02/02/2025
စိတ်မကောင်းစွာနဲ့ အသိပေးနှုတ်ဆက်ပါရစေခင်ဗျာ။
ကျနော်တို့ Blossom Art Gallery ကို အခု ၂၀၂၅ ဖေဖော်ဝါရီလက စပြီး ခေတ္တခန ရပ်နားပါအုံးမယ်လို့ စိတ်မကောင်းစွာနဲ့ အသိပေးနှုတ်ဆက်ပါတယ်။
ပြခန်းစဖွင့်ချိန်ကနေ အခုပိတ်သိမ်းချိန် အချိန်အတိုလေး အတွင်းမှာ ကျနော်တို့ ပြခန်းကို အသိအမှတ်ပြု၊ စိတ်ကျေနပ်မှုရှိကြပြီး ဝိုင်းဝန်း ဝန်းရံပေးကြတဲ့အတွက် ကျနော်တို့ပြခန်းက အထူးဝမ်းမြောက်၊ ဂုဏ်ယူကျေနပ်မိပါတယ်ခင်ဗျာ။
ပြခန်းဖွင့်ခဲ့တဲ့ ၁၅လတာ ကာလအတွင်းမှာ ပန်းချီပြပွဲပေါင်း ၂၆ပွဲ စီစဉ် ပြသနိုင်ခဲ့ပြီး၊ ပန်းချီရေးဆွဲသူ၊ ပန်းချီဆရာများ ၁၀၀ ကျော် ပြသခဲ့ပါတယ်။ မန္တလေး၊ ရန်ကုန်နဲ့ အခြားမြို့များမှ ပန်းချီဆရာများ ပြသခဲ့ပြီး၊ ပန်းချီတခုတည်းနှင့်ရပ်တည်နေသော အချိန်ပြည့်ပန်းချီဆရာများ၊ အခြားအလုပ်အကိုင်များ လုပ်ကိုင်ရင်း အားလပ်ချိန်များမှာ ပန်းချီရေးဆွဲနေကြသော ပန်းချီဆရာများနဲ့ ပန်ချီသင်တန်းနှင့် ပန်းချီကျောင်းများမှာ ပန်းချီသင်ကြားနေသူများပါ ကျနော်တို့ ပြခန်းက ပန်းချီပြပွဲများမှာ ဝင်ရောက်ပြသခဲ့ကြတဲ့အတွက် အားလုံးကို ကျနော်တို့ Blossom Art Gallery က ကျေးဇူးမှတ်တမ်းတင်ထားပါတယ်ဗျာ။
အခုတော့ ကျနော်တို့ Blossom Art Gallery ပန်းချီပြခန်းကို အကြောင်းအမျိုးမျိုးကြောင့် ခေတ္တခန ပိတ်သိမ်း၊ ရပ်နားပါအုံးမယ်ဗျ။ Online နဲ့ Social mediaမှာတော့ ကျနော်တို့ Blossom Art Gallery ဆက်ရှိနေမှာဖြစ်ပြီး ပန်းချီလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားပါမယ်။
အခွင့်သင့်တဲ့အချိန်မှာတော့ ကျနော်တို့ Blossom Art Gallery ပန်းချီပြခန်းဟာ အခုထက်ပိုမိုကောင်းမွန်တဲ့ ပြင်ဆင်မှုများ၊ အခုထက်ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများနဲ့ ပြန်လာပါမယ်ခင်ဗျ။
အခုအချိန်ထိ ဝိုင်းဝန်းကူညီပေးကြတဲ့ ပန်းချီဆရာများ၊ ပန်းချီပြပွဲစီစဥ်ကြသူများ၊ ပန်းချီကားဝယ်ယူစုဆောင်းကြသူများ၊ ပန်းချီအဝန်းအဝိုင်းမှသူများနဲ့ ပန်းချီချစ်မြတ်နိုးသူများ အားလုံး အားလုံးကို မမေ့မလျော့ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
Blossom Art Gallery
Contact no. - +95 9 450780800
Contact e-mail - [email protected]
----------------------------------------------