13/09/2024
😍ကိုယ်ချစ်တဲ့သူနဲ့အမြန်ဆုံးအဆင်ပြေချင်သလား?😍ဒါဆိုရင် ဘယ်နတ်ကိုဆုတောင်းရင်အဆင်ပြေမယ်ဆိုတာ ကိုယ်တိုင်စမ်းကြည့်လိုက်ပါ။
🙏ကိုယ်စောင့်နတ်၁၂ပါး🙏
၁။ သတ္တပါလ - ဖူးစာရေးနတ်
၂။ ဝါမသူရိယ - စည်းစိမ်စောင့်နတ်
၃။ ဇလသညာ - အလှူဒါနကိုစောင့်သည့်နတ်
၄။ ဃရပါလ - အိုးအိမ်ကိုစောင့်သည့်နတ်
၅။ စန္ဒီ(သိရီ) - ကျက်သရေမင်္ဂလာရှိသောနတ်
၆။ ကလျာနီ - အသက်စောင့်နတ်
၇။ ဗလီရာဇာ - အိပ်မက်ပေးသောနတ်
၈။ လပ်ခ်ျမီဒေဝီ - ဥစ္စာပေးသည့်နတ်
၉။ သူရဿတီ - ပညာဥာဏ်ကို စောင့်သည့်နတ်
၁၀။ ဝကပါလ - ခရီးသွားလျှင်စောင့်သည့်နတ်
၁၁။ နရိန္ဒာဒေဝီ - အိပ်စက်လျှင်စောင့်သောနတ်
၁၂။ မဟာပိန္နဲ - အခါခပ်သိမ်း စောင့်သောနတ်
ကိုယ်စောင့်နတ် ၁၂ပါးအားမေတ္တာပို့သနည်း
မေတ္တာမပို့ခင် ကိုယ်စောင့်နတ် ၁၂ပါးကို
ပင့်ဖိတ်ပြီး မေတ္တာပို့ရင်တော့ ပိုထိရောက်ပါတယ်။
ကိုယ်စောင့်နတ် ၁၂ ပါး ပင့်ဖိတ်နည်း။
---------------------------------------------
တန်ခိုးကြီးစွာ ကိုယ်မှာစောင့်တက် အမြဲကပ်သည့်
နတ်မြတ်တို့တွင် နဖူးစာကို မှန်စွာရေးတက်
သတ္တ-ဘာဂ နတ်မြတ်သနင်း ရှင်နတ်မင်းနှင့်
မရွင်းစေတက် သူရဿတီ နတ်ဒေဝီနှင့် လက္ခီမဟာ
ထိုမှမနှေး အိမ်မက်ပေးတက် နတ်မြတ်ဗလိရာဇာ
တန်ခိုးဖြာသည့် ဝါမသူရိယ ဇလသင်္ချေ ဂရာဝါက
ယောဂတနှင့် ကလျာဏမိတ် ကျော်ဟိတ်အရှိန်
နရိန္ဒာမင်း ချစ်ခြင်းမေတ္တာ မျှတက်စွာသည် စန္ဒာဒေဝီသညီသညာ မဟာပိဿနိုး တန်ခိုးကြီးခြင်း
မည်ယင်းတွင်အပ် နတ်မြတ် တစ်ကျိပ်နှစ်ပါး
နတ်အများကို ခစားရိုသေ ဆည်းကပ်ထွေဖြင့်
ကျက်သရေတိုး မြတ်နိုးစေတနာ ပင့်ဖိတ်ပါသည်။
ဣမံဌာနံ ဤနရောဌာနသို့ အာဂစ်ဆန်တု အာဂစ်ဆန်တူ ကြွရောက်တော်မူကြပါကုန်လော့ ကြွရောက်
တော်မူကြပါကုန်လော့။
(၃) ခေါက်ရွတ်ဆိုပါရန်....
ပြီးရင်မေတ္တာပို့သရပါမယ်။
🕹️၁။ သတ္တပါလ နတ်
၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။
(မိမိချစ်သူ၊အချစ်ရေးအဆင်ပြေစေရန်
ဆုတောင်းပါ ၊ ချစ်ခင်နှစ်သက်စေသော
အရာများတွင် ဆုတောင်းနိုင်ပါသည်။
🕹️၂။ ဝါမသူရိယနတ်
၉ ကြိမ် ရည်စူးပြီး မေတ္တာပို့သပေးပါ။
(အလုပ်အကိုင် အဆင်ပြေရန်။အလုပ်ရရန်ဆုတောင်းနိုင်ပါသည်။)
🕹️၃။ဇလသညာနတ်
၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။
(မိမိပြုလုပ်လိုသော အလှူဒါန အလှူအတန်း
ကိစ္စများ အောင်မြင်ရန် ဆုတောင်းနိုင်ပါသည်။)
🕹️၄။ဃရပါလနတ်
၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။
(အိုး အိမ် လုံခြံရန် ၊ ရန်သူမျိုး ၅ပါး ဘေးမှ
ကင်းဝေးစေရန် ဆုတောင်းနိုင်ပါသည်။)
🕹️၅။ စန္ဒီ (သိရီ) နတ်သမီး
၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။
(မင်္ဂလာကျက်သရေ အပေါင်းနှင့်ပြည့်စုံစေရန်
စိတ်နှလုံးချမ်းမြေ့စေရန်ဆုတောင်းနိုင်ပါသည်။)
🕹️၆။ ကလျာဏီနတ်
၃၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။
(အသက်အန္တရာယ်ဘေး ရောဂါဘေးမှ
ကင်းဝေးရန် ဆုတောင်းနိုင်ပါသည်။)
🕹️၇။ ဗလိရာဇာနတ်
၇ ကြိမ်ရည်စူးပြီး မေတ္တာပို့ပေးပါ။
(မိမိလိုသောသူကို အိမ်မက်ပေးလိုသောအခါ
လိုအင်ဆန္ဒပြည့်ဝစေရန် ဆုတောင်းနိုင်ပါသည်။)
🕹️၈။လပ်ချ်မီဒေဝီ
၉ ကြိမ် ရည်စူးပြီး မေတ္တာပို့သပေးပါ။
( ငွေကြေး ကိစ္စများ ။အလုပ်အကိုင်ကိစ္စများ
အဆင်ပြေစေရန်ဆုတောင်းနိုင်ပါသည်။)
🕹️၉။ သူရဿတီနတ်သမီး
၉ ကြိမ် ရည်စူးပြီး မေတ္တာပို့သပေးပါ။
(ပညာရေး ။အင်တာဗျူးကိစ္စများ
အဆင်ပြေအောင်မြင်ရန် ဆုတောင်းနိုင်ပါသည်။)
🕹️၁၀။ ဂတပါလနတ်
၉ ကြိမ် ရည်စူးပြီး မေတ္တာပို့သပေးပါ။
(သွားလေရာ ဘေးရန်ကင်းရန်
ဆုတောင်းနိုင်ပါသည်။)
🕹️၁၁။ နရိန္ဒာဒေဝီ
၉ ကြိမ် ရည်စူးပြီး မေတ္တာပို့သပေးပါ။
( အိမ်မက်ဆိုး နိမိတ်ဆိုးများ
မကြုံတွေ့ရစေရန်။)
🕹️၁၂။မဟာပိန္နဲ နတ်
၉ ကြိမ် ရည်စူးပြီး မေတ္တာပို့သပေးပါ။
(အခါခပ်သိမ်း ဘေးရန်ကင်းပြီး
ကျက်သရေမင်္ဂလာအပေါင်းနှင့်
ပြည့်စုံစေရန် ဆုတောင်းနိုင်ပါသည်။
ဗေဒင်၊ယတြာနှင့်လောကီအစီအမံပညာရှင်
ဆရာမင်းသုတ
09798250447
(viber/wechat/whatsapp)