေးနည်းဖြစ်တဲ့
Outdoor ရေးနည်းကို အလွန်နှစ်သက်စွာ ရေးဆွဲကြပါတယ်

ယခု ဒီပြပွဲမှာ ဆရာကြီးရဲ့ ယခင်က ရေးဆွဲခဲ့တဲ့
လက်ရာအလွန်မြောက်လှသော
Outdoor ပန်းချီကားပေါင်း
၃၀ တိတိကို ခင်းကျင်းပြသထားမှာမို့
မလွတ်တမ်း ကြည့်ရှု လေ့လာဖို့ လေးစားစွာ ဖိတ်ခေါ်ပါရစေရှင်...။



💥💥💥ပြပွဲ ကျင်းပပြသမည့် ရက်ကတော့
၂၇.၁၀.၂၀၂၃ မှ
၂၉.၁၀.၂၀၂၃ အထိ ၃ ရက်တိတိပြသမှာဖြစ်ပါတယ်

ပြပွဲအချိန်
နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပါတယ်ရှင်

ပန်းချီအနုပညာချစ်သူများအားလုံး
Watercolour Outdoor Trip
ပန်းချီပြပွဲသို့ ကြွရောက်ခံစားကြပါရန် လေးစားစွာ ဖိတ်ကြားလိုက်ပါတယ်ရှင် .

https://maps.app.goo.gl/ohtvbaFEnkT4ykEk9

Address

Lamai Condo, , Myay Nu Street, Sanchung
Yangon
22222

Website

Alerts

Be the first to know and let us send you an email when Artist Gallery Cafe'- Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category