Poe Htoo - Art Gallery

  • Home
  • Poe Htoo - Art Gallery

Poe Htoo - Art Gallery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Poe Htoo - Art Gallery, Art Gallery, .

😍
06/09/2023

😍

ပြိုင်ပွဲဝင်အမှတ်စဥ်(၁၂၆) Saw Shar Htunt
(နို့ဖို့ ဒုက္ခသည်စခန်း (Nu Poe Refugee Camp)

ကရင်သတင်းဌာန(KIC)၏ ၂၆နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်
“ကရင်ရိုးရာဓလေ့ လူနေမှုဘ၀” အလှဓာတ်ပုံပြိုင်ပွဲ

ပြိုင်ပွဲ ရည်ရွယ်ချက်
၁။ ကရင်လူမျိုးတို့၏ ရိုးရာဓလေ့နှင့် လူနေမှုဘ၀ကို ဖော်ထုတ်ခြင်းအားဖြင့် ကရင်တို့၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှုနှင့် ရိုးရှင်းသောလူမှုဘ၀ကို လေးစားတန်ဘိုးထားကြောင်း ပြသနိုင်စေရန်
၂။ ကရင်သတင်းဌာန(KIC)၏ အသင်းဝင်အစီအစဥ်(Membership Program)တွင် အသင်းဝင်များ တိုးလာရန်
၃။ အသင်းဝင်များ တိုးများလာခြင်းဖြင့် KIC ရေရှည် ရပ်တည်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးပေးရန်

အဆိုပါဓာတ်ပုံပြိုင်ပွဲကို အွန်လိုင်းအယ်လ်ဘမ်ပုံစံဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး Facebook Like, Love, Care ပထမ အများဆုံးမှ တတိယ အများဆုံးအထိ အွန်လိုင်းပရိဿတ်များထံမှ ရရှိသည့် မဲအရေအတွက်အပေါ် အခြေခံ၍ ဆုရှင်ကို ရွေးချယ်သွားမည်ဖြစ်သည်။
ဓာတ်ပုံပြိုင်ပွဲတွင် ချီးမြှင့်မည့်ဆုနှင့် ဆုကြေးများမှာ -
Facebook Like, Love, Care အများဆုံး ပထမဆု (ဆုကြေး - ထိုင်းဘတ်ငွေ ၁၀,၀၀၀) Sponsored by Saw Sine (USA)
Facebook Like, Love, Care ဒုတိယအများဆုံး ဒုတိယဆု (ဆုကြေး - ထိုင်းဘတ်ငွေ ၇,၀၀၀)Sponsored by Ayeyarwaddy Delta Karen (South Korea) https://bit.ly/3E9NKGG
Facebook Like, Love, Care တတိယအများဆုံး တတိယဆု (ဆုကြေး - ထိုင်းဘတ်ငွေ ၅,၀၀၀) Sponsored by Karen Swedish Community https://bit.ly/3Pcqk9V

ပြိုင်ပွဲအချိန်ကာလနှင့် ပြိုင်ပွဲဝင်ဓာတ်ပုံ ပေးပို့ရမည့်ပုံစံ
————————————
ပြိုင်ပွဲကာလ - သြဂုတ်လ (၃၀)ရက်နေ့မှ စက်တင်ဘာလ (၂၀)ရက်နေ့အထိ
မိမိဓာတ်ပုံ (၁)ပုံနှင့်အတူ အမည်၊ နေထိုင်ရာမြို့တို့ကို Karen Information Center – KIC Facebook Messenger သို့ တိုက်ရိုက် ပေးပို့ရပါမည်။
ဆုရရှိသူများကို စက်တင်ဘာလ (၂၀)ရက်၊ ညပိုင်းတွင် ရွေးချယ်ကာ ပြန်လည် အသိပေးသွားမည်ဖြစ်သည်။

ပြိုင်ပွဲစည်းကမ်းများ
၁။ ကရင်ရိုးရာဝတ်ဆင်မှု (သို့မဟုတ်) ကရင့်ဓလေ့ရိုးရာများကို ထင်ဟပ်စေရန် ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ရမည်။
၂။ မည်သည့်ဓာတ်ပုံပြိုင်ပွဲတွင်မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးသော ဓာတ်ပုံ မဖြစ်စေရ။
၃။ အလင်းရောင်နှင့် အရည်အသွေး ကြည်လင်ကောင်းမွန်စွာ ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ရမည်။
၄။ ပြိုင်ပွဲဝင်သူအနေဖြင့် လူမျိုးမရွေး၊ အသက်အရွယ်မရွေး ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
၅။ ပြိုင်ပွဲဝင်သူများကို KIC Member အဖြစ် ကနဦး တစ်လစာ ပါဝင်ခွင့်ပြုပါမည်။
၆။ ပြိုင်ပွဲဝင်ကြေးအဖြစ် - ၁၀,၀၀၀ကျပ် သို့မဟုတ် ဘတ် ၁၀၀ သို့မဟုတ် ၅ ဒေါ်လာ သတ်မှတ်သည်။
၇။ ဆုများကို KIC က ရွေးချယ်ပြီး KIC ၂၆နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ချီးမြှင့်သွားမည်။

Address


Website

Alerts

Be the first to know and let us send you an email when Poe Htoo - Art Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your museum to be the top-listed Museum?

Share