21/06/2020
YUOP Drawing club(ပန်းချီ club)
အရင်ကဆောင်ရွက်ခဲ့တဲ့ ကျွန်တော်တို့ပန်းချီ club ရဲ့ ရည်ရွယ်ချက်ကို အခုအနညး်ငယ်ပြောင်းလဲထားပါတယ်
ဆေးဝါးတက္ကသိုလ် ရန်ကုန်မှ ပန်းချီဝါသနာရှင်ကျောင်းသားများ ပန်းချီနဲ့ ပတ်သတ်ပြီး Knowledge sharing ကိုအလေးပေးဆောင်ရွက်လိုခြင်းဖစ်ပါတယ်
အရင်ကလို member တွေအကုန်လုံးကို သင်တန်းပို့ချမှာမျိုးလုံးဝ မဟုတ်တော့ပါ
Member များကိုယ်စီတွင်ရှိသော မတူညီတဲ့ပန်းချီဆွဲဟန် ကြိုက်နှစ်သက်သော ပန်းချီအမျိုးအစား
(Eg-sketch,ink,watercolor,etc .....)စသည်တို့ကို အချင်းချင်းဖလှယ်ခြင်း ဝေဖန်အကြံပြုခြင်း ချီးမွန်းခြင်းတို့ဖြင့် မိမိ တို့ရဲ့အရည်အချင်းများတိုးတက်စေလိုခြင်းဖစ်ပါတယ်
သင်တန်းပို့ချတာမျိုးလုံးဝမဟုတ်ပေမယ့် ပန်းချီဝါသနာပါပြီး ကိုယ်တိုင်စလေ့လာဖို့ခက်ခဲနေသူတွေအတွက်လေ့ကျင်ခန်းများကို ec member များဆီတွင်လာရောက်တောင်းယူနိုင်ပါတယ်
(သင်ကြားရေးအပိုင်းကို အဓိကထားရာကနေ Sharing အပိုင်းကို အဓိက ထားလိုက်တဲ့သဘောမျိုးပါ)
Club activity အနေနဲ့
title တခုသတ်မှတ်ပေးပြီး ထို ခေါင်းစဥ်နဲ့ ကိုက်ညီတဲ့ ပန်းချီသရုပ်ဖော်မှုများကို မိမိရဲ့ကိုယ်ပိုင်ဟန်နဲ့ရေးဆွဲပြီး club ထဲ share ပေးကာ club page မှ post တင်ပေးခြင်းဖြင့်
ကျောင်းသားထုနဲ့ art lover များကိုချပြသွားမှာဖစ်ပါတယ်
ပုံရေးဆွဲတာနှင့်ပတ်သတ်ပြီး member တွေပဲမဟုတ်ဘဲ ec များလဲအတူတူ ဆဲွပါမယ် ec အမည်ခံပေမဲ့ club member တွေပဲဖြစ်ပါတယ်
အချိန်သတ်မှတ်ထားပုံကတော့
*တစ်လ ကို title ၂ ခု သတ်မှတ်ပေး ပြီး ဆဲွရမှာပါ title ၁ ခု လျှင်နှစ်ပတ်နှုန်းနဲ့ဖစ်ပါတယ်
club ရဲ့ media အပိုင်းဆိုရင်
-fb page တွင်တစ်လ တစ်ခါ title ၂ ခု တင်ပေးပါမယ် ၂ ပတ်ပြည့်ရင် ထိုသတ်မှတ်ထားသော title ထဲက ပထမ title ရဲ့ပုံတွေ တင်ပေးပါမယ်
နောက်နှစ်ပတ် (လကုန်) ကြရင် ဒုတိယ title ရဲ့ပုံတွေတင်ပေးပါမယ်[မိမိနစ်သက်သလို title နှစ်ခုစလုံးတပြိုင်နက် ဆဲွချင်လဲရပါတယ် post တင်တာကတော့ သူ့အချိန်နဲ့သူတင်ပေးပါမယ်]
- fb group တွင် ပန်းချီနဲ့ပက်သက်သော video တွေ post တွေ share ပါမယ်(all member include)
- messenger gp တွင် title ပုံတွေ ပို့ခြင်းနှင့် သိချင်တာများရှိလျှင်မေးလို့ရပါတယ်
club member ကြေးနှင့်ပတ်သတ်ပြီး
ကျောင်းပဲွတွေမှာ drawing club အနေနဲ့ ပစ္စည်းတွေ ( ec နဲ့ member တွေဆဲွထားတဲ့ bookmark or ရင်ထိုး key chain etc) ရောင်းတဲ့အခါ club က give away များပြုလုပ်တဲ့အခါ လိုအပ်တဲ့ ပစ္စည်းများ ဝယ်ယူလျှင် အသုံးပြုပါမယ်(မိမိကိုယ်ပိုင်ပစ္စည်းများဝယ်ယူပေးခြင်းမဟုတ်တော့ပါ)
page တွင် member တစ်ယောက်ချင်းစီကိုလဲ မိတ်ဆက်ပေးသွားမှာဖစ်ပါတယ်
ပုံများကို ခေါင်းစဥ်အောက်တွင်လိုက်လံရေးဆွဲခြင်းဖြင့် အချိန်တခုရောက်လျှင် မိမိ၏ skill တိုးတက်လာဖို့ ရည်ရွယ်ခြင်းဖစ်ပါတယ်