Drawing paradise

Drawing paradise Art Gallery

ဒါမျိုးဆွဲပေးရမယ့်projectတစ်ခုလောက် လာအပ်ရင်ကောင်းမှာပဲ ဆွဲရတာအရမ်းပျော်ဖို့ကောင်းနေမှာ 😍😍😍All photos credit*
02/06/2026

ဒါမျိုးဆွဲပေးရမယ့်projectတစ်ခုလောက် လာအပ်ရင်ကောင်းမှာပဲ ဆွဲရတာအရမ်းပျော်ဖို့ကောင်းနေမှာ
😍😍😍
All photos credit*

ခဲပန်းချီအခြေခံဖြစ်တဲ့ အလင်းအမှောင်အနုအရင့်ရေးဆွဲလေ့ကျင့်ဖို့ မပျင်းတဲ့ကျောင်းသားများ 😊 #ကလေးပန်းချီသင်တန်း  #ခဲပန်းချီသ...
01/06/2026

ခဲပန်းချီအခြေခံဖြစ်တဲ့ အလင်းအမှောင်အနုအရင့်ရေးဆွဲလေ့ကျင့်ဖို့ မပျင်းတဲ့ကျောင်းသားများ 😊

#ကလေးပန်းချီသင်တန်း
#ခဲပန်းချီသင်တန်း

01/06/2026

"အရောင်များ အလွန်" ပန်းချီပြပွဲ
"Beyond the Spectrum " Art Exhibition

"အရောင်သည် မြင်နိုင်သော
အလင်း၏ အပိုင်းအစတစ်ခုသာမက
မှတ်ဉာဏ်၊ အချိန်၊ စိတ်ခံစားမှုများကို
သယ်ဆောင်ထားသည့်
အာရုံခံဘာသာစကားတစ်ရပ် ဖြစ်သည်"

ယခုပြပွဲမှာတော့ ......
Color Pattern တွေနဲ့ ဖွဲ့သီတဲ့ ပန်းချီကား
တွေချည်း တစ်စုတစည်းတည်း ကြည့်ရှု့ရမယ့်
ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။

Artist တစ်ဦးနှင့်တစ်ဦး ရှူမြင်ပုံချင်း
ဖန်တီးတင်ပြပုံချင်းမတူကြ‌တဲ့အလျောက်
Pattern ရသအစုံကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး
ကြည့်ရှုရမှာပါ။
ပန်းချီဆရာအစုံ၏လက်ရာကောင်းများအပြင်
လိုက်ဖက်မယ့် Installation Decorating
အပြင်အဆင်များဖြင့် စိတ်အေးချမ်းစွာ
ကြည့်ရှူခံစားနိုင်ဖို့စီစဉ်ထားပါတယ်။

ပါဝင်ပြသမယ့် Artist များကတော့
Ang Banang
Aung Naing Maung
Aung San Myint
CNK
Kyaw Han Tun
Khine Marlar Hninsi
Htoo Lwin Aye
Nay Zaw
Nya Min Kyaw
Mg Mg Yin Min
Myat Min Htway
Myo Myint Than
Ogre
Su Su Hlaing
Than Swe
Thein Tun Oo
TTW
Win Thein တို့ဖြစ်ပါတယ်။

ကျယ်ဝန်းတိတ်ဆိတ်တဲ့ Gallery ခန်းမအတွင်း
အရောင်စုံ အသွေးစုံ လှပ နေကြမယ့် ပန်းချီလက်ရာအစုံစုံကို လာရောက်ကြည့်ရှူခံစားဖို့ ချစ်ခင်လေးစားစွာဖိတ်ကြားပါတယ် .....။

ပြပွဲအစီအစဉ်
☑️ "Beyond the Spectrum" Art Exhibition
☑️ 6 to 14 June 2026
☑️ 10:00 AM- 5:00 PM
☑️ ABAC - The Art Bridge Art Center

📍 - အမှတ် (1A+1B/6)၊ ၄ လွှာ၊
၃၂ ရပ်ကွက်၊ ဘေလီတံတားအဆင်း၊နာရီစင်မှတ်တိုင်၊AYA ဘဏ်ရှေ့၊ ပင်လုံလမ်းမကြီး ၊
ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်မြို့။

📞 ဖုန်း - 09 798 441 931, 09 940 100 091

ဒီနေ့အတွက် ကျောင်းသား color pencil drawing with sketchပန်းချီဝါသနာပါတော့ သူအရမ်းပျော်  #ကလေးပန်းချီသင်တန်း
31/05/2026

ဒီနေ့အတွက် ကျောင်းသား color pencil drawing with sketch
ပန်းချီဝါသနာပါတော့ သူအရမ်းပျော်

#ကလေးပန်းချီသင်တန်း

"ပန်းချီဆွဲတတ်တဲ့သူရဲ့ကမ္ဘာက                            ဘယ်သွားသွားပိုလှတယ်"
30/05/2026

"ပန်းချီဆွဲတတ်တဲ့သူရဲ့ကမ္ဘာက
ဘယ်သွားသွားပိုလှတယ်"

သူတို့အတက်ကြွဆုံးအတန်းက ပန်းချီအတန်းတဲ့🫟 #ကလေးပန်းချီသင်တန်း
30/05/2026

သူတို့အတက်ကြွဆုံးအတန်းက ပန်းချီအတန်းတဲ့🫟

#ကလေးပန်းချီသင်တန်း

ပန်းချီပြပွဲလေးတွေ တွေ့မိရင် ပြန်shareခြင်းဖြင့် ပညာရှင်များကိုအားပေးရာရောက်သလို လေ့လာချင်သူများလည်းသွားရောက်လေ့လာနိုင်တ...
29/05/2026

ပန်းချီပြပွဲလေးတွေ တွေ့မိရင် ပြန်shareခြင်းဖြင့် ပညာရှင်များကိုအားပေးရာရောက်သလို လေ့လာချင်သူများလည်းသွားရောက်လေ့လာနိုင်တာပေါ့ 🌟
Sharing is caring

I turned the beautiful photo into a watercolour painting 🎨
29/05/2026

I turned the beautiful photo into a watercolour painting 🎨


28/05/2026

ရေဆေးစာရွက်တွေ ဒိတ်အောက်မအောက်
ဘယ်လိုကြည့်ကြမလဲ⁉️

✅ရေဆေးစာရွက်ပေါ်ကို ရေစက်ချလိုက်လို့ ရေကတင်နေ
ပြီးမှ ဖြေးဖြေးချင်းစုပ်ယူသွားတယ်ဆိုရင် အဲ့စာရွက်က
ဒိတ်မအောက်ဘူး ကောင်းတယ်နော်။
✅ဒိတ်အောက်နေရင်က စာရွက်ပေါ်ကို ရေစက်ချလိုက်
တာနဲ့ ရေကို တန်းစုပ်သွားပြီး ရေကပြန့်သွားတာ
မြန်ပါတယ်။
✅နောက်ထပ်စမ်းသပ်နည်းကတော့ ရေဆေးကို
စာရွက်ပေါ် ရေများများနဲ့ mix လုပ်ပြီး ခြယ်ကြည့်ပါ။
✅ဆေးရောင်က စာရွက်ထဲကို တောက်လျှောက်စုပ်ဝင်ပြီး
ခြောက်သွားတဲ့အရောင်က တအားမှိန်ဖျော့နေမယ်
ဒါမှမဟုတ် အကွက်လိုက်ကျန်ခဲ့မယ်ဆိုရင်
ရေဆေးစာရွက်က သက်တမ်းကုန်နေပါပြီ။
✅မှိူပွင့်အသေးအစက်အပြောက်လေးတွေ စာရွက်မှာ
စွဲနေတာ ဒါမှမဟုတ် အနံ့စိုးထွက်နေတာ ၊
ပုံမှန်ထက် အဝါရောင်သန်းနေတာမျိူးဆိူရင်လည်း
ရေဆေးစာရွက်က သက်တမ်းကုန်နေပါပြီ
📌📌📌📌
အဲ့လိုမျိူးတွေဖြစ်လာပြီး ဒိတ်အောက်သွားတဲ့ရေဆေးစာရွက်တွေ မိမိမှာ ရှိနေရင်လည်း လုံးဝလွှင့်ပစ်ဖို့
မလိုဘူးနော်။ ရေဆေးဆွဲဖို့ အဆင်မပြေတော့ပေမဲ့
ခဲပန်းချီဆွဲတာ Sketch ခြစ်တာ Gouache ဆွဲတာနဲ့
Acrylic ဆွဲတာတွေ ကာလာစပ်နည်း လေ့ကျင့်တဲ့နေရာတွေမှာ ပြန်လည်အသုံးပြုလို့ရပါတယ်ရှင့်🥰



#ဗီးနပ်စ်ပန်းချီပစ္စည်းဆိုင်
#ပန်းချီပစ္စည်းလက်လီလက်က္ကားရောင်းဝယ်ရေး

Address

Dubai
0000

Website

Alerts

Be the first to know and let us send you an email when Drawing paradise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Drawing paradise:

Share

Category