Burma Galerie d'art

  • Home
  • Burma Galerie d'art

Burma Galerie d'art World-class masterpieces by Myanmar artists

ဘယ်ကိုသွားရမယ် မသိ ဘယ်ကလာမယ်မှန်းမသ်ိတဲ့ သူ တစ်ယောက်ရဲ့ စောင့်မျှော်ခြင်းမှာ ဘဝပေါင်းများစွာ ကြာပြီးနောက် မြင်းဟာလည်း ကျ...
30/01/2024

ဘယ်ကိုသွားရမယ် မသိ ဘယ်ကလာမယ်မှန်းမသ်ိတဲ့ သူ တစ်ယောက်ရဲ့ စောင့်မျှော်ခြင်းမှာ

ဘဝပေါင်းများစွာ ကြာပြီးနောက်
မြင်းဟာလည်း ကျောက်ဆစ်ရုပ်
လူဟာလည်း ကျောက်ဆစ်ရုပ်
မမြင်ကွယ်ရာ ရင်ဘတ်ထဲက
နှလုံးသား တစ်ခု သာ နွေးထွေးတုန်လှုပ်နေပါတော့တယ်။

Artist Soe Naing ရှားပါးသွားပြီ ဖြစ်တဲ့ ဆရာ စိုးနိုင် ၂၀၁၂ ခုနှစ် ကာလ မှာ ရေးခဲ့တဲ့ ၁ ပေ ပတ်လည် ပန်းချီကားလေးပါ ခင်ဗျာ။ ...
30/01/2024

Artist Soe Naing

ရှားပါးသွားပြီ ဖြစ်တဲ့ ဆရာ စိုးနိုင် ၂၀၁၂ ခုနှစ် ကာလ မှာ ရေးခဲ့တဲ့ ၁ ပေ ပတ်လည် ပန်းချီကားလေးပါ ခင်ဗျာ။

တန်ဖိုး ၂ သိန်း ကျပ်ဖြင့် ဝယ်ယူစုဆောင်းနိုင်ပါတယ် ခင်ဗျာ ။

Artist Soe Naing Size - 12 “X 17”
28/01/2024

Artist Soe Naing
Size - 12 “X 17”

ဆောင်းကုန်ပြီး နောက် မိုးတစိမ့်စိမ့် လမ်းမှာရေတွေစီးလို့ ခြေဖဝါးကို ရေစိုရတယ်။ အလွမ်းအဆွေးမိုးများ တဖွဲဖွဲ ဆောင်းတွင်းတု...
26/01/2024

ဆောင်းကုန်ပြီး နောက် မိုးတစိမ့်စိမ့်

လမ်းမှာရေတွေစီးလို့
ခြေဖဝါးကို ရေစိုရတယ်။

အလွမ်းအဆွေးမိုးများ တဖွဲဖွဲ

ဆောင်းတွင်းတုန်းက အနွေးထည်ကို မိုးရေထဲမှာ ဝတ်ဆင်ထားပြီး

ကျောခိုင်းလှည့်ထွက်သွားသူကို မျက်ရည်များနှင့် မျှော်နေတယ်။

အနုပညာပစ္စည်းတွေဟာ ဈေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ ထပ်တူ နှစ်ခုမရှိနိုင်တဲ့ ဖန်တီးမှု လက်ရာတွေ ဖြစ်လို့ပါနောက်တစ်ချက်က အဲ...
23/01/2024

အနုပညာပစ္စည်းတွေဟာ ဈေးကြီးပါတယ်
ဘာကြောင့်လဲဆိုတော့ ထပ်တူ နှစ်ခုမရှိနိုင်တဲ့ ဖန်တီးမှု လက်ရာတွေ ဖြစ်လို့ပါ
နောက်တစ်ချက်က အဲ့ဒီအနုပညာပစ္စည်းကို ဖန်တီးထားတဲ့ အနုပညာရှင်ရဲ့ ဖြတ်သန်းခဲ့မှု သမိုင်းကြောင်းကလည်း ခိုင်မာလို့ပါ
နောက်ဆုံးတစ်ချက်ကတော့ အဆိုပါ အနုပညာပစ္စည်းတွေကို စုဆောင်းကြသူတွေရဲ့ ဂုဏ်အရှိန်အဝါနဲ့ အဆင့်အတန်းက မြင့်မားလို့ပါ
ဒါကြောင့်လည်း ပန်းချီကားတွေဟာ တိုက်ရိုက် အသုံးပြုလို့ရတဲ့ အသုံးအဆောင်ပစ္စည်းတွေထက် တန်ဖိုးမြင့်မားနေတာပါ။
ဒီလိုဆိုရင် ပန်းချီကားတွေဆိုတာ ငွေကုန်ကြေးကျခံနိုင်တဲ့ သူဌေး သူကြွယ်တွေရဲ့ ပစ္စည်းပဲ ဖြစ်နေတော့မှာလား။
မဟုတ်ပါဘူး။ ပန်းချီကို မြတ်နိုးကြသူတွေတိုင်း ခံစားတတ်တဲ့ လူငယ်တွေတိုင်း ပန်းချီကား ပိုင်ဆိုင်သင့်ပါတယ်။ အိမ်နံရံတိုင်းမှာ ပန်းချီကား ရှိသင့်ပါတယ်။
အဲ့လို စိတ်ကူးရည်ရွယ်ချက်နဲ့ လူတိုင်း လက်လှမ်းမှီနိုင်တဲ့ ငွေကြေးပမာဏနဲ့ ပန်းချီကားလေးတွေ ရောင်းချချင်ပါတယ်။ Artist စိုးနိုင်ရေးဆွဲထားတဲ့ အကောင်ငယ် ပန်းချီကားလေးတွေပါ ။ ၈ လက်မ ပတ်လည် အရွယ်အစားရှိတဲ့ ကင်းဗက်ပေါ်မှာ Acrylic ဆေးနဲ့ ရေးဆွဲထားတာပါ။ တစ်ကားကို မြန်မာ ကျပ်ငွေ ၃၅၀၀၀ ကျပ်နဲ့ ဝယ်ယူစုဆောင်းနိုင်ပါတယ်။

Artist Biography..........................
Artist စိုးနိုင်ဟာ ၁၉၈၀ နောက်ပိုင်းကာလတွေကတည်းက တစိုက်မတ်မတ် ပန်းချီရေးဆွဲခဲ့တဲ့ မြန်မာပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံး Abstrat ရေးဆွဲနည်းနဲ့ ရေးဆွဲခဲ့သူဖြစ်ပြီး ၁၉၉၄ ခုနှစ်ကစလို့ တစ်ကိုယ်တော် ပန်းချီပြပွဲစတင်ပြသနိုင်ခဲ့သူပါ။ ယနေ့အချိန်ထိ ပြည်တွင်းပြည်ပ တစ်ကိုယ်တော် ပန်းချီပြပွဲပေါင်း များစွာ (ခန့်မှန်းအရေအတွက် ပွဲ၅၀ခန့်လောက်) ပြသခဲ့သူဖြစ်ပြီး သူရဲ့ တမူထူးခြားဆန်းကြယ်တဲ့ ရေးဆွဲဟန်တွေကြောင့် နိုင်ငံတကာမှာ လူကြိုက်များတဲ့ မြန်မာပန်းချီဆရာ တစ်ဦးအဖြစ် ရပ်တည်နေသူပါ။ Artist စိုးနိုင်ရဲ့ လက်ရာတွေကို နိုင်ငံတကာ စုဆောင်းမှု အနေနဲ့ကတော့ အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ Royal Pavilion ပြတိုက်ကနေ စုဆောင်းထားသလို စင်္ကာပူနိုင်ငံက SMU တက္ကသိုလ် ( Singapore Manangement University) ကနေလည်း စုဆောင်းထားပါသေးတယ်။ နိုင်ငံတကာ ဈေးကွက်ဝင် ရောင်းချမှုအနေနဲ့ကတော့ နိုင်ငံတကာ အနုပညာရှင်တွေကို ကျောက်မျက်ရတနာ လက်ဝတ်လက်စားတွေ ရောင်းချတဲ့ IVY New York website မှာလည်း လက်ရှိအချိန်ထိ ရောင်းချနေတာ ဖြစ်လို့ Artist စိုးနိုင်ရဲ့ လက်တလော နိုင်ငံတကာဈေးတန်းကို လေ့လာလို့ရပါတယ်။ အောက်မှာ လင့်လေးတွေ ဖော်ပြပေးထားပါတယ်။

အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ Royal Pavilion ပြတိုက် ၏ စုဆောင်းမှု https://pansuriya.wordpress.com/2011/05/22/soe-naing-featured-at-brighton/
SMU တက္ကသိုလ်၏ စုဆောင်းမှု https://artcollections.smu.edu.sg/collections/painting/untitled-8
IVY New York website စာမျက်နှာ https://ivynewyork.com/products/a-little-human-series-10

ဒီလိုဆို နိုင်ငံတကာ ဈေးကွက်ဝင်နေတဲ့ အနုပညာရှင် တစ်ယောက်ရဲ့ လက်ရာကို မြန်မာကျပ်ငွေ ၃၅၀၀၀ ကျပ်နဲ့ ဝယ်ယူလို့ရနိုင်တာ ဘာကြောင့်ပါလဲ။ Artist စိုးနိုင်မှာရော Burma Galerie d’art မှာရော တူညီတဲ့ ရည်ရွယ်ချက် တစ်ခုရှိလို့ပါ။ အဲ့တာကတော့ အထက်မှာ ပြောခဲ့တဲ့အတိုင်း “ ပန်းချီကို မြတ်နိုးကြသူတွေတိုင်း ခံစားတတ်တဲ့ လူငယ်တွေတိုင်း ပန်းချီကား ပိုင်ဆိုင်သင့်တယ်။ အိမ်နံရံတိုင်းမှာ ပန်းချီကား ရှိသင့်တယ်။” ဆိုတဲ့အတွေးကို အခိုင်အမာ လက်ခံထားလို့ပါ။ ဒါကြောင့် ကိုယ်ကိုယ်တိုင်အတွက်ပဲ ဖြစ်ဖြစ် ချစ်ခင်မြတ်နိုးရသူတွေကို တန်ဖိုးရှိတဲ့ အနုပညာပစ္စည်း တစ်ခုခု လက်ဆောင်ပေးချင်လို့ပဲ ဖြစ်ဖြစ် ကမ္ဘာပေါ်မှာ နှစ်ခု ထပ်တူမရှိနိုင်တဲ့ အရာတစ်ခုကို ကိုယ်ပိုင် ပိုင်ဆိုင်လိုလို့ပဲ ဖြစ်ဖြစ် ပန်းချီကားလေးတွေ စုဆောင်းလို့ ရပါပြီ။
ရွေးချယ်စရာ (73) ကား ရှိပါမယ်။ တစ်ကားစီတိုင်းမှာ နံပါတ်လေးတွေ ပါတာမို့ အကြိုက်တွေ့တဲ့ ကား‌လေးတွေရဲ့ နံပါတ်လေးတွေကို Chat Box ကနေ မြန်မြန်လေး လာပြော‌ပေးဖို့တော့ လိုမယ်နော် .... ။

Artist: Soe Naing
Medium: Acrylic on Canvas
Size: 8" x 8"
Price: 35000 MMK

🔺 မှတ်ချက် _ ပုံလေးတွေက ဓာတ်ပုံရိုက်ထားတဲ့ ပုံလေးတွေ
ဖြစ်ပါတယ်။ ကြည့်ရှုတဲ့ ‌Device အမျိုးအစားပေါ်မူတည်ပြီး
အပြင်ပုံများနဲ့ အလင်းအမှောင် ကွာခြားချက် ရှိနိုင်ပါတယ်။

Little creatures Soe Naing
23/01/2024

Little creatures
Soe Naing

ဘန်ကောက်ကို ရောက်သွားတဲ့ မင်းသမီးလေး …~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဘန်ကောက်က ကော်လက်တာ တစ်ဦးရဲ့ အိမ်နံရံထက်ကို ရောက်ရ...
21/01/2024

ဘန်ကောက်ကို ရောက်သွားတဲ့ မင်းသမီးလေး …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘန်ကောက်က ကော်လက်တာ တစ်ဦးရဲ့ အိမ်နံရံထက်ကို ရောက်ရှိသွားတဲ့ ကျွန်တော်တို့ရဲ့ No.5 မင်းသမီးလေးပါခင်ဗျာ။
ကျန်ရှိနေတဲ့ မင်းသမီးလေးတွေကိုတော့ အောက်ကလင့်ထဲကနေ ရွေးချယ်နိုင်ပါတယ်။ ရွေးစရာ (၆)ကား ကျန်ပါဦးမယ်ခင်ဗျာ။

https://www.facebook.com/permalink.php?story_fbid=122120093744111639&id=61553349192139

ခန္ဓာကိုယ်ကို ဝတ်လစ်စလစ် လှစ်ဟပြဖို့လွယ်ကောင်း လွယ်လိမ့်မယ်စိတ်ကိုတော့ ဝတ်လစ်စလစ်နဲ့ အရှိတိုင်း ပြလိုက်ဖို့ ခက်လိမ့်မယ်စ...
20/01/2024

ခန္ဓာကိုယ်ကို ဝတ်လစ်စလစ် လှစ်ဟပြဖို့လွယ်ကောင်း လွယ်လိမ့်မယ်
စိတ်ကိုတော့ ဝတ်လစ်စလစ်နဲ့ အရှိတိုင်း ပြလိုက်ဖို့ ခက်လိမ့်မယ်
စိတ်ရဲ့ အတွင်းထဲက မှောင်မိုက်ညစ်ထေးတဲ့ အရာတွေ မကျက်နိုင်တဲ့ သွေးစိမ်းရှင်ရှင်ဒဏ်ရာတွေနဲ့ ပျောက်သွားပြီဆိုပေမယ့်အကျည်းတန်တန် ကျန်နေတဲ့ အမာရွတ်တွေကို လှစ်ဟပြလိုက်တဲ့အခါ
မြင်ရတဲ့သူတွေ လန့်ဖျတ်မသွားဖို့
သူတို့တွေ လန့်ဖျတ်သွားတဲ့အခါ ကိုယ်ကိုယ်တိုင် ဝမ်းနည်းမသွားဖို့ သတ္တိတွေ မွေးရဦးမှာ
ပန်းချီဆရာကတော့ သတ္တိရှိတယ် ထင်တယ်အမျိုးသမီးကို ခန္ဓာကိုယ်တင်မက စိတ်ကိုပါ ဝတ်လစ်စလစ် လှစ်ပြထားတယ်
မြင်တယ်မလား ဒီအမျိုးသမီးရဲ့ မျက်လုံးထဲက သူဖြတ်သန်းလာတဲ့ နေ့ရက်တွေ သူရရှိခဲ့တဲ့ မေတ္တာတွေ သူထွေးပိုက်ခဲ့တဲ့ ဒုက္ခတွေ သူစောင့်စည်းခဲ့တဲ့ သစ္စာတွေ သူ့မှာ ထင်ကျန်နေတဲ့ အမာရွတ်ဟောင်းတွေ ဒဏ်ရာအသစ်တွေ နဲ့ သူခံစားခဲ့ရသမျှ အရာရာကိုလေ ….

နွေးနွေးအောင်

Artist- Soe Naing
Medium- Oil on Canvas
Size - 24” x 36”

🔴Sold Artist စိုးနိုင်ရဲ့ ပန်းချီးကားတွေထဲက Renaissance စက္ကူအကောင်းစား နဲ့ ရေးဆွဲထားတဲ့ Size ကြီးကြီး ကားလေးတွေထဲက ထပ်မ...
19/01/2024

🔴Sold

Artist စိုးနိုင်ရဲ့ ပန်းချီးကားတွေထဲက Renaissance စက္ကူအကောင်းစား နဲ့ ရေးဆွဲထားတဲ့ Size ကြီးကြီး ကားလေးတွေထဲက ထပ်မံရောင်းထွက်သွားတဲ့ ကားလေးပါ။
ကျန်ရှိနေသေးတဲ့ ကားလေးတွေကိုတော့ အောက်ပါလင့်ထဲကနေ ဝင်ရွေးလို့ရပါတယ်နော်။

https://www.facebook.com/permalink.php?story_fbid=122119422398111639&id=61553349192139

🔴Sold Artist စိုးနိုင်ရဲ့ ပန်းချီးကားတွေထဲက Renaissance စက္ကူအကောင်းစား နဲ့ ရေးဆွဲထားတဲ့ Size ကြီးကြီး ကားလေးတွေထဲက ထပ်မ...
18/01/2024

🔴Sold
Artist စိုးနိုင်ရဲ့ ပန်းချီးကားတွေထဲက Renaissance စက္ကူအကောင်းစား နဲ့ ရေးဆွဲထားတဲ့ Size ကြီးကြီး ကားလေးတွေထဲက ထပ်မံရောင်းထွက်သွားတဲ့ ကားလေးပါ။
ကျန်ရှိနေသေးတဲ့ ကားလေးတွေကိုတော့ အောက်ပါလင့်ထဲကနေ ဝင်ရွေးလို့ရပါတယ်နော်။

https://www.facebook.com/permalink.php?story_fbid=122119422398111639&id=61553349192139

ဦးတည်ရာ အရပ်ကို ကျောခိုင်းခဲ့မိတဲ့ငါဟာမျက်နှာမူရာအရပ်နဲ့လည်း တဖြည်းဖြည်းဝေးကွာ …နွေးနွေးအောင်Artist:  Soe Naing Medium: ...
18/01/2024

ဦးတည်ရာ အရပ်ကို ကျောခိုင်းခဲ့မိတဲ့ငါဟာ
မျက်နှာမူရာအရပ်နဲ့လည်း တဖြည်းဖြည်းဝေးကွာ …

နွေးနွေးအောင်

Artist: Soe Naing
Medium: Acrylic On Canvas
Year : 2024

အရှိန်နဲ့ ပြေးနေတဲ့မြင်းပေါ် အရှိန်နဲ့ခုန်တက်နေတဲ့လူသားသူက ပြုတ်ကျမှာလား သူလိုရာဆီ ဆက်ပြီးတော့ မောင်းနှင်သွားနိုင်မှာလား...
17/01/2024

အရှိန်နဲ့ ပြေးနေတဲ့မြင်းပေါ် အရှိန်နဲ့ခုန်တက်နေတဲ့လူသား
သူက ပြုတ်ကျမှာလား သူလိုရာဆီ ဆက်ပြီးတော့ မောင်းနှင်သွားနိုင်မှာလား
တောက်ပတဲ့ ပန်းရောင်စူးစူးနဲ့ နဲ့ ပြတ်သားတဲ့ အပြာတောက်တောက်တွေက ဘဝမှာ မမျှော်လင့်ဘဲ ရောက်ရောက်လာတဲ့ မေးခွန်းတွေလိုပဲ ဖြေဆိုရခက်တယ် ဒါပေမယ့် ကျော်သွားလို့တော့မရဘူး ရှေ့ကိုရောက်နှင့်နေပြီ ဘယ်ပုံဘယ်နည်း လက်ခံလိုက်ရမလဲဆိုတာကပဲ အရေးကြီးတော့တယ်
ဘဝမှာလည်း ကိုယ်တိုင်မသိလိုက်ဘဲ အရှိန်နဲ့ ပြေးနေတဲ့ မြင်းပေါ် ခုန်တက်လိုက်မိတဲ့ အခိုက်တန့်ပေါင်းများစွာ ရှိခဲ့တာပဲ
ပြုတ်ကျခဲ့ဖူးတယ် အထိနာခဲ့ဖူးတယ်
တခါတလေကျတော့လည်း လိုရာပန်းတိုင်ဆီ အချိန်မတိုင်ခင်ရောက်ခဲ့ဖူးတယ်
နာကျင်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပွေ့ဖက်အားပေး
အောင်မြင်တဲ့ အခါမှာလည်း ကိုယ့်ကိုယ်ပဲ ပြန်ပွေ့ဖက်ချီးကျူး
နှစ်သိမ့်မယ့်သူမရှိလည်း လက်ခုပ်တီး အားပေးမယ့်သူ မရှိလည်း ရပ်တန့်လိုက်လို့မှမရဘဲ
ဒီလိုနဲ့ပဲ ဘဝတာကို ဖြတ်သန်း ဒီအချိန်ထိရောက်လာခဲ့ပြီမဟုတ်လား
ဘယ်လောက်ပဲ အန္တရာယ်များပါစေ စေ့ဆော်မှု တစ်ခုသာ လုံလောက်ခဲ့ရင်
နေ့ရက်တိုင်း နေ့ရက်တိုင်း အရှိန်နဲ့ ပြေးနေတဲ့မြင်းပေါ် အရှိန်နဲ့ခုန်တက်ချင်ခဲ့တာပဲ မဟုတ်လား

နွေးနွေးအောင်

Artist: Soe Naing
Medium: Acrylic on Canvas
Size: 48" x 48"

မြင်းစီးထွက်၍ အမှန်တရားကို ရှာဖွေခြင်း Artist Soe Naing
14/01/2024

မြင်းစီးထွက်၍ အမှန်တရားကို ရှာဖွေခြင်း

Artist Soe Naing

🔴Soldနှင်းတောထဲ မြင်းစီးထွက်သူArtist - Soe NaingSize - 30" x 30"
13/01/2024

🔴Sold
နှင်းတောထဲ မြင်းစီးထွက်သူ
Artist - Soe Naing
Size - 30" x 30"

🔴 Soldကင်းဗက် ဆိုဒ် အသေးထဲမှာ ရှာရှားပါးပါးတွေ့ရမယ့် မြင်းကားလေးတွေထဲက ဒီကားလေးကိုတော့ ဝယ်ယူစုဆောင်းသွားပါပြီ ခင်ဗျာ . ....
13/01/2024

🔴 Sold
ကင်းဗက် ဆိုဒ် အသေးထဲမှာ ရှာရှားပါးပါးတွေ့ရမယ့် မြင်းကားလေးတွေထဲက ဒီကားလေးကိုတော့ ဝယ်ယူစုဆောင်းသွားပါပြီ ခင်ဗျာ . . .။
စိတ်ဝင်စားကြတဲ့ မိတ်တွေတွေအတွက် ရွေးချယ်စရာ (၄) ကားကျန်ပါဦးမယ်။ အောက်ကလင့်ထဲကနေ ဝင်ရောက်ရွေးချယ်နိုင်ပါတယ် ခင်ဗျာ။

Artist: Soe Naing
Medium: Acrylic on Canvas
Size: 15" x 20"
Price: 155000 MMK

https://www.facebook.com/permalink.php?story_fbid=pfbid0g5Q41hcdx3NqQpkZb2tLy6Wx7EBRzA6ferH5WS2izbRAuJPPrB2pQjDTTXPYPQitl&id=61553349192139

မြင်းပေါ်က ပျင်းတဲ့မျောက်…………………………………….မြင်းပေါ်ကနေ ပျင်းရိပျင်းတွဲ လက်ပြင်ကျအောင်ထိုင်ပြီး လောကကြီးကို ငေးနေတဲ့ ကောင်ဟ...
12/01/2024

မြင်းပေါ်က ပျင်းတဲ့မျောက်
…………………………………….
မြင်းပေါ်ကနေ ပျင်းရိပျင်းတွဲ လက်ပြင်ကျအောင်ထိုင်ပြီး လောကကြီးကို ငေးနေတဲ့ ကောင်ဟာ ကိုယ်ပါပဲ
မျောက်ဟာ သူ့နေ့ရက်တွေကို သူ့ဗီဇအတိုင်း လှုပ်လှုပ်ရှားရှားနဲ့ ပြေးလွှားပြီးသွားပြီ
သူ့စရိုက်အတိုင်း သူ့ပတ်ဝန်းကျင်ကို အပြည့်အစုံစူးစမ်းပြီးသွားပြီ
သူအတုခိုးချင်တဲ့ အရာတွေကို အတုခိုးပြီးသွားပြီ
သူခုန်ကူးချင်တဲ့ သစ်ကိုင်းတွေ တကိုင်းပြီး တကိုင်း ခုန်ကူးရင်း တတောလုံးလည်း နှံ့ခဲ့ပြီးပြီ
အခုတော့ မျောက်ဟာပျင်းသွားပြီ
သူ့စိတ်သဘောကိုနားလည်တဲ့ သူ့မြင်းပေါ်မှာ လက်ပြင်ကျအောင် ထိုင်ပြီး လောကကြီး စိတ်ပျက်လက်ပျက် ငေးနေပြီ
မျောက်ရဲ့ စိတ်ပျက်ခြင်းကို ခံရတဲ့ လောကကြီးကို မြင်းကတော့ အားနာနေပုံပါပဲ
သူကလည်း မျောက်ရဲ့စိတ်သဘောကို နားလည်နေတော့ အခက်သားပဲကိုး
လိမ္မာတဲ့ မြင်းလေးရာ မင်းကပဲ ဒီမျောက်ရဲ့ ပျင်းရိငြီးငွေ့မှုတွေကို ကုစားပေးနိုင်မယ့် နေရာမျိုးဆီ ခေါ်ပေးသွားလိုက်စမ်းပါ
မြင်းကျောပေါ်ကနေ လောကကြီးကို စိတ်ပျက်ပြီး ပျင်းရိနေတဲ့ ကောင်ဟာ ကိုယ်ပါ…

ဒီတစ်ခေါက်ကတော့ စိုးနိုင်ဆိုရင် မြင်းကားမှ ဆိုတဲ့ မိတ်ဆွေတွေအတွက်ပါ။ ကင်းဗက် ဆိုဒ် အသေးထဲမှာ ရှာရှားပါးပါးတွေ့ရမယ့် မြင်...
12/01/2024

ဒီတစ်ခေါက်ကတော့ စိုးနိုင်ဆိုရင် မြင်းကားမှ ဆိုတဲ့ မိတ်ဆွေတွေအတွက်ပါ။
ကင်းဗက် ဆိုဒ် အသေးထဲမှာ ရှာရှားပါးပါးတွေ့ရမယ့် မြင်းကားလေးတွေရောင်းပေးပါမယ်ဗျာ။
၁၅" x ၂၀" အရွယ်အစားရှိတဲ့ ကားလေးတွေပါ။ ထူးခြားချက်ကတော့ အားလုံးဟာ မြင်းတွေကို ရေးဆွဲထားတာဖြစ်ပေမယ့်လို့ တစ်ကားနဲ့ တစ်ကား ရေးဆွဲဖန်တီးထားတဲ့ ပုံစံလုံးဝမတူတာကြောင့် တစ်ကားစီမှာ ကွဲပြားတဲ့ အရသာ တစ်မျိုးစီရှိနေတာပါ။ ။ အကောင်သေးပေမယ့် အဆိပ်ပြင်းတယ်လို့ ပြောရလောက်အောင် ဆိုဒ်သေးသလောက် အကောင်းဆုံး ရေးချက်တွေ ရှိနေတဲ့ ကားတွေပါ။ မြင်းကား သိမ်းချင်တဲ့ မိတ်ဆွေတွေ များတာကြောင့် မရောင်းဘဲ သိမ်းထားတဲ့ Gallery Collection ထဲက အနည်းငယ်ကို ထုတ်ရောင်းတာမို့လို့ အရေအတွက်ကတော့ (5)ကားပဲ ရောင်းပေးဖို့ရှိပါတယ်။ ရောင်းဈေးကတော့ ၁၅၅၀၀၀ ကျပ်ပါ။ တစ်ကားစီတိုင်းမှာ နံပါတ်လေးတွေ ပါတာမို့ အကြိုက်တွေ့တဲ့ ကား‌လေးတွေရဲ့ နံပါတ်လေးတွေကို Chat Box ကနေ မြန်မြန်လေး လာပြော‌ပေးဖို့တော့ လိုမယ်နော် .... ။
Artist: Soe Naing
Medium: Acrylic on Canvas
Size: 15" x 20"
Price: 155000 MMK
🔺 မှတ်ချက် _ ပုံလေးတွေက ဓာတ်ပုံရိုက်ထားတဲ့ ပုံလေးတွေ
ဖြစ်ပါတယ်။ ကြည့်ရှုတဲ့ ‌Device အမျိုးအစားပေါ်မူတည်ပြီး
အပြင်ပုံများနဲ့ အလင်းအမှောင် ကွာခြားချက် ရှိနိုင်ပါတယ်။

ခက်ရင်းနဲ့ မြင်း…………………….ရေပုံးပေါက်ထဲက ရေတွေ တစက်စက်ကျနေသလို ခက်ရင်းပျက်တစ်ချောင်းရဲ့ ခက်ရင်းခွလက်တံ လေးခုထိပ်ကနေ အဖြူရ...
11/01/2024

ခက်ရင်းနဲ့ မြင်း
…………………….
ရေပုံးပေါက်ထဲက ရေတွေ တစက်စက်ကျနေသလို ခက်ရင်းပျက်တစ်ချောင်းရဲ့ ခက်ရင်းခွလက်တံ လေးခုထိပ်ကနေ အဖြူရောင် ဆေးစက်တွေက မရပ်မတန့် တတောက်တောက်နဲ့ ။

ထမင်းစားပွဲပေါ်က ခက်ရင်းက တွေ့နေကျပုံစံအတိုင်းမဟုတ်တော့ဘဲ လက်တံတွေ ဆွဲကားခံထားရလို့ ပုံစံပျက်တဲ့ ခက်ရင်းပျက်ဖြစ်နေပြီ။ ပြီးတော့ သူရှိရမယ့် ထမင်းစားပွဲပေါ် ထမင်းဟင်းခွက်တွေနား ရှိမနေဘဲ သူနဲ့ ဘာမှမဆိုင်တဲ့ ကင်းဗက်တစ်ချပ်နဲ့ ဆေးဗူးဆေးခွက်တွေကြား။

ကင်းဗက်က တစ်ချပ်လုံးအပြည့် အနီရောင် ခံဆေးနဲ့ သူ့အနီက အနက်ကဲနေတယ်
အနက်ကဲသလောက် အလင်းတွေပါတော့ အနီရောင်က မှောင်မသွားဘဲ ခမ်းနားတဲ့ အသွေးအရောင်ဖြစ်နေတာ မထူးဆန်းတော့ဘူး

ခက်ရင်းပျက်ရဲ့ ထိပ်က အဖြူရောင်ဆေးစက်တွေက မရပ်မနား …
ရပ်လို့လည်းမရဘူး သူက ပေါက်နေတဲ့ ရေပုံးထဲက ရေစက်တွေလို တတောက်တောက် ကျနေတာ အဆက်မပြတ်
အဆက်မပြတ် ဆေးစက်တွေနဲ့ ခက်ရင်းပျက်က ကင်းဗက်အနီပေါ်မှာ ပြေးလွှားနေတယ်
ကင်းဗက်နဲ့ မထိဘဲ လေထဲမှာ …
လေထဲမှာ လေလို အရှိန်နဲ့ပြေး
ရပ်တန့်လို့မရဘူး စဉ်းစားချိန်မရှိဘူး
လူသားမို့လို့ တွေဝေတတ်တယ် တွေဝေမိနစ် ထည့်စဉ်းစားပေးဆိုတာ ဒီမှာ အကျုံးမဝင်ဘူး
ခက်ရင်းပျက်ထိပ်က အဖြူရောင်ဆေးစက်တွေက ပေါက်နေတဲ့ ရေပုံးထဲက ရေစက်တွေလို တတောက်တောက်နဲ့ အဆက်မပြတ်

မရပ်တန့်တဲ့ မစဉ်းစားတဲ့ မတွေဝေတဲ့ ခက်ရင်းပျက်က မြင်းတစ်ကောင်ကို ဖန်တီးလိုက်တယ်
လူတစ်ယောက်လည်း ပါတယ်
နောက်ပြီးတော့ နှလုံးသားကို ခိုးယူတတ်တဲ့ Dripping Line တွေနဲ့ …

ပန်းချီဆရာဟာ သူ့ဘဝတစ်လျှောက်လုံးကို ပန်းချီဆွဲခြင်းဆိုတဲ့ နတ်ဘုရားထံ အပ်နှံထားတယ်
သူ့နတ်ဘုရားကို သူဘယ်တုန်းကမှ ငြင်းပယ်လို့ မရခဲ့ဘူးတဲ့
ဒီလိုမြုပ်နှံထားတဲ့ တန်ရာတန်ကြေး အနေနဲ့ သူ့နတ်ဘုရားက သူ့ကို
ကြွယ်ဝခမ်းနားတဲ့ အရောင်တွေနဲ့ ဖန်တီးမှုတွေကို ပေးအပ်ခဲ့တယ်
အဲ့ဒါကြောင့်လည်း ဒီနေ့မှာ ကျွန်တော်တို့က အခုလို ငြင်းပယ်ဖို့ရာ တစ်ခုမှ မရှိတဲ့ ခက်ရင်းနဲ့ မြင်းကို ရရှိခဲ့တာ ဖြစ်မယ်

🔴 Sold
09/01/2024

🔴 Sold

🔴 SoldArtist- Soe NaingSize - 2’x2’
08/01/2024

🔴 Sold
Artist- Soe Naing
Size - 2’x2’

🔴 SoldArtist စိုးနိုင်ရဲ့ ပန်းချီးကားတွေထဲက Renaissance စက္ကူအကောင်းစား နဲ့ ရေးဆွဲထားတဲ့ Size ကြီးကြီး ကားလေးတွေထဲက ထပ်မ...
08/01/2024

🔴 Sold
Artist စိုးနိုင်ရဲ့ ပန်းချီးကားတွေထဲက Renaissance စက္ကူအကောင်းစား နဲ့ ရေးဆွဲထားတဲ့ Size ကြီးကြီး ကားလေးတွေထဲက ထပ်မံရောင်းထွက်သွားတဲ့ ကားလေးတွေပါ။
ကျန်ရှိနေသေးတဲ့ ကားလေးတွေကိုတော့ အောက်ပါလင့်ထဲကနေ ဝင်ရွေးလို့ရပါတယ်နော်။
https://www.facebook.com/permalink.php?story_fbid=pfbid028kMXeuQ84xXYL2EsQBoZzM2Tpw9tuEC6tX5AMko3e98zj5JftLetmF55HhERSjAhl&id=61553349192139

ဒီပန်းချီကားလေးကို မြင်လိုက်တဲ့ လူတိုင်းဟာ စိတ်ထဲကနေ အလိုလိုပဲ ဝန်ကြီး ပဒေသရာဇာရဲ့ “ နွေဦးကာလ မြူထသောအခါ၊ရင်းထောင်ရင်းဆွ...
08/01/2024

ဒီပန်းချီကားလေးကို မြင်လိုက်တဲ့ လူတိုင်းဟာ စိတ်ထဲကနေ အလိုလိုပဲ ဝန်ကြီး ပဒေသရာဇာရဲ့
“ နွေဦးကာလ မြူထသောအခါ၊
ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊
ဓားနှီးထက်စွာ ခါးမှာချပ်လျက်၊
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး ” ဆိုတဲ့
ထန်းတက်သမားဘွဲ့ တျာချင်းလေးကို တွေးမိသွားကြတာပါ။ ငယ်ငယ်ကတည်းက စိတ်ကူးနဲ့ ပုံဖော်ကြည့်ခဲ့ရတဲ့ မြင်ကွင်းကို ပန်းချီဆရာက သရုပ်ပေါ်လွန်းအောင် ရေးခြယ်ပြထားတာလေ။
အဖြူနဲ့အပြာရောစပ်ထားတဲ့ ရေးချက်ညက်ညက်တွေက မနက်ခင်းနေရောင်ခြည်ရဲ့ မပူမပြင်းအေးမြတဲ့ အလင်းရောင်ရဲ့ အရသာကို အပြည့်အဝ ခံစားရစေတာမို့ နွေဦးရဲ့ မနက်ခင်းစောစောစီးစီး လုပ်ငန်းခွင်ဝင်တဲ့ ထန်းတက်သမားရဲ့ ပုံရိပ်လွှာကို ဝန်ကြီးရဲ့ ကဗျာထဲမှာ ညွှန်းဆိုထားတဲ့ အတိုင်းပုံဖော်ထားနိုင်တဲ့ ဆရာထားဝယ်တူးတူးရဲ့ လက်ရာကောင်းလေးပါ။
မြန်မာရဲ့ အညာဒေသ အငွေ့အသက်တွေကို အလှပဆုံး ဖော်ကျူးနိုင်တဲ့ ကားလေးဖြစ်တဲ့အပြင်ကို ပန်းချီကားကို ကြည့်လိုက်တာနဲ့ ပန်းချီကားရဲ့ အဓိကအကျဆုံး အေးမြတဲ့ အလင်းတွေကို ထိတွေ့ခံစားလိုက်ရနိုင်တဲ့အတွက် တစိမ့်စိမ့်ကြည့်ပြီး အရသာခံဖို့ ကောင်းလှတဲ့ ကားလေးပါ။
ဒါ့အပြင် ဆရာထားဝယ်တူးတူးရဲ့ (၂၀၀၇) ခုနှစ်တုန်းက ဖန်တီးရေးဆွဲထားတဲ့ ပန်းချီကားဖြစ်တာကြောင့် သက်တမ်းအားဖြင့် (၁၇) နှစ်ရှိနေပြီဖြစ်တဲ့ ကားလည်းဖြစ်ပါတယ်။ ပန်းချီသက်တမ်းအရလည်း တန်ဖိုးမသေးလှတာကြောင့် အလွယ်တကူရှာဖို့ မဖြစ်နိုင်တဲ့ ကားမျိုးပါ။ စုဆောင်းသိမ်းဆည်းချင်တဲ့ မိတ်ဆွေတွေအတွက် မြန်မာကျပ်ငွေ (၁၀) သိန်းကျပ် အတိနဲ့ ရောင်းချပေးပါမယ်ခင်ဗျာ။

Artist - Dawei Tu Tu
Medium: Oil on Canvas
Size : 18”x 24”
Price: 1,000,000 MMK

မင်းသမီး သေးသေးလေး 🥰 ရပါဦးမယ်Artist Soe Naing ရဲ့ အငြိမ့်မင်းသမီး ကဟန်ကားလေးတွေကို စုဆောင်းသိမ်းဆည်းချင်သူတွေအတွက် ၁ပေ ပ...
08/01/2024

မင်းသမီး သေးသေးလေး 🥰 ရပါဦးမယ်

Artist Soe Naing ရဲ့ အငြိမ့်မင်းသမီး ကဟန်ကားလေးတွေကို စုဆောင်းသိမ်းဆည်းချင်သူတွေအတွက် ၁ပေ ပတ်လည် အရွယ်အစားရှိတဲ့ အငြိမ့်မင်းသမီး သေးသေးလေး ရပါဦးမယ်ခင်ဗျာ။ ဒီကားလေးကိုတော့ မြန်မာကျပ်ငွေ (၁၀၅၀၀၀) ကျပ်တည်းနဲ့ ဝယ်ယူသိမ်းဆည်းနိုင်ပါတယ်။ ရောင်းစရာ တစ်ကားတည်းရှိတဲ့ ကားလေးမို့ နှစ်သက်တယ်ဆိုရင်တော့ လက်မြန်ဖို့ လိုပါလိမ့်မယ်ခင်ဗျာ 😊

Artist: Soe Naing
Size : 12”x 12”
Price: 105,000 MMK

🔴 SoldNo (5) မင်းသမီးလေးနဲ့ No (6) မင်းသမီးလေးကိုလည်း ဝယ်ယူစုဆောင်းသွားပါပြီခင်ဗျာ။ ကျန်ရှိနေတဲ့ မင်းသမီးလေးတွေကိုတော့ အ...
07/01/2024

🔴 Sold
No (5) မင်းသမီးလေးနဲ့ No (6) မင်းသမီးလေးကိုလည်း ဝယ်ယူစုဆောင်းသွားပါပြီခင်ဗျာ။ ကျန်ရှိနေတဲ့ မင်းသမီးလေးတွေကိုတော့ အောက်ကလင့်ထဲကနေ ရွေးချယ်နိုင်ပါတယ်။ ရွေးစရာ (၆)ကား ကျန်ပါဦးမယ်ခင်ဗျာ။
https://www.facebook.com/permalink.php?story_fbid=122120093744111639&id=61553349192139

🔴 SoldNo (7) မင်းသမီးလေးနဲ့ No (10) မင်းသမီးလေးကိုတော့ ဝယ်ယူစုဆောင်းသွားပါပြီခင်ဗျာ။ ကျန်ရှိနေတဲ့ မင်းသမီးလေးတွေကိုတော့ ...
07/01/2024

🔴 Sold
No (7) မင်းသမီးလေးနဲ့ No (10) မင်းသမီးလေးကိုတော့ ဝယ်ယူစုဆောင်းသွားပါပြီခင်ဗျာ။ ကျန်ရှိနေတဲ့ မင်းသမီးလေးတွေကိုတော့ အောက်ကလင့်ထဲကနေ ရွေးချယ်နိုင်ပါတယ်။ ရွေးစရာ (၈)ကား ကျန်ပါဦးမယ်ခင်ဗျာ။
https://www.facebook.com/permalink.php?story_fbid=pfbid02ZDDMMfqNxxpyePU4fgXg5Acixo5ZWYEtLrUrWBqZyECNrmbwP8znyTBRBpx7Vuv7l&id=61553349192139

Artist Soe Naing ရဲ့ အငြိမ့်မင်းသမီးလေးများ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~စိုးနိုင်လို့ပြောလိုက်တာနဲ့ မြင်းတွေ၊ အကောင်သေ...
07/01/2024

Artist Soe Naing ရဲ့ အငြိမ့်မင်းသမီးလေးများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စိုးနိုင်လို့ပြောလိုက်တာနဲ့ မြင်းတွေ၊ အကောင်သေးသေးလေးတွေလိုပဲ ခံစားသူတို့ရဲ့ အာရုံထဲ တန်းကနဲရောက်လာတာကတော့ ကနေတဲ့ မင်းသားမင်းသမီး တွေပါ။
Artist Soe Naing ရဲ့ Dancer Series ဟာဆိုရင် ပန်းချီစုဆောင်းသူတွေ ကြားထဲ ရေပန်းစားလူကြိုက်များတဲ့ Series တစ်ခုဖြစ်ပြီး ထူးခြားချက်အနေနဲ့ မြန်မာအငြိမ့်ကဟန်တွေကို စိုးနိုင်ရဲ့ ရေးဆွဲဟန်အတိုင်း Abstract ဆန်ဆန် စုတ်ချက်မြန်မြန် ရေးချက်တွေကြောင့် နိုင်ငံခြားသားတွေ အထူးတလည် နှစ်ခြိုက်စုဆောင်းကြတဲ့ ကားတွေလည်းပဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ ဆရာစိုးနိုင်ရဲ့ Dancer Series ထဲက (18'' x 24'') တစ်ပေခွဲ နှစ်ပေ အရွယ်အစားရှိတဲ့ အငြိမ့်မင်းသမီးလေးတွေကို စုဆောင်းချင်သူတွေအတွက် မျှဝေပေးပါမယ် ။ Series တစ်ခုစာအနေနဲ့ ကျွန်တော်တို့မှာ (၁၀) ကားရှိနေပါတယ်။ တစ်ကားကို မြန်မာကျပ်ငွေ (၂၂၅,၀၀၀) ကျပ်နဲ့ ဝယ်ယူစုဆောင်းနိုင်ပါတယ်။ တစ်ကားချင်းစီမှာ နံပါတ်လေးတွေ တပ်ပေးထားတာမို့ အကြိုက်တွေ့တာလေးတွေရှိရင် ထုံးစံအတိုင်း နံပါတ်လေးပြောပြီး ဝယ်ယူနိုင်ပါတယ်ခင်ဗျာ .... ။

Artist: Soe Naing
Medium: Acrylic Canvas
Size : 18”x 24”
Price: 225,000 MMK

" ဒီကားလေးက ကျွန်တော် သဘောကျလို့ သိမ်းထားတာရေးထားတဲ့‌ ရေးချက် နည်းနည်းလေးနဲ့ မိတယ်လို့ ခံစားရလို့ဓါးနဲ့ တစ်ချက် နှစ်ချက်...
06/01/2024

" ဒီကားလေးက ကျွန်တော် သဘောကျလို့ သိမ်းထားတာ
ရေးထားတဲ့‌ ရေးချက် နည်းနည်းလေးနဲ့ မိတယ်လို့ ခံစားရလို့
ဓါးနဲ့ တစ်ချက် နှစ်ချက် ရေးပြီး မြင်းရော လူရော
ရုပ်လုံးကြွတယ်ပေါ့ဗျာ ... အဲ့လို ခံစားရတယ် "

ရေးဆွဲထားတဲ့ ပန်းချီဆရာကိုယ်တိုင်က ရေးချက်နည်းပြီး မိလို့ ကြိုက်မိတဲ့ ဒီပန်းချီကားက ကျွန်တော့်ကိုတော့ ရေးချက်နဲ့တင် မကဘဲ ပြင်းထန်အားကောင်းပြီး ဟန်ချက်ညီနေတဲ့ အရောင်အတွဲအစပ်နဲ့ပါ ဆွဲဆောင်ခဲ့တာပါ။ စမြင်ကတည်းက မျက်လုံးမလွှဲနိုင်အောင် သဘောကျမိတဲ့ ဒီကားလေးက ပန်းချီဆရာကိုယ်တိုင်လည်း သဘောကျလို့ သိမ်းထားတဲ့ Artist Collection ဖြစ်နေပေမယ့် မျှဝေပေးပြီး သိမ်းဆည်းခွင့်ပေးတဲ့ ဆရာစိုးနိုင် Artist Soe Naing ကိုကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ ...

🟢Available to collect Artist - Muu MuuSize - 4’ x 4’Price - 3500 USD
06/01/2024

🟢Available to collect
Artist - Muu Muu
Size - 4’ x 4’
Price - 3500 USD

“အကောင်သေးသေးလေးများ”Artist Soe Naing Size - 5’x1’
05/01/2024

“အကောင်သေးသေးလေးများ”

Artist Soe Naing
Size - 5’x1’

Address


Telephone

+959796626209

Website

Alerts

Be the first to know and let us send you an email when Burma Galerie d'art posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your museum to be the top-listed Museum?

Share