Taunggyi Art Gallery

Taunggyi Art Gallery Paints, Photographs Gallery Phone; 09695165679
page; Taunggyi Art Gallery

တောင်ကြီးမြို့ မှာ Art Gallery ရှိပါပြီ………..
ယခင်က ပန်းချီဆရာတွေ၊ ဓာတ်ပုံဆရာတွေ ကသူတို့လက်ရာတွေကို သူတို့အိမ်နံရံမှာပဲ ပြသနေရာကနေ အခုတော့ Art Gallery မှာစနစ်တကျနင့် တန်ဘိုးထားပြသနိုင်နေပါပြီ……
တည်နေရာကတော့ မြို့လည်ခေါင်မဟုတ်ပါဘူး…..
တောင်ကြီးမြို့မြောက်ဖက် ကရင်မရေထွက်ကနေ မြောက်ဖက်တည့်တည့်ဆင်းသွားတဲ့ ပလီလင်းရွာ အဆင်းလမ်းမှာဖြစ်ပါတယ်…။ ကားလမ်းဘေးခြောက်ထပ်တိုက်အလွန်ကွေ့ ကားလမ်းဘယ်ဘက်ဘေးမှာပါပဲ….။
တိတ

်ဆိတ်တဲ့ပါတ်ဝန်းကျင်…. စိမ်းလမ်းတဲ့သစ်ပင်အုပ်လေးကြားမှာ …. ကောင်းမွန်တဲ့ လေးစီးဆင်းမှုစနစ်…. ပန်းချီကား ဓာတ်ပုံကားများအပေါ်မီးအလင်းပေးမှု….ငြိမ့်ညောင်းတဲ့ တေးဂီတသံတိုးတိုးလေး ကိုနားဆင်ရင်း ပြသထားတဲ့ အနုပညာလက်ရာများကို အေးအေးဆေး ဆေး သက်သက်သာသာ ခံစားကြည့်ရှုနိုင်ပါတယ်…..
ပြခန်းဝင်ကြေးအခမဲ့ဖြစ်ပါတယ်…..
နေ့စဉ် နံနက်ကိုးနာရီကနေ ညနေငါးနာရီအထိ ပြခန်းဖွင့်ထားပြီး တနင်္လာနေ့တိုင်းပြခန်းပိတ် ပါတယ်….။
တောင်ကြီးမြို့ရဲ့အနုပညာ ရပ်ဝန်းလေးတစ်ခုဖြစ်တဲ့ Taunggyi Art Gallery ကို လူသားတိုင်း အတွက်ဖွင့်လှစ်ထားပါတယ်……
ငွေကြေးအတွက်မဟုတ်ပါဘူး…… အနုပညာကို မျှဝေခံစားစေချင်တဲ့ ရည်ရွယ်ချက်တစ်ခုသာပါ…
(တနင်္ဂနွေတိုင်း နံနက် ဆယ်နာရီ ကနေစပြီး ပန်းချီဆရာများလက်တွေ့ရေးဆွဲပြသခြင်းနင့် documentary film များပြသခြင်းကိုလည်း အခမဲ့ ဆောင်ရွက်ပြသပေးနေပါတယ်….)
အားလုံးကိုဖိတ်ခေါ်ပါတယ်…………….

Address

Palilin Village
Taunggyi
06015

Alerts

Be the first to know and let us send you an email when Taunggyi Art Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Taunggyi Art Gallery:

Share

Category