Khant's Art

Khant's Art Creator of Stigma Arms Myanmar Comic Series. Freelance comic artist/Illustrator.Commissions are open!

Stigma Arms Myanmar logo by Sai Moon နဂါးခေါင်းဘယ်ဘက်လှည့်ခြင်းအမှတ်တရ☺️
29/04/2026

Stigma Arms Myanmar logo by Sai Moon နဂါးခေါင်းဘယ်ဘက်လှည့်ခြင်းအမှတ်တရ☺️

18/04/2026

ပူတင်း ကာတွန်းဆရာရဲ့ ဖေဖေ့အတွက် ဆေးဖိုးလေး ကူညီတောင်းပါတယ်
•••••••••••••••••••••••••••••••••••••••

နှစ်သစ်မှာ အပျော်တွေနဲ့ အပျော် ကာတွန်းတွေပဲ တင်ပေးချင်တာပါ
ဒါပေမယ့် ဖေဖေကျန်းမာရေးက ဒီ ရက်အတွင်းမှာပဲ အသည်းအသန်ဖြစ်ပြီး

အခု အရေးပေါ် ဆေးရံုတင်ထားရတာပါ…

ဆေးစစ်ချက် က အသည်းကင်ဆာရော
ကျောက်ကပ်က လည်း အဆင်မပြေတာရော
နှလံုးသွေးကြောလေးတွေ ပေါက်နေတာရောနဲ့
တော်တော်လေး ဖြစ်နေတော့ ခွဲစိတ်ဖို့
လိုနေတာပါ

အဖေကတော့ မခွဲတော့ဘူးလုပ်နေပေမယ့်
ပူတင်းတို့ကတော့ ဘယ်လိုနေနေ ဆွဲဆန့်လို့ရသမျှ ဆွဲဆန့်ချင်တာပါပဲလေနော်

ပူတင်းတို့ ရေဘေး မြေလျင်ဘေးတွေတုန်းကလည်း ရသမျှ လှူခံပြီး အကုန် လှူပေးခဲ့ပါတယ်

ဒီတစ်ခါက ပူတင်းတို့ စားဝတ်နေရေးတွက်မဟုတ်ဘဲ personal အတွက် တကယ် အဆင်မပြေလ်ို့ ကူညီတောင်းရတာပါ…

••••••••••••••••••••••••••••••••••••••
ဒါပေမယ့် အလကား အလှူခံတာ မဟုတ်ပါဘူး
အပတ်တိုင်း ကာတွန်း ၂ ပုဒ်စီ webtoon မှာ အမြဲ တင်ပေးနေပါတယ် ဒီမှာလဲ ပိုတင်နိုင်အောင်လုပ်ပေးပါမယ်…

ပြီးတော့ commission လေးတွေ လက်ခံနေတာ ရှိပါတယ်။
၅၀% ထိ လျော့ပေးပါမယ်
ပြီးတော့ ကြော်ငြာအပ်ပြီး support လို့လည်းရပါတယ်

ငွေရေးကြေးရေးအနေနဲ့ မကူနိုင်လည်း
ပူတင်းကို အလုပ်ရှင်တွေ မြင်အောင် ကူ
Share ပြီးလည်း ကူညီပေးလို့ရပါတယ်နော်

ပြည်ပမှာမို့ မီးမပျက်ဘာမပျက်ဆိုတော့ အလုပ်တွေကို အမြန်ဆံုးပြီးအောင်လုပ်ပေးနိုင်ပါတယ်နော်

Ko-fi တို့ patreon တို့ကို comment မှာ link ချထားပေးပါမယ် ပြည်ပက သူတွေ အဲ့ကနေ support လို့ရပါတယ်

Crypto နဲ့ လက်ခံလို့ရအောင်လည်း လုပ်ပေးပါမယ်
အဲ့တာက update ပေးမှာပါ
Kpay ကတော့ မေမေ့ acc မို့ cb မှာပဲ တောင်းပေးပါနော်

ကျေးဇူးတင်ပါတယ်

Vitamins and fuel to keep going 🥰
02/04/2026

Vitamins and fuel to keep going 🥰

A little bit of shadow here and there and it is finished. This time i tried to leave my comfort zone;drawing crowds and ...
09/02/2026

A little bit of shadow here and there and it is finished. This time i tried to leave my comfort zone;drawing crowds and buildings. Overall result is not bad i guess.

Rendering crowd and foreground.95% loading...
08/02/2026

Rendering crowd and foreground.
95% loading...

Background Rendering.
07/02/2026

Background Rendering.

Made some changes: bringing the mining site closer.
06/02/2026

Made some changes: bringing the mining site closer.

06/02/2026

Call for participation: International Women’s Rights Day Webtoon Contest 2026

မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Rights Day) ကို ဂုဏ်ပြုတဲ့အနေနဲ့ “Her Voice, Her Power” ဆိုတဲ့ အမျိုးသမီးသီးသန့် Webtoon Content ပြိုင်ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဟာ အမျိုးသမီးတွေရဲ့ အံ့မခန်းတဲ့ အောင်မြင်မှုတွေ၊ သူတို့ရဲ့ အသံတွေနဲ့အတူ ကျားမတန်းတူညီမျှရေးအတွက် ကမ္ဘာတ၀ှမ်းလုံးက ဂုဏ်ပြုကြတဲ့ နေ့ထူးနေ့မြတ်ပဲ ဖြစ်ပါတယ်။

ယဥ်ကျေးမှုနှင့်ဖန်တီးမှုနယ်ပယ်များမှ Webtoon ရုပ်ပြဇာတ်လမ်းများဟာဆိုရင် လူများရဲ့အမြင်ကို ပြောင်းလဲပေးနိုင်စွမ်း ရှိပြီး၊ ရှေးရိုးစွဲ ထင်မြင်ယူဆချက်များကို စိန်ခေါ်နိုင်ရုံတင်မက လူမှုရေးပြောင်းလဲမှုများကိုပါ လှုံ့ဆော်ပေးနိုင်တဲ့ အခန်းကဏ္ဍတစ်ရပ်ပဲ ဖြစ်ပါတယ်။

Webtoon နယ်ပယ်ကို စိတ်၀င်စားတဲ့ အမျိုးသမီးများ ပါ၀င်နိုင်ဖို့၊ အမျိုးသမီးများရဲ့ ဘ၀အတွေ့အကြုံတွေ၊ ရပ်တည်ချက်တွေ၊ စိန်ခေါ်မှုတွေ၊ ကြံ့ကြံ့ခံနိုင်နိုင်မှုတွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ဖို့ Her Voice, Her Power ဆိုတဲ့ Webtoon Content ပြိုင်ပွဲကြီးကို ကျင်းပရခြင်းဖြစ်ပါတယ်။

🏆 ပြိုင်ပွဲ၀င် အမျိုးသမီးတစ်ဦး/တစ်ဖွဲ့ ကို ရွေးချယ်သွားမှာ ဖြစ်ပြီး ရွေးချယ်ခံရသူ/အဖွဲ့ကို ဇာတ်လမ်းပြီး ထုတ်ဝေနိုင်ချိန်မှာ ဒေါ်လာ ၂,၀၀၀ ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ သတ်မှတ်ချက်တွေကတော့
✔ အမျိုးသမီး ဖြစ်ရမယ်
✔ တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် ၀င်ပြိုင်နိုင်ပါတယ်
✔ ဆေးရောင်စုံ webtoon content ဖြစ်ရမယ်
✔ ဇာတ်လမ်းရဲ့ Cut/ Panel 20 နဲ့အထက်ရှိတဲ့ ပထမ (၂) ခန်းကို ပေးပို့ရမယ်
✔ ဇာတ်လမ်းတစ်ခုလုံးဟာ အနည်းဆုံး အခန်း (၇) ခန်းနဲ့အထက် ရှိရမယ် (အခန်း (၇) ခန်းလုံး Webtoon content ပြီးရန်မလိုပါ။ ပထမ (၂) ခန်း ပြီးရန်သာ လိုအပ်ပါသည်)
✔ ဇာတ်လမ်းတစ်ခုလုံးရဲ့ အစ-အဆုံး စာမူအပြည့်အစုံ ပေးပို့ရမယ်
✔ ပေးပို့တဲ့အခါမှာ ဇာတ်လမ်းအမည်၊ အမျိုးအစား၊ ဇာတ်လမ်းအညွှန်းအကျဥ်းချုပ် တို့ကိုပါ ထည့်သွင်း‌ရေးသားပေးရပါမယ်

👉 အထက်ပါသတ်မှတ်ချက်များနဲ့ ကိုက်ညီတဲ့ ဇာတ်လမ်းကို [email protected] သို့ လိပ်မူပြီး ပေးပို့နိုင်ပါတယ်။

အချိန်ကာလအားဖြင့်
‼ နောက်ဆုံးပေးပို့ရမဲ့နေ့ - ၂၀၂၆၊ မတ်လ (၁) ရက်
📅 ဆုပေးမဲ့နေ့ - ၂၀၂၆၊ မတ်လ (၈) ရက် (အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့)
📍 အခမ်းအနားပြုလုပ်မဲ့နေရာ - ပြင်သစ်ယဉ်ကျေးမှုဌာန (IFB)

✅ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် သိရှိလိုတာများကို Phoo Pwint Sa Page ရဲ့ Messenger ကနေ မေးမြန်းစုံစမ်းနိုင်ပါတယ်။

-----

Let's start with the sketch.✍️WIP.
04/02/2026

Let's start with the sketch.✍️
WIP.

03/02/2026
Kyril x Code vein2
01/02/2026

Kyril x Code vein2

Address

Yangon

Telephone

+9595046579

Website

Alerts

Be the first to know and let us send you an email when Khant's Art posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Khant's Art:

Share