Kyay Yote Myoe Taw

Kyay Yote Myoe Taw အနုပညာလက်ရာတွေကို သန့်ရှင်းစင်ကြယ်သော အမှတ်တရပစ္စည်းများအဖြစ် မျှော်မှန်းထားရှိတဲ့နေရာတစ်ခု

🔷 မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုမှ တာဝန်ရှိသူများသိနိုင်ရန် လေးစားစွာတင်ပြအပ်ပါသည်🔹ကျွန်မအဖိုး ဦးစိန်တင်ဟန်၏နေအိမ်ကို ဆ...
15/04/2025

🔷 မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုမှ တာဝန်ရှိသူများသိနိုင်ရန် လေးစားစွာတင်ပြအပ်ပါသည်

🔹ကျွန်မအဖိုး ဦးစိန်တင်ဟန်၏နေအိမ်ကို ဆက်ခံနေထိုင်သူမှာ ကျွန်မအဖေ ဦးနေမျိုးမိသားစုဖြစ်ပါသည်။
🔹ယခုမန္တလေးငလျှင်ကြီးလှုပ်ခတ်မှုတွင် အဖိုးဦးစိန်တင်ဟန်၏ နေအိမ်အပေါ်ထပ် ထိခိုက်ပျက်စီးမှုရှိခဲ့ပါသည်။
🔹ထိုသို့ ငလျှင်ကြောင့် ထိခိုက်ပျက်ဆီးမှုအတွက် ထောက်ပံ့ငွေကို မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုမှ ပေးအပ်ရာတွင် ဦးနေမျိုး၏အစ်ကို ဦးနေဝင်းက ရယူထားပါသည်။
🔹ဦးစိန်တင်ဟန်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်သည်ဆိုလျှင် လက်ရှိပိုင်ဆိုင်နေထိုင်သော ဦးနေမျိုးမိသားစုက ရရှိသင့်ပါသည်။
🔹နေအိမ်ပျက်စီးမှုအတွက် ထောက်ပံ့ခြင်းမဟုတ်ဘဲ ဦးနေဝင်းကိုသာ ထောက်ပံ့ပေးအပ်သည်ဆိုလျှင် ဦးနေဝင်းက ‌လက်ခံရရှိခြင်းကို ကျွန်မအနေနှင့် ဝင်ရောက်စွက်ဖက်ရန်မရှိပါ။
🔹ဦးနေမျိုးမိသားစုနေထိုင်သောအိမ်ကို ဦးနေဝင်းက အကြောင်းပြ၍ ငလျှင်ထောက်ပံ့ငွေများ ဆက်လက်ရယူနေမည်ဆိုလျှင် မသင့်လျှော်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟိုမှ တာဝန်ရှိပုဂ္ဂိုလ်များကို အသိပေးအကြောင်းကြားအပ်ပါသည်ရှင်။

မေသန္တာမျိုး

https://www.facebook.com/share/p/1ANSaBTTKF/

🔷 မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုမှ တာဝန်ရှိသူများသိနိုင်ရန် လေးစားစွာတင်ပြအပ်ပါသည်🔹ကျွန်မအဖိုး ဦးစိန်တင်ဟန်၏နေအိမ်ကို ဆ...
15/04/2025

🔷 မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုမှ တာဝန်ရှိသူများသိနိုင်ရန် လေးစားစွာတင်ပြအပ်ပါသည်

🔹ကျွန်မအဖိုး ဦးစိန်တင်ဟန်၏နေအိမ်ကို ဆက်ခံနေထိုင်သူမှာ ကျွန်မအဖေ ဦးနေမျိုးမိသားစုဖြစ်ပါသည်။
🔹ယခုမန္တလေးငလျှင်ကြီးလှုပ်ခတ်မှုတွင် အဖိုးဦးစိန်တင်ဟန်၏ နေအိမ်အပေါ်ထပ် ထိခိုက်ပျက်စီးမှုရှိခဲ့ပါသည်။
🔹ထိုသို့ ငလျှင်ကြောင့် ထိခိုက်ပျက်ဆီးမှုအတွက် ထောက်ပံ့ငွေကို မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုမှ ပေးအပ်ရာတွင် ဦးနေမျိုး၏အစ်ကို ဦးနေဝင်းက ရယူထားပါသည်။
🔹ဦးစိန်တင်ဟန်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်သည်ဆိုလျှင် လက်ရှိပိုင်ဆိုင်နေထိုင်သော ဦးနေမျိုးမိသားစုက ရရှိသင့်ပါသည်။
🔹နေအိမ်ပျက်စီးမှုအတွက် ထောက်ပံ့ခြင်းမဟုတ်ဘဲ ဦးနေဝင်းကိုသာ ထောက်ပံ့ပေးအပ်သည်ဆိုလျှင် ဦးနေဝင်းက ‌လက်ခံရရှိခြင်းကို ကျွန်မအနေနှင့် ဝင်ရောက်စွက်ဖက်ရန်မရှိပါ။
🔹ဦးနေမျိုးမိသားစုနေထိုင်သောအိမ်ကို ဦးနေဝင်းက အကြောင်းပြ၍ ငလျှင်ထောက်ပံ့ငွေများ ဆက်လက်ရယူနေမည်ဆိုလျှင် မသင့်လျှော်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟိုမှ တာဝန်ရှိပုဂ္ဂိုလ်များကို အသိပေးအကြောင်းကြားအပ်ပါသည်ရှင်။

မေသန္တာမျိုး

နေမျိုး မဝင်းမေတို့ရပ်ကွက်ထဲမှာနေခဲ့တာ နှစ်တွေအကြာကြီးပဲ။ အဲဒီနှစ်တွေထဲမှာ ရပ်ကွက်ထဲက မိန်းကလေးငယ်တစ်ယောက် အရွယ်ရောက် ကြ...
23/03/2025

နေမျိုး မဝင်းမေတို့ရပ်ကွက်ထဲမှာနေခဲ့တာ နှစ်တွေအကြာကြီးပဲ။ အဲဒီနှစ်တွေထဲမှာ ရပ်ကွက်ထဲက မိန်းကလေးငယ်တစ်ယောက် အရွယ်ရောက် ကြီးပြင်းလာခဲ့တယ်။ သူ့နာမည်ကို ခင်သန်းကြီးလို့ခေါ်တယ်။ သူ့အကြောင်းကို နေမျိုးက အမှတ်တရရေးခဲ့တာ။ အောက်မေ့ဖွယ်ရာ၊

#နေမျိုး
#ခင်သန်းကြီးရဲ့မျက်လုံးတွေ

Lynn Htet Taryar presents.
Special thanks to Myat Wai and Morris John

https://youtu.be/UynixgHS06A

ခင်သန်းကြီးရဲ့ မျက်လုံးတွေLynn Htet Taryar presents.Special thanks to Myat Wai and Morris Johnငါ့အမေကို ဘာလုပ်တာလဲhttps://youtu.be/TLisFkmtfI8?si=MgvAjQin...

ဖွင့်ဟဝန်ခံဖို့ရှိတာက ကျွန်တော့်ရဲ့ ကဗျာဆရာဘဝ၊ ပန်းချီဆရာဘဝတွေကို ဇာတ်ကောင်တွေအဖြစ် ဒီစာအုပ်မှာ ဖန်တီးယူခဲ့တာ ဖြစ်သလို၊ ...
19/03/2025

ဖွင့်ဟဝန်ခံဖို့ရှိတာက ကျွန်တော့်ရဲ့ ကဗျာဆရာဘဝ၊ ပန်းချီဆရာဘဝတွေကို ဇာတ်ကောင်တွေအဖြစ် ဒီစာအုပ်မှာ ဖန်တီးယူခဲ့တာ ဖြစ်သလို၊ ကျွန်တော့်သမီးရဲ့ ဘဝဖြတ်သန်းမှု နဲ့ အမူအကျင့်တချို့ကိုလည်း ဒီဝတ္ထုမှာ အဓိကဇာတ်ကောင်ကို ပုံဖော်တဲ့နေရာမှာ ထည့်သွင်းအသုံးပြုထားတယ် ဆိုတာပါပဲ။ ဝါကျတည်ဆောက်ပုံ တွေကို သတိထားပြီး ရေးခဲ့ပါတယ်။ ကျွန်တော့်သမီးကလေးအပေါ်မှာ ထားရှိတဲ့ မေတ္တာတရားကို ဒီဝတ္ထုထဲမှာ ထည့်သွင်းအသုံးပြုခဲ့သလို၊ သမီးကလေးရဲ့ ကျွန်တော့်အပေါ်မှာ ထားရှိတဲ့ မေတ္တာတရားကိုလည်း ဒီဝတ္ထုမှာ တွေ့နိုင်ပါလိမ့် မယ်။ ဒီဝတ္ထုကို ရေးနိုင်ဖို့အတွက် ကိုယ်ပိုင်အချိန် လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်က လစာကောင်းကောင်းရတဲ့ အလုပ်ကိုတောင် စွန့်လွှတ်ပြီး ကိုယ်ပိုင် အချိန်ရယူကာ အချိန်ပေး ရေးခဲ့တာဖြစ်တယ်။
၂ဝဝဝ ပြည့်နှစ်၊ ဇနီးဖြစ်သူ မဝင်းမေ ကွယ်လွန်သွားတော့ ကျွန်တော်ဟာ ရန်ကုန်မြို့ကို လာရောက်ပြီး မိသားစုဝမ်းရေးအတွက် အလုပ် လုပ်ရပါတယ်။ ဂျာနယ်တစ်စောင်မှာ အယ်ဒီတာ အလုပ်ကို လုပ်ရတာပါ။ ဇနီးဖြစ်သူ ကွယ်လွန်ပြီးစအချိန်ဖြစ်လို့ ကျွန်တော်ဟာ မိမိကိုယ်ကိုယ် ခက်ခက်ခဲခဲ တည်ဆောက်နေရတဲ့ အချိန်ပါပဲ။ အဲဒီအချိန် မန္တလေးမှာ ကျွန်တော်ရှိနေစဉ်က ခင်မင်ရင်းနှီးခဲ့ရတဲ့ စာရေးဆရာ တာရာမင်းဝေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အခုနေတဲ့ မရမ်းကုန်း၊ ကျောက်ရေတွင်းလမ်းကအိမ်ကို ကျွန်တော် ရောက်သွားတာပါ။ ခင်မင်သူတွေက ကိုရွှေဘုန်းလို့ ခေါ်လေ့ရှိကြတဲ့ စာရေးဆရာ တာရာမင်းဝေက ဝမ်းသာအယ်လဲ ဆီးကြိုပါတယ်။ အဲဒီအချိန်က သူဟာ လုံးချင်းဝတ္ထုလိုင်းမှာ အောင်မြင်နေပါပြီ။ သူ့စာအုပ်တွေဟာ ဈေးကွက်မှာ စွံတယ်လေ။ “ကိုနေမျိုး... ဒီမှာ စာလာရေးပါလား” လို့ သူက ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်က ရေကျော် ဝတ်ကျောင်းလမ်းက ၄ လွှာမှာ အခန်း ငှားနေတာမို့ အဲဒီမှာပဲ အဆင်ပြေတယ်လို့ ပြောရပါတယ်။ အဲဒီအချိန်က ကျွန်တော် စာတောင်သိပ်မရေးဖြစ်ပါ။ သူငယ်ချင်း စာရေးဆရာ ချမ်းမင်းအိမ်နဲ့ မဂ္ဂဇင်းတိုက် တွေ လှည့်လည်ရင်း သူတို့အပ်တဲ့ ကဗျာ သရုပ်ဖော်ပုံတွေကို ရေးပေးဖြစ်တာပဲ များပါတယ်။ ဒါပေမဲ့ နောင်တစ်ချိန်မှာတော့ လုံးချင်းဝတ္ထု ငါရေးမယ်လို့တော့ဖြင့် ရည်ရွယ်ရင်း ရှိခဲ့ပါတယ်။
အင်း... အဲဒီ ၂ဝဝဝ ပြည့်နှစ်တုန်းက ရည်ရွယ်ရင်း ရှိခဲ့တဲ့ လုံးချင်းဝတ္ထုရေးဖို့က အခုတော့ ဆောင်ရွက်ပြီပေါ့လေ။ ကျွန်တော့်ရဲ့ နေ့စဉ်ဘဝထဲမှာ အရေးပါတဲ့ သမီးကလေးနဲ့ သူ့သူငယ်ချင်းတွေရဲ့ ကျင်လည်မှု တွေက ဒီဝတ္ထုထဲမှာလည်း အသွင်တစ်မျိုးနဲ့ ပါဝင်နေလိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကျွန်တော်က ညပိုင်းမှာ လောလောဆယ် ရေးဖြစ်နေပြီး ဟိုအရင် ၁၉၉ဝ ဟန်သစ်မဂ္ဂဇင်းမှာ ဝတ္ထုတိုတွေ ရေးနေစဉ်ကတည်းက ညပိုင်းမှာ စာရေးရတဲ့ အရသာကို ကောင်းကောင်းသိတယ်လေ။ တစ်ချိန်တုန်းက King of the shadow လို့တောင် အမည်ဝှက်ပေးခံရတဲ့ စာရေးဆရာ၊ ကဗျာဆရာ သစ္စာနီ ကလည်း လုံးချင်းဝတ္ထုရေးဖို့ ပြောပါတယ်။ လုံးချင်းဝတ္ထုရေးရာမှာ ဇာတ်လမ်း တစ်ခုလုံးကို Plot လို့ ခေါ်ကြတဲ့ ဇာတ်ကွက်ငယ်ကလေးတွေ ချထားပြီး ဇာတ်ကောင်တွေကို အတိုကောက် အမည်ပေးကာ ဖြစ်စဉ်အကျဉ်းကို နည်းနည်းစီ ရေးသားပြီးမှ ကြည့်ရေးကြတယ်လို့လည်း ပြောကြပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်အဖို့မှာ လုံးချင်းဝတ္ထုရေးရတာ စိတ်ထက်သန်မှု ရလာပါတယ်။ မိမိဇာတ်ဆောင်တွေကို ချစ်ခင်လာတာ၊ သူတို့ တစ်တွေရဲ့အမူအကျင့်တွေကို သူတို့တွေရဲ့ နေပုံထိုင်ပုံတွေကို သတိပြုမိလာတာ၊ သူတို့တစ်တွေကို လူမှုဘဝရဲ့ ရုန်းကန်မှုတွေထဲကနေ တဖြည်းဖြည်း ဖြောင့်တန်းတဲ့ လမ်းကြောင်းပေါ် ရောက်ရှိလာပြီး အရည်အသွေးရှိတဲ့သူတွေ ဖြစ်လာစေချင်တာတွေ အားလုံးပါတာပေါ့။ ချစ်မေတ္တာယှက်သန်းတဲ့ ဇာတ်ဝင်ခန်း အနည်းငယ်ကို ရေးခဲ့ရရာမှာတော့ ကျေနပ်မှု ရခဲ့တယ်လေ။ ဘဝဆိုတာ လူတစ်ယောက်အတွက် အဓိပ္ပာယ်ရှိနေရင် အဲဒီလူ တစ်ယောက်ကြောင့် လူအများအပြားဟာ အဓိပ္ပာယ် ရှိလာတယ် မဟုတ်လား။
ဒီဝတ္ထုမှာပါတဲ့ ဇာတ်ကောင်တိုင်းဆီမှာ ကျွန်တော်နဲ့ သမီးကလေး၊ ပြီးတော့ သားနှစ်ယောက်၊ ပြီးတော့ အစ်မ မဝင်းမေရဲ့ စိတ်နေသဘာဝနဲ့ လူနေမှုစရိုက် ဟန်ပန်တွေ အားလုံး ပါဝင်နေပါလိမ့်မယ်။ ဒီနေရာမှာ အမှတ်တရ ပြောချင်တာက ဒီဝတ္ထုထဲက (မိလုံး) ဆိုတဲ့ ကောင်မလေးပါပဲ။ တကယ်တော့ “မိလုံး” ဆိုတာ သူ့အစ်ကိုတွေက ကျွန်တော့်သမီးလေးကို ချစ်စနိုးနဲ့ခေါ်တဲ့ အမည်ဖြစ်တယ်။ ပြီးတော့ သူတို့နှစ်ယောက်က ဒီလို ပြောလေ့ရှိတယ်။ “ဟဲ့.. မိလုံး၊ ထမင်းချက်”၊ “မိလုံး.. အဝတ်လျှော်”၊ “ဟဲ့.. မိလုံး... ရေတစ်ခွက် ခပ်ခဲ့” စသည်ဖြင့် သူ့ညီမကို ကျီစယ်လေ့ ရှိတယ်။ အဲဒီအဖြစ်အပျက်တွေက ဒီထဲမှာ တချို့က ဖန်တီးချက်ကလေးတွေ ဖြစ်သွားတယ်လေ။ စိတ်ကူးနဲ့ ဖန်တီးယူရတာဖြစ်ရိုး မှန်ပေမယ့် တကယ့်အဖြစ်အပျက်တွေကိုလည်း အခြေခံတယ်လို့ ပြောရမှာဖြစ်ပါ တယ်။
ကျွန်တော် ဒီဝတ္ထုက စာသားတချို့ကို ပြင်ဦးလွင်မြို့မှာ စာမျက်နှာ အနည်းငယ်၊ ရန်ကုန်မြို့မှာ စာမျက်နှာ အနည်းငယ် ရေးခဲ့တယ်။ မန္တလေးမြို့က ရပ်ကွက်နှစ်ခုမှာတော့ စာမျက်နှာ ခပ်များများ ရေးခဲ့တာပါ။ ကျွန်တော့်ကို ဒီဝတ္ထုတိုရေးဖြစ်ဖို့ တိုက်တွန်းတာကတော့ နေ့စဉ်ဘဝရဲ့ လိုအပ်ချက်တွေပါပဲ။ ကံကောင်းချင်တော့ ကျွန်တော်က စိတ်ကူးချိုချို အနုပညာက ထုတ်ဝေတဲ့ အောင်မိုး မြန်မာဘာသာပြန်ဆိုတဲ့ လက်ရေးတိုစာရေးမလေးရဲ့ ချစ်ပုံပြင်စာအုပ်ကို ဖတ်နိုင်ခဲ့ပြီး အဲဒီစာအုပ်ထဲမှာ ရုရှားစာရေးဆရာကြီး ဖြိုဒါဒေါ့စတိုယက်စကီးက လက်ရေးတိုစာရေးမကလေး အန်နာရဲ့ အကူအညီနဲ့ လောင်းကစားသမား ဝတ္ထုရှည်ကြီး ရေးဖြစ်ပုံကို သိရှိခွင့် ရရှိသွားတာပါပဲ။ ကျွန်တော်က မန္တလေးက သာမန်စာရေးဆရာတစ်ယောက်မို့ ဒေါ့စတိုယက်စကီးလို လက်ရေးတိုစာရေးမ ကလေးကို မငှားရမ်းနိုင်ခဲ့ဘူးပေါ့လေ။ ဒါပေမဲ့ ဒီစာအုပ်ကို ရေးဖြစ်ဖို့အတွက် ချစ်ခင်သူတွေရဲ့ အကူအညီတွေ အများကြီး ရခဲ့တယ်။ သမီးလေးဟာ အဓိကပေါ့။ ပြီးတော့ ကျွန်တော်ကြိုက်တဲ့ အချစ်သီချင်းတွေလေ။ ကျွန်တော် ၂ဝ၂၃၊ ဒီဇင်ဘာမှာ ရန်ကုန်မြို့ကို ပန်းချီအလုပ်နဲ့ရောက်တော့ RGN Lodge City Hotel မှာ တည်းရတယ်။ အဲဒီမှာ ဒီဝတ္ထုရဲ့ ဇာတ်ဝင်ခန်းတချို့ကို ညကြီးထဲ ရေးခဲ့ရတာ။ ကျွန်တော်က အိပ်ငိုက်နေရင်းနဲ့ စာရေးဖူးတဲ့ အတွေ့ အကြုံရှိထားတော့ ညထဲမှာ စာရေးလို့လည်း ရပါတယ်။ ပြီးတော့ ၂၀၂၃၊ ဒီဇင်ဘာ ၂ဝ ရက် ပြင်ဦးလွင်ကိုပဲ ပန်းချီအလုပ်နဲ့ ရောက်ခဲ့ရပြန်တော့ ကဖေး ထန်းရိပ်ညို အနီးမှာရှိတဲ့ ဟိုတယ်ငယ်ကလေးတစ်နေရာမှာပဲ ဝတ္ထုစာမျက်နှာ အနည်းငယ်ကို ရေးနိုင်ခဲ့တယ်။ ရန်ကုန်မှာရေးခဲ့တဲ့ ဇာတ်ဝင်ခန်းက ဇာတ်လမ်းအရ ပဋိပက္ခ အခြေအနေဖြစ်ပြီး ပြင်ဦးလွင် ကဖေးထန်းရိပ်ညိုအနီးက ဟိုတယ်ငယ် ကလေးမှာ ရေးဖြစ်ခဲ့တာက အမိအဖမေတ္တာ အငွေ့အသက်တွေ ယှက်သန်းတဲ့ စာသားတွေပါ။ ထုတ်ဝေသူနဲ့ ရန်ကုန်မြို့မှာဆုံတော့ စာရေးနေပြီဆိုတဲ့အကြောင်း ပြောဖြစ်ခဲ့တော့ သူက ရေးပြီးတာနဲ့ ပို့လိုက်လို့ ပြောထားပါတယ်။ သူက ထုတ်ဝေပါမယ်တဲ့။
ဒီဝတ္ထုကို ရေးနေရင်းနဲ့ ကျွန်တော့်ရဲ့ တချို့အမှတ်တရတွေက ဇာတ်ကောင်တွေရဲ့ ပြုမူလှုပ်ရှားဟန်၊ စကားပြောဆိုဟန်တွေအဖြစ် ပြောင်းသွားပြီး ကျွန်တော်ရေးခဲ့တဲ့ ကဗျာတချို့နဲ့ ကျွန်တော့်ရဲ့ ကဗျာဆိုင်ရာ၊ ပန်းချီဆိုင်ရာ အယူအဆ သဘောထားတွေကလည်း ဒီဝတ္ထုထဲက ဇာတ်ဆောင်တွေရဲ့ ကျင့်သုံး ပုံ၊ နေထိုင် ပြောဆိုပုံတွေ ဖြစ်လာတာကို သတိပြုမိဖွယ် ဖြစ်ပါတယ်။ သို့ပေမဲ့ အားလုံးက ကျွန်တော့်ရဲ့ တစ်ခုတည်းသော စိတ်နေသဘာဝနဲ့ အနုပညာဆိုင်ရာ ရှုမြင် ခံစားချက်တွေတော့ဖြင့် မဟုတ်ဘူးပေါ့။ ကျွန်တော့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ သုံးနှုန်းပြောဆိုနေကြပုံတွေကိုလည်း ဒီဝတ္ထုထဲမှာ မြင်တွေ့နိုင်မှာပါ။ ကျွန်တော် ဒီဝတ္ထုကို အခြေတည်ပြီး ရေးထားတာက ၁၉၉၀ ပြည့်နှစ်တွေ ဖြစ်ပြီး အလားအလာကောင်းတွေကိုတော့ လက်ရှိ ၂၀၂၃ ခုနှစ်ထိကောက်နုတ် ယူငင်အသုံးပြုထားတာကိုလည်း တွေ့ရှိနိုင်ပါတယ်။ ၂၀၂၀ ပြည့်နှစ် တွေက ပန်းချီအနုပညာ အဖွံ့ဖြိုးဆုံးအချိန်လို့တောင် ပြောယူရလောက်တယ်။ ပန်းချီဆရာ၊ ပန်းချီပြခန်း၊ ပန်းချီပြပွဲတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ တစ်မြို့တည်း၊ တစ်နေ့တည်း ပန်းချီပြပွဲ သုံးလေးခု ရှိနေရုံမက ပန်းချီဆရာတစ်ဦး တည်းဟာ ပန်းချီပြခန်း နှစ်ခုမှာ မတူညီတဲ့ ပန်းချီကားတွေကို တစ်ပြိုင်နက်တည်း ပြတာမျိုးတွေ အပါအဝင် ပန်းချီနဲ့ ကဗျာကို ပေါင်းစပ်လိုက်တာမျိုးတွေအထိတွေ့လာရတာ ဖြစ်တာကြောင့် ပန်းချီတစ်ခေတ်ဆန်းခဲ့တယ်လို့တောင် ပြောနိုင်ပြီ ဖြစ်ပါတယ်။ ပန်းချီပြပွဲတစ်ပွဲမှာ ပြတဲ့ကားအားလုံး ရောင်းလိုက်ရတယ်ဆိုတာ မျိုးတွေက ပန်းချီဆရာတွေရဲ့ ပြင်းပြတဲ့ အာသီသကို ပြေစေခဲ့တယ်။
တချို့နေရာ တွေမှာ ပန်းချီကားအတုကိစ္စတွေ ရှိနေပေမယ့် ဒီဝတ္ထုထဲမှာ ကျွန်တော် မဖော်ပြ ခဲ့ပါဘူး။ သူက အချိန်ယူ ချဉ်းကပ်ပြီး ကောင်းမွန်တဲ့ တင်ပြပုံနဲ့ ရေးနိုင်မှ အားထုတ်သင့်တဲ့အကြောင်းအရာ ဖြစ်နေလို့ပါပဲ။ ကျွန်တော့်အထင်ပြောရရင် ပန်းချီကား အတုရေးရတာက အစစ်ရေးရတာထက် ပိုပြီး ခက်ခဲပင်ပန်းလိမ့်မယ် ဆိုတာပါပဲ။ ကျွမ်းကျင်မှု Skill အများကြီးနဲ့မှ ရမှာဖြစ်တယ်။
ဒီဝတ္ထုထဲမှာ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုတချို့ကို ဖော်ပြနိုင်ခဲ့တယ်လို့လည်း ဝန်ခံလိုပါတယ်။ အထူးသဖြင့် Love Education အကြောင်းပေါ့။ ဒီအကြောင်းကို သည့်ထက် ပြည့်ပြည့်စုံစုံ ဖော်ပြလိုပေမယ့် ရောင့်ရဲပြီးတော့သာ ကျေနပ်လိုက်ရတာပါ။ ချစ်တဲ့စာရှုသူတို့အတွက် “အမုန်းကမ္ဘာသို့ ရောက်လာသော ချစ်ဧည့်သည်” ကို ပေးအပ်လိုက်ပါပြီ။ တကယ့်ဖြစ်ရပ်မှန်တွေကို ချဲ့ကားထားတာတွေ၊ ချုံ့ယူ ထားတာတွေ၊ ပြုပြင်မွမ်းမံထားတာတွေ၊ အရင်းအတိုင်းတွေ၊ စိတ်ကူးယုံကြည် တာတွေလေ။

နေမျိုး
အမုန်းကမ္ဘာသို့ရောက်လာသော ချစ်ဧည့်သည်- အမှာစာမှ
၄.၁.၂၀၂၄
ည ၁၁:၂၆ နာရီ

#အမုန်းကမ္ဘာသို့ရောက်လာသောချစ်ဧည့်သည်
#နေမျိုး
#ကြေးရုပ်မြို့တော်
#ဖြစ်ရပ်မှန် #အဓိကဇာတ်ကောင်
#နေမျိုးလုံးချင်းဝတ္ထု

📦ကြေးရုပ်မြို့တော်မှ မှာယူရရှိနိုင်ပါပြီ။
တန်ဖိုး - ၁၄၀၀၀ ကျပ်

ဖေဖော်ဝါရီ ၃ ဟာ သူကွယ်လွန်ခဲ့တဲ့နေ့ ခုနှစ်က ၂၀၀၀ ပြည့်နှစ်မှာ။သူ့အသက် ၄၄ မှာ ကွယ်လွန်ခဲ့တာပဲ။သူက ကျွန်တော့ထက် ၇နှစ်ကြီးတ...
14/03/2025

ဖေဖော်ဝါရီ ၃ ဟာ သူကွယ်လွန်ခဲ့တဲ့နေ့
ခုနှစ်က ၂၀၀၀ ပြည့်နှစ်မှာ။
သူ့အသက် ၄၄ မှာ ကွယ်လွန်ခဲ့တာပဲ။
သူက ကျွန်တော့ထက် ၇နှစ်ကြီးတယ်။
သူက ဘယ်အိမ်မှမလည်၊ သူ့ဘာသာပဲ နေတတ်သူ၊ ကျွန်တော့်ကို ဘာကြောင့် အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့တာလဲ မေးလာရင် အခုရွတ်ပြမယ့် " မုံလာချဉ်ပုလင်းကလေး " ကိုသာ ထုတ်နှုတ်ပြောပြချင်။
မုံလာချဉ်လေ ချဉ်တော့ချဉ်တယ်၊ ဒါပေမဲ့ ချဉ်တယ်လေ ။

#နေမျိုး
#မုန်လာချဉ်ပုလင်းကလေး

Lynn Htet Taryar presents.
Special thanks to Myat Wai and Morris John

https://youtu.be/V-_LO1GRzCc

#မုန်လာချဉ်ပုလင်းကလေး

အမေဒေါ်စိန်တင်ကပြောတယ် ငါ့အရင် မင်းသေစေချင်သတဲ့၊ မင်းကို စိတ်မချဘူးတဲ့၊ အမေဟာ ကျွန်တော့်ကို အခုတော့ ထားသွားခဲ့တယ်။ သတိရတ...
14/03/2025

အမေဒေါ်စိန်တင်ကပြောတယ် ငါ့အရင် မင်းသေစေချင်သတဲ့၊ မင်းကို စိတ်မချဘူးတဲ့၊ အမေဟာ ကျွန်တော့်ကို အခုတော့ ထားသွားခဲ့တယ်။ သတိရတယ်လို့လဲ ပြောချင်ပါတယ်။

#နေမျိုး
#ငါ့အမေကိုဘာလုပ်တာလဲ

Lynn Htet Taryar presents.
Special thanks to Myat Wai and Morris John

https://youtu.be/TLisFkmtfI8

ငါ့အမေကို ဘာလုပ်တာလဲLynn Htet Taryar presents.Special thanks to Myat Wai and Morris John

" ဒီဇာတ်လမ်း ကောင်းလို့လည်း ဖတ်တာပါနာမည်လေး ဆန်းလို့လည်း ဖတ်တာပါ "လွှမ်းမိုးရေး၊ စိုင်းဆိုင်မောဝ် သီဆိုသည့် တစ်ရွာသားနှင...
14/03/2025

" ဒီဇာတ်လမ်း ကောင်းလို့လည်း ဖတ်တာပါ
နာမည်လေး ဆန်းလို့လည်း ဖတ်တာပါ "
လွှမ်းမိုးရေး၊ စိုင်းဆိုင်မောဝ် သီဆိုသည့် တစ်ရွာသားနှင့် ပုဝါပါး သီချင်းကို ကိုးကားပါသည်။

🔹အမုန်းကမ္ဘာသို့ ရောက်လာသော ချစ်ဧည့်သည်၊ နေမျိုး

“သားလို့ ခေါ်လိုက်ရင် အဖေဖြစ်သွားတဲ့ တိရစ္ဆာန်ရှိတယ်၊ အဲဒါ ဘာကောင်လဲ”

ကိုတေ့မေးခွန်းကို နားထောင်ရင်း အားလုံး ငြိမ်သွားကြသည်။

" မေးခွန်းက အဆန်းကြီးတော့”” ဟု အိပုတ်မက ပြောသည်။ သူတို့ထဲမှာ မေသီထွေး အရင်ဆုံး စဉ်းစားလိုက်မိသည်။

“ကိုတေ နင်မေးတာ ငါသိပြီ””

““ဘာလဲ ””

" ဖား "

မေသီထွေး အဖြေကြောင့် အားလုံးဝိုင်းရယ်ကြသည်။

“ဖားကို သားလို့ခေါ်ရင်””

“အေး...ဘာလဲ””

"ဖားသား "

" ဟေ "

စောစောက အသံမှာ ဝါဝါနှင့် သော်သော်တို့ အသံဖြစ်ပြီး “ဟေ”

ဆိုသည်က ကိုတေ၏အသံပင် ဖြစ်ပါသည်။
(အမုန်းကမ္ဘာ - စာမျက်နှာ ၁၄၆ မှ ၁၄၇ )

ဈေးနှုန်း- ၁၄၀၀၀ကျပ်
စာမျက်နှာ၄၀၃
ဆယ်ချိုးဆိုက်ကြီး။
📦ကြေးရုပ်မြို့တော်မှ မှာယူရရှိနိုင်ပါပြီ။

09/03/2025

Kyay Yote Myoe Taw YouTube channel လေး ဖွင့်ထားပါတယ်။
နေမျိုးရဲ့ artwork တွေနဲ့ ကဗျာ၊ဝတ္ထုတိုရွတ်ဖတ်တင်ဆက်မှုတွေ နေ့စဉ်ဘဝထဲက အနုပညာဖန်တီးမှုတွေ တင်ဆက်သွားဖို့ရှိတာမို့ subscribe လုပ်ထားပြီး စောင့်ကြည့်နိုင်ပါတယ်
အောက်က Channel link လေးကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
⬇️⬇️⬇️⬇️
https://youtu.be/V-_LO1GRzCc

နွေဦးပေါက်ကာလ၊ အခါသမယသို့ ရောက်လာချေပြီနှလုံးစိတ်ဝမ်း လွမ်းဆွတ်တသ၊ သတိရစိတ်တို့ပေါ်လာချေပြီလက်ရေးမူကလေးများဖြင့် စာပန်းခ...
06/03/2025

နွေဦးပေါက်ကာလ၊ အခါသမယသို့ ရောက်လာချေပြီ
နှလုံးစိတ်ဝမ်း လွမ်းဆွတ်တသ၊ သတိရစိတ်တို့ပေါ်လာချေပြီ
လက်ရေးမူကလေးများဖြင့် စာပန်းချီချယ်သလိုက်ရပါသည်။

#နေမျိုး
#ကဗျာလက်ရေးမူ

🔵 Available for collection

price - 40000 mmk
*ဘောင်ပါ

ခရီးသွား၊ ပုခုံးချိတ်အိတ်ကလေး tote bag ဒီဇိုင်းတစ်ခုကို ကြေးရုပ်မြို့တော်က ထုတ်လုပ်ထားပါတယ်။ နေမျိုးရဲ့မွေးနေ့အမီ မတ်လ ၄...
04/03/2025

ခရီးသွား၊ ပုခုံးချိတ်အိတ်ကလေး tote bag ဒီဇိုင်းတစ်ခုကို ကြေးရုပ်မြို့တော်က ထုတ်လုပ်ထားပါတယ်။ နေမျိုးရဲ့မွေးနေ့အမီ မတ်လ ၄ရက်မှာ ထွက်ရှိတာလဲဖြစ်ပါတယ်။ ကျေးတောသားလို့ အမည်ပေးထားတယ်။

'ထန်းပင်ထနောင်း၊ ရှားစောင်း၊ မိုးနှံ၊ တို့ရပ်ဌာန်ဆီ ရွာရိုးတစ်လျှောက်မှာ ကြီးတော်နွားလဲ အငှားကျောင်းရတာ၊ လောက်လေးနဲ့လောက်စာ ကျေးတောသားရဲ့ကမ္ဘာ '

#နေမျိုး
#ကျေးတောသား

price - 22000 mmk

ဒီနေ့ မတ်လ ၄ ရက်က စာရေးဆရာ၊ ပန်းချီဆရာ နေမျိုးရဲ့ ၆၂ နှစ်ပြည့် မွေးနေ့ပါ။ မွေးနေ့ဆုမွန်ကောင်း တောင်းပေးကြတဲ့မိတ်ဆွေများ ...
04/03/2025

ဒီနေ့ မတ်လ ၄ ရက်က စာရေးဆရာ၊ ပန်းချီဆရာ နေမျိုးရဲ့ ၆၂ နှစ်ပြည့် မွေးနေ့ပါ။ မွေးနေ့ဆုမွန်ကောင်း တောင်းပေးကြတဲ့မိတ်ဆွေများ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေဗျ။

Address

Mandalay
05021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:30

Telephone

+959402661949

Website

Alerts

Be the first to know and let us send you an email when Kyay Yote Myoe Taw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category