Gallery Ohmar

Gallery Ohmar No (20), Damayone Street, Hlaing Township, Yangon. Close dates: Every Monday and Tuesday

အချိန်တွေရွေ့လျားသွားလည်း ဘယ်တော့မှ ပျောက်ကွယ်မသွားမဲ့အင်းလေးရဲ့ ရေပြင်ပေါ်ကပဲ့တင်သံတစ်ခုEchos of InleArtist Lwin Lwin K...
13/08/2026

အချိန်တွေရွေ့လျားသွားလည်း
ဘယ်တော့မှ ပျောက်ကွယ်မသွားမဲ့
အင်းလေးရဲ့ ရေပြင်ပေါ်က
ပဲ့တင်သံတစ်ခု

Echos of Inle
Artist Lwin Lwin Kyaw
6' × 4' | Acrylic on Canvas
Available

————————————

Even as time moves on,
a timeless echo upon the waters of Inle
that will never fade away

Echos of Inle
Artist Lwin Lwin Kyaw
6' × 4' | Acrylic on Canvas
Available

မီးရောင်တွေ မလင်းခင်၊တေးသံတွေ မစခင်၊လက်ခုပ်သံတွေ မကြားရခင်။Behind the Veil Artist Lwin Lwin Kyaw 6' × 4' | Acrylic on Ca...
10/08/2026

မီးရောင်တွေ မလင်းခင်၊
တေးသံတွေ မစခင်၊
လက်ခုပ်သံတွေ မကြားရခင်။

Behind the Veil
Artist Lwin Lwin Kyaw
6' × 4' | Acrylic on Canvas
Available

————————————

Behind the veil,
before the lights begin,
Before the music,
before the applause.

Behind the Veil
Artist Lwin Lwin Kyaw
6' × 4' | Acrylic on Canvas
Available

09/08/2026

Artist Lwin Lwin Kyaw’s (11th) Solo Show - “Is”

Now showing at Gallery Ohmar.

တူညီတဲ့ကောင်းကင်အောက်၊တူညီတဲ့ပင်လယ်ပြင်ပေါ်မှာပဲလှေကိုယ်စီက ကိုယ်ပိုင်လှိုင်းတွေနဲ့ကိုယ်ပိုင်မုန်တိုင်းတွေကို ဖြတ်သန်းနေ...
09/08/2026

တူညီတဲ့ကောင်းကင်အောက်၊
တူညီတဲ့ပင်လယ်ပြင်ပေါ်မှာပဲ
လှေကိုယ်စီက ကိုယ်ပိုင်လှိုင်းတွေနဲ့
ကိုယ်ပိုင်မုန်တိုင်းတွေကို ဖြတ်သန်းနေကြတယ်။

ပင်လယ်ကတော့ တစ်ခုတည်း၊
ခရီးတွေကတော့ မတူညီကြဘူး။

Same Sea, Different Storms
Artist Lwin Lwin Kyaw
4’ × 3’ | Acrylic on Canvas
Available

————————————

We sail beneath the same sky,
across the same restless sea,
yet every heart carries a different storm,
and every journey finds its own way home.

The sea may be one,
but every journey is different.

Same Sea, Different Storms
Artist Lwin Lwin Kyaw
4’ × 3’ | Acrylic on Canvas
Available

အချိန်တွေ တိတ်တဆိတ်ရွေ့လျားသွားပေမယ့်အမှတ်တရတွေကတော့ အရောင်တွေအဖြစ်နဲ့ စွဲမြဲစွာကျန်ရစ်နေခဲ့ပါတယ်ဒါကြောင့်ပဲ မြန်မာ့မြေရ...
07/08/2026

အချိန်တွေ တိတ်တဆိတ်ရွေ့လျားသွားပေမယ့်
အမှတ်တရတွေကတော့ အရောင်တွေအဖြစ်နဲ့ စွဲမြဲစွာကျန်ရစ်နေခဲ့ပါတယ်

ဒါကြောင့်ပဲ မြန်မာ့မြေရဲ့ ရှေးဟောင်းအငွေ့အသက်တွေ၊ နေ့စဉ်ဘဝရဲ့ ရိုးရှင်းတဲ့အလှတရားတွေနဲ့ အချိန်ရဲ့ ခြေရာတွေကို ပန်းချီကားတွေပေါ်မှာ နူးညံ့စွာ ပြန်လည်ရှင်သန်စေနိုင်တာပဲဖြစ်ပါတယ်

ဆရာလွင်လွင်ကျော်ရဲ့ ပန်းချီကားတွေကနေတစ်ဆင့် မြန်မာ့မြေ၊ မြန်မာ့ဘဝနဲ့ တစ်ချိန်က ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေဟာ တိတ်တဆိတ် အသက်ပြန်ဝင်လာကြပါတယ်

📍 ဆရာလွင်လွင်ကျော်ရဲ့ (၁၁) ကြိမ်မြောက် ပန်းချီပြပွဲ Gallery Ohmar မှာ ယခု လက်ရှိ ပြသလျက်ရှိပါတယ်

ပြပွဲကာလ - ဩဂုတ် ၆ ရက်နေ့မှ ၃၀ရက်နေ့အထိ
ပြခန်းပိတ်ရက်- အပတ်စဉ် တနင်္လာ၊အင်္ဂါ
ပြခန်းဖွင့်ချိန်- မနက်၁၀နာရီမှ ညနေ ၅ နာရီ
ဝင်ကြေး- ၅၀၀၀/- (အသက်၁၃နှစ်အထက်)
ပြခန်းလိပ်စာ - အမှတ် (၂၀)၊ ဓမ္မာရုံလမ်း၊ လှိုင်မြို့နယ်။

Although time moves quietly on, memories remain deeply etched within us, lingering as colours that never truly fade.

Perhaps that is why the echoes of Myanmar’s ancient landscapes, the simple beauty of everyday life, and the traces left by time can be gently brought back to life upon the canvas.

Through the paintings of Artist Lwin Lwin Kyaw, the land of Myanmar, its people, and the days once lived are quietly brought back to life.

📍 Artist Lwin Lwin Kyaw’s 11th Solo Exhibition is currently on view at Gallery Ohmar.

ဆရာလွင်လွင်ကျော်ရဲ့ “Is” အမည်ရ ပြပွဲ ဖွင့်ပွဲအမှတ်တရပုံရိပ်များပဲဖြစ်ပါတယ်ပြပွဲကို ဩဂုတ်လ (၃၀) ရက်နေ့ထိ ပြသထားမှာမလို့ အ...
06/08/2026

ဆရာလွင်လွင်ကျော်ရဲ့ “Is” အမည်ရ ပြပွဲ ဖွင့်ပွဲအမှတ်တရပုံရိပ်များပဲဖြစ်ပါတယ်

ပြပွဲကို ဩဂုတ်လ (၃၀) ရက်နေ့ထိ ပြသထားမှာမလို့ အနုပညာရှင်ရဲ့ ကမ္ဘာထဲကို ဝင်ရောက်ပြီး ကြည့်ရှုသူရဲ့စိတ်နှလုံးကို ငြိမ်းချမ်းစေမည့် ဖန်တီးမှုများကို ခံစားကြည့်ရှုနိုင်ပါရန် အနုပညာချစ်မြတ်နိုးသူများ၊ စုဆောင်းလိုသူများနဲ့ Gallery Ohmar ရဲ့ ပရိသတ်များအားလုံးကို လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါရစေ။

ပြပွဲကာလ - ဩဂုတ် ၆ ရက်နေ့မှ ၃၀ရက်နေ့အထိ
ပြခန်းပိတ်ရက်- အပတ်စဉ် တနင်္လာ၊အင်္ဂါ
ပြခန်းဖွင့်ချိန်- မနက်၁၀နာရီမှ ညနေ ၅ နာရီ
ဝင်ကြေး- ၅၀၀၀/- (အသက်၁၃နှစ်အထက်)

ဆရာလွင်လွင်ကျော် ရဲ့ “IS” သို့မဟုတ် “တည်ရှိခြင်း” အမည်ရ  (၁၁) ကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲဟာ ပစ္စုပ္ပန်တည့်တည့်...
02/08/2026

ဆရာလွင်လွင်ကျော် ရဲ့ “IS” သို့မဟုတ် “တည်ရှိခြင်း” အမည်ရ (၁၁) ကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲဟာ ပစ္စုပ္ပန်တည့်တည့်ရဲ့ တိတ်ဆိတ်ငြိမ်သက်ရာဆီ သင့်ကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်။

မန္တလေးအခြေစိုက် ပန်းချီဆရာ လွင်လွင်ကျော်ဟာ အနုပညာကျောင်းတော်ကြီးကနေစလို့ ဆရာသခင်များစွာရဲ့ လေ့ကျင့်ပျိုးထောင်ပေးမှုနဲ့အတူ ဆယ်စုနှစ်တစ်ခုကျော် စိုက်ထူခဲ့တဲ့ သူ၏ဖန်တီးမှု ခရီးလမ်းကို ဒီပြပွဲမှာ ထင်ဟပ်ပြသထားပါတယ်။ တစ်ကိုယ်တော် ပန်းချီပြပွဲ (၁၀) ကြိမ်တိုင်တိုင် အောင်မြင်စွာ တင်ဆက်ခဲ့ပြီးနောက်၊ သူရဲ့ စုတ်ချက်တွေဟာ လောကရဲ့မြင်ကွင်းတွေထဲကလှပသော အရှိတရားများကို ဆက်လက်ပုံဖော်ရေးဆွဲနေဆဲ ဖြစ်ပါတယ်။

လာမယ့် ဩဂုတ်လ ၆ ရက်နေ့မှစတင်ပြီး တင်ဆက်ပြသသွားမယ့် ယခုပြပွဲဟာ လက်ရှိ ပစ္စုပ္ပန်ဖြစ်တည်မှု၊ သဘာဝနှင့် ခံစားချက်တို့ရဲ့ ငြိမ်သက်သော အနှစ်သာရကို ရှာဖွေဖော်ထုတ်ထားတာလည်းဖြစ်ပါတယ်။ လက်ရာတိုင်းဟာ ပန်းချီကားတစ်ချပ်မျှသာ မကဘဲ၊ ဖန်တီးသူရဲ့အတွင်းစိတ်ကိုကြည့်ရှုသူရဲ့ ခံစားချက်တို့နဲ့ဆက်သွယ်ပေးတဲ့တံတားတစ်စင်းအဖြစ် တည်ရှိနေတာပဲဖြစ်ပါတယ်။

အနုပညာရှင်ရဲ့ ကမ္ဘာထဲကို ဝင်ရောက်ပြီး ကြည့်ရှုသူရဲ့စိတ်နှလုံးကို ငြိမ်းချမ်းစေမည့် ဖန်တီးမှုများကို ခံစားကြည့်ရှုနိုင်ပါရန် အနုပညာချစ်မြတ်နိုးသူများ၊ စုဆောင်းလိုသူများနဲ့ Gallery Ohmar ရဲ့ ပရိသတ်များအားလုံးကို လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါရစေ။

ပြပွဲကာလ - ဩဂုတ် ၆ ရက်နေ့မှ ၃၀ရက်နေ့အထိ
ပြခန်းပိတ်ရက်- အပတ်စဉ် တနင်္လာ၊အင်္ဂါ
ပြခန်းဖွင့်ချိန်- မနက်၁၀နာရီမှ ညနေ ၅ နာရီ
ဝင်ကြေး- ၅၀၀၀/- (အသက်၁၃နှစ်အထက်)

Artist Lwin Lwin Kyaw’s 11th solo art exhibition, titled “IS”, will lead you into the quiet tranquility of the present moment. Mandalay-based artist Lwin Lwin Kyaw reflects in this exhibition a creative journey spanning over a decade, starting from art academy and nurtured through the guidance of numerous revered masters.

Following ten successfully presented solo exhibitions, his brushstrokes continue to portray the beautiful realities found within the world's vistas.

Opening on August 6th, this exhibition explores the quiet essence of present existence, nature, and emotion. Each piece is more than just a painting; it stands as a bridge connecting the artist’s inner heart with the feelings of the viewer.

We cordially invite art lovers, collectors, and all friends of Gallery Ohmar to step into the artist’s world and experience creations that bring peace to the soul.

Exhibition Details
Exhibition Dates: August 6th – August 30th
Closed Days: Mondays and Tuesdays
Gallery Hours: 10:00 AM – 5:00 PM
Admission Fee: 5,000 MMK (13 years old and above)


Admission Fee: 5,000 MMK (Ages 13 and above)

Gallery Ohmar ရဲ့ကလေးပန်းချီသင်တန်း Art and Craft level-1 မှာသင်ကြားပေးမယ့် သင်ခန်းစာတွေရဲ့ ကောင်းကျိုးတွေကို မျှဝေပေးလိ...
30/07/2026

Gallery Ohmar ရဲ့ကလေးပန်းချီသင်တန်း Art and Craft level-1 မှာသင်ကြားပေးမယ့် သင်ခန်းစာတွေရဲ့ ကောင်းကျိုးတွေကို မျှဝေပေးလိုက်ပါတယ်။

Drawing (ပန်းချီဆွဲခြင်း)

"စိတ်ကူးစိတ်သန်းကို ပန်းချီကားပေါ်သို့ ရေးခြစ်ခြင်း"ပန်းချီဆွဲခြင်းက ကလေးတွေရဲ့စိတ်ကူး စိတ်သန်း (Imagination) နှင့် တီထွင်ဖန်တီးနိုင်စွမ်း(Creativity) ကို အကန့်အသတ်မရှိ ပွင့်လန်းစေပါတယ်။ စက္ကူပေါ်တွင် ပုံဖော်ဆွဲသားရင်း လက်နှင့် မျက်လုံး ပူးပေါင်းဆောင်ရွက်မှု (Hand-eye coordination) ကို ပိုကောင်းလာစေသလို ကလေးတွေရဲ့ လက်ချောင်းလေးတွေ ထိန်းချုပ်နိုင်စွမ်းကိုလည်း ပိုမိုကျွမ်းကျင်လာစေပါတယ်။

Paper Quilling (စက္ကူလိပ် အနုပညာ)

"အာရုံစူးစိုက်မှုမှသည် ဦးနှောက်ဖွံ့ဖြိုးမှုဆီသို့"
စက္ကူမျှင်လေးများကို စိတ်ရှည်လက်ရှည် လိပ်ပြီး ပုံဖော်ရတဲ့ အနုပညာဖြစ်တာကြောင့် အာရုံစူးစိုက်နိုင်စွမ်းနှင့် စိတ်တည်ငြိမ်မှု (Mental commitment) ကို အပြည့် အဝ မြှင့်တင်ပေးပါတယ်။ ပုံသဏ္ဠန်အမျိုးမျိုး တီထွင်ပုံဖော်ရင်း ဦးနှောက်၏ တွေးခေါ်မြှော်မြင်နိုင်စွမ်း (Cognitive benefits) ကို တိုးတက်စေရုံသာမက စိတ်ရှည်သည်းခံတတ်တဲ့ အလေ့အထကောင်းကိုပါ ပျိုးထောင်ပေးပါတယ်

Origami (စက္ကူခေါက် အနုပညာ)

"လက်နှစ်ဖက်၏ စည်းဝါးညီ လှုပ်ရှားမှုနှင့်မှတ်ဉာဏ်စွမ်းရည်"Origami သည် ဘယ်/ညာလက် နှစ်ဖက်စလုံးကို ညီညာစွာ အသုံးပြုရတဲ့အတွက် စာသင်ကြားရေးနှင့် ကြွက်သားနုလေးများ ထိန်းချုပ်လှုပ်ရှားနိုင်စွမ်းကို (Dual-hand fine motor control) တိုးတက်စေပါတယ်။ အဆင့်လိုက် ခေါက်ရတဲ့နည်းလမ်းတွေကို မှတ်သားရတာကြောင့် ကလေးတွေအတွက် မှတ်ဉာဏ်စွမ်းရည် (Memory functioning) တိုးတက်စေပြီး အစဉ်လိုက်စနစ်တကျ တွေးခေါ်တတ်အောင်လည်း အထောက်အကူပြုပါတယ်။

Air Dry Clay (ရွှံ့စေးရုပ်တု ဖန်တီးခြင်း)

"၃ ဖက်မြင် ပုံဖော်မှုနှင့် စိတ်ခံစားချက် ထိန်းချုပ်ခြင်း” ပြင်ညီ 2D စိတ်ကူးကနေ လက်တွေ့ကိုင်တွယ်လို့ရတဲ့ 3D ရုပ်ကြွပုံစံတွေအဖြစ်ပုံဖော်နိုင်စွမ်းကိုသင်ကြားပေးပါတယ်။ ရွှံ့စေးကို ကိုင်တွယ်ဆုပ်နယ်ပုံဖော်ရသည့် အထိအတွေ့က ကလေးတွေရဲ့စိတ်ခံစားချက်ကို တည်ငြိမ်စေပြီး (Emotional regulation) စိတ်ဓာတ်ခွန်အားကို တည်ဆောက်ပေးပါတယ်။

Kids Art and Craft အတန်းမှာ ယခုပြောပြခဲ့တဲ့ ကောင်းကျိုးတွေရှိမှာဖြစ်ပါတယ်။ Level-1 သင်တန်းကို August လမှာ သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလ (၃) လတာပြီးဆုံးပါက သင်တန်းပြီးဆုံးကြောင်း အခမ်းအနားနဲ့အတူ အသိအမှတ်ပြု လက်မှတ်ရရှိမှာပဲဖြစ်ပါတယ်။

သင်တန်းကြေး - ၆၀၀,၀၀၀ ကျပ် (သုံးလစာ+ သင်ထောက်ကူတစ်စုံပါအပြီး)
သင်တန်းရက် - အပတ်စဉ် စနေ နှင့် တနင်္ဂနွေ
အချိန် - နေ့လည် ၁နာရီ မှ ၃ နာရီ

သင်တန်းကို စိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင် page ရဲ့ chat box မှာလာရောက်စုံစမ်းနိုင်ပါတယ်။

Drawing

"Turning Imagination into Reality"
Drawing unlocks a child’s limitless imagination and creative expression. As kids translate their ideas onto paper, it sharpens their hand-eye coordination and refines the fine motor control in their hands and fingers—building a strong foundation for both art and everyday tasks.

Paper Quilling

"Patience, Focus, and Cognitive Growth"
Rolling and shaping delicate paper strips requires true focus and mental commitment. This soothing art form calms the mind while boosting cognitive development, spatial reasoning, and step-by-step problem-solving skills in a fun, tactile way.

Origami

"Bilateral Coordination and Memory Building"
Paper folding engages both hands simultaneously, enhancing dual-hand fine motor control and stimulating both sides of the brain. Following multi-step folding patterns sharpens sequential memory functioning and builds procedural logic from a young age.

Air-Dry Clay

"From 2D Concepts to 3D Forms & Emotional Balance"
Sculpting with air-dry clay helps kids transition from 2D visual planning to 3D tactile creation. The rich, sensory experience of kneading and shaping clay offers a relaxing outlet for emotional regulation, stress relief, and hands-on discovery.

There will be all the great benefits mentioned above in our Kids Art and Craft class!
The Level-1 course will begin in August. Upon completion of the 3-month program, students will receive an official Certificate of Completion along with a graduation ceremony.

Kids Art Class Details

Course Fee: 600,000 MMK (Includes 3 months+ 1 complete set of art supplies)
Class Days: Every Saturday & Sunday
Time: 1:00 PM – 3:00 PM

If you are interested and would like to enroll, feel free to contact us in our page chat box for more details!

“Love, Loss & Life” Exhibition ဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီပြပွဲမှာပြသခဲ့တဲ့ အနုပညာလက်ရာတစ်ခုချင်းစ...
26/07/2026

“Love, Loss & Life” Exhibition ဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။

ဒီပြပွဲမှာပြသခဲ့တဲ့ အနုပညာလက်ရာတစ်ခုချင်းစီကနေတစ်ဆင့် ချစ်ခြင်း၊ ဆုံးရှုံးခြင်း နဲ့ ဘဝရဲ့အဓိပ္ပာယ် ကို အတူတကွ ခံစားပေးခဲ့ကြတဲ့ အနုပညာချစ်သူတွေနဲ့ Gallery Ohmar ကို အမြဲအားပေးခဲ့ကြသူအားလုံးကို နှလုံးသားထဲကနေ ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ

ဖန်တီးသူအနုပညာရှင် Artist Phyu W ရဲ့ ရိုးသားနက်ရှိုင်းတဲ့ စိတ်ခံစားချက်တွေကို အနုပညာလက်ရာတွေကတစ်ဆင့် မျှဝေပေးခဲ့တဲ့အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ လာရောက်အားပေးကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ ရောက်ရှိလာမှု၊ အားပေးမှုနဲ့ အပြန်အလှန်စိတ်ခံစားချက်တွေဖလှယ်နိုင်ခဲ့ကြတဲ့ စကားဝိုင်းတွေကြောင့်ပဲ ဒီပြပွဲလေးဟာ ပိုမိုအသက်ဝင်လာခဲ့တာဖြစ်ပါတယ်

လူတိုင်းရဲ့ ပူဆွေးသောကနဲ့ ကိန်းအောင်းနေတဲ့ ထိတ်လန့်မှုတွေကို ထင်ဟပ်စေခဲ့တဲ့ မကစ် (Wutt Hmone Shwe Yi) ရဲ့ Short Film လေးကလည်း ပရိသတ်အားလုံးရဲ့ရင်ထဲမှာ စွဲကျန်သွားလိမ့်မယ်လို့ ထင်ပါတယ်

ပြခန်းရဲ့ နံရံတွေပေါ်မှာ နောက်ထပ်အနုပညာလက်ရာအသစ်တွေ ထပ်ပြီးရောက်ရှိလာမှာ ဖြစ်ပေမဲ့လည်း Love, Loss & Life ကနေတစ်ဆင့် ပေးခဲ့တဲ့ နွေးထွေးမှု၊ ဝမ်းနည်းမှု၊ လစ်ဟာမှုနဲ့ ခံစားချက် အမှတ်တရတွေဟာ လာကြည့်ခဲ့သူတစ်ယောက်ချင်းစီတိုင်းရဲ့ ရင်ထဲမှာ ဆက်လက်ရှင်သန်နေမယ်လို့ ယုံကြည်ပါတယ်

နောက်ထပ် အနုပညာအတွေ့အကြုံသစ်တွေနဲ့အတူ Gallery Ohmar မှ ပြန်လည်ကြိုဆိုနိုင်ရန် မျှော်လင့်လျက်……

As Love, Loss & Life comes to a close, we are filled with gratitude for everyone who stepped into this space and experienced the emotions woven into each artwork. Together, we celebrated love, reflected on loss, and embraced the beauty and resilience of life through art.

To the artist Phyu W, our deepest appreciation for sharing such an honest and heartfelt vision. To every visitor, collector, supporter, and friend of Gallery Ohmar, thank you for your time, your conversations, and the connections you created within these walls. Your presence transformed this exhibition into something truly unforgettable.

We also extend our sincere appreciation to Wutt Hmone Shwe Yi (Ma Kit), whose evocative short film mirrored the grief, silent fears, and fragile emotions we all carry within us. We believe its images and emotions will continue to linger in the hearts of those who experienced them.

Although the gallery walls will soon welcome new stories, the emotions and memories of Love, Loss & Life will remain with us long after the final day.

Thank you for walking this journey with us. Until we meet again, may art continue to inspire, heal, and connect us all.

26/07/2026

ပြပွဲရဲ့နောက်ဆုံးရက်လေးမှာ လာရောက်ကြည့်ရှုခံစားဖို့ဖိတ်ခေါ်လိုက်ရပါတယ်🙏🏻

Address

No(20), Damayone Street, Hlaing Township
Yangon
11051

Opening Hours

Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Alerts

Be the first to know and let us send you an email when Gallery Ohmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Gallery Ohmar:

Shortcuts

Share

Category