16/09/2025
"သူနဲ့သာဆိုလျှင်ကွယ်"
တိမ်တောင်တွေကျော်လွှားလို့
နေဖျားထိသွားဝံ့တယ်...
လဗိမ္မာန်ခပ်ကွေးကွေးမှာ
မှေးစက်လို့ရယ်
ကြယ်တွေကိုကုံးလို့သွယ်
ပန်ဆင်မယ်လည်တိုင်ကြော့။
နှစ်ယောက်ကမ္ဘာ
ဆောက်တည်ကာပန်းတွေပျိုးပါလို့
ကြိုးအသွင်သက်တံလှိုင်းကို
ဖန်ခုန်တိုင်းဆော့။