Road Of Yangon Land

Call Website Contact the museum

Road Of Yangon Land ငါတို့၏ နွေဦးတော်လှန်ရေးအောင်မြင်မှုသည်ကား ရှောင်လွှဲ၍ မရနိုင်တော့လေပြီ။

အရေးတော်ပုံအောင်ရမည်။ Be thinks with reading

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အပေါ် စစ်တပ် လေကြောင်းတိုက်ခိုက်မှုနှင့် စပ်လျဥ်းသည့်  ထုတ်ပြန်ချက်"ရခိုင်ပြည်နယ်၊ ကျောက်တ...
09/30/2026

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အပေါ် စစ်တပ် လေကြောင်းတိုက်ခိုက်မှုနှင့် စပ်လျဥ်းသည့် ထုတ်ပြန်ချက်

"ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ဈေးတစ်ခုအပေါ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အတွက် မိမိတို့ အလွန်အမင်း စိုးရိမ်တုန်လှုပ်မိပါတယ်။

"အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိပါ။ ယူကေအစိုးရအနေနဲ့ ဒီဆိုးရွားလှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။

"ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ပါတယ်။ အရပ်သားပြည်သူအားလုံးကို အကာအကွယ်‌‌‌ပေးရန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ယူကေက ပြတ်ပြတ်သားသား ပြောကြားထားပြီး ဖြစ်ပါတယ်။"

Baroness Winterton, ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး
"I am appalled by the reports of a military airstrike on a market in Kyauktaw, Rakhine, which has resulted in a significant loss of life.

"Attacks on civilians are utterly unacceptable, and the UK condemns this devastating attack.

"We stand with the people of Myanmar. The UK is clear: all civilians must be protected and airstrikes must stop."

Baroness Winterton, Parliamentary Under Secretary of State

Time မဂ္ဂဇင်းရဲ့ ဆောင်းပါးခေါင်းစဉ်“မြန်မာအာဏာရှင်က အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်တည်ဆောက်ချင်တယ်”စာရေးသူ Charlie Cam...
09/23/2026

Time မဂ္ဂဇင်းရဲ့ ဆောင်းပါးခေါင်းစဉ်
“မြန်မာအာဏာရှင်က အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်တည်ဆောက်ချင်တယ်”

စာရေးသူ Charlie Campbell၊ ၂၀၂၆ စက်တင်ဘာ ၂၃ ရက်ထုတ်။

ဒါက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက မင်းအောင်လှိုင်ရဲ့ ပထမဆုံး အနောက်တိုင်းမီဒီယာ တွေ့ဆုံမေးမြန်းခန်း

နေပြည်တော် သမ္မတရုံးမှာ သြဂုတ် ၂၈ ရက်

အဓိက အချက်တွေက ဒီလိုပါ

သူက အောင်ဆန်းစုကြည်ကို “အလွန်အမင်း သည်းခံခဲ့တယ်” လို့ ဆိုပါတယ်။
“အခြေအနေ ဒီအထိ မရောက်အောင် ဖြစ်နိုင်သမျှ ကြိုးစားခဲ့တယ်” လို့လည်း ပြောပါတယ်။

အကျဉ်းချခံရမှု လျှော့ပေါ့ပေးဖို့ အခွင့်အရေးက “သူ့အပေါ် မူတည်တယ်” လို့ ဆိုပေမဲ့၊ “ကျွန်တော်တို့ဘက်က ပြန်လည်စဉ်းစားစရာ အကြောင်းပြချက်တွေ ပေါ်လာရင် အခြေအနေ
ပြောင်းလဲနိုင်တယ်” လို့ ရွေးချယ်ပြောပါတယ်။

ဒီမိုကရေစီအကြောင်းကတော့
“ဒီမိုကရေစီ အမျိုးအစားတွေ ရှိတယ်။ အမေရိကန် ဒီမိုကရေစီ ရှိတယ်၊ ဥရောပ ဒီမိုကရေစီ ရှိတယ်။ မြန်မာနိုင်ငံက ကိုယ့်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ တကယ်ကိုက်ညီတဲ့ ဒီမိုကရေစီစနစ် ရရှိအောင် ကျွန်တော် သေချာလုပ်ပေးမယ်” လို့ ပြောပါတယ်။
ဆောင်းပါးရဲ့ နောက်ကွယ်အကြောင်းအရာကတော့

သူက ၂၀၂၅ ဒီဇင်ဘာကနေ ၂၀၂၆ ဇန်နဝါရီအထိ ရွေးကောက်ပွဲတွေ ကျင်းပပြီး ဧပြီမှာ သမ္မတ ဖြစ်လာတာ၊ အဲဒီ ရွေးကောက်ပွဲတွေကို လူ့အခွင့်အရေးအဖွဲ့တွေက လိမ်လည်မှုလို့ ရှုတ်ချကြတာ၊ နိုင်ငံရဲ့ မြေထက်ဝက်ထက်နည်းတာကိုပဲ ထိန်းချုပ်နိုင်သေးတာ၊ ပြည်တွင်းစစ်ကြောင့် လူတစ်သိန်းကျော် သေဆုံးပြီး သုံးသန်းခြောက်သိန်းကျော် နေရပ်စွန့်ခွာရတာတွေ ပါဝင်ပါတယ်။

အမေရိကန်ကတော့ ဒီမိုကရေစီတန်ဖိုးတွေထက် စီးပွားရေးအကျိုးစီးပွားကို ဦးစားပေးနေပြီး၊ တရုတ်ရဲ့ သြဇာကို ပြန်တုံ့ပြန်ဖို့ မြန်မာနဲ့ ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ စဉ်းစားနေတယ်လို့ ဆောင်းပါးက ဖော်ပြပါတယ်။

09/22/2026

ကျွန်တော် မင်းအောင်လှိုင်ဆီကို စာတစောင်ရေးပြီး လန်ဒန်က မြန်မာသံရုံးကနေ တဆင့် သွားပေးခဲ့တယ်။

ICRC ကိုယ်စားလှယ်က မေမေ့ကို တွေ့ခဲ့တဲ့အတွက် မေမေ အသက်ရှင်နေသေးတယ်ဆိုတာသိခဲ့ရပါတယ်။ ဒါပေမယ့် မေမေ့ကို ကျွန်တော် အခုထိ တွေ့ခွင့်မရသေးပါဘူး။ စကားလည်း ပြောခွင့်မရသေးပါဘူး။
မေမေ့လွတ်မြောက်ရေးအတွက် ပထမဆုံး တောင်းဆိုခဲ့ရတုန်းက ကျွန်တော်ဟာ ကလေးတစ်ယောက်ပဲ ရှိပါသေးတယ်။ ဆယ်စုနှစ်တွေ ကြာပြီးတဲ့နောက် အခုထက်ထိလဲ ထပ်ပြီး တောင်းဆိုနေရပါတယ်။
မေမေ အသက် ၈၁ နှစ် ရှိပါပြီ။ သူ့ဘဝရဲ့ နှစ်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရပြီးပါပြီ။

ကျွန်တော့်မေမေနဲ့ တွေ့ခွင့်ပေးပါ။
ကျွန်တော့်မေမေနဲ့ စကားပြောခွင့်ပေးပါ။
ကျွန်တော့်မေမေကို လွှတ်ပေးပါ။

ကင်အဲရစ်- ထိန်လင်း



Today, I delivered my letter to Min Aung Hlaing through the Burmese Embassy in London.

I now know my mother was alive when an ICRC representative saw her. But I still cannot see her or speak with her.
I was a child when I first had to ask for my mother’s freedom. Decades later, I am asking again.

She is 81. She has lost enough years of her life.
Let me see my mother.
Let me speak with my mother.
Let my mother be free.
FREE HER.

09/21/2026

“We have a Champion”

09/17/2026

Hope of Banksy

“ငါတို့ သံအမတ်ကြီး - ငါတို့ အသံ”♦️UN မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဒါလေးနှိပ်ပြီး S...
09/09/2026

“ငါတို့ သံအမတ်ကြီး - ငါတို့ အသံ”

♦️UN မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဒါလေးနှိပ်ပြီး Support လုပ်ကြမယ်။♦️

Support လုပ်ရန်လင့် 👉 https://our-ambassador-our-voice.vercel.app/

လုပ်ဆောင်ရမည့် အဆင့်များ
🎈၁. Link ကို နှိပ်လိုက်ပါ။
🔥၂. "I Support" ဆိုတာကို နှိပ်ပါ။
🍻၃. လေးထောင့် အကွက်ထဲမှာ ဦးကျော်မိုးထွန်းကို ဘာကြောင့် ထောက်ခံသလဲနဲ့ နာမည်ရေးပြီး(မရေးချင်လဲရ) "Add My Support" ကို နှိပ်ပါ။ Thank you လို့ပေါ်ရင် သင့်ရဲ့လုပ်ဆောင်ချက်အောင်မြင်ပါပြီ။

Public support campaign for U Kyaw Moe Tun as the Permanent Representative of Myanmar to the UN.

“ဦးကျော်မိုးထွန်း ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်မှာ မြန်မာပြည်သူတွေကို ဆက်လက်ကိုယ်စားပြုနိုင်ရေး လူထုလှုပ်ရှားမှု”ငါတို့ သံအမတ် ...
09/08/2026

“ဦးကျော်မိုးထွန်း ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်မှာ မြန်မာပြည်သူတွေကို ဆက်လက်ကိုယ်စားပြုနိုင်ရေး လူထုလှုပ်ရှားမှု”

ငါတို့ သံအမတ် - ငါတို့ အသံ
Our Ambassador - Our Voice

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုကို ကိုယ်စားပြုပြီး ပြည်သူတွေရဲ့အသံကို ကမ္ဘာက အမှန်အတိုင်းကြားနိုင်ဖို့ စဉ်ဆက်မပြတ် ပြောဆိုဆွေးနွေးတိုက်ပွဲဝင်လျက်ရှိနေပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ နေရာကို ရယူနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လိမ်ညာဝါဒဖြန့်မှုတွေ နေရာမရစေဘဲ ပြည်သူ့အသံ အစစ်အမှန်ကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် ရှိနေနိုင်ဖို့အတွက် ကျွန်တော်၊ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းရဲ့ ထောက်ခံပံ့ပိုးမှုတွေ အသေအချာကို လိုအပ်နေပါတယ်။ အချိန်ခဏပေးပြီး အောက်ပါ လူထုလှုပ်ရှားမှုမှာ အုတ်တစ်ချက်သဲတစ်ပွင့်အဖြစ် ပါဝင်ပေးကြဖို့ အားလုံးကို မေတ္တာရပ်ခံပါတယ်။

၁)https://our-ambassador-our-voice.vercel.app/ (https://our-ambassador-our-voice.vercel.app/?fbclid=IwcGRvZgFleHRuA2FlbQIxMABicmlkETFDY3hnUXVMaHo5M2xxUWM2c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHjW24hG80O8H2zX6yuY4IEMDvu52h7_wiA6DtDDQr_w9rluaO5hXo8F3yBis_aem_o3gRiSjZywCd-F5LjX4hwg) ကိုသွားပါ။
၂)I SUPPORT ကိုနှိပ်ပါ။ အစိမ်းနုရောင်ဖြစ်သွားပါလိမ့်မည်။
၃)သင်ဘာ့ကြောင့်ထောက်ခံတယ်ဆိုတာနဲ့ အမည်ကို ရေးပါ။ (မရေးချင်လဲ ရပါတယ်)
၄)Add My Support ကိုတစ်ချက်နှိပ်ပြီး ခဏစောင့်ပါ။

Thank You. Your support has been counted. ဟူသည့် စာတမ်းကို မြင်ရပါက သင်၏ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်မှု အောင်မြင်ပြီဖြစ်ပါတယ်။






09/08/2026

(၆၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် တင်သွင်းသည့်စာတမ်း

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ထုတ်ပြန်ချက်


၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်

ဥက္ကဌကြီးနဲ့

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား …

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ အဋ္ဌမမြောက် နှစ်ပတ်လည်အစီရင်ခံစာ ကို တင်သွင်းခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။

ဝမ်းနည်းစွာနဲ့ပဲ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဆက်ပြီးဆိုးရွားလာနေတာကို ကျွန်တော်အစီရင်ခံရမှာ ဖြစ်ပါတယ်။ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေပါတယ်။

မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးအားထားနေပြီး အရပ်သားတွေက အဓိက ထိခိုက်နစ်နာရသူတွေ ဖြစ်နေပါတယ်။ ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကာလတွေမှာ တိုက်ခိုက်မှုတွေ ပိုပြင်းထန်ခဲ့ပြီး အခုချိန်ထိလည်း ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်က စစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တရားစခန်း ဖွင့်နေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုပေါင်း ၆၀၀ ကျော်ထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေဟာ မကြာခဏ ပစ်မှတ်ထားခံနေရပါတယ်။

မြန်မာစစ်တပ်ကလေယာဉ်တွေထက် ကြိုတင်သိရှိဖို့ရန် ပိုခက်ခဲတဲ့ ပါရာမော်တာတွေနဲ့ ဒရုန်းတွေကို ပိုပြီးအသုံးပြုလာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကိုခိုလှုံဖို့ အချိန်နည်းလာ ပါတယ်။ ဒါ့အပြင် “နှစ်ကြိမ်ဆင့်တိုက်ခိုက်မှု” နည်းလမ်းကို ပိုသုံးလာတာကိုလည်း ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပထမအကြိမ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို ကူညီပေးတဲ့ ကယ်ဆယ်ရေးသမားတွေကို ထိခိုက်စေဖို့ ဒုတိယအကြိမ် ထပ်ဆင့်တိုက်ခိုက်တာမျိုး ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ တိုးတက်မှုတွေရှိနေပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ တပ်ဖွဲ့အများအပြားနဲ့ သူတို့ အခြေစိုက်ရာ လေတပ်စခန်းတွေကို ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်လက်အောက်ကထိန်းသိမ်းရေးစခန်းတွေမှာ ကျူးလွန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို စုံစမ်းစစ်ဆေးရာမှာလည်း တိုးတက်မှုတွေရှိခဲ့ပါတယ်။ တာဝန်ရှိတဲ့တပ်မှူးတွေနဲ့ စစ်ကြော မေးမြန်းသူတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ စုဆောင်းထားတဲ့ အထောက်အထားတွေမှာ အုပ်စုလိုက် မုဒိမ်းကျင့်မှုနဲ့ လိင်အင်္ဂါကို စီးကရက်မီးနဲ့ရှို့ခြင်း အပါအဝင် ထိတ်လန့်ဖွယ် လိင်ပိုင်းဆိုင်ရာနဲ့ ဂျင်ဒါအခြေပြု ရာဇဝတ်မှု မှတ်တမ်းတွေ ပါဝင်ပါတယ်။

ဥက္ကဌကြီးခင်ဗျာ…

လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကျွန်တော်တို့ကို လုပ်ပိုင်ခွင့် ချမှတ်ပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရာဇဝတ်မှုအထောက်အထားတွေကို စုဆောင်းရာမှာကျူးလွန်သူ ဒါမှမဟုတ် ထိခိုက်နစ်နာသူတွေရဲ့ နိုင်ငံရေးသစ္စာခံမှု၊ လူမျိုးစု ဒါမှမဟုတ် ကိုးကွယ်ယုံကြည်မှုတွေ မခွဲခြားဘဲ စုဆောင်းနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာလည်း ပဋိပက္ခတွေ သိသိသာသာ ပြင်းထန်နေပြီး လက်နက်ကိုင်အဖွဲ့ အမျိုး မျိုးက ကျူးလွန်တယ်ဆိုတဲ့ လူသတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အင်အားသုံးပြီး နယ်မြေမှ ဖယ်ရှားမှုနဲ့ဆိုင်တဲ့ စွပ်စွဲချက်တွေကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းက တိုင်းရင်းသားလူမျိုးအားလုံးဟာ ဒီရာဇဝတ်မှုတွေရဲ့ ဒုက္ခကို ခံစားနေကြရပါတယ်။ ရခိုင်လူမျိုးတွေနဲ့အတူ အခြားလူမျိုးစုတွေဟာလည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပိတ်ဆို့တားဆီးမှုတွေ ကြုံတွေ့နေရပါတယ်။ တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေဟာ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်ဖို့အတွက် ကြီးမားတဲ့ စွန့်စားမှုတွေယူပြီး ထွက်ပြေး နေရဆဲဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အစပိုင်းကတည်းက ရိုဟင်ဂျာ ၁၅၄,၀၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေနဲ့ မလုံခြုံမှုတွေ ဆက်ရှိနေတဲ့အတွက် မိမိတို့ရဲ့နေရပ်ကို လုံခြုံစွာ မပြန်နိုင်သေးတဲ့ ရိုဟင်ဂျာတစ်သန်းနီးပါး ရှိလာပြီဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ဂြိုဟ်တုပုံရိပ်တွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေ၊ ဘဏ်ငွေလွှဲ ပြောင်းမှုတွေနဲ့ လက်နက်ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အချက်အလက်တွေ အပါအဝင် ရင်းမြစ် ပေါင်း ၁,၆၀၀ ကျော်ကနေ အထောက်အထားအများအပြားကို စုဆောင်းရရှိထားပါတယ်။ ဒါ့အပြင် သက်သေထွက်ဆိုချက်ပေါင်း ၇၅၀ ကျော်ကိုလည်း စုဆောင်းထားပါတယ်။ ဒီအထောက်အထားတွေက ဘယ်လိုရာဇဝတ်မှုတွေ ဖြစ်ပျက်ခဲ့တယ်၊ ဘယ်သူတွေမှာ တာဝန်ရှိတယ်၊ ဒီရာဇဝတ်မှုတွေအတွက် ဘယ်သူတွေက ငွေကြေးထောက်ပံ့ခဲ့တယ်၊ ပံ့ပိုးကူညီခဲ့တယ် ဒါမှမဟုတ် အကျိုးအမြတ်ရရှိခဲ့တယ် ဆိုတာတွေကို နားလည်နိုင်ဖို့ အထောက်အကူပြုပါတယ်။

ယန္တရားဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရရှိရေး ကြိုးပမ်း နေတဲ့ သက်ဆိုင်ရာ တရားရေးအာဏာပိုင်တွေထံကို အထောက်အထားနဲ့ စိစစ်သုံးသပ်ချက် အများ အပြား မျှဝေပေးထားပါတယ်။ ဒီအထဲမှာ နိုင်ငံတကာရာဇဝတ်ခုံရုံးနဲ့ အာဂျင်တီးနားနိုင်ငံ တို့လည်း ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း အဖွဲ့ဝင်နိုင်ငံအချို့က တရားရေးအာဏာပိုင်တွေထံ မျှဝေထားပြီး ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းက နိုင်ငံတကာတရားရုံးမှာ လူမျိုးပြုန်းစေမှုကာကွယ်ရေးဆိုင်ရာစာချုပ်အရ မြန်မာနိုင်ငံရဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးကြားနာမှုတွေ လုပ်ခဲ့ပါတယ်။ ဒီအမှုမှာ တရားသူကြီးတွေဆီ တင်ပြတဲ့ အထောက်အထားအများစုကို ယန္တရားက ပံ့ပိုးပေးခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ ယန္တရားဆီ အချက်အလက်တွေ မျှဝေပေးဖို့အတွက် ကြီးမားတဲ့ စွန့်စားမှုတွေကို ရင်ဆိုင်ပြီး လုပ်ဆောင်နေကြတဲ့ ရဲရင့်တဲ့ ပုဂ္ဂိုလ်များစွာကို ကျေးဇူးတင်မိပါတယ်။ သူတို့ဟာ အမှန် တရားကို သိရှိစေချင်တဲ့အတွက်၊ ကျူးလွန်သူတွေ တာဝန်ခံမှုရှိစေချင်တဲ့အတွက် ဒီလိုလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ သတ္တိတွေ အချည်းနှီးမဖြစ်စေဖို့ ဆောင်ရွက်ပေးရမှာက ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။

ယန္တရားအနေနဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကို သက်သေ ပြနိုင်မယ့် အထောက်အထားတွေကို ဆက်လက်စုဆောင်းသွားမှာပါ။ ဒီအထောက်အထား တွေကို အသုံးပြုပြီး တရားမျှတမှုရရှိရေးအတွက် နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားရေး အာဏာပိုင်တွေကိုလည်း ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

၁။ လူမှုကွန်ရက် လှုံ့ဆော်ရေး ပို့စ် (Burmese Facebook Mobilization Post)မြန်မာစစ်အုပ်စု၏ ငွေကြေးကွန်ရက်များကို ငွေကြေးခဝ...
09/03/2026

၁။ လူမှုကွန်ရက် လှုံ့ဆော်ရေး ပို့စ် (Burmese Facebook Mobilization Post)

မြန်မာစစ်အုပ်စု၏ ငွေကြေးကွန်ရက်များကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာလုပ်ငန်းအဖွဲ့ (FATF) က ပစ်မှတ်ထားအရေးယူရေး အိတ်ဖွင့်တောင်းဆိုလွှာတွင် ပါဝင်လက်မှတ်ရေးထိုးကြပါရန် နှိုးဆော်လွှာ
လာမည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပမည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာလုပ်ငန်းအဖွဲ့ (Financial Action Task Force - FATF) ၏ မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်အုပ်စု၏ တရားမဝင် ရာဇဝတ်ငွေကြေးစီးဆင်းမှုများနှင့် အွန်လိုင်းငွေလိမ်လည်ရေး အထူးဇုန်များ (Cyber Scam Compounds) ကို ထိရောက်စွာ ပစ်မှတ်ထားအရေးယူရန်နှင့် သာမန်အရပ်ဘက်ပြည်သူများ၏ တရားဝင်ငွေလွှဲလမ်းကြောင်းများ မထိခိုက်စေရန် နိုင်ငံတကာသံတမန်များထံ တောင်းဆိုမည့် အိတ်ဖွင့်တောင်းဆိုလွှာ (Petition) ဖြစ်ပါသည်။

ဤအရေးယူဆောင်ရွက်မှုကို Sean Turnell က မကြာသေးမီက Washington Post ဆောင်းပါးတစ်ပုဒ်တွင် ထောက်ပြခဲ့ပြီး၊ ဤလင့်ခ်မှတစ်ဆင့် ဖတ်ရှုနိုင်ပါသည်။ https://wapo.st/46wGwe2

အချိန်ကာလ ကန့်သတ်ချက်အရ ဦးကျော်မိုးထွန်း ၏ UNCC ကုလသမဂ္ဂ အထောက်အထားစိစစ်ရေးကော်မတီ ဆိုင်ရာ ကမ်ပိန်းနှင့် ဤ FATF ကမ်ပိန်း လှုပ်ရှားမှု ၂ ခုကို တစ်ပြိုင်နက်တည်း တိုက်တွန်းနှိုးဆော်နေရသည့်အတွက် အားနာစွာဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဤတောင်းဆိုလွှာများသည် မတူညီသော ကမ်ပိန်း ၂ ခုအတွက် သီးခြားစီ ထောက်ခံလက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း သတိပြုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျွန်ုပ်တို့၏ အဓိက တောင်းဆိုချက် ၅ ချက် -

• မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ စစ်အုပ်စုလက်အောက်ခံ နိုင်ငံပိုင်ဘဏ်များနှင့် အွန်လိုင်းငွေလိမ်လည်ရေး အထူးဇုန်များမှ ထွက်ပေါ်လာသော တရားမဝင်ငွေကြေးများကို အတိအလင်း အမည်တပ်ဖော်ပြရန်

• ပြည်သူလူထု၏ မိသားစုထောက်ပံ့ငွေလွှဲပို့မှုများနှင့် တရားဝင် အကျိုးအမြတ်မယူသောအဖွဲ့အစည်းများ (NPOs) ၏ လုပ်ငန်းများ မထိခိုက်စေဘဲ အကာအကွယ်ပေးရန်

• ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ သတ်မှတ်ချက်များ မပြီးမြောက်ပါက တင်းကျပ်သည့် တန်ပြန်အရေးယူဆောင်ရွက်ချက်များ (Countermeasures) စတင်ချမှတ်ရန်

မိဘပြည်သူများ ပူးပေါင်းပါဝင်ပေးနိုင်မည့် နည်းလမ်း ၂ သွယ် -

၁။ အိတ်ဖွင့်တောင်းဆိုလွှာတွင် ထောက်ခံလက်မှတ်ရေးထိုးရန် (Endorse) -
ကမ္ဘာတစ်ဝန်းရှိ မြန်မာပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အောက်ပါ ဖောင် (Google Form) တွင် လက်မှတ်ရေးထိုး ပူးပေါင်းပေးကြပါရန် တိုက်တွန်းအပ်ပါသည် -

👉 ထောက်ခံလက်မှတ်ရေးထိုးရန် လင့်ခ် - https://forms.gle/pLs9fSRKn7Uuh4ZY6

📄 ဖောင် (Google Form) တွင် တောင်းဆိုလွှာ အင်္ဂလိပ် မြန်မာ ကို အပြည့်အစုံ ဖတ်ရှုရန်

၂။ အမေရိကန်ရောက် မဲဆန္ဒရှင်ပြည်သူများ (US Constituents) မိမိတို့နယ်မြေ လွှတ်တော်အမတ်ထံ စာပို့ရန် -

အမေရိကန်နိုင်ငံရှိ သက်ဆိုင်ရာ လွှတ်တော်အမတ်များထံ အောက်တွင် ဖော်ပြထားသော အင်္ဂလိပ်ဘာသာ အတိုချုပ်ဗားရှင်းကို ကူးယူ (Copy & Paste) ၍ လွှတ်တော်အမတ်၏ ဆက်သွယ်ရန်စာမျက်နှာမှတစ်ဆင့် ပေးပို့တိုက်တွန်းနိုင်ပါသည်။
________________________________________
၂။ လွှတ်တော်အမတ် ဝဘ်ဆိုက်သို့ ဝင်ရောက်ပေးပို့နည်း မြန်မာဘာသာ လမ်းညွှန်ချက်

၁။ house.gov/representatives/find-your-representative ဝဘ်ဆိုက်သို့ ဝင်ရောက်ပါ။

၂။ မိမိနေထိုင်ရာ နေရာ၏ စာတိုက်သင်္ကေတ (ZIP Code) ကို ရိုက်ထည့်၍ "Find Your Rep" ကို နှိပ်ပါ (လိုအပ်ပါက လမ်းအမည်နှင့် အိမ်နံပါတ်ပါ ဖြည့်စွက်ပါ)။

၃။ ပေါ်လာသော မိမိလွှတ်တော်အမတ်၏ အမည်အောက်ရှိ စာအိတ်ပုံ (Email/Contact) သို့မဟုတ် တရားဝင်ဝဘ်ဆိုက် (Official Website) သို့ နှိပ်၍ ဝင်ပါ။

၄။ အမတ်၏ ဝဘ်ဆိုက်ရှိ ဆက်သွယ်ရန်စာမျက်နှာ (Contact / Send an Email) တွင် မိမိ၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်တို့ကို ဖြည့်သွင်းပါ။

၅။ သဝဏ်လွှာခေါင်းစဉ် (Message Topic) နေရာတွင် "Foreign Affairs" (နိုင်ငံခြားရေးရာ) သို့မဟုတ် "Human Rights" (လူ့အခွင့်အရေး) ကို ရွေးချယ်ပြီး၊ အောက်ပါ အင်္ဂလိပ်စာမူတိုကို ကူးယူ (Copy & Paste) ကာ Submit နှိပ်၍ ပေးပို့ပါ။
________________________________________
၃။ လွှတ်တော်အမတ်ထံသို့ ကူးယူပေးပို့ရန် အင်္ဂလိပ်စာမူတို (Constituent Message — Under 2,000 Characters)

Subject: Urgent: Support Targeted FATF Action on Myanmar & Protect Humanitarian Corridors

Dear Representative,

As your constituent, I urge you to call on the U.S. Department of the Treasury and the U.S. Delegation to the Financial Action Task Force (FATF) to adopt targeted, firm measures on Myanmar at the upcoming October 2026 Plenary.
Myanmar remains on the FATF Blacklist due to the military State Administration Council's (SAC) illicit financial flows and state-sponsored transnational cyber-scam operations. However, ordinary citizens and humanitarian operations must not bear the cost of untargeted restrictions.
We respectfully request that the U.S. advocate for the following five key points in the October 2026 FATF Statement:
1. Specifically Name Illicit Channels: Identify state-owned enterprises like Myanma Oil and Gas Enterprise (MOGE), junta-linked state banks, and cyber-scam compound proceeds driving money laundering.
2. Link Technical Measures to FATF Standards: Enforce Enhanced Due Diligence (Recommendations 10, 12, 13) and beneficial ownership transparency (Recommendations 24, 25) to disrupt illicit military revenue.
3. Protect Civic and Humanitarian Corridors: Instruct financial institutions to avoid blanket de-risking and protect vital family remittances and legitimate Non-Profit Organization (NPO) assistance using a risk-based approach (Recommendation 😎.
4. Establish a Firm June 2027 Countermeasures Deadline: Mandate that failure to complete remaining action items by June 2027 triggers strict countermeasures, ending open-ended deadline extensions.
5. Publicly Report Outstanding Action Items: Disclose the specific remaining items from Myanmar’s 15-point action plan to enable transparent public oversight.
The full civil society petition and technical brief can be accessed here: https://docs.google.com/document/d/10Lzqe3ni5WoqOsdmdZSBKbX4blvlvPM4BSCFq_HAL58/edit?usp=sharing

Thank you for your leadership in defending democracy and human rights in Myanmar.

Sincerely,

[Your Full Name]
[Your Address & ZIP Code]
[Your Phone Number & Email]

အွန်လိုင်းဖောင်တွင် အမည်နှင့် လိပ်စာတို့ကို ကြိုတင်ဖြည့်သွင်းထားပြီးဖြစ်ပါက၊ စာလုံးရေကန့်သတ်ချက်ကြောင့် နေရာမလောက်ပါက မက်ဆေ့ခ်ျစာသားထဲတွင် အမည်နှင့် လိပ်စာတို့ကို ထည့်မရေးဘဲ ချန်လှပ်ထားနိုင်ပါသည်။
________________________________________
၄။ အင်္ဂလိပ်-မြန်မာ ဝေါဟာရနှင့် အတိုကောက်စာလုံးများ ရှင်းလင်းချက် (Acronyms & Vocabulary Glossary)
• FATF (Financial Action Task Force) - ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာလုပ်ငန်းအဖွဲ့
• SAC (State Administration Council) - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်အုပ်စု / စစ်ကောင်စီ)
• MOGE (Myanma Oil and Gas Enterprise) - မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
• NPO (Non-Profit Organization) - အကျိုးအမြတ်မယူသော အဖွဲ့အစည်း
• PEP (Politically Exposed Person) - နိုင်ငံရေးအရ ဩဇာတိက္ကမရှိသူ
• EDD (Enhanced Due Diligence) - အထူးစိစစ်မှုစနစ် / အဆင့်မြှင့်စိစစ်ဆောင်ရွက်မှု
• Countermeasures - တန်ပြန်အရေးယူဆောင်ရွက်ချက်များ
• Beneficial Ownership - အကျိုးခံစားခွင့် အစစ်အမှန်ပိုင်ဆိုင်မှု
• Blanket De-risking - တစ်ပြေးညီ (အားလုံးကို) ဖြတ်တောက်ခြင်း / အလုံးစုံ စွန့်ခွာခြင်း
• Scam Compounds - အွန်လိုင်းငွေလိမ်လည်ရေး အထူးဇုန်များ / ဆိုက်ဘာရာဇဝတ်ဇုန်များ
• Correspondent Banking - နိုင်ငံတကာဘဏ် အချင်းချင်း အဆက်အသွယ်စာရင်းများ
• Remittance Corridors - တရားဝင် ငွေလွှဲလမ်းကြောင်းများ
• Risk-Based Approach - အန္တရာယ်အပေါ် အခြေခံသည့် ချဉ်းကပ်မှုစနစ်

Sharpen the October 2026 FATF Statement on Myanmar A Call for Targeted Action, Civilian Safeguards, and a Firm Countermeasures Trigger To: The Financial Action Task Force (FATF), its Presidency and Vice-Presidency, and the delegations of FATF member and observer jurisdictions From: The undersigne...

ငါတို့ သံအမတ် – ငါတို့ အသံOur Ambassador – Our Voiceသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ဆက်လက်ကိုယ်...
09/01/2026

ငါတို့ သံအမတ် – ငါတို့ အသံ
Our Ambassador – Our Voice

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ဆက်လက်ကိုယ်စားပြုနေခြင်းဟာ မြန်မာပြည်သူတွေရဲ့အသံကို ကမ္ဘာက ကြားနိုင်ဖို့ အရေးကြီးပါတယ်။

သူဟာ ရရှိတဲ့အခွင့်အရေးတိုင်းမှာ မြန်မာနိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်နေတာတွေကို ကမ္ဘာကသိအောင်၊ ပြည်သူတွေရဲ့အသံကို ကြားရအောင် စဉ်ဆက်မပြတ် ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ထိုင်ခုံကို အလွတ်ထားခြင်းဟာ ပြည်သူတွေရဲ့အသံကို ပိတ်ပစ်ရာရောက်ပါတယ်။ စစ်အုပ်စုရဲ့ကိုယ်စားလှယ်ကို နေရာပေးခြင်းကတော့ ပြည်သူတွေရဲ့အသံအစား စစ်အုပ်စုရဲ့ အလိမ်အညာတွေကို နေရာပေးလိုက်ခြင်း ဖြစ်ပါလိမ့်မယ်။

ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေရဲ့ သံအမတ်ဖြစ်တယ်။

ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေရဲ့ အသံဖြစ်တယ်။

မြန်မာပြည်သူတွေရဲ့အသံကို မပိတ်ပစ်ပါနဲ့။

စစ်အုပ်စုရဲ့ အလိမ်အညာတွေကို လမ်းမဖွင့်ပေးပါနဲ့။

@ People Movement Platform - Myanmar


Address

Maryland City, MD

Alerts

Be the first to know and let us send you an email when Road Of Yangon Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Road Of Yangon Land:

Shortcuts

Share