Heart of Pindaya

Heart of Pindaya HOP Gallery, Coffee & Bar and Property in Pindaya

The H.O.P Coffee Group ရဲ့ SL34 အပင်လေးတွေ တိုးတက်မှုမှတ်တမ်းလေးပါ… Heart of Pindaya
11/04/2026

The H.O.P Coffee Group ရဲ့ SL34 အပင်လေးတွေ တိုးတက်မှုမှတ်တမ်းလေးပါ…


Heart of Pindaya

10/10/2025

ဆောက်လုပ်ရေးကုမ္ပဏီအပ်ပြီး အိမ်ဆောက်ချင်သူတို့လေ့လာသိရှိထားရမဲ့ အရေးကြီးအချက်(၅၀)

ကုမ္ပဏီရွေးချယ်ခြင်းဆိုင်ရာ အချက်များ

1. လုပ်ငန်းအတွေ့အကြုံ: ကုမ္ပဏီတည်ထောင်သည့်နှစ်၊ လုပ်ကိုင်ခဲ့သည့် ဆောက်လုပ်ရေးစီမံကိန်းအရေအတွက်နှင့် အမျိုးအစားများ။

2. ဂုဏ်သတင်း: ယခင်လက်ရာများ၏ အရည်အသွေးနှင့် ဝန်ဆောင်မှုအတွေ့အကြုံများကို လေ့လာခြင်း။

3. တရားဝင်မှု: စီးပွားရေးလုပ်ငန်းမှတ်ပုံတင်ခြင်း၊ ဆောက်လုပ်ရေးလိုင်စင် စသည်တို့ ရှိ/မရှိ စစ်ဆေးခြင်း။

4. အာမခံ: လုပ်ငန်းခွင်မတော်တဆထိခိုက်မှုအာမခံ၊ တာဝန်ခံအာမခံ စသည်တို့ ရှိ/မရှိ။

5. ငွေကြေးတည်ငြိမ်မှု: ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေ ခိုင်မာမှုရှိခြင်း။

6. ပရော်ဖက်ရှင်နယ်မှု: ဝန်ထမ်းများ၏ ဆက်ဆံရေး၊ တုံ့ပြန်မှုနှုန်းနှင့် အလုပ်အပေါ် သဘောထား။

7. အကြံပြုချက်များ: ယခင်လုပ်ငန်းရှင်များထံမှ အကြံပြုချက်များတောင်းခံ၍ အတည်ပြုခြင်း။

8. ဒီဇိုင်းစွမ်းရည်: ကုမ္ပဏီ၏ ဗိသုကာနှင့် ဒီဇိုင်းဝန်ဆောင်မှုများ ရှိ/မရှိ။

9. အထောက်အကူပြုဝန်ဆောင်မှုများ: မြေပြင်စစ်ဆေးခြင်း၊ ခွင့်ပြုချက်ရယူခြင်း စသည့် ဝန်ဆောင်မှုများ ပေးနိုင်မှု။

10. လုပ်ငန်းခွင် စီမံခန့်ခွဲမှု: လုပ်ငန်းကြီးကြပ်ရေးမှူး (Site Supervisor/Manager) ရှိ/မရှိ။

ခန့်မှန်းစရိတ်နှင့် ငွေးကြေးဆိုင်ရာ အချက်များ

1. အသေးစိတ်ခန့်မှန်းစရိတ်: လိုအပ်သော ကုန်ကျစရိတ်အားလုံးပါဝင်သည့် ရှင်းလင်းသော ခန့်မှန်းခြေငွေစာရင်း။

2. စရိတ်ခွဲခြမ်းစိတ်ချရမှု: ခန့်မှန်းစရိတ်တွင် မည်သည့်အရာများ ပါ/မပါ ရှင်းလင်းစွာဖော်ပြခြင်း။

3. အပိုဆောင်းစရိတ်: မမျှော်လင့်ထားသော
ကုန်ကျစရိတ်များအတွက် ချမှတ်ထားသော ဘတ်ဂျက် (ဥပမာ - ၁၀% မှ ၁၅%)။

4. ငွေပေးချေမှုပုံစံ: ငွေကြေးအရစ်ကျ ပေးချေမှုအစီအစဉ် (Payment Schedule) ကို ရှင်းလင်းစွာနားလည်ခြင်း။

5. ကြိုတင်ငွေ: ကြိုတင်ငွေပေးချေမှု၏ ရာခိုင်နှုန်း ။

6. ပစ္စည်းခ နှင့် အလုပ်သမားခ: ခန့်မှန်းစရိတ်တွင် ပစ္စည်းခနှင့် အလုပ်သမားခ ခွဲခြားဖော်ပြထားခြင်း။

7. ဈေးနှုန်းပြောင်းလဲမှု: ဈေးနှုန်းများ တက်သွားပါက မည်သို့ဖြေရှင်းမည်နည်း။

8. အာမခံချက်: ဆောက်လုပ်ပြီးစီးသည့် အဆောက်အဦအတွက် အာမခံသက်တမ်းကာလနှင့် အချက်အလက်များ။

စာချုပ်နှင့် ဥပဒေရေးရာ အချက်များ

1. ရေးထားးစာချုပ်: နှုတ်ဖြင့်သဘောတူခြင်းမျိုးမဟုတ်ဘဲ ရေးသားထားသော စာချုပ်ကို လက်မှတ်ရေးထိုးခြင်း။

2. စာချုပ်အသေးစိတ်: စာချုပ်တွင် လုပ်ငန်းအပြည့်အစုံ၊ လုပ်ငန်းကာလ၊ စရိတ်၊ ငွေပေးချေမှုပုံစံ၊ အာမခံချက်များ ပါဝင်ခြင်း။

3. ပြင်ဆင်ချက်များ: လုပ်ငန်းအတွင်း ပြောင်းလဲမှုများအတွက် ပြင်ဆင်ချက် (Variation Order) ရေးသားခြင်း။

4. ပြဋ္ဌာန်းချက်များ: ဥပဒေနှင့်အညီ ပဋိညာဉ်ပျက်ကွက်ပါက ဖြေရှင်းပုံများ ထည့်သွင်းခြင်း။

5. အငြင်းပွားမှုဖြေရှင်းခြင်း: အငြင်းပွားမှုဖြစ်ပွားပါက တရားရုံးသို့မတိုင်မီ ဖြေရှင်းနိုင်သော နည်းလမ်းများ (ညှိနှိုင်းဆောင်ရွက်ခြင်း)။

6. ပိုင်ဆိုင်မှုနှင့် ခွင့်ပြုချက်များ: ဆောက်လုပ်ရေးအတွက် လိုအပ်သော ခွင့်ပြုချက်အားလုံး ကုမ္ပဏီမှ ရယူပေးမည်ဟု အာမခံခြင်း။

ဒီဇိုင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်း အချက်များ

1. ရည်မှန်းချက်နှင့် လိုအပ်ချက်များ: ကိုယ်တိုင်လိုချင်သော ဒီဇိုင်း၊ လုပ်ဆောင်ချက်များကို ရှင်းရှင်းလင်းလင်းသိရှိခြင်း။

2. အသုံးပြုမည့်ပစ္စည်းများ: ဆောက်လုပ်ရာတွင် အသုံးပြုမည့် ပစ္စည်းများ၏ အရည်အသွေး၊ အမျိုးအစားနှင့် ကုန်တံဆိပ်များ။

3. အဆင့်မြင့်စံချိန်စံညွှန်းများ: ဆောက်လုပ်ရေးတွင် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခြင်း။

4. စွမ်းဆောင်ရည်: စွမ်းအင်ချွေတာရေး၊ ရေခံမြေခံဒဏ်ခံနိုင်ရည် စသည်တို့အတွက် ဒီဇိုင်း။

5. အဆောက်အဦလုံခြုံရေး: မီးဘေး၊ ငလျင်ဘေးအတွက် ကာကွယ်ရေး စနစ်များ။

6. အဆောက်အဦအသုံးပြုမှု: လူနေမှုပုံစံနှင့် ကိုက်ညီသော အခန်းခွဲခြား၊ အလင်းရောင်၊ လေဝင်လေထွက်စနစ်။

လုပ်ငန်းစဉ်ကြီးကြပ်ခြင်းနှင့် ဆက်သွယ်ရေး အချက်များ

1. ဆက်သွယ်ရေးလမ်းကြောင်း: လုပ်ငန်းကြီးကြပ်ရေးမှူး (Site Supervisor) နှင့် တိုက်ရိုက်ဆက်သွယ်ခွင့်ရှိခြင်း။
2. အစီရင်ခံစာများ: ပုံမှန်လုပ်ငန်းတိုးတက်မှု အစီရင်ခံခြင်း။

3. ညှိနှိုင်းအစည်းအဝေးများ: လိုအပ်ပါက ညှိနှိုင်းအစည်းအဝေးများ ခေါ်ယူခြင်း။

4. ပြဿနာဖြေရှင်းခြင်း: ပြဿနာတက်ပါက မည်သို့ဆက်သွယ်ဖြေရှင်းမည်နည်း။

5. ဆုံးဖြတ်ချက်များ: ဒီဇိုင်းပြောင်းလဲမှုကဲ့သို့သော အရေးကြီးဆုံးဖြတ်ချက်များတွင် ခွင့်ပြုချက်ရယူခြင်း။

လုံခြုံရေးနှင့် ပတ်ဝန်းကျင် အချက်များ

1. လုပ်ငန်းခွင်လုံခြုံရေး: ဆောက်လုပ်ရေးနေရာတွင် လုံခြုံရေးစနစ်များ ချမှတ်ထားခြင်း။

2. ပတ်ဝန်းကျင်ထိခိုက်မှု: ဆောက်လုပ်ရေးလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် ဆောင်ရွက်ခြင်း။

3. အမှိုက်စွန့်ပစ်ခြင်း: ဆောက်လုပ်ရေးအမှိုက်များကို ဥပဒေနှင့်အညီ စွန့်ပစ်ခြင်း။

4. အနီးအနားအိမ်ထောင်စုများနှင့် ဆက်ဆံရေး: ဆောက်လုပ်ရေးလုပ်ငန်းကြောင့် အနီးအနားရှိ အိမ်ထောင်စုများအား နှောင့်ယှက်ခြင်းမရှိစေရန်။

လက်တွေ့လုပ်ငန်းစဉ် အချက်များ

1. လုပ်ငန်းအချိန်ဇယား: ဆောက်လုပ်ရေးကာလ အတိအကျသတ်မှတ်ခြင်း။

2. လုပ်ငန်းတိုးတက်မှု: ဇယားအတိုင်း လုပ်ငန်းတိုးတက်မှုရှိ/မရှိ ပုံမှန်စစ်ဆေးခြင်း။

3. အရည်အသွေးထိန်းသိမ်းခြင်း: ဆောက်လုပ်ရေးအဆင့်ဆင့်တွင် အရည်အသွေးစစ်ဆေးခြင်း။

4. ပစ္စည်းမှန်ကန်ခြင်း: အသုံးပြုသည့်ပစ္စည်းများ မှာယူထားသည့် အရည်အသွေးနှင့် ကိုက်ညီခြင်း။

5. လုပ်သားအင်အား: လုံလောက်သော ကျွမ်းကျင်လုပ်သားအင်အား ရှိခြင်း။

6. ပစ္စည်းပို့ဆောင်ရေး: ပစ္စည်းများ အချိန်မီရောက်ရှိခြင်း။

ပြီးစီးခြင်းနှင့် နောက်ဆက်တွဲ အချက်များ

1. လက်ခံစစ်ဆေးခြင်း: ဆောက်လုပ်ပြီးစီးချိန်တွင် အိမ်ရှင်မှ လက်ခံစစ်ဆေးခြင်း (Final Inspection)။

2. ပြဿနာရှာဖွေခြင်း: လက်ခံစစ်ဆေးချိန်တွင် ချို့ယွင်းချက်များရှိပါက မှတ်တမ်းတင်ခြင်း။

3. ချို့ယွင်းချက်ပြင်ဆင်ခြင်း: လက်ခံစစ်ဆေးချိန်တွင်တွေ့ရှိရသော ချို့ယွင်းချက်များကို ပြင်ဆင်ခိုင်းခြင်း။

4. ဆောက်လုပ်ရေးပြီးစီးသည့် စာရွက်စာတမ်းများ: ဆောက်လုပ်ရေးပြီးစီးကြောင်း အတည်ပြုချက်၊ အာမခံစာရွက်စာတမ်းများ ရယူခြင်း။

5. နောက်ဆက်တွဲဝန်ဆောင်မှု: ဆောက်လုပ်ပြီးနောက်
ပြင်ဆင်ရမည့်ကိစ္စရပ်များအတွက် ဝန်ဆောင်မှုပေးခြင်း။

စတဲ့အချက်တွေပဲဖြစ်ပါတယ်။ဒီအချက်တွေကို လေ့လာပြီးပြီဆိုရင်တော့ သင့်တော်တဲ့ Construction ကုမ္ပဏီကို အလုပ်အပ်လို့ရပါပြီ။

Construction နဲ့ လက်တွဲတည်ဆောက်ခြင်းရဲ့ အကျိုးကျေးဇူးများ 🏗️🏗️

အိမ်ဆောက်တယ်ဆိုတာက အသိအင်ဂျင်နီယာတွေနဲ့ပဲ လက်တွဲဆောက်လို့ရတယ်ဆိုပေမယ့် Construction နဲ့ လက်တွဲတည်ဆောက်မယ်ဆိုရင်တော့ အိမ်ဆောက်တယ်ဆိုတာထက် ပိုသွားပါပြီ 👷👷

ဘာလို့လဲဆိုရင်တော့

✅၁။ ကျွမ်းကျင်ပညာရှင်အဖွဲ့အစည်း။

ဗိသုကာပညာရှင် (Architects)၊ အင်ဂျင်နီယာမျိုးစုံ (Structural, M&E) နဲ့ စီမံခန့်ခွဲသူ (Project Managers) စတဲ့ အတွေ့အကြုံရှိ ကျွမ်းကျင်သူအဖွဲ့အစည်းတစ်ခုလုံးရဲ့ အကူအညီကို ရရှိမှာဖြစ်ပါတယ်။

✅၂။ စနစ်တကျစီမံခန့်ခွဲမှု။

လုပ်ငန်းခွင်ကို အဆင့်ဆင့် ခွဲခြားပြီး အချိန်ဇယား (Schedule)၊ ကုန်ကျစရိတ် (Budget) နဲ့ လုပ်သားအင်အား (Manpower) ကို စနစ်တကျ စီမံခန့်ခွဲပေးပါတယ်။

✅ ၃။ အရည်အသွေးအာမခံချက်။

အသုံးပြုမယ့် ဆောက်လုပ်ရေးပစ္စည်း (Materials) ရဲ့ အရည်အသွေးကအစ၊ အပြီးသတ် လက်ရာအထိ စံချိန်စံညွှန်း ပြည့်မီအောင် စိစစ်ကြီးကြပ်ပေးပါတယ်။

✅ ၄။ ဘေးအန္တရာယ်ကင်းရှင်းရေး။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများ (Safety Standards) ကို စနစ်တကျလိုက်နာဆောင်ရွက်ပြီး မလိုလားအပ်တဲ့ မတော်တဆမှုများ မဖြစ်ပွားစေဖို့ ကြိုတင်ကာကွယ်ပေးပါတယ်။

✅ ၅။ ဥပဒေနှင့်အညီဆောင်ရွက်မှု။

တည်ဆောက်ရေးနဲ့ပတ်သက်တဲ့ ဒေသဆိုင်ရာ ဥပဒေများ (Local Building Codes)၊ ခွင့်ပြုမိန့်များနဲ့အညီ မှန်ကန်စွာ တည်ဆောက်ပေးနိုင်ပါတယ်။

✅ ၆။ ကုန်ကျစရိတ် ထိန်းချုပ်နိုင်မှု။

လိုအပ်တဲ့ ပစ္စည်းများကို ဈေးနှုန်းသင့်တင့်စွာနဲ့ အရည်အသွေးမြင့် ပေးသွင်းနိုင်တဲ့ ကွန်ယက်ရှိတာကြောင့် ကုန်ကျစရိတ်ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ပါတယ်။

✅ ၇။ ခေတ်မီနည်းပညာ အသုံးပြုခြင်း။

ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ပိုမို မြန်ဆန်တိကျစေမယ့် ခေတ်မီပစ္စည်းကိရိယာများ (Modern Equipment) ကို အသုံးပြုတည်ဆောက်နိုင်ပါတယ်။

✅ ၈။ စီမံကိန်းအာမခံနှင့် တာဝန်ယူမှု။

ဆောက်လုပ်မှု ပြီးစီးပြီးနောက်ပိုင်း သတ်မှတ်ထားတဲ့ ကာလတစ်ခုအထိ အဆောက်အအုံကို အာမခံပေးခြင်း နဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာများကို တာဝန်ယူဖြေရှင်းပေးခြင်းတို့ကို ရရှိနိုင်ပါတယ်။

✅ ၉။ အကောင်းဆုံး ဒီဇိုင်းရေးဆွဲမှု။

သင့်ရဲ့လိုအပ်ချက်၊ မြေနေရာရဲ့အနေအထား၊ ရာသီဥတုတို့ကို ထည့်သွင်းစဉ်းစားပြီး လက်တွေ့ကျပြီး ခိုင်ခံ့လှပတဲ့ ဒီဇိုင်း များကို ဖန်တီးပေးနိုင်ပါတယ်။

✅၁၀။ စိတ်ဖိစီးမှု လျော့ကျခြင်း။

ပိုင်ရှင်အနေဖြင့် နေ့စဉ်လုပ်ငန်းခွင် ကြီးကြပ်မှု၊ ပစ္စည်းဝယ်ယူမှု၊ အလုပ်သမားစီမံခန့်ခွဲမှု စတဲ့ စိန်ခေါ်မှုများအတွက် စိတ်ပူစရာမလိုဘဲ Construction လုပ်ငန်းရဲ့ စနစ်တကျ ဝန်ဆောင်မှုကို ယုံကြည်အပ်နှံထားနိုင်ပါတယ်။

စတဲ့ အကျိုးကျေးဇူးတွေကို အပြည့်အစုံရရှိနိုင်မှာပဲ ဖြစ်ပါတယ် 👷👷

———————————————————————

𝐋𝐮𝐜𝐤𝐲 𝐃𝐨𝐧𝐞 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က အရည်အသွေးပြည့်ဝပြီး ကျွမ်းကျင်တဲ့ 𝐈𝐧-𝐡𝐨𝐮𝐬𝐞 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐞, 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫, 𝐒𝐤𝐢𝐥𝐥𝐬 𝐋𝐚𝐛𝐨𝐮𝐫 တွေပူးပေါင်းပြီး သင့်အတွက် အဘက်ဘက်က အကောင်းဆုံး Luxury Home တစ်လုံးကို ဆောက်လုပ်ပေးဖို့ အသင့်ပါပဲ 👷‍♀️👷‍♀️

အသေးစိတ်သိချင်ရင်တော့ 💬 Page Chat Box (သို့မဟုတ်) ☎️ 09 400010257,09 951517749 , 09 792462951 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

🏠ရုံးလိပ်စာ - No(1272), Kinwon Street,42Ward,Near Zawgyi Bus stop,North Dagon Tsp,Ygn.

📲 ဖုန်းနံပါတ် - 09 400010257,09 951517749, 09 792462951


&decoration
#ဆောက်လုပ်ရေး #အိမ်ဆောက်လုပ်

22/08/2025

🏠 အိမ်မက်အိမ်လေးတွေရဲ့ ခရီးလမ်းအစ
============================
မကြာမှီ ပင်းတယမြို့မှာ ပေါ်ပေါက်လာတော့မယ့် Royal Elite Villa အိမ်ရာစီမံကိန်းရဲ့ မြေနေရာရှင်းလင်းမှုကို စတင်နေတာလေးကို မျှဝေပေးလိုက်ပါတယ်။

🌟 မြေကွက်လပ်တစ်ခုကနေ အနာဂတ်မှာ အေးချမ်နွေးထွေးတဲ့ အိမ်လေးတွေအဖြစ် ပြောင်းလဲဖို့ ပထမဆုံး ခြေလှမ်းဆိုလဲမမှားပါဘူး။

🌟 ကျွန်တော်တို့ဟာ သင့်ရဲ့မိသားစုအတွက် သက်တောင့်သက်သာရှိပြီး ပျော်ရွှင်စရာတွေ ဖန်တီးပေးနိုင်မယ့် နေရာတစ်ခုဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။

🌟 ဒီမြေနေရာပေါ်မှာ သင့်ရဲ့ အိမ်မက်တွေ၊ သင့်ရဲ့ ပျော်ရွှင်မှုတွေနဲ့ သင့်ရဲ့ အနာဂတ်တွေ စတင်အသက်ဝင်လာမှာပါ။

🛎 ဒီခရီးလမ်းကို ကျွန်တော်တို့နဲ့အတူတူ လိုက်ပါပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

===========================================
[ Royal Elite Villa (Pindaya) ]
Phone: (+959) 508 7837, 430 30 864
Viber No: 09 430 30 864
Email: [email protected]

#ပင်းတယ

06/07/2025

Size (Weight) လျော့ သံချောင်းလုံးတွေနဲ့ ပြည်တွင်းဆောက်လုပ်ရေး

Local သံတွေက ဆိုဒ်လျော့တယ်။ 16mm လို့ တံဆိပ်ရိုက်ထားလည်း တိုင်းကြည့်ရင် 13mm စွန်းစွန်းပဲရှိတယ်။ 20mm ဆိုရင် 17mm လောက်ပဲရှိတယ်။ China origin လို့ခေါ်တဲ့ တရုတ်သံ လည်း size (weight) လျော့တာပဲ။ တရုတ်သံ အားသာတာက bending test အောင်တယ်။ local သံကတော့ ကျိုးတာများတယ်။ tensile strength အနေနဲ့ကတော့ နှစ်ခုလုံးကောင်းကြပါတယ်။ (မြန်မာသံတွေက တရုတ်စက်တွေ တရုတ် နည်းပညာနဲ့ Chinese standard ကို သုံးပါတယ်တဲ့)

Size လျော့တဲ့ ပြဿနာ

Structure designer က column မှာ 20mm dia 6-ချောင်းထည့်ခိုင်းတယ်။ 20mm လို့ တံဆိပ်ရိုက်ထားတဲ့ local/China သံကို 6-ချောင်းထည့်တယ်။ သူ အမှန်ထည့်တယ်ပေါ့။ တကယ်က သူထည့်လိုက်တာ 17mm သာသာ သံချောင်း 6-ချောင်းပဲ ထည့်လိုက်တာပါ။ Column မှာ design အရတကယ်လိုအပ်မယ့် minimum steel area မှာ အများကြီး လျော့သွားပြီ။ ဒါကို designer ကလည်း (သူ မစစ်ဆေးရလျင်) မသိနိုင်ပါ။

ဘယ်လိုဖြေရှင်းနိုင်မလဲ?

ဈေကွက်မှာ size ပြည့်၀ယ်လို့ မရလျင် အနီးစပ်ဆုံး size တစ်ဆင့်မြင့်တဲ့ သံ (design 16mm ဆိုရင် 18mm ဆိုဒ်လျော့ သုံးတာမျိုး၊ 18mm ဆို 20mm ဆိုဒ်လျော့သုံးလိုက်တာမျိုး) သုံးမယ်။
နောက်တနည်းက 20mm 6-ချောင်းသုံးရမယ်ဆိုရင် 20mm ဆိုဒ်လျော့ကို steel area တွက်ကြည့်ပြီး အချောင်းရေ ပိုထည့်တာမျိုး လုပ်နိုင်မယ်။ ဒါမှ မဟုတ် structural designer ကို ကြိုမေးထားပြီး သူပေးထားတဲ့ design ထက် ဘယ်လောက် အလျော့ခံနိုင်တဲ့ သံချောင်းသုံးလို့ရမလဲ ဆိုတာ မျိုးလည်း ပြုလုပ်နိုင်ပါတယ်။

ဆိုက်တစ်ခုမှာဆိုရင် ဆိုဒ်လျော့တွေ သုံးလိုက်တယ်။ ကျနော်တို့ဘက်က Structural designer ရဲ့ လက်ရှိသုံးလိုက်တဲ့ ဆိုဒ်လျော့နဲ့ design ပိုင်းမှာ ပြဿနာမရှိပါဆိုတဲ့ Design verification တွက်ချက်မှုပြန်တောင်းထားတယ်။ ဒါရရင်လည်း design ok လို့ ပြဿနာမရှိဘူး။ (Design verification ပြန်လုပ်တာမှာလည်း မူလကတည်းက designer အနေနဲ့ steel ratio ကို မြှင့်ထားမှသာ ဆိုဒ်လျော့သံရဲ့ steel area ကို ကာမိနိုင်တာမျိုးပါ။ ဖြေရှင်းလေ့ရှိတဲ့ နည်းလမ်းတော့မဟုတ်ပါဘူး)

အလွှာမြင့်တိုက်တွေရဲ့ Column တွေမှာ ဆိုဒ်လျော့တွေသုံးလိုက်ရင်၊ Design verification ပြန်မလုပ်နိုင်ရင် ပြဿနာ ကြီးနိုင်ပါတယ်။ Column ရဲ့ minimum steel area ဟာ Column area ရဲ့ 1%ရှိသင့်တယ်လို့ ACI 318 မှာ ပြဌာန်းထားပါတယ်။ ဆိုဒ်လျော့သံတွေထည့်ထားတဲ့ column ဟာ 1% steel area ထက်နည်းဖို့ ဖြစ်နိုင်ချေများတယ်။

Column တွေကိုတော့ size မှန်၊ strength ကောင်းတဲ့ သံတွေရွေးချယ်သုံးစွဲသင့်ပါတယ်။ MNBC standard, MM ASTM A615 standard တွေအရ စစ်ဆေးအတည်ပြု သုံးစွဲ သင့်ပါတယ်။
ငလျင်ဟာ ဘယ်လောက်ဆိုရွားသလဲ ဆိုတာမေ့ပစ်ရမည့် အရာ မှ မဟုတ်တာ။

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

06/07/2025
06/07/2025
06/07/2025
05/07/2025

🌿 သဘာဝတရားကို သင့်အိမ်ထဲ ခေါ်ဆောင်လာမယ့် Biophilic Design 🌿
==================================================
ယနေ့ခေတ်မှာ လူတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပိုမိုနီးစပ်ချင်စိတ်တွေ ပိုပြီးအားကောင်းလာပါတယ်။ ဒါကြောင့်လည်း Biophilic Design ဆိုတာ အိမ်တွင်းအလှဆင်ဒီဇိုင်းလောကမှာ ရေပန်းစားနေတဲ့ Trend တစ်ခု ဖြစ်လာတာပါ။ ဒါက ရိုးရှင်းတဲ့ ဒီဇိုင်းတစ်ခုတင် မဟုတ်ဘဲ၊ သင့်ရဲ့ နေအိမ်ပတ်ဝန်းကျင်ကို ကျန်းမာပြီး စိတ်ကြည်နူးစရာဖြစ်အောင် ဖန်တီးပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။

✨ Biophilic Design ဆိုတာဘာလဲ?
========================
"Biophilia" ဆိုတဲ့စကားလုံးက "သဘာဝကိုချစ်ခြင်း" လို့ဘာသာပြန်လို့ရပြီး၊ လူသားတွေရဲ့ သဘာဝအပေါ်အခြေခံပြီး တီထွင်ဖန်တီးတဲ့ ဒီဇိုင်းနည်းပညာတစ်ခု ဖြစ်ပါတယ်။

သဘာဝရဲ့ အစိတ်အပိုင်းတွေကို ကျွန်တော်တို့ နေ့စဉ်နေထိုင်ရာ နေရာတွေ (အိမ်၊ ရုံးခန်း) ထဲကို ပေါင်းစပ်ထည့်သွင်းတဲ့ ဒီဇိုင်းပုံစံပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ စိတ်ဖိစီးမှုတွေ လျှော့ချပေးပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးဖို့ပါပဲ။

🌱 သင့်အိမ်မှာ Biophilic Design ကို ဘယ်လိုအသုံးချမလဲ? 📌

✅ အပင်များနဲ့ အစိမ်းရောင်နေရာများ ဖန်တီးပါ
================================
အိုးနဲ့ထားတဲ့ အပင်ငယ်လေးတွေကနေ Living Wall (နံရံကပ်အပင်များ) ကြီးတွေအထိ သင့်အိမ်ရဲ့ နေရာလွတ်တွေမှာ ပေါင်းစပ်ထည့်သွင်းပါ။ ဒါတွေက လေကိုသန့်စင်ပေးရုံမကဘဲ စိတ်ကိုလည်း လန်းဆန်းစေပါတယ်။ အိမ်ရဲ့ထောင့်တစ်နေရာ ဒါမှမဟုတ် ပြတင်းပေါက်နားမှာ အပင်ပန်းအိုးမျိုးစုံနဲ့ ပန်းခြံငယ်လေးလဲ ဖန်တီးနိုင်ပါတယ်။

✅ သဘာဝပစ္စည်းများကို အသုံးပြုပါ
=========================
သစ်သား၊ ကျောက်တုံး၊ ဝါး၊ ကြိမ်၊ လျှော် စတဲ့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂတွေ၊ ကြမ်းပြင်တွေကို ရွေးချယ်ပါ။ အလှဆင်ပစ္စည်းတွေအနေနဲ့ကတော့ ရွှံ့နဲ့လုပ်ထားတဲ့ ပန်းအိုးတွေ၊ ကျောက်စရစ်ခဲအလှဆင်တာတွေ၊ သစ်ကိုင်းခြောက်လေးတွေနဲ့ ဖန်တီးထားတဲ့ အလှဆင်ပစ္စည်းတွေက သဘာဝဆန်တဲ့ အထိအတွေ့ကို ပေးပါလိမ့်မယ်။

✅ သဘာဝအလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်ပါစေ
=========================
ပြတင်းပေါက်တွေကို မပိတ်ဆို့ပါနဲ့။ သဘာဝအလင်းရောင် အိမ်ထဲအပြည့်ဝင်ရောက်နိုင်အောင် လုပ်ဆောင်ပါ။ မှန်တွေကို အသုံးပြုပြီး အလင်းပြန်ဟပ်စေတာကလည်း အခန်းကို ပိုမိုတောက်ပစေပါတယ်။ လေဝင်လေထွက်ကောင်းမွန်အောင် ပြတင်းပေါက်တွေကို ပုံမှန်ဖွင့်ပေးခြင်း၊ ဒါမှမဟုတ် လေဝင်လေထွက်ကောင်းတဲ့ ဒီဇိုင်းမျိုးတွေကို ရွေးချယ်အသုံးပြုပါ။

✅ သဘာဝဆန်သော အရောင်များကို ရွေးချယ်ပါ
========================
(Earthy Tones) ဖြစ်တဲ့ အစိမ်းနုရောင်၊ သဲရောင်၊ အညိုရောင်၊ Terracotta (နီညိုရောင်) နဲ့ အဝါရောင်နု စတဲ့ အရောင်တွေဟာ သင့်အိမ်ကို နွေးထွေးပြီး ငြိမ်းချမ်းတဲ့ ခံစားမှုကို ပေးပါလိမ့်မယ်။

✅ သဘာဝရဲ့ အသံနဲ့ ရနံ့ကို ထည့်သွင်းစဉ်းစားပါ
========================
အိမ်တွင်း ရေပန်းအလှဆင်တာ (Small Indoor Water Feature) ဒါမှမဟုတ် လေတိုက်ရင် မြည်တဲ့ Wind Chimes လေးတွေက သဘာဝအသံတွေကို အိမ်ထဲ ခေါ်ဆောင်လာနိုင်ပါတယ်။
Essential Oil Diffusers တွေ၊ သဘာဝပန်းပွင့်တွေကနေ ရရှိတဲ့ ရနံ့တွေကလဲ သင့်စိတ်ကို ပိုမိုအေးချမ်းစေပါလိမ့်မယ်။

🏠 သင့်အိမ်ကို Biophilic Design ပုံစံနဲ့ အလှဆင်ခြင်းအားဖြင့် အမြင်လှပရုံသာမက စိတ်ရောကိုယ်ပါ ကျန်းမာပြီး ပိုမိုအေးချမ်းတဲ့ နေအိမ်ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာပါ။📌

သင့်အိမ်မှာရော သဘာဝတရားကို ဘယ်လိုနည်းလမ်းတွေနဲ့ ပေါင်းစပ်ထားလဲ? comment မှာ မျှဝေခဲ့ပါဦးနော်! 👇

#အိမ်တွင်းဒီဇိုင်း #သဘာဝအိမ် #ကျန်းမာပျော်ရွှင်သောအိမ်

===========================================
သဘာဝနဲ့အနီးဆုံးနေရာဒေသတစ်ခုမှာ သင့်ဘဝရဲ့အချိန်တွေကို ငြိမ်းချမ်းစွာဖြတ်သန်းဖို့ စဥ်စားထားရင်တော့ ကျွန်တော်တို့ရဲ့ Royal Elite Villa ကို လာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်။

[ Royal Elite Villa (Pindaya) ]
☎️ Phone: (+959) 508 7837, 430 30 864
📱 Viber No: 09 430 30 864
Email: [email protected]
Website: www.royalelitevilla.com

Address

Pindaya, Myanmar
Pindaya

Alerts

Be the first to know and let us send you an email when Heart of Pindaya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category