06/04/2026
ဒီနေ့ ကန်ဘာရာမြို့မှာ အထက်လွှတ်တော်အမတ်များ၊ အောက်လွှတ်တော်အမတ်များ၊ အစိုးရတာဝန်ရှိသူများနဲ့ မြန်မာအသိုင်းအဝိုင်းဝင်များကို တွေ့ဆုံခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ရိုးရှင်းတဲ့ မေးခွန်းတစ်ခုကတော့
“ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာလဲ”
ကျွန်တော့်အမေဟာ အသက် ၈၁ နှစ် ပြည့်တော့မယ့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် လေးနှစ်ကျော်ကြာတဲ့အထိ ယုံကြည်စိတ်ချရပြီး သီးခြားအတည်ပြုထားတဲ့ အသက်ရှင်နေကြောင်း အထောက်အထား မရှိသေးပါဘူး။
အသက်ရှင်နေကြောင်း အထောက်အထား၊ လူ့အခွင့်အရေးနဲ့ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ကျွန်တော့်နဲ့အတူ ရပ်တည်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။
ကမ္ဘာကြီးက ကျွန်တော့်မေမေကို မေ့မထားသင့်ပါဘူး။
လျှို့ဝှက်နေရာတစ်ခုကနေ နောက်ထပ် လျှို့ဝှက်နေရာတစ်ခုကို ရွှေ့ပြောင်းထားတာဟာ လွတ်မြောက်ခြင်း မဟုတ်ပါဘူး။ မေမေဟာ ယနေ့တိုင် ဓားစာခံတစ်ဦးအဖြစ် ရှိနေဆဲပါ။
အသက်ရှင်နေတယ်ဆိုရင် သက်သေပြပါ။
Today in Canberra, I was grateful to meet with Senators, Members of the House of Representatives, government officials, and members of the Burmese community to discuss a simple humanitarian question:
Where is Daw Aung San Suu Kyi?
My mother is an 81 year old Nobel Peace Prize laureate. Yet after more than four years, there is still no credible, independently verified proof of life.
I am grateful to everyone who took the time to meet with me and support the call for proof of life, human rights, and freedom for all political prisoners in Burma.
The world must not forget my mother.
Moving her from one secret location to another is not freedom. She remains a hostage.
If she is alive, show proof.
Kim Aris - Htein Lin