31/05/2026
🎉☘️☘️ဝိုင်းမော်ဇုန်နယ် နှစ်ခြင်းအသင်းတော်ရဲ့ 2027 Calendar ပန်းချီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကျမရဲ့ သင်တန်းက သားငယ်၊ သမီးငယ်လေးတွေ... ဒီနေ့ ပြိုင်ပွဲမှာ ဆုမရခဲ့ပေမဲ့ ကလေးတို့ရဲ့ ကြိုးစားမှုက ဆရာမရဲ့ ရင်ထဲမှာတော့ ပထမဆုပါပဲ။
အသက် ၁၃ နှစ်အောက် ကလေးငယ်လေးတွေမို့ အတွေ့အကြုံနဲ့ ဖန်တီးမှုအပိုင်းမှာ အများကြီး သင်ယူရဦးမှာ ဖြစ်ပေမဲ့၊ သူတို့လေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ရဲရဲဝံ့ဝံ့နဲ့ ပိတ်ကားပေါ်မှာ ပုံဖော်သွားနိုင်ခဲ့တာကိုက အရမ်း ချီးကျူးဖို့ကောင်းပါတယ်။
အနုပညာခရီးလမ်းမှာ ဆုဆိုတာထက် မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားတာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ဒီနေ့ပွဲက ကလေးတွေအတွက် စိတ်ဓာတ်ကျစရာ မဟုတ်ဘဲ အတွေ့အကြုံကောင်းတွေ ရရှိစေမယ့် မှတ်တိုင်တစ်ခု ဖြစ်လာမှာပါ။
အကောင်းဆုံး ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ကလေးတစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်သလို၊ ဆက်လက်ပြီးတော့လည်း ကလေးတို့ရဲ့ လက်လေးတွေကို တွဲပြီး ပန်းချီအလှတရားတွေကို အတူတူ ပုံဖော်သွားပါဦးမယ်။။🎉☘️☘️