ザイオンJapanese Knowledge Sharing

  • Home
  • ザイオンJapanese Knowledge Sharing

ザイオンJapanese Knowledge Sharing 日本語と日本の生活環境を勉強している若者のためにこのページを開きます

📗ဂျပန်နိုင်ငံရဲ့ သမိုင်းအစ 📗📖    ဂျပန်သမိုင်းတွင် သမိုင်းမတင်မှီခေတ်မှစ၍ နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာသည့် ခေတ်နီးသ...
19/06/2024

📗ဂျပန်နိုင်ငံရဲ့ သမိုင်းအစ 📗

📖 ဂျပန်သမိုင်းတွင် သမိုင်းမတင်မှီခေတ်မှစ၍ နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာသည့် ခေတ်နီးသမိုင်းအထိ ဂျပန်ကျွန်းနှင့် ဂျပန်လူမျိုးတို့၏ သမိုင်းများ ပါဝင်သည်။ ဂျပန်ကို မှတ်တမ်းအဖြစ် ပထမဦးဆုံး ပထမရာစုနှစ်အတွင်း ရေးသားပြုစုသည့် ‘၂၄ သမိုင်း’ခေါ် တရုတ်သမိုင်းကျမ်းတွင် အကျဉ်းချုံး ဖော်ပြထားသည်။
သို့သော်လည်း ဂျပန်ကျွန်းပေါ်တွင် ကျောက်ခေတ်ဟောင်း ခေတ်ဦးပိုင်းမှစ၍ လူများ နေထိုင်လျက် ရှိပြီဖြစ်ကြောင်း သက်သေ အထောက်အထားများ ရှိသည်။ နောက်ဆုံး ရေခဲခေတ်အပြီး ဘီစီ ၁၂၀၀၀ ခန့်တွင် ဂျပန်ကျွန်းစုပေါ်၌ လူသားများ ကျက်စားနေထိုင်သည့် ခြေရာများကို တွေ့ရှိရသည်။ ပထမဦးဆုံး သိရှိရသည့် မြေထည်ပစ္စည်းများမှာ ဂျိုမွန်ခေတ်မှ ဖြစ်သည်။

ကျောက်ခေတ်ဟောင်း

📕 ဂျပန်ကျောက်ခေတ်ဟောင်းသည် ကျောက်ဖြင့် ပြုလုပ်ထားသည့် ကိရိယာ တန်ဆာပလာများ အစောဆုံး တွေ့ရှိရသည့် ဘီစီ ၁၀၀၀၀၀ မှ ၃၀၀၀၀ ခန့်အထိ ဖြစ်ပြီး နောက်ဆုံးရေခဲခေတ် ဘီစီ ၁၂၀၀၀ ခန့်တွင် အဆုံးသတ်သည်။ ဘီစီ ၃၄၀၀၀ ခန့်တွင် တရုတ်ပြည် မြောက်ပိုင်းဒေသမှ ဓားငယ်သဏ္ဌာန် ကျောက်ထည်ပစ္စည်းများ ဂျပန်သို့ ရောက်ရှိလာပြီး ဒေသတဝန်းတွင် ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုလာသည်။
သို့သော်လည်း ဘီစီ ၂၀၀၀၀ ခန့်တွင် ဆိုက်ဘေးရီးယားမှ ကျောက်ဓားပါးဟုခေါ်သည့် ကျောက်ထည်ပစ္စည်းသစ် ရောက်ရှိလာကာ ဂျပန်အရှေ့ပိုင်းဒေသတွင် တွင်ကျယ်လာသည်။ ကာလတစ်ခုအတွင်း ဤပစ္စည်းနှစ်မျိုးစလုံးကို တပြိုင်နက်တည်း အသုံးပြုခဲ့သည်။ ဘီစီ ၁၅၀၀၀ ခန့်တွင် ဓားငယ်သဏ္ဌာန် ကျောက်ထည်ပစ္စည်း အလျင်အမြန် ပျောက်ကွယ်သွားသည်။

ရေခဲခေတ် အဆုံးသတ်ပြီးနောက် ရာသီဥတုပူနွေးလာပြီး လူသားများ၏ စားဝတ်နေရေး ကြီးကြီးမားမား ပြောင်းလဲကာ အိုကီနာဝါ ကျွန်းစုမှလွှဲ၍ ကျန်ဒေသများတွင် ကျောက်ခေတ်လယ် ဂျိုမွန်ခေတ်အတွင်း စတင်ဝင်ရောက်လာခဲ့သည်။

🎎 ဂျိုမွန်ခေတ်

ဂျိုမွန်ခေတ်သည် ဘီစီ ၁၄၀၀၀ မှ ၃၀၀ ခန့်အထိ ကြာမြင့်သည်။ ဂျိုမွန် ယဉ်ကျေးမှုနှင့်အတူ ပထမဦးဆုံး အတည်တကျ နေထိုင်မှုများသည် ဘီစီ ၁၄၀၀၀ ခန့်တွင် ပေါ်ပေါက်ခဲ့သည်။ ဂျိုမွန်ယဉ်ကျေးမှု၏ ထူးခြားချက်မှာ ထိုခေတ်အခါက လူများသည် အမဲလိုက်ခြင်း၊ တဲများဆောက်လုပ်ခြင်း၊ တွင်းအောင်းနေထိုင်ခြင်းနှင့် ကနဦးအဆင့် စိုက်ပျိုးခြင်းများကို တတ်မြောက်နေပြီ ဖြစ်သည်။ ထိုခေတ်က လူများသည် ယက္ကန်းမယက်တတ်သေးပေ။ သားရေဖြင့် ချုပ်လုပ်သည့် အဝတ်အထည်များကို ဝတ်ဆင် ကြသည်။

ဂျိုမွန်လူများသည် ဖွတ်မြီးကြိုးများ၊ သစ်ကိုင်းသစ်ခက်များဖြင့် ပန်းခတ်သည့် မြေအိုးများကို စတင်လုပ်ဆောင် တတ်ပြီဖြစ်သည်။ ဤမြေထည်များသည် ရှေးအကျဆုံး မြေထည်များ ဖြစ်နိုင်သည်။ ယင်းမြေထည်များနှင့်အတူ တွေ့ရှိရသည့် ဓားမြှောင်များ၊ ကျောက်စိမ်းများ၊ ကမာခွံများဖြင့် ပြုလုပ်သည့် ခေါင်းဘီးများနှင့် အခြား အိမ်သုံးပစ္စည်းများသည် ဘီစီ ၁၁၀၀၀ ခန့်ကဖြစ်နိုင်သည်။ ဒိုကုခေါ် မြေထည် ပန်းကွက်များကိုလည်း တူးဖော်တွေ့ရှိရသည်။

ယင်းအိမ်သုံးပစ္စည်းများသည် အိုကီနာဝါအထိ ကုန်သွယ်ရေး လမ်းကြောင်းများ ဖောက်ကားလျက် ရှိနေပြီဟု ယူဆနိုင်သည်။ ဒီအန်အေ ခွဲခြမ်းစိတ်ဖြာချက်အရ ယခု ဟိုကိုင်ဒိုတွင် နေထိုင်သည့် အိုင်နုတိုင်းရင်းသားများသည် ဂျိုမွန်လူများမှ ဆင်းသက်လာသည်ဟု ဆိုနိုင်သည်။

💧💧💧💧💧💧💧💧💧💧💧💧💧💧💧

🗒️ အင်တာဗျူးဖြေပြီးလို့ စာချုပ်ချုပ်မဲ့သူများ သတိမထားမိကြတဲ့ သိသင့်သိထိုက်တာလေးတွေကို 📖 မျှဝေပေးလိုက်ပါတယ် 📖✨✨✨
30/05/2024

🗒️ အင်တာဗျူးဖြေပြီးလို့ စာချုပ်ချုပ်မဲ့သူများ

သတိမထားမိကြတဲ့ သိသင့်သိထိုက်တာလေးတွေကို

📖 မျှဝေပေးလိုက်ပါတယ် 📖

✨✨✨

" တိုကျိုမြောက်ဘက်က ရှင်တိုနတ်ကွန်းရဲ့ ခေါင်မိုးပေါ်က ကြေးနီပြားတွေ  ခိုးယူခံရ "တိုကျိုမြောက်ဘက် Tochigi ခရိုင် Ashikaga...
29/05/2024

" တိုကျိုမြောက်ဘက်က ရှင်တိုနတ်ကွန်းရဲ့ ခေါင်မိုးပေါ်က ကြေးနီပြားတွေ ခိုးယူခံရ "

တိုကျိုမြောက်ဘက် Tochigi ခရိုင် Ashikaga မြို့က ရှင်တိုနတ်ကွန်းတစ်ခုရဲ့ ခေါင်မိုးပေါ်က ကြေးနီပြားတွေ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

မြို့က ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ပင်မခန်းမဆောင်ရဲ့ ခေါင်မိုးပေါ်က ကြေးနီပြားအချပ်ပေါင်း ၂၀၀ လောက်ဟာ ပျောက်ဆုံးနေခဲ့တယ်လို့ Kabasaki Hachimangu နတ်ကွန်းက ဘုန်းတော်ကြီးက ရဲတပ်ဖွဲ့ကို တနင်္လာနေ့မနက်မှာ အကြောင်းကြားခဲ့ပါတယ်။

ပင်မခန်းမဆောင်ကို ဝန်းရံထားတဲ့ နံရံပေါ်က ကြေးနီပြား ၇၀ လောက်ဟာလည်း ပျောက်ဆုံးနေပါတယ်။

ကြေးနီပြားတွေဟာ တစ်ချပ်ကို အလျား ၁၄ စင်တီမီတာနဲ့ အနံ ၅၆ စင်တီမီတာလောက် ရှိတယ်လို့ ရဲတွေက ပြောပါတယ်။ ပျောက်ဆုံးသွားတဲ့ ကြေးနီပြားတန်ဖိုးဟာ ယန်း ၄ သန်းလောက် တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၂၅,၅၀၀ လောက် ရှိပါတယ်။

ကြေးနီပြားတွေဟာ နတ်ကွန်းတာဝန်ရှိသူက တနင်္ဂနွေနေ့ ညနေ ၆ နာရီဝန်းကျင်လောက်မှာ လာရောက်စစ်ဆေးကြည့်ရှုခဲ့ချိန်ကနေ တနင်္လာနေ့မနက်ပိုင်းအတွင်း ခိုးယူခံခဲ့ရတာ ဖြစ်တယ်လို့ ယူဆရပါတယ်။

တစ်စုံတစ်ယောက်က နတ်ကွန်းခေါင်မိုးပေါ် ခြေထောက်နဲ့ နင်းပြီး ကြေးနီပြားတွေကို ခွာချသွားတာဟာ လက်သင့်ခံနိုင်ဖွယ် မရှိဘူးလို့ ဘုန်းတော်ကြီး Sagehashi Teruyuki က ပြောကြားခဲ့ပါတယ်။

# Japan 🗾 🆕

🤗🌞ဒီနေ့က N5 Level Japan Story လေးတွေဖတ်ရင်းနဲ့ စာလေ့လာလို့ရအောင် တင်ပေးလိုက်ပါတယ်🌻🌻🌻🌻🌻🌻🌻
27/05/2024

🤗
🌞ဒီနေ့က N5 Level Japan Story
လေးတွေဖတ်ရင်းနဲ့ စာလေ့လာလို့ရအောင် တင်ပေးလိုက်ပါတယ်
🌻🌻🌻🌻🌻🌻🌻

27/05/2024

🙏အားလုံးပဲ မင်္ဂလာပါ 🤗

☀️ဒီ Page ဖွင့်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့

ကိုယ်တိုင်လဲ စာလုပ်ရင်း ကိုယ်စာလုပ်တဲ့ နည်းလမ်းနဲ့ တစ်ဖက်လူကိုလဲ အကျိုးရှိစေချင်လို့ဘဲ ဖြစ်ပါတယ်

☀️ကိုယ်လေ့လာတဲ့နည်းလမ်းတွေကို စာလေ့လာသူတွေကိုလဲ မျှဝေပေးချင်လို့ဘဲ ဖြစ်ပါတယ်

အားလုံးဘဲ ကျေးဇူးပါ 🤗
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

🤗 みんなさん こんばんは 🤗🌳 今日は N5レベルの 生徒向けの おやつを まとめました 🌼。
27/05/2024

🤗 みんなさん こんばんは 🤗

🌳 今日は N5レベルの 生徒向けの おやつを まとめました 🌼。

Address


11376

Website

Alerts

Be the first to know and let us send you an email when ザイオンJapanese Knowledge Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your museum to be the top-listed Museum?

Share