Aung Nyein Chan ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Aung Nyein Chan, หอศิลป์, Bangkok.

19/04/2026

🤍🖤

18/04/2026



18/04/2026

🌹🤍

28/03/2026

မိမိ မထိန်းချုပ်နိုင်တဲ့ အရာတွေကို
မတွယ်ကပ်မနေပါနဲ့ ဘယ်အရာမှမတည်မြဲပါဘူး
သတ္တဝါတစ်ခု ကံတစ်ခုပါပဲ.

27/03/2026

💔✅

27/03/2026

စိတ်ရောလူရော ပင်းပန်းလာတဲ့အခါ🥀

အရာရာဟာကံပါသလောက်ပဲဆိုတာကို သိလာရင်မဆုံနိုင်တော့ခြင်းတွေ၊မပိုင်ဆိုင်ရခြင်းတွေအတွက်လည်းအရမ်းကြီးခံစားနေမှာမဟုတ်တော့သလိုပြ...
23/03/2026

အရာရာဟာ
ကံပါသလောက်ပဲဆိုတာကို သိလာရင်မဆုံနိုင်တော့ခြင်းတွေ၊
မပိုင်ဆိုင်ရခြင်းတွေအတွက်လည်း
အရမ်းကြီးခံစားနေမှာမဟုတ်တော့သလို
ပြောင်းလဲသွားတဲ့သူတွေပေါ်လဲ ဘာကြောင့်လဲဆိုပြီး
အကြောင်းပြချက်တွေ တောင်းခံနေမှာမဟုတ်တော့ဘူး။

ခွင့်လွှတ်စိတ်နဲ့နေတတ်လာတဲ့အခါ
မပိုင်ဆိုင်ရခြင်းတွေကိုလည်း လှတယ်လို့ ထင်လာပါလိမ့်မယ်။
ပြန်ဖြစ်မလာတော့မယ့် အတိတ်ကို အတိတ်မှာပဲထားခဲ့ပြီး
ရပ်လိုက်လို့မရတဲ့ ဘဝအတွက်ပဲ
အဆင်ပြေအောင် ရှေ့ဆက်ဖို့ ကြိုးစားပေါ့။

အချိန်တစ်ခုထိ ကိုယ်နဲ့ရှိနေပြီး
တစ်ဘဝလုံး ပါမလာနိုင်မယ့်အရာတွေကို
ကိုယ့်ဘက်က လွှတ်ချထားခဲ့လိုက်ပါ
ဂရုစိုက်ရမှာ နာကျင်စေရမှာတွေကို
နောက်ထပ် ဆုပ်ကိုင်မထားတော့ဖို့ပဲ
တတ်နိုင်သလောက်တော့
ကိုယ်လဲကောင်းပေးခဲ့ဖူးတယ်မဟုတ်လား။

စွမ်းနိုင်သလောက်တော့ ပေးဆပ်ခဲ့ဖူးတယ်မဟုတ်လား၊
ရင်နဲ့ဆုံသလောက်တော့ ခံစားခဲ့ပြီးပြီမဟုတ်ဘူးလား၊
ဘာလို့ ထပ်ပင်ပန်းခံနေဦးမှာလဲ၊
ဘာလို့ မကျေမနပ်ဖြစ်နေဦးမှာလဲ၊
မေ့လိုက်တာက သက်သာမယ်ဆိုရင်
မေ့လိုက်တော့တာပဲ ကောင်းပါတယ်။
မဆိုင်တော့ခြင်းက စိတ်ကိုပေါ့ပါးစေတယ်ဆိုရင်
မဆိုင်ဘဲနေလိုက်ခြင်းကပဲ ကောင်းပါတယ်။
မဆက်သွယ်တော့ခြင်းက လွတ်မြောက်စေမယ်ဆိုရင်
မဆက်သွယ်ဘဲနေလိုက်တာကောင်းပါတယ်။

ဘဝမှာ
တစ်ယောက်တည်းနေဖို့ လိုတဲ့အချိန်တွေ ရှိလာတတ်ပါတယ်။
တစ်ယောက်တည်းနေဖို့ လိုလာတဲ့အခါကျရင်
တစ်ယောက်တည်း နေတတ်ဖို့ကြိုးစားပါ။

တိတ်ဆိတ်ပါ၊ ငြိမ်သက်ပါ၊
စကားနည်းပါ၊ စာဖတ်နေပါ၊
အလုပ်ကိုပဲ အာရုံစိုက်ပါ၊
စိတ်ပျော်စေမယ့်အရာကိုပဲ တွေးပါ၊
တစ်ယောက်တည်းနေဖို့လိုလာတဲ့အခါကျရင်
ချစ်တဲ့သူတွေအကြောင်းလည်းမတွေးပါနဲ့၊
မုန်းတဲ့သူတွေအကြောင်းလည်းမတွေးပါနဲ့၊
လိုချင်တာတွေအတွက်လည်း အရမ်းမပူနဲ့၊
လိုနေတာတွေအတွက်လည်း အရမ်းမပူနဲ့၊
လုပ်ပြီးသွားတာတွေကိုလည်း မစိုးရိမ်နဲ့၊
မလုပ်ရသေးတာတွေအတွက်လည်း မစိုးရိမ်နဲ့၊
မရှိတော့မှာကိုလည်း မကြောက်နဲ့၊
မရတော့မှာကိုလည်း မကြောက်နဲ့၊
သံယောဇဉ်တွေ လျော့သွားမှာကိုလည်း မကြောက်နဲ့၊
ပြောင်းလဲသွားမှာကိုလည်း မကြောက်နဲ့၊
သတိမရတော့မှာကိုလည်း မကြောက်နဲ့၊
အရေးမပါတော့တဲ့လူတစ်ယောက်
ဖြစ်သွားမှာကိုလည်း မကြောက်ပါနဲ့၊
အနှာတရတွေ ခပ်များများနဲ့ နေရတဲ့လောကကြီးမှာ တစ်ယောက်တည်းနေဖို့လိုလာတဲ့
အချိန်တွေဆိုတာ ရှိလာဦးမှာပါပဲ။

ကမ္ဘာကြီးမှာ လူတွေအများကြီးရှိပေမယ့်
ကိုယ့်ကမ္ဘာလေးမှာတော့ ကိုယ်တစ်ယောက်တည်းပဲ
အေးချမ်းအောင် နေထိုင်ကြည့်ပါ
လိုအပ်မှ ပြောပေါ့၊ အရေးကြီးမှ ဆက်သွယ်ပေါ့၊
မဖြစ်မနေကိစ္စလောက်ကျမှ သွားပေါ့။
ရှောင်နိုင်သလောက် ရှောင်ပြီး
အတတ်နိုင်ဆုံး ဥပေက္ခာပြုထားလိုက်ခြင်းကပဲ
အေးချမ်းမှုကို ရှာတွေ့စေမှာပါ။

ဒါကြောင့်
"တစ်ယောက်တည်းနေဖို့ လိုလာတဲ့အခါကျရင်
တစ်ယောက်တည်းပဲ နေလိုက်ပါ။"



#အရှင်ဇဝန

#ဘဝစာပေ
#စာတို
#ကဗျာ

23/03/2026
လူတချို့ကပြောတယ်မေတ္တာတွေစစ်မှန်ရင်တော့ပြန်လာမှာပေါ့တဲ့ကိုယ့်ကိုယ်ကိုယ်တောင်သံသယဖြစ်မိသွားတယ်ကိုယ်ပေးတဲ့ မေတ္တာတွေများမစ...
19/02/2026

လူတချို့ကပြောတယ်
မေတ္တာတွေစစ်မှန်ရင်တော့
ပြန်လာမှာပေါ့တဲ့

ကိုယ့်ကိုယ်ကိုယ်တောင်
သံသယဖြစ်မိသွားတယ်
ကိုယ်ပေးတဲ့ မေတ္တာတွေများ
မစစ်ခဲ့တာများလားလို့ ..

တကယ်တမ်းကျတော့လေ
မေတ္တာတွေ
ဘယ်လောက်ပဲ စစ်မှန်စစ်မှန်
ကိုယ်ပေးမိတဲ့ လူက မှားနေရင်
အလကားဖြစ်သွားရတတ်ပါတယ် ။

ျေးကို

19/02/2026

ပြသာနာလေး အသေးမွှားကအစ
Blockခံရ ရင်တောင် မနေနိုင်လို့ အရမ်းချစ်လို့အကောက်ပေါင်းဆုံဖွင့် ဆက်သွယ်ပီး ချစ်ရတဲ့
ဘဝမျိုးကို ကြာလာတော့ ကိုယ်ကိုကိုယ် သိမ်ငယ်လာရတယ် နေနိုင်တဲ့သူကို အတင်းလိုက်ဆွဲသလိုဖြစ်မိလားပေါ့ ကိုယ်ဘက်က စိတ်ဆိုးလို့ တစ်ကြိမ်လောက် ဘလော့မိပါတယ် နင်ဘလော့ ငါဘလော့ပဲဆို ထားခဲ့ခံရမှတော့ ဒါကသူကျွန်တော်ကို အရမ်းချစ်တယ်တဲ့လားဗျ🥺
#ရင်တွင်းဖြစ်

လွမ်းလားလို့မေးရင်အရမ်းလွမ်းတယ်ချစ်လာလို့မေးရင်အရမ်းချစ်တာပေါ့ဗျာဒါပေမယ် တို့ယောက်ကစိတ်နေစိတ်သဘောထားဘယ်လောက်ငြိငြိမရဘူး ...
19/02/2026

လွမ်းလားလို့မေးရင်
အရမ်းလွမ်းတယ်
ချစ်လာလို့မေးရင်
အရမ်းချစ်တာပေါ့ဗျာ
ဒါပေမယ် တို့ယောက်ကစိတ်နေစိတ်သဘောထား
ဘယ်လောက်ငြိငြိမရဘူး ထစ်ကနဲဆို စိတ်ကောက်တာ မိန်းကလေးသဘာဝဆိုရင်တောင် ကိုယ်ဘက်အတွေးက နေနိုင်လိုက်တာ မချစ်တော့လို့လားဆိုပြီး
အရမ်းခံစားရတယ် ဆိုတာ သ်ိစေချင်လိုက်တာ

ที่อยู่

Bangkok

เบอร์โทรศัพท์

09790952913

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Aung Nyein Chanผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท