ကောင်းကင်ပြာရဲ့ယဉ်ကျေးမှု

ကောင်းကင်ပြာရဲ့ယဉ်ကျေးမှု ငါတို့၏ နွေဦးတော်လှန်ရေးအောင်မြင်မှုသည်ကား ရှောင်လွှဲ၍ မရနိုင်တော့လေပြီ။

အရေးတော်ပုံအောင်ရမည်။ Be thinks with reading

SHE-0001 owner is Kim.He got SHE’s Hope Strap.It’s been 1961 Days.Stay Healthy.Free Our Leader Aung San Suu Kyi.ထိုင်းနိ...
06/16/2026

SHE-0001 owner is Kim.
He got SHE’s Hope Strap.

It’s been 1961 Days.
Stay Healthy.
Free Our Leader Aung San Suu Kyi.

ထိုင်းနိုင်ငံအတွက် ရောင်းချပေးမယ့် SHE အရေအတွက် 200 မှာ 80 လောက်သာ ကျန်ရှိတော့တာဖြစ်ကြောင်း ထိုင်းနိုင်ငံမှ 21CM ချစ်သူများကို အသိပေးအပ်ပါတယ်။

Limited Edition SHE -1200 မှာ သင်ကိုယ်တိုင် ပါဝင်ပြီးပြီလား?
နိုင်ငံတကာမှာ SHE အရေ အတွက် အနည်းသာ ရရှိနိုင်တာမို့ သက်ဆိုင်ရာ နိုင်ငံတကာ ကိုယ်စားလှယ်တွေဆီက နေ သင်ကိုယ်တိုင် အမြန်ဆုံးဆက်သွယ် မှာယူလိုက်တော့နောိ။



တရုတ်ကြီးကတော့ သူ့အကျိုးစီးပွါးအတွက် မအလကို နိုင်ငံတကာမှာ တရားဝင်မှုပိုရအောင် နဖားကြိုးတပ်နေပြီ။အင်အားကြီးအမေရိကန်အပါအဝင...
06/16/2026

တရုတ်ကြီးကတော့ သူ့အကျိုးစီးပွါးအတွက် မအလကို နိုင်ငံတကာမှာ တရားဝင်မှုပိုရအောင် နဖားကြိုးတပ်နေပြီ။

အင်အားကြီးအမေရိကန်အပါအဝင်အနောက်နိုင်ငံတွေ၊
အာစီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံနဲ့
ပတ်သတ်ဖို့ လက်ရှောင်နေချိန်မှာ နိုင်ငံတော်အဆင့်ကြိုဆိုလက်ခံတွေ့ဆုံခဲ့တာဟာ တရားဝင်မှုပိုရလာစေတဲ့ အရေးပါတဲ့လက္ခဏာကို ထင်ထင်ရှားရှား ပြသလိုက်တာပါပဲ။

ဒါပေမဲ့ ဒါက တရုတ်ရဲ့ မြန်မာပြည်
တည်ငြိမ်ရေးနဲ့ နိုင်ငံရေးပြဿနာတွေကို
အဖြေရှာဖြေရှင်းဖို့က အဓိကမဟုတ်ပါဘူး။

ကွန်မြူနစ်အယောင်ဆောင်အရင်းရှင်တရုတ်အနေနဲ့
မြန်မာ့အရေးကို လူ့အခွင့်အရေး ဒါမှမဟုတ် ဒီမိုကရေစီရေးအမြင်နဲ့ မကြည့်ပါဘူး။

သူတို့ အကျိုးစီးပွါးအနေနဲ့သာကြည့်နေတာ ဖြစ်ပါတယ်။ဒါက ဒီနေ့ကမ္ဘာကြီးရဲ့ လုပ်ထုံးလုပ်နည်းပုံစံပါပဲ။နိုင်ငံတွေအားလုံး လုပ်နေကျပုံစံပါ။

တရုတ်အတွက် မြန်မာနိုင်ငံရဲ့ လတ်တလောစစ်ရေး
မတည်ငြိမ်မှုဟာ သူတို့ရဲ့ ဘီလီယံချီတဲ့ ရင်းနှီးမြှပ်နှံမှုတွေကို ခြိမ်းခြောက်နေတယ်။

ဒီအကျိုးပွါးတွေကြောင့် နယ်စပ်လုံခြုံရေး၊BRI/CMEC
ပရောဂျက်တွေ လမ်း၊ ဆိပ်ကမ်း၊ ရေအားလျှပ်စစ်၊ သတ္တုစတာတွေကိုကာကွယ်ဖို့အတွက်
မအလ ကို ဟန်ရေးပြဆက်ဆံပြီး မြက်ကျွေးဖို့
အာဂျင်ဒါဆွဲနေရုံသက်သက်ပါပဲ။

06/15/2026

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တာဝန်ရှိသူ ရဲဘော်နှစ်ဦးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးချက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်၂၀၂၆ ...
06/13/2026

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တာဝန်ရှိသူ
ရဲဘော်နှစ်ဦးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးချက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် နွေဦးတော်လှန်ရေးကာလ အတွင်း ပုံစံမျိုးစုံဖြင့် ပေါ်ထွန်းလာခဲ့ကြသော နေရာဒေသ အသီးသီးရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့များအား စနစ်ကျသော ကွပ်ကဲမှုနှင့် စစ်စည်းကမ်း ထိန်းသိမ်းမှုများ တပြေးညီဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ် ကွပ်ကဲမှုအောက်ရှိ အထူးလှုပ်ရှားတပ်မ {ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)}မှ တာဝန်ရှိသူ ရဲဘော်နှစ်ဦးအား စစ်စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ အောက်ပါအတိုင်း သတင်းထုတ်ပြန်အပ်ပါသည်-

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည်၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလ(၄)ရက် နေ့ကတည်းကပင် တပ်ရင်းအမှတ် (၁၂၀၁၊၁၂၀၂) တို့ကို အတည်ပြုဖွဲ့စည်းပြီး ဒုတိယတပ်ရင်းမှူးများ တာဝန်ပေးခန့်အပ်ခြင်းဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကို ကွပ်ကဲမှုယူခဲ့ပါသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က စဉ်ဆက်မပြတ် ဖွဲ့စည်းခဲ့သော တပ်ရင်း များကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ကွပ်ကဲခဲ့ပါသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)၏ စစ်ဆင်ရေးများတွင် အနီးကပ်လမ်းညွှန်မှုများ ပေးခဲ့ရုံမျှမက တပ်ရင်းတပ်ဖွဲ့ များအတွက် တပ်ရင်းထောက်ပံ့စရိတ်များ၊ ကျဆုံးရဲဘော် ဂုဏ်ပြုထောက်ပံ့စရိတ်များ ပေးအပ်ခြင်း အပါအဝင် ဦးစီးကဏ္ဍအသီးသီးတွင်လည်း လမ်းညွှန်ကွပ်ကဲမှုများ ဆောင်ရွက်ခဲ့ပါသည်။ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့အစည်းများကလည်း လိုအပ်သော သင်တန်းနှင့် စစ်လက်နက်ပစ္စည်းဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ပါသည်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်တွင် ရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ မူလဖွဲ့စည်းပုံတွင် စစ်ဦးစီးအဖွဲ့နှင့် ဗဟို အလုပ်ကော်မတီဟု အဆင့်(၂)ဆင့် ရှိပြီး တပ်ဖွဲ့တခုလုံး၏ စီမံခန့်ခွဲမှု ကိစ္စအဝဝကို ချမှတ်ထားသော မူဝါဒများနှင့်အညီ လည်ပတ်နိုင်ရေးအတွက် ရဲဘော်မုန်တိုင်းက စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ တာဝန်ဖြင့် စစ်ဦးစီးအဖွဲ့၏ အကြီးအကဲအဖြစ်လည်းကောင်း၊ ရဲဘော်နိုင်ကြီးသည် စစ်ဦးစီးအဖွဲ့ဝင် စစ်ထောက်တာဝန်ခံအဖြစ်လည်းကောင်း စတင်စုဖွဲ့သည့်အချိန်မှစ၍ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ တင်ပြချက်များအရ စစ်ဆင်ရေးနှင့် စုဖွဲ့မှု တာဝန်ခံ ရဲဘော်မုန်တိုင်းသည် တပ်ဖွဲ့အတွင်းရှိ ကာမပိုင် အမျိုးသမီးတဦးနှင့် လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်အတွင်း သိရှိပေါ်ပေါက်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ရဲဘော်မုန်တိုင်း၏ ဦးဆောင်မှုကို အယုံအကြည်ကင်းမဲ့လာကြခြင်းနှင့်အတူ တပ်တွင်းစည်းလုံးမှုပျက်ပြားလာခြင်းကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ဦးဆောင်မှုနှင့် တပ်ဖွဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲခဲ့ရပြီး စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ရဲဘော်မုန်တိုင်းအားလည်း အပြစ်ပေး အရေးယူခဲ့ပါသည်။

၅။ အဆိုပါပြစ်မှုအတွက် ရဲဘော်မုန်တိုင်းအား စစ်တရားရုံးဖြင့် စစ်ဆေး၍ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ရမည် ဖြစ်သော်လည်း ထိုကာလက မဟာမိတ်နှင့် ဆောင်ရွက်ဆဲ စစ်ရေးကိစ္စများကြောင့် အချုပ်ပြစ်ဒဏ် (၆)လသာ ကျခံစေခဲ့သည်။ အချုပ်ပြစ်ဒဏ် (၆)လ ကျခံနေစဉ်အတွင်း ရဲဘော် မုန်တိုင်းအား စစ်ဆင်ရေးကိစ္စများမှတပါး တပ်ဖွဲ့၏ ကျန်လုပ်ငန်းဆောင်တာများမှ အနားပေးခဲ့သည်။ စစ်ဆင်ရေးကိစ္စများ ဆောင်ရွက်ရာတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဗဟိုစစ်ကော်မရှင်၏ ညှိနှိုင်းကွပ်ကဲမှုဖြင့်သာ ဆောင်ရွက်ရန် သတ်မှတ်ခဲ့သည်။

၆။ ယင်းသို့ ပြစ်ဒဏ်ချမှတ်ခြင်းနှင့်အတူ တပါတည်းဆောင်ရွက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)၏ ဖွဲ့စည်းပုံ ပြင်ဆင်ချက်တွင် ဌာနကြီး(၆)ခု ရှိပြီး ရဲဘော်မုန်တိုင်းသည် ယင်းဌာနကြီး (၆)ခု အနက်မှ စစ်ရေးဌာနကြီး၏ ဌာနကြီးမှူး အဖြစ်လည်းကောင်း၊ ရဲဘော် နိုင်ကြီး သည် ဘဏ္ဍာရှာဖွေရေးဌာန၏ ဌာနကြီးမှူးအဖြစ်လည်းကောင်း ဆက်လက် တာဝန်ပေးအပ်ခံခဲ့ ရသည်။

၇။ ရဲဘော်မုန်တိုင်း အနေဖြင့် မဟာမိတ်နယ်မြေတခုတွင် အချုပ်အပြစ်ဒဏ်ကို ကျခံနေရချိန်၌ ပြစ်ဒဏ်ကို အပြည့်အဝ မခံယူဘဲ ပုံစံအမျိုးမျိုးဖြင့် ရှောင်လွှဲခဲ့သည့််အပြင် စစ်ဆင်ရေးမှတပါး ကျန်လုပ်ငန်းဆောင်တာများမှ အနားပေးထားသည် ဆိုသည့်အချက်ကို လုံးဝမလိုက်နာဘဲ သက်ဆိုင်ရာ ဦးစီးကဏ္ဍအလိုက် တာဝန်ခွဲဝေလုပ်ဆောင်နေသည့် တပ်ဖွဲ့၏ အုပ်ချုပ်ကွပ်ကဲမှု ယန္တရား များတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြင့် တပ်ဖွဲ့အတွင်း မလိုလားအပ်သော ပြဿနာများ ဆက်တိုက် ပေါ်ပေါက်ခဲ့ကြောင်းလည်း တွေ့ရှိရပါသည်။

၈။ ရဲဘော်မုန်တိုင်းသည် ပြစ်ဒဏ်ကျခံနေရသည့် ကာလအတွင်းတွင် ဘဏ္ဍာရှာဖွေရေးဌာနကြီး၏ ဌာနကြီးမှူး ရဲဘော်နိုင်ကြီးအား တရားမဝင်ဆက်သွယ်စေခိုင်း၍ တပ်ဖွဲ့ပိုင် ဘဏ္ဍာငွေကြေးနှင့် ရွှေများအား ထုတ်ယူမှုများ ရှိနေကြောင်း သတင်းရရှိသဖြင့် ၂၀၂၅ ခုနှစ် မေလတွင် တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ကို ဖွဲ့စည်း၍ စာရင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ စာရင်းစစ်အဖွဲ့သည် ဘဏ္ဍာရှာဖွေရေးဌာနကြီးက တာဝန်ယူလုပ်ဆောင်နေသော လုပ်ငန်းအမျိုးမျိုး ရှိသည့်အနက် ရွှေလုပ်ငန်းကိုသာ အဓိက ဦးစားပေး စစ်ဆေးနိုင်ခဲ့ပြီး စာရင်းစစ် ရလဒ်များအရ ရဲဘော်မုန်တိုင်းနှင့် ရဲဘော်နိုင်ကြီးသည် တပ်ဖွဲ့ပိုင် ရွှေ (၁၆.၆) ပိဿာအား တပ်ဖွဲ့၏ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံး လုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင်ထုတ်ယူသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

၉။ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးတွင် တရားမဝင်ထုတ်ယူသွားသော ဘဏ္ဍာ/ပစ္စည်းများ အတွက် အပြစ်ရှိကြောင်း ကာယကံရှင် နှစ်ဦးလုံးမှ ဝန်ခံခဲ့သည်။ အဆိုပါ ဘဏ္ဍာ/ပစ္စည်းများကို တပ်ဖွဲ့ထံ အမြန်ဆုံးပြန်လည်အပ်နှံရမည် ဖြစ်ကြောင်းနှင့် ဤပြစ်မှုအတွက် ပေးအပ်သည့် ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်းကိုလည်း ကာယကံရှင်နှစ်ဦးမှ အထက်ဖော်ပြပါ အစည်းအဝေးတွင် ကတိပြု ခဲ့ပါသည်။

၁၀။ သို့သော် ကာယကံရှင် နှစ်ဦးသည် ကျခံရမည့် အပြစ်ဒဏ်ကို မခံယူဘဲ အကြောင်းအမျိုးမျိုးပြ၍ ရှောင်လွှဲခဲ့ရုံမျှမက ရွှေ (၁၆.၆) ပိဿာကိုလည်း တပ်ဖွဲ့ထံ ပြန်လည်အပ်နှံခြင်းမရှိခဲ့ပါ။ ထို့အပြင် စစ်ဆင်ရေး အရေးကြီးနေသည့် ကာလအတွင်းတွင် ဖွဲ့စည်းပုံအသစ်အရ တပ်ဖွဲ့ဦးဆောင်သူ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏ လမ်းညွှန်ကြီးကြပ်မှုကို မနာခံခြင်း၊ ချမှတ်ထားသော မူဝါဒနှင့် လုပ်ငန်းစဉ်များကို မလိုက်နာခြင်း၊ အဆင့်ဆင့်ကွပ်ကဲမှုယန္တရားကို ပုံပျက်အားနည်းစေသည့် အပြောအဆို အပြုအမူများ နှင့် တပ်ဖွဲ့တွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်ကို အထင်အရှား တွေ့ရှိခဲ့ရပြီး ယင်းကိစ္စနှင့် ပတ်သက်၍ နှုတ်အားဖြင့် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာ ဆောင်ရွက်ခြင်း မရှိခဲ့ပါ။

၁၁။ ထိုအခြေအနေများအရ ကာယကံရှင်နှစ်ဦးသည် ပြစ်မှုများကို တခုပေါ်တခု ဆင့်ကာ ကျူးလွန် သည့်အနေအထား ဖြစ်လာသောကြောင့် သာမန်တပ်တွင်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှု အဆင့်ကို ကျော်လွန်ကာ ကြီးမားသည့်ပြစ်မှုအမျိုးအစားအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(မန္တလေး) သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ထံ တင်ပြကာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှ စတင်ပြီး ရဲဘော်မုန်တိုင်းနှင့် ရဲဘော်နိုင်ကြီးတို့ နှစ်ဦးအား ကနဦးအရေးယူမှုအနေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ရပါသည်-
(က) ၎င်းတို့ နှစ်ဦးစလုံးကို တပ်၏ လက်ရှိတာဝန်အားလုံးမှ ရပ်ဆိုင်းခြင်း၊
( ခ) ၎င်းတို့ နှစ်ဦးစလုံးကို လက်နက်ဖြုတ်သိမ်း၍ အချုပ်ဖြင့် ထိန်းသိမ်းထားရှိခြင်း၊ ရဲဘော်မုန်တိုင်းနှင့် ရဲဘော် နိုင်ကြီးတို့ (၂)ဦးအား ကနဦးအရေးယူမှုပြုလုပ်သည့်အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် မတ္တရာ၊ စဉ့်ကူး စစ်ဂွင် များမှ တပ်များအဆင့်ဆင့်ဆုတ်ခွာပြီး ခွာစစ်အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်နေချိန် ဖြစ်ပါသည်။

၁၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်သည် မိမိကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့တခုဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အတွင်း ဖြစ်ပွားခဲ့သည့် ယင်းကိစ္စရပ်များကို သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်း ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး အမိန့်အမှတ် (၁၁၀/၂၀၂၅) ဖြင့် အဖွဲ့ဝင် (၅) ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်း၍ တာဝန်ပေးအပ်ခဲ့ပါသည်။

၁၃။ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့အနေဖြင့် (၁၁-၁-၂၀၂၆) ရက်နေ့မှ (၂၉-၅-၂၀၂၆) ရက်နေ့အထိ တိုင်ကြားသူနှင့် တိုင်ကြားခံရသူများအပါအဝင် သက်သေစုစုပေါင်း (၂၀) ဦးတို့အား စုံစမ်းစစ်ဆေး ခဲ့ပါသည်။ စုံစမ်းစစ်ဆေးနေစဉ်အတွင်း ထွက်ဆိုချက်များနှင့် တွေ့ရှိချက်များအရ ထပ်မံစုံစမ်း စစ်ဆေးရန် ကိစ္စရပ်အများအပြား ပေါ်ပေါက်ခဲ့ပါသည်။ စုံစမ်းစစ်ဆေးရေးခုံရုံးအနေဖြင့် လက်ရှိ စုံစမ်းစစ်ဆေးမှုအခြေအနေများ၊ ဆက်လက်စုံစမ်းစစ်ဆေးရန် လိုအပ်သည့် ကိစ္စရပ်များနှင့် လမ်းညွှန်မှုကို တောင်းခံတင်ပြသော ကြားဖြတ်အစီရင်ခံစာ တစောင်အား စစ်ရုံးချုပ်မှတဆင့် ကာကွယ်ရေးဝန်ကြီးဌာနထံ ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့တွင် အစီရင်ခံတင်ပြခဲ့ပါသည်။

၁၄။ ယင်းကြားဖြတ်အစီရင်ခံစာတွင် ပါဝင်သော အဓိက တွေ့ရှိချက်များမှာ-
(က) ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ယခင်ဖွဲ့စည်းပုံတွင် ဘဏ္ဍာရေး ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရှိသော်လည်း ရဲဘော်မုန်တိုင်းအနေဖြင့် ယင်းလုပ်ထုံး လုပ်နည်းများကို ချိုးဖောက်၍ တဦးတည်း စီမံဆောင်ရွက်ခဲ့ခြင်း၊
( ခ) ရဲဘော်မုန်တိုင်းနှင့် လူမှုရေးဖောက်ပြန်မှု ပြုခဲ့သူမှာ (ယခင်ဖွဲ့စည်းပုံ)ဘဏ္ဍာရေးဌာန၏ ဌာနမှူးဖြစ်နေခြင်း၊
( ဂ) ၂၀၂၅ ဖေဖော်ဝါရီလတွင် တပ်ဖွဲ့ဖွဲ့စည်းပုံ ပြောင်းလဲချိန်၌ လွှဲပြောင်းပေးရမည့် ဘဏ္ဍာရေးနှင့် ရွှေလုပ်ငန်းဆိုင်ရာ စာရင်းဇယားများ၏ Hard Copy နှင့် Soft Copy များအား ရဲဘော်မုန်တိုင်းမှ ဖျက်ဆီးစေခဲ့ခြင်း၊
(ဃ) ရဲဘော်မုန်တိုင်းက ရဲဘော်နိုင်ကြီးထံမှ ထုတ်ယူသွားသည့် ရွှေ ၁၆.၆ ပိဿာကို ၎င်းတို့ အား အရေးယူသည့်အချိန်ထိ တာဝန်ရှိသူများထံသို့ ပြန်လည်အပ်နှံမှု မရှိခြင်း၊
( င) ရွှေ ၁၆ ပိဿာကျော် ထုတ်ယူသည့်ကာလမှာ ရဲဘော်မုန်တိုင်း၏ တာဝန်ထမ်းဆောင်ဆဲ ကာလမဟုတ်ဘဲ ၎င်းအား လူမှုရေးဖောက်ပြန်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် ကာလတွင် ဖြစ်နေခြင်း၊
( စ) လုပ်ထုံးလုပ်နည်းအရ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှ ရရှိသည့် ဘဏ္ဍာများကို ဘဏ္ဍာစီမံ ဌာနကြီးသို့ အပ်နှံရမည်၊ သုံးစွဲရမည့် ကိစ္စရပ်များကို ဗဟိုဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက် သို့မဟုတ် ဘဏ္ဍာရေးကော်မရှင်၏ ဆုံးဖြတ်ချက်အရ သုံးစွဲရမည် ဖြစ်သော်လည်း ဘဏ္ဍာရှာဖွေရေးဌာန၏ ဌာနကြီးမှူး ရဲဘော်နိုင်ကြီးသည် ၎င်း၏ သဘောဆန္ဒအလျောက် ရွှေ ၁၆ ပိဿာကျော်ကို ရဲဘော်မုန်တိုင်းထံသို့ ထုတ်ပေး လိုက်ခြင်းမှာ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီဘဲ လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင်ခြင်း၊
(ဆ) ဘဏ္ဍာရှာဖွေရေးဌာနကြီးမှ ရရှိသည့် ဘဏ္ဍာငွေအားလုံးကို ဘဏ္ဍာစီမံဌာနကြီးသို့ အလုံးစုံအပ်နှံခြင်းမရှိဘဲ အကြောင်းကိစ္စတခုခုအတွက် သုံးစွဲရန်ရှိသည်ကို ထုတ်ယူ ထားပြီးမှ ကျန်သည့်ငွေ၊ ဘဏ္ဍာကိုသာ ဘဏ္ဍာစီမံဌာနကြီးသို့ အပ်နှံသည့်အတွက် ဘဏ္ဍာရှာဖွေရေးဌာနကြီးမှ ရရှိသည့် ငွေကြေး၊ ဘဏ္ဍာအားလုံး ဘဏ္ဍာစီမံဌာနကြီးသို့ ဝင်ရောက်ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရခြင်း၊
( ဇ) ၂၀၂၅ ခုနှစ် မေလတွင် ဖွဲ့စည်းခဲ့သော တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့၏ စာရင်းစစ် အစီရင်ခံစာသည် ရွှေလုပ်ငန်းတခုတည်းကိုသာ လွှမ်းခြုံမှုရှိခဲ့သည့််အတွက် လုပ်ငန်း အရပ်ရပ်မှ ရရှိသည့်ဝင်ငွေ၊ တရားဝင်/တရားမဝင်ထုတ်ယူငွေ၊ သုံးစွဲငွေအားလုံးကို စာရင်းစိစစ်ပြုစုရန်လိုအပ်ခြင်း။

၁၅။ အထက်ပါအကြောင်းအချက်များအရ ရဲဘော်မုန်တိုင်းနှင့် ရဲဘော်နိုင်ကြီးတို့အား စစ်ဘက် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း ကောင်းမွန်စွာထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

၁၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် မိမိကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ် အပါအဝင် အဆင့်ဆင့်သော တိုင်းစစ်ဌာနများ၊ ဗျူဟာများ၊ တပ်ရင်းတပ်ဖွဲ့များ၏ ကိစ္စအဝဝကို ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်လုပ်ငန်းစဉ်များနှင့်အညီ ဖြစ်စေရန် ထိန်းကျောင်းကြပ်မတ်မှုကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

06/12/2026

#နေကောင်းလားမေမေ

ဇွန်လ ၆ ရက်နေ့ လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်၏မွေးနေ့ ဆုတောင်းပွဲတွင် Kim Aris - Htein Lin ပြောကြာသွားတာကို မြန်မာ...
06/12/2026

ဇွန်လ ၆ ရက်နေ့ လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်၏မွေးနေ့ ဆုတောင်းပွဲတွင် Kim Aris - Htein Lin ပြောကြာသွားတာကို မြန်မာဘာသာပြန်ထားတာပါ။
====================

မင်္ဂလာညချမ်းပါခင်ဗျာ။ မင်္ဂလာပါ
ဒီနေ့ ဒီနေရာမှာ ကျွန်တော့်ကို နွေးထွေးစွာ ကြိုဆိုပေးကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
ထို့အပြင် ယနေ့အခမ်းအနားကို စီစဉ်ပေးခဲ့သည့် Burmese Community Development Collaboration အဖွဲ့အားလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း မြန်မာအသိုင်းအဝိုင်းအတွက် သူတို့ဆောင်ရွက်ပေးခဲ့သမျှ အားလုံးအတွက်လည်း လေးနက်စွာ ဂုဏ်ပြုလိုပါတယ်။

ယနေ့ ကျွန်တော် ဒီစင်မြင့်ပေါ်မှာ ရပ်တည်နေတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတစ်ယောက်အဖြစ်သာ မဟုတ်ပါဘူး။ သူမရဲ့ အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်ပူပန်နေသူတစ်ဦးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဆင်းရဲဒုက္ခခံစားနေဆဲ သန်းပေါင်းများစွာသော ပြည်သူတွေအတွက်လည်းကောင်း ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒီအခြေအနေဟာ ကျွန်တော့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာအထိ ထိုးဖောက်နာကျင်စေပါတယ်။
သားတစ်ယောက်အနေနဲ့ ကျွန်တော် လိုချင်တာ အလွန်ရိုးရှင်းပါတယ်။ ကျွန်တော့်အမေ ကျန်းမာလုံခြုံနေတယ်ဆိုတာ သိချင်တယ်။ သူမရဲ့အသံကို ကြားချင်တယ်။ သူမရဲ့မျက်နှာကို မြင်ချင်တယ်။ သူမဘဝရဲ့ ကျန်ရှိနေသေးတဲ့ နှစ်များအတွင်း သူမနဲ့အတူ အချိန်တွေကို ဖြတ်သန်းခွင့်ရချင်တယ်။
ကမ္ဘာပေါ်မှာ ဘယ်မိသားစုမဆို မိမိတို့ရဲ့ မိခင် အသက်ရှင်နေသေးသလား ဆိုတာ သိခွင့်ရရှိဖို့ဆိုတဲ့ အခြေခံလူ့အခွင့်အရေးကို မဆုံးရှုံးသင့်ပါဘူး။
မေမေဟာ သူမဘဝရဲ့ လေးပုံတစ်ပုံကျော်ကို စစ်တပ်ရဲ့ နေအိမ်အကျယ်ချုပ်နဲ့ အကျဉ်းထောင်များအတွင်း ကုန်ဆုံးခဲ့ရပါတယ်။ ဒီမိုကရေစီကို ငြိမ်းချမ်းစွာ ကာကွယ်မြှင့်တင်ခဲ့တဲ့အတွက်သာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မိသားစုဟာ ဆယ်စုနှစ်များစွာအတွင်း စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှုတွေ၊ ဓားစာခံသဘောထားနဲ့ ဆက်ဆံမှုတွေ၊ ရည်ရွယ်ချက်ရှိရှိ လိမ်လည်လှည့်ဖြားမှုတွေကို အကြိမ်ကြိမ် ခံစားခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာပင် စစ်အုပ်စုဟာ မေမေကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းထားတယ်လို့ အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အဆိုအားလုံးဟာ နောက်ဆုံးမှာ မမှန်ကန်ကြောင်း ပေါ်ပေါက်ခဲ့ရပါတယ်။
မကြာသေးမီက စစ်အာဏာရှင်အစိုးရက မေမေကို လျှို့ဝှက်အကျဉ်းခန်းတစ်ခုမှ နေပြည်တော်ရှိ မသိရသေးသော လျှို့ဝှက်နေရာတစ်ခုတွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း ကြေညာခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာရဲ့ ဝေဖန်ရှုတ်ချမှုတွေကို လျော့ပါးစေဖို့နဲ့ သူတို့အတွက် တရားဝင်မှု ရယူဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံရေးတွက်ချက်မှုတစ်ခုသာ ဖြစ်ပါတယ်။
သို့သော် ကျွန်တော်တို့ဟာ မေမေ ဘယ်မှာရှိသလဲ၊ သူမ ဘယ်လိုရှိသလဲ၊ လုံခြုံရဲ့လား ဆိုတဲ့ မေးခွန်းတွေကို မရပ်မနား ဆက်လက်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ရရှိခဲ့တာက ဆက်သွယ်ခွင့် လုံးဝမရှိခြင်းနဲ့ ပွင့်လင်းမြင်သာမှု လုံးဝမရှိခြင်းပဲ ဖြစ်ပါတယ်။ ယနေ့အထိ မေမေ အသက်ရှင်နေကြောင်းကို သီးခြားလွတ်လပ်သော အဖွဲ့အစည်းများက အတည်ပြုနိုင်မည့် သက်သေအထောက်အထား တစ်စုံတစ်ရာမျှ မပြသနိုင်သေးပါဘူး။
စစ်အုပ်စုရဲ့ ဒီလို လုံးဝပွင့်လင်းမှုမရှိတဲ့ အပြုအမူဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှုကို ပိုမိုနက်ရှိုင်းစေပါတယ်။ အဲဒါကတော့ သူမ အသက်မရှင်တော့ဘူးလား ဆိုတဲ့ ကြောက်ရွံ့မှု ဖြစ်ပါတယ်။

ကျွန်တော်တို့ အလွန်ရှင်းလင်းစွာ ပြောကြားလိုပါတယ်။
မေမေဟာ ယနေ့ စစ်အုပ်စုရဲ့ ဓားစာခံတစ်ဦး ဖြစ်နေပါတယ်။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို အသည်းအသန် လိုလားနေတဲ့ စစ်အုပ်စုအတွက် နိုင်ငံရေးအလဲအလှယ်ကဒ်တစ်ခုအဖြစ် အသုံးချခံနေရတာ ဖြစ်ပါတယ်။
သူတို့ဟာ ASEAN နဲ့ ကမ္ဘာ့နိုင်ငံများကို မကြာသေးမီက ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုစေချင်ပါတယ်။
အဲဒီလို အသိအမှတ်ပြုခံရခြင်းက သူတို့ရဲ့ အာဏာသိမ်းအစိုးရကို တရားဝင်မှု ပေးလိုက်သလို၊ ကိုယ့်ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း တရားဝင်မှု ပေးလိုက်သလို ဖြစ်စေမှာ ဖြစ်ပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ်တွင် မေမေဦးဆောင်သော ဒီမိုကရေစီအင်အားစုကို ဒုတိယအကြိမ် ဆက်တိုက် အပြတ်အသတ် အနိုင်ရရှိစေခဲ့တဲ့ မြန်မာပြည်သူ ၅၅ သန်းကျော်ရဲ့ ဆန္ဒကို ဖျက်သိမ်းပစ်ဖို့ ကြိုးပမ်းခြင်းလည်း ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကို ASEAN နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။
ထို့အပြင် စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ မေမေကို နှစ်ပေါင်းများစွာ မိတ်ဆွေကောင်းအဖြစ် အသိအမှတ်ပြုခဲ့တဲ့ အိမ်နီးချင်းနိုင်ငံများ၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်များနှင့်လည်း ဆန့်ကျင်လျက် ရှိပါတယ်။
အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦး အသက်ရှင်နေကြောင်း ယုံကြည်စိတ်ချရသော သက်သေ မပြနိုင်သေးဘဲ၊ ပွင့်လင်းမြင်သာမှုနှင့် အခြေခံလူ့အခွင့်အရေးဆိုင်ရာ ကမ္ဘာ့တောင်းဆိုမှုများကို ဆက်လက် လျစ်လျူရှုနေသော အစိုးရတစ်ရပ်ကို တရားဝင်မှုမပေးသင့်ပါဘူး။

မေမေရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ ကျွန်တော်ဟာ Global Proof of Life Challenge ကို စတင်ခဲ့ပါတယ်။ ကျွန်တော်တို့ တောင်းဆိုတာ တစ်ခုတည်းသာ ဖြစ်ပါတယ်။ မေမေ အသက်ရှင်နေဆဲဖြစ်ကြောင်း ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်သော သက်သေပြချက်ကို ပြသပါ။

ဇွန်လ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအားလုံးကို ဒီအစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
မေမေရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် “81 for 81” စိန်ခေါ်မှုများကို ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် ခြေလှမ်း ၈၁,၀၀၀ လှမ်းခြင်း၊ ၈၁ ကီလိုမီတာ ပြေးခြင်း၊ ၈၁ မိုင် စက်ဘီးစီးခြင်း သို့မဟုတ် ကိုယ်ပိုင် ၈၁ စိန်ခေါ်မှုတစ်ခု ဖန်တီးပြီး ပါဝင်နိုင်ပါတယ်။ တစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များအဖြစ်ဖြစ်စေ ပါဝင်နိုင်ပါတယ်။
အားလုံးရဲ့ လှုပ်ရှားမှုတွေကို နှင့် ဟက်ရှ်တက်များဖြင့် မျှဝေပေးခြင်းအားဖြင့် စည်းလုံးညီညွတ်မှုကို ပြသနိုင်ပါတယ်။
ဒီစိန်ခေါ်မှုမှာ ပါဝင်သူ ပိုများလာလေလေ ကျွန်တော်တို့ရဲ့ စုပေါင်းအသံ ပိုမိုကျယ်လောင်လာလေလေ ဖြစ်ပြီး ကမ္ဘာကြီးရဲ့ အမှန်တရားတောင်းဆိုမှုကို စစ်အုပ်စုအနေနဲ့ လျစ်လျူရှုဖို့ ပိုမိုခက်ခဲလာမှာ ဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်တော့ ဒီ Proof of Life Challenge အတွက် တစ်ရက်အတွင်း စကိတ်ဘုတ်ဖြင့် ၈၁ ကီလိုမီတာ စီးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အတူတကွ မျှော်လင့်ချက်ကို တည်ဆောက်နိုင်ပါတယ်။ အမှန်တရားအတွက် တောင်းဆိုသံကို ပိုမိုကျယ်လောင်စေနိုင်ပါတယ်။ စစ်အုပ်စုအနေနဲ့ ဆိတ်ဆိတ်နေဖို့ ပိုမိုခက်ခဲစေနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အတူတကွ မေးကြပါစို့။
“အသက်ရှင်နေကြောင်း သက်သေပြပါ။”
မြန်မာပြည်သူများအားလုံးနှင့် ဩစတြေးလျနိုင်ငံတွင် နေထိုင်နေကြသော မိတ်ဆွေများအားလုံးကို ကျွန်တော် ပြောလိုပါတယ်။ သင်တို့ရဲ့ အသံဟာ အရေးကြီးပါတယ်။ သင်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ဆက်သွယ်ပါ။ စစ်ဝတ်စုံကို အရပ်ဝတ်နဲ့ လဲထားတဲ့ ဒီစစ်အုပ်စုကို လက်မခံဖို့ တိုက်တွန်းပါ။အပြစ်မဲ့ အရပ်သားများအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်စေမည့် အရေးယူဆောင်ရွက်မှုများကို ထောက်ခံဖို့ တောင်းဆိုပါ။ ထို့အပြင် မြန်မာပြည်သူများထံ တိုက်ရိုက်ရောက်ရှိမည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဆက်လက်ထောက်ပံ့ပေးဖို့လည်း တိုက်တွန်းပါ။

နောက်ဆုံးအနေနဲ့ ပြောချင်တာ တစ်ခုရှိပါတယ်။
ပြီးခဲ့တဲ့ ငါးနှစ်ဟာ သင်တို့အများစုအတွက် ခက်ခဲကြမ်းတမ်းခဲ့သလို ကျွန်တော့်အတွက်လည်း လွယ်ကူခဲ့တာ မဟုတ်ပါဘူး။ဒါပေမယ့် ကျွန်တော်တို့ သိထားတဲ့ အမှန်တရားတစ်ခု ရှိပါတယ်။ ကျွန်တော်တို့ဟာ မှန်ကန်တဲ့အရာအတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ မှန်ကန်တဲ့အရာအတွက် ရပ်တည်နေသရွေ့ ကျွန်တော်တို့ ဆက်လက်လျှောက်လှမ်းနိုင်ပါတယ်။ မရပ်မနား ဆက်လက်တိုက်ပွဲဝင်နိုင်ပါတယ်။ ဒီအချက်ကိုပဲ စစ်တပ်က နားမလည်ခဲ့တာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။





06/10/2026

တိုင်ပေ(ထိုင်ဝမ်)အစိုးရစစ်ရေးသတင်းဌာန(Military News Agency)က ထုတ်ပြန်ထားတဲ့ ရုပ်သံပါ။

အမေရိကန်တို့ရဲ့နာမည်ကျော် ကို အနောက်ဖက်ကမ်းခြေမှာ ပထမဆုံးအသုံးပြုပြီး ပစ်ခတ်နိုင်ကြောင်း ပြသထားတာဖြစ်ပါတယ်။

“First time on the west coast of Seamus!” ဆိုတာ
“HIMARS ရဲ့ အနောက်ဖက်ကမ်းခြေ ပထမဆုံးပစ်ခတ်မှု!” လို့ အဓိပ္ပာယ်ရပါတယ်။

Seamus = HIMARS (High Mobility Artillery Rocket System) အမေရိကန်ထုတ် မိုဘိုင်းဒုံးပျံပစ်စနစ်ပါ။

ထိုင်ဝမ်ရဲ့အနောက်ကမ်းခြေ(တရုတ်ကိုရင်ဆိုင်နေတဲ့ဘက်)မှာ HIMARS ကို ပထမဆုံး အသုံးပြု ပစ်ခတ်ခဲ့တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ကျူးကျော်မှု ဖြစ်နိုင်ချေကို ပြင်ဆင်နေတဲ့ ကမ်းခြေကာကွယ်ရေး လေ့ကျင့်မှုတစ်ခုပါ။

တရုတ်ကြီးတော့ ဝိုင်းခံနေရပြီ။

အမေရိကန်သံတမန်တစ်ဦး ရန်ကုန်မြို့ Sakura Residence & Hotelမှာ သေဆုံးခဲ့မှုနဲ့ပတ်သတ်ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို ရဲကဖမ်းဆ...
06/10/2026

အမေရိကန်သံတမန်တစ်ဦး ရန်ကုန်မြို့ Sakura Residence & Hotelမှာ သေဆုံးခဲ့မှုနဲ့ပတ်သတ်ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို ရဲကဖမ်းဆီးထာကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက အတည်ပြုခဲ့တယ်လို့ AP (The Associated Press)က ဖော်ပြပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်လောက်က အမေရိကန်သံတမန်ရဲ့ရုပ်အလောင်းကို ဆာကူယာဟိုတယ်မှာ တွေ့ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်ရှိ အမေရိကန်သံရုံးနဲ့ထိုင်းနိုင်ငံရှိအမေရိကန်အရာရှိတွေက ဖြစ်စဉ်နဲ့ပတ်သက်တဲ့မေးမြန်းချက်တွေကို နိုင်ငံခြားရေးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို ပြောကြားခြင်းမရှိပါဘူး။

မိသားစုနဲ့ ချစ်ခင်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအရ ယခုအချိန်တွင်နောက်ထပ်
အချက်အလက်များ မပေးနိုင်သေးကြောင်း
နိုင်ငံခြားရေးဌာနက The Associated Press သို့
အီးမေးလ်ဖြင့ အကြောင်းပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဖြစ်စဉ်ကို လူသတ်မှုဖြစ်နိုင်ချေရှိကြောင်းယူဆထားပြီး စုံစမ်းနေတယ်လို့ သိရပါတယ်။

Address

Maryland City, MD

Alerts

Be the first to know and let us send you an email when ကောင်းကင်ပြာရဲ့ယဉ်ကျေးမှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to ကောင်းကင်ပြာရဲ့ယဉ်ကျေးမှု:

Share