Rakhine Nywant Foou Art Gallery

Rakhine Nywant Foou Art Gallery Rakhine Nywant Foou
Art Gallery & Cafe
No.190, Munn Bar Gree Road, Bauk thee Su Quarter, Sittwe, Arakan State, Myanmar.

22/01/2025
သားကြီးသြရသမိုင်တိုင်အမှတ်နှစ်ဆယ့်တစ်သစ်လွင်ပျိုမျစ်တေအနာဂတ်နိန့်သစ်တိမွီးနိန့်အသစ်အသစ်တိုင်းမှာသာယာအီးချမ်းရေအချိန် နာရ...
03/11/2024

သားကြီးသြရသ
မိုင်တိုင်အမှတ်နှစ်ဆယ့်တစ်
သစ်လွင်ပျိုမျစ်တေ
အနာဂတ်နိန့်သစ်တိ
မွီးနိန့်အသစ်အသစ်တိုင်းမှာ
သာယာအီးချမ်းရေ
အချိန် နာရီ ရက် လ နှစ်တိဖြစ်ပါစီ၊
မွီးနိန့်တိုင်းမှာ
အာရက္ခလွင်ပြင်က
ရက္ခပူရ ရက္ခပူရီရို့၏
အမျိုး ဘာသာ သာသနာအကျိုး
စည်ပင်တိုးအောင်
စွမ်းဆောင်အားစိုက်နိုင်ရေ
မောင်ကောင်းကျော်သိုက်ဖြစ်ပါစီ၊
အဘာအမင်
မျှော်မြင်တောင့်တ
ဘဝတခွင်လုံး
ပျော်ရွှင် လန်းဆန်း
ကျန်းကျန်းမာမာ
အီးချမ်းသာလို့
မွီးနိန့်တစ်ရာ
ရက်မြတ်သာမှာ
သာယာအီးချမ်း
ဘဝလမ်းမှာ
နှင်းဆမ်းအလား
မိသားစုများနန့်
သာလီစွလေ
သာစွလေ...

ဝါကျွတ်လပြည့်
17/10/2024

ဝါကျွတ်လပြည့်

အနုပညာရှင်(၈)ဦးက လူငယ်အနုပညာသမားတွေကို အကြံပြုထားချက်များ။*************************************8 Artists Advice to Young...
14/10/2024

အနုပညာရှင်(၈)ဦးက လူငယ်အနုပညာသမားတွေကို အကြံပြုထားချက်များ။
*************************************
8 Artists Advice to Young Artist

မာရီနာ အေဗရာမိုဗစ်။

အဓိက မေးဖို့လိုတာက“ မင်းကိုယ်မင်းအနုပညာသမားတစ်ယောက်ဖြစ်တယ်လို့ ဘယ်လိုသိသလဲ” ဒီမေးခွန်းက ကျမစာသင်ခဲ့တုန်းကမေးဖြစ်တဲ့ အဓိကမေးခွန်းပါ။ ဒါက အသက်ရှင်ဖို့ လေရှုနေရတဲ့ဖြစ်စဉ်ကို မေးတာမျိုးပါပဲ။
ဘာကြောင့် အောက်စီဂျင်ကိုရှုနေရသလဲလို့ ဘယ်သူမှမမေးဘူး၊ မင်းအသက်မရှုရင်သေသွားမှာမို့ပဲ။ အနုပညာဆိုတာလဲ အဲလိုပဲ။ အဲဒီတော့ မနက်ခင်းမှာအိပ်ယာနိုးကထဲက မင်းစဉ်းစားမယ်…အနုပညာတစ်ခုခုလုပ်ဖို့ မင်းအစွဲလမ်းဆုံးအရာကိုလုပ်မှာပဲ။ လုပ်နိုင်သလောက်လုပ်မှာပဲ၊ ဒါဟာ အနုပညာရှင်လားပေါ့။ ဒါပေမယ့် အဲဒါကသာမန်အနုပညာရှင်ပဲ၊ ကြီးကျယ်တဲ့ (ဂရိတ်) အနုပညာရှင်တော့မဟုတ်ဘူး၊ ဂရိတ်အားတစ်ဖြစ်ဖို့က ထောင့်ပေါင်းစုံက အခြား‌‌ေသာနည်းဥပဒေသတွေရှိတယ်၊ သိစရာတွေ
ရှိတယ်။ နောက်ပြီး မင်းအမှန်တကယ်
ရှိရမှာက တကယ့်ကိုအစွဲလမ်းကြီးမှုနဲ့ မင်းစိတ်ကိုပြန်သိနေတဲ့အရာပဲ။

တကယ့်ဂရိတ်အနုပညာရှင်ဆိုတာ ဆုံးရှုံးမှုတွေကိုရင်ဆိုင်ဖို့ အမြဲတမ်းအဆင့်သင့်ဖြစ်နေတာ… တခြား
ဘယ်သူမှ မလုပ်နိုင်တာမျိုးပဲ။ ဘာလို့လဲဆိုတော့ မင်း အောင်မြင်မှုတစ်ခုရတဲ့အခါ ပရိသတ်ကလည်း ဒီအတိုင်းလက်ခံထားတဲ့ တူညီတဲ့အရာတွေအလုပ်တွေပဲလုပ်ဖြစ်တော့မယ်။ သိပ်လည်းစွန့်စားမှုမလိုတော့ဘူး။ တကယ့်အနုပညာရှင်အစစ်ကတော့ သူ
မကျင်လည်ဖူးတဲ့နယ်ပယ်တွေကို
စူးစမ်းတယ်။ မမြင်တွေ့ဖူးသေးတဲ့အရာတွေလုပ်တယ်၊ ဒီတော့ ဆုံးရှုံးမှုတွေရှိလာနိုင်တယ်၊ စွန့်စားရမှုတွေရှိလာနိုင်တယ်။ အဲဒီ ဆုံးရှုံးမှုတွေကနေ တကယ့် ဂရိတ်အားတစ်စ်တွေဖြစ်လာတာပဲ။

ငွေကြေးတို့ ကျော်ကြားမူတို့ဆိုတာ တကယ်တော့ ဘေးထွက်ရလဒ်ပါ၊ တကယ်တော့စွန့်စားမှုတွေကပဲ အနုပညာပါ။ ပြီးတော့ ရဲရင့်ရမယ်၊
ဇွဲလုံ့လလိုတယ်။ ကိုလံဘတ် ဥပမာကိုကြည့်ရင် သူက အိန္ဒိယတိုက်ကို သွားရင်း လမ်းကြောင်းမြေပုံ မှားပြီး အမေရိကတိုက်ကိုရှာတွေ့တာ။ ကမ္ဘာကြီးဆိုတာ ပြားတယ်လို့ထင်နေကြတဲ့အချိန်၊ သူ့ခရီးဟာ ရှုံးနိမ့်မှုတွေ စတေးမှုတွေအများကြီး။

ကျမလေးစားချစ်ခင်ရတဲ့ ပရော်ဖက်ဆာကြီးတစ်ယောက်ရှိတယ်။ သူအကြံဥာဏ်တစ်ခုပေးတာက မင်းညာဖက်လက်နဲ့ပုံတွေဆွဲရင် ပုံတွေကတဖြည်းဖြည်းပိုပိုကောင်းလာမယ်၊ မျက်စိမှိတ်ပြီးဆွဲတောင် ဆွဲနိုင်လာမှာပဲ။ အဲဒီအချိန်မှာ ဘယ်ဖက်လက်ကိုပြောင်းပြီးဆွဲခိုင်းလိုက်တဲ့…။

မထင်ထားတဲ့ စိတ်ကူးကောင်းတွေဟာ မသိလိုက်ပဲ ကျဆုံးသွားတတ်တယ်။ ကျမစာသင်တုန်းက ကျောင်းသားတွေကို လေ့ကျင့်ခန်းလုပ်ခိုင်းရင် ခြင်း ၂ ခုခွဲထားပီး သူတို့ ရွေးတဲ့အိုင်ဒီယာတွေက ညာဖက်။ ပယ်လိုက်တဲ့ လွင့်ပစ်လိုက်တဲ့ခြင်းက ဘယ်ဖက် ပေါ့။ သင်ခန်းစာပြီးလို့ ပြန်စစ်ရင် ညာဖက်ကဟာတွေထက် ဘယ်ဖက်ကို ကြည့်တဲ့အခါ ပိုစိတ်၀င်စားဖို့ကောင်းတာ တွေ့ရတယ်။

ဝီလျံ ကန့်ထရစ်ခ်ျ။

အခုဒီမှာ အကြံတစ်ခုပေးရရင် မင်း
သိပြီးသားတစ်ခုဖြစ်မှာပါ။ မင်းကြားဖူးသမျှ အတွေးအကြံဥာဏ်တွေ သန်းချီရှိနေရင်တောင် ၃ ခုကနေ ၄ ခုလောက်ပဲ မင်းယူငင်အသုံးချနိုင်မှာပါပဲ။ အနုပညာရှင်တွေကိုအထူးအထွေပြောစရာမရှိပါဘူး။ အကြံပေးသူနဲ့လက်ခံသူကြားမှာ စိတ်၀င်စားစရာနားလည်မှုအရင်လုပ်ရမယ်။ မင်းအကောင်းဆုံးလုပ်၊ မင်းကြိုက်တာလုပ်ပေါ့။လူတွေလည်းကြိုက်မယ်ထင်တာမျိုး။ ဘာအကြောင်းအရာ ဘယ်အချက်အလက်တွေပဲသုံးသုံး၊
မင်းဆိုတာကိုပြောနိုင်တဲ့အရာ၊
ကိုယ်တိုင်သိနေတဲ့အရာပေါ့။

ပက်တီစမစ်။

ကျမငယ်ငယ်က ဝီလျံဘာ့ဂ် ဆိုသူက
ပြောတယ်။ အဲဒီအချိန်က ကျမတို့မှာ ငွေကြေးလည်းမရှိဘူး။အရမ်းရုန်းကန်
ရတယ်။ ဝီလျံက အကြံပေးတယ်၊ မင်းနာမည်ကိုမင်းတည်ဆောက်ပါ၊ သန့်ရှင်းတဲ့ ကောင်းတဲ့နာမည်ဖြစ်အောင်အမြဲနှလုံးသွင်းပါ။ ကိုယ့်နာမည်ကို ဘယ်လိုထင်ယောင်ထင်မှားနဲ့မှ မရောနှောစေနဲ့။ ငွေကြောင့် ဘာကြောင့်တွေနဲ့မှ နာမည်ကိုအသုံးမချနဲ့လို့အကြံပေးတယ်။ ကိုယ်လုပ်တဲ့အလုပ်ကိုလဲရွေးပါ။ လုပ်သမျှကိုလည်း အကောင်းဆုံးလုပ်ပြီး ကိုယ့်အလုပ်ကိုကိုယ်ကာကွယ်ပါ။ ဒီနာမည်ကောင်းအောင်မွေးမြူနိုင်လာရင် နောင်တစ်ချိန်မှာ ဒီနာမည်ဟာ ငွေကြေးဇုန်တစ်ခုဖြစ်လာမှာပဲ။

အနုပညာရှင်တစ်ယောက်ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာထက်၊ လူသားတစ်ယောက်အဖြစ်နေထိုင်ရှင်သန်ဖို့တောင် ခက်ခဲတယ်၊ကိုယ်တိုင်ဘ၀မှာ ပျော်ဖို့ကြိုးစားရတယ်။ ဒီလိုပဲအနုပညာရှင်ဘ၀က ခက်ခဲတယ်။ ဘ၀ဆိုတာကိုက မလွယ်ကူတဲ့အခြေအနေ။ မင်းချစ်ခင်သူတွေနဲ့ ကွေကွင်းရဦးမယ်လေ။ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ထက်…လူသားတွေအားလုံးလုပ်ရမယ့်အရာတွေ၊ ကျန်းမာအောင်နေရမယ်၊ အောင်မြင်ချင်တာ၊ ကြီးကျယ်မြင့်မြတ်ချင်တာ၊ သားသမီးတွေ၊ ပတ်၀န်းကျင်ကိုထိန်းသိမ်းမယ်..စသည်ဖြင့်
ကိစ္စမရှိပါဘူး၊ ကိစ္စရှိတာကမင်းလုပ်နေတာမင်းသိဖို့နဲ့ တကယ်ကို စိတ်ထဲက
နှစ်နှစ်ကာကာလုပ်ချင်တဲ့ဟာလားဆိုတာပဲ။ ဘ၀ကခက်ခဲတယ်။ နာကျင်ကြေကွဲစရာတွေလာဦးမယ်။ ပြီးရင်ပျော်ရွှင်စရာတွေလင်းလက်တဲ့ကောင်းကင်ပြာတွေရှိမယ်။အဲဒီလိုအနိမ့်အမြင့်ကိုအတွေ့အကြုံအနေနဲ့သင်ယူပြီး အကောင်းဆုံးတစ်ခုလုပ်ပြဖို့ပဲ။

ဒေးဗစ်ဘားန်။

ဂီတသမားတွေအနုပညာရှင်တွေ သူတို့တွေကို ကျနော်သိထားတာ အကြံပေးရရင်၊ အချို့သောသူတွေဟာ နောက်ထပ်ဂျေဇီးလို နောက်ထပ်ကျော်ကြားသူ
တစ်ဦးဦးလို လိုက်ဖြစ်ချင်နေတဲ့ ရည်မှန်းချက်တွေရှိပေမယ့်…ဒီလိုအနုပညာရှင်အရေအတွက်ဟာ အလွန်
နည်းလှပါတယ်။ နောက်ပြီး ဒီလိုနည်းနဲ့အောင်မြင်သူတွေဟာ စိတ်ထား
ပျော့ပျောင်းမှုတွေတော်တော်မရှိကြဘူးပြီးတော့ ဒီလိုအောင်မြင်မှုအတွက်သူတို့ရဲ့ ဖန်တီးမှုဆိုင်ရာလွတ်လပ်မှုကိုဆုံးရှုံးခံရတာတွေရှိတယ်။ ဘာလို့လဲဆိုတော့ အောင်မြင်တဲ့ပုံစံတစ်ခုတည်းကို ထပ်ခါတလဲလဲ ဆင်တူပုံစံတွေပဲလုပ်ကြရလို့ပဲ။ ဒီတော့ ဒီလိုပုံစံမဟုတ်တဲ့ အနုပညာရှင်တွေကတော့ ငွေတော့များများမရပေမယ့် သူ့ဖန်တီးနိုင်မှုစွမ်းရည်မှာတော့သိသာစွာကွဲပြားပြီး အနုပညာဖြစ်တဲ့စိတ်ကျေနပ်မှုအပြည့်အ၀ ရရှိနိုင်တယ်။

၀င်မ် ၀မ်းဒါး။

ပန်းချီဆရာ ပန်းပုဆရာ ဓာတ်ပုံဆရာ ဂီတပညာရှင် ဗီဒီယိုအားတစ် မင်းဘာပဲလုပ်လုပ် မင်းလုပ်တဲ့အရာမျိုးကို မင်းလုပ်တာထက်ကောင်းအောင်အခြားတစ်ယောက်လိုက်မလုပ်နိုင်ဘူးလို့ယုံကြည်ထား။ အခြားသူတွေလည်းပိုကောင်းအောင်လုပ်နိုင်မှာပဲလို့ မင်းနှလုံးသားကအသေအချာသိနေတဲ့အရာတွေကိုလိုက်ပြီး မလုပ်နဲ့။ ဒါပေမယ့် မင်းကလွဲပြီးဘယ်သူမှမလုပ်နိုင်ဘူးဆိုတာသေချာတဲ့အရာတွေကိုပဲလုပ်ပါ။

ဒီနို နဲ့ ဂျိပ် ချပ်မန်း။

တစ်ဦးတစ်ယောက်ရဲ့အတွေးအခေါ်က အခြားတစ်ယောက်အပေါ်လွှမ်းမိုးပြီး အနုပညာဖန်တီးတယ်ဆိုတာ အလကားပဲ၊ အနုပညာဖြစ်တဲ့အတွေးမရနိုင်ဘူး။ အဲဒီတော့ တခြားသူကိုအကြံဥာဏ်ပေးဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးလို့ထင်တယ်။

အိုလာဖာ အဲလစ်ဆင်။

လူငယ်အနုပညာရှင်တွေကို ပြောချင်တာက ကိုယ်လုပ်မယ့် ဘယ်အရာ ဘယ်အစိတ်အပိုင်းကိုဖြစ်ဖြစ်‌သေသေချာချာစိတ်၀င်တစားပြုလုပ်ဖို့နဲ့ အနုပညာသမားတစ်ယောက်ရဲ့ စူးစမ်းမှုမျိုးနဲ့ စမ်းသပ်မှုတွေပြည့်စုံအောင် လုပ်ဖို့ပါပဲ။ အကောင်းဆုံးအကြံပေးရရင် အနုပညာအလုပ်ဆိုတာ ကြောက်စိတ်တွေ၊ အလွန်ပြင်းထန်အင်အားတွေနဲ့ စက်ရုပ်လို
တွက်ချက်မှုတွေလုပ်ရတာမျိုးပါ။ ထိခိုက်လွယ်တဲ့စိတ်ခံစားချက်မျိုးလို့ တစ်ကမ္ဘာလုံးကထင်ကောင်းထင်မယ် ဘယ်လိုအဓိပ္ပာယ်တွေမှမပြည့်စုံနိုင်ဘူး။ အနုပညာရှင်ရဲ့တကယ့်အစစ်အမှန်ဖြစ်မှုကဘာလဲ… မိမိကိုယ်ကိုယ် ယုံကြည်မှုလုံး၀ရှိရမယ်။ စာရွက်လေးတစ်ရွက်နဲ့ ကမ္ဘာကြီးကိုပြောင်း လဲပေးနိုင်တာမျိုးပေါ့…သူ့ဖွင့်ဆိုချက်တွေအရလေ။ တကယ်လည်းအနုပညာဟာ ကမ္ဘာကြီးကိုဖန်တီးနေတာပဲ။ ဒါဟာ အနုပညာသမားတစ်ယောက်ဖြစ်ဖို့တကယ့်ကိုမယုံနိုင်စရာတွေပဲ။ သူ့အိုင်ဒီယာရဲ့နောက်ကွယ်ကပြည့်စုံနေဖို့နဲ့ ကွဲပြားတဲ့ပုံစံတွေကို ဘယ်လိုရွေးချယ်သလဲဆိုတဲ့အတိုင်းအတာအလိုက် ကိုယ်ဟာ
ကမ္ဘာပေါ်ကအစိတ်ပိုင်းတစ်ခုအဖြစ်အရေးပါလာမှာပဲ။

မှတ်ချက်။
(ကောက်နုတ်ပြန်ဆိုချက်ဖြစ်ပါသည်)

နောက်ထပ် ကြာတစ်ပွင့်
13/10/2024

နောက်ထပ် ကြာတစ်ပွင့်

* မိဘတွေ မရှိတော့ဘူးဆိုရင် *တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်......
13/10/2024

* မိဘတွေ မရှိတော့ဘူးဆိုရင် *

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းနဲ့သွေးချင်းအရင်းနှီးဆုံး လူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ....

ဒါကြောင့် မိဘတွေရှိတုန်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ...မိဘတွေကို မင်းအတွက် စိတ်မပူပါစေနဲ့...

မိဘတွေ လိုချင်တာက သားသမီးတွေဆီက ပိုက်ဆံတွေထက် သားသမီးတွေရဲ့ အဖော်ပြုပေးမှုပါပဲ...
ဘာလို့လဲဆိုတော့ သားသမီးတွေဆိုတာ မိဘတွေရဲ့ နှလုံးသည်းပွတ်ဖြစ်နေလို့ပါပဲ...

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းကို စိတ်ရင်းစေတနာ နွေးထွေးတဲ့အကြင်နာနဲ့ယုယစွာချစ်မဲ့သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ....

ဘယ်မိဘကမှ သူတို့ရဲ့ အုတ်ဂူရှေ့မှာ သားသမီးတွေပူဆွေးနေတာကို ကြည့်ရက်မှာ မဟုတ်ပါဘူး....

ဒါကြောင့် အချိန်ရပြီဆိုတာနဲ့အိမ်ကိုပြန်ပြီး မိဘတွေနဲ့ တွေ့ပါ....ကိုယ့်အိမ်မဟုတ်တဲ့စားသောက်ဆိုင် ပျော်ပွဲစားရုံတွေမှာ အချိန်ကုန်နေမဲ့အစား မိဘရဲ့ ရင်ခွင်မှာ ပျော်ရွှင်ပါ....

ဘာလို့လဲဆိုတော့ မိဘတွေဆိုတာ သားသမီးတွေ ပြန်လာမှာကို မျှော်လင့်နေတတ်လို့ပါပဲ....

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်း ထမင်းမစားချင်တဲ့အခါ.. ဂရုတစိုက် ကျွေးမွေးမဲ့သူနှစ်ယောက် မရှိတော့ဘူးလို နားလည်ပါ....

ဒါကြောင့် အပြင်မှာ ဘယ်လောက် အလုပ်များများ...အိမ်ပြန်ပြီး မိဘတွေနဲ့အတူတူ ထမင်းလက်ဆုံစားပါ...

ဘာလို့လဲဆိုတော့ မိဘတွေမရှိတော့မှ သူတို့နဲ့အတူတူ ထမင်းစားချင်လို့ မရနိုင်တော့လို့ပါပဲ....

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ...မင်းကို နေကောင်းရဲ့လား ...အလုပ်အဆင်ပြေရဲ့လား...ပိန်သွားလား..၀ နေလား..ဆိုပြီး ဂရုစိုက်မဲ့သူနှစ်ယောက် မရှိနိုင်တော့ဘူးလို့ နားလည်ပါ....

တကယ်တော့ လူတစ်ယောက်ကို ဂရုစိုက်ရတယ်ဆိုတာ အပင်ပန်းဆုံးပါပဲ...တော်ရုံလူက မင်းကို အမြဲ ဂရုစိုက်နေဖို့ဆိုတာ မလွယ်ပါဘူး...

ဒါကြောင့် မိဘတွေ နေမကောင်းတဲ့အခါ...သူတို့ကို အထူး ဂရုစိုက်ပါ...အဝေးရောက်နေခဲ့ရင်လဲ မိဘတွေနဲ့့အမြဲဖုန်းဆက်သွယ်ပါ...ကိုယ့်ရဲ့အခြေအနေကို ပြောပြသလို မိဘတွေရဲ့ကျန်းမာရေးကိုလဲ အလေးထားပါ...

ဘာလို့လဲဆိုတော့ သူတို့ နာမကျန်းတဲ့အခါ...အတမ်းတဆုံးက မင်းဆီက မေတ္တာဖြစ်နေလို့ပါဘဲ

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းကို အဆုံးအစမရှိ မေတ္တာအနန္တနဲ့ချစ်နိုင်မဲ့ သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ....

ဒါကြောင့် မိဘတွေကို စိတ်မထိခိုက်ပါစေနဲ့...မိဘတွေရှိတုန်းမှာ ပျော်ရွှင်မှုများများပေးပါ....

မင်းမှာ အချိန်မရှိဘူးလို့စောဒက မတက်ပါနဲ့...
အလုပ်အရမ်းများတယ်လို့ မညည်းတွားပါနဲ့....ကိုယ့်ရဲ့အချိန်တွေကို တခြားသူတွေဆီမှာ အချည်းနှီး အချိန်မကုန်ပါစေနဲ့...

မိဘတွေရဲ့ ရင်ထဲမှာ သင့်တစ်ယောက်ပဲ ရှိတယ်ဆိုတာ မှတ်ထားပေးပါ....

သူငယ်ချင်းဆုံးရှုံးသွားရင် ပြန်ရှာလို့ရတယ်...အလုပ်မရှိတော့ရင်...အလုပ်အသစ်ရှာလို့ရတယ်...ယုတ်စွအဆုံး နှလုံးသားတစ်ခုဆုံးရှုံးသွားရင် ပြန်အစားထိုးလို့ရပါတယ်...

ဒါပေမဲ့ မိဘတွေမရှိတော့ဘူးဆိုရင်တော့ ဘယ်အရာနဲ့မှ အစားထိုးလို့ရမှာ မဟုတ်တော့ပါဘူး... မိတ်ဆွေ

#မူရင်းရေးသားသူအားလေးစားလျှက်

မိတ်ဆွေများ၏အိမ်သစ်တက်မင်္ဂလာမှာကြက်သရေဝေဖြာသောပဒုံမာကြာအလှနဲ့ တင့်တယ်ကြဖို့...............................................
11/10/2024

မိတ်ဆွေများ၏အိမ်သစ်တက်မင်္ဂလာမှာ
ကြက်သရေဝေဖြာသော
ပဒုံမာကြာအလှနဲ့ တင့်တယ်ကြဖို့...........................................................

The beautiful lotus flower
Water colour on Arche
22"×15""

နှင်းဆီပန်သူ၊နှင်းဆီပန်ချင်သူတွေအတွက်နှင်းဆီနေမင်းနိုးထချိန်မနက်မိုးလင်းမှာနှင်းဆီတစ်ပွင့်ဖူး ငုံဆင့်လျက်ဆူးဆင့်ရန်ကာပွင...
01/10/2024

နှင်းဆီပန်သူ၊
နှင်းဆီပန်ချင်သူတွေအတွက်

နှင်းဆီ
နေမင်းနိုးထချိန်
မနက်မိုးလင်းမှာ
နှင်းဆီတစ်ပွင့်
ဖူး ငုံဆင့်လျက်
ဆူးဆင့်ရန်ကာ
ပွင့်လွှာဖြာ၍
သာယာသင်းကြိုင်
ရနံ့လှိုင်သည်
ပိုင်ဆိုင်သူတို့မွှေးပါစေ.....

The Rose
acrylic on canvas
10"×12"

ပန်းချီကားရောင်းငွေရေဘေးအလှူငွေကျပ် ၃၀၀၀၀၀ိ/- အားArt aid for Myanmar သို့ လှူဒါန်းခဲ့ပါသည်။
21/09/2024

ပန်းချီကားရောင်းငွေ
ရေဘေးအလှူငွေကျပ် ၃၀၀၀၀၀ိ/- အား
Art aid for Myanmar သို့ လှူဒါန်းခဲ့ပါသည်။

အလှူထံ ပန်းချီကားပို့ရန် ဘောင်တပ်ပြီးအဆင်သင့် Sold out 🔴Golden Mrauk-UAcrylic on canvas14"12"300,000.ks Sold out 🔴Pleasa...
19/09/2024

အလှူထံ ပန်းချီကားပို့ရန် ဘောင်တပ်ပြီး
အဆင်သင့်

Sold out 🔴
Golden Mrauk-U
Acrylic on canvas
14"12"
300,000.ks

Sold out 🔴
Pleasant Field
Acrylic on canvas
14"12"
300,000.ks

မိမိကိုယ်တိုင်က စစ်ရှောင်၊ စစ်ဘေးခရီးသည်၊ရေဘေးအတွက်ဒီနှစ်ကားလှူပါမယ်။၅၀%လှူပါမယ်။Golden Mrauk-UAcrylic on canvas10"×12"3...
16/09/2024

မိမိကိုယ်တိုင်က စစ်ရှောင်၊ စစ်ဘေးခရီးသည်၊
ရေဘေးအတွက်ဒီနှစ်ကားလှူပါမယ်။
၅၀%လှူပါမယ်။

Golden Mrauk-U
Acrylic on canvas
10"×12"
300,000.ks

Pleasant Field
Acrylic on canvas
10"×12"
300,000.ks

Dutch PainterVancint Van GoghStarry Night ရဲ့ အောင်မြင်မှု လွှမ်းမိုးမှုပါ။
16/09/2024

Dutch Painter
Vancint Van Gogh
Starry Night ရဲ့ အောင်မြင်မှု လွှမ်းမိုးမှုပါ။

Van Gogh Aesthetic (Rome) .

Address

Munn Bar Gree Road
Sittwe

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959450543061

Website

Alerts

Be the first to know and let us send you an email when Rakhine Nywant Foou Art Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Rakhine Nywant Foou Art Gallery:

Share

Category