စစ်ကိုင်းသတင်းစုံ

စစ်ကိုင်းသတင်းစုံ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စစ်ကိုင်းသတင်းစုံ, Art Gallery, Sagaing, Sagaing.

16/02/2022

#ဥပဒေနဲ့တားြမစ်ထားတဲ့MLMစနစ်ကပြန်လည်ခေါင်းထောင်နေပြန်ပြီ

ိုတာဘာလဲဆိုတော့ ထင်ထင်ရှားရှားမြင်ရအောင်ပြောရမယ်ဆိုရင်

ကျွန်တော်က 2500တန် Shampoo တစ်ခုကိုထုတ်လုပ်လိုက်တယ်။ကျွန်တော် 3500လောက်နဲ့ရောင်းရင် 1000ပဲမြတ်မယ်။
ဝယ်လိုအားလည်းMarketing ဆင်းနိုင်သလောက်ပဲရမယ်။
အဲ့တော့ကျွန်တော့်ဖန်တီးထားတဲ့Product ကို လူတော်တော်များများစီပေါက်အောင်နဲ့ ရောင်းအားအရမ်းကောင်းအောင် ကျွန်တော်ကဒီလိုလုပ်လိုက်တယ်။

ကျွန်တော့်Shampoo 1ဘူးကို 9000 နဲ့ရောင်းတယ်ဆိုပါစို့။
ဒါပေမဲ့ 2 ဘူးဝယ်ရင် 13000 ပဲကျသင့်ပါမယ်။
ဝယ်သူအနေနဲ့ ဒီလို2ဘူးဝယ်ပြီးတာနဲ့ Agent ဖြစ်ပါပြီ။
Agent ဖြစ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတော့ အဲ့လိုထပ်ဝယ်မဲ့Agent ဆယ်ယောက်ရရင် ဘာ Level ညာLevel ဖြစ်ပြီး နှစ်ဘူးကို 10000နဲ့ဝယ်ခွင့်ရပါမယ်။

ဒီအဆင့်လေးမှာပဲတွက်ကြည့်ရင် ကျွန်တော့်အနေနဲ့ First Person စီက 2ဘူးနဲ့ First Person ရှာထားတဲ့ 10ယောက် စီက ဘူး20နဲ့ပေါင်းပြီး စုစုပေါင်း 22ဘူးရောင်းလိုက်ရပါတယ်။

ဝင်ငွေအနေနဲ့ 13000*11=143000ဝင်ပြီး အရင်းအနေနဲ့ 2500*11=27500 ကုန်သွားပါတယ်။
အဲ့တော့အမြတ်အနေနဲ့ 115000ကျပ်မြတ်လိုက်ပါတယ်။

ဒါကဒီလောက်နဲ့မပြီးသွားပါဘူး။
First Person အောက်ကလူဆယ်ယောက်ဟာလည်း ပိုပြီးသက်သာတဲ့ဈေးနဲ့ရောင်းရဖို့ Bonus တွေရဖို့အတွက် လူဆယ်ယောက်စီထပ်ရှာကြဦးမှာပါ။
ဒီလိုနဲ့လူတွေများလာပြီး ကျွန်တော့်Products အောက်မှာ လူထောင်သောင်းချီပြီး Agent တွေရှိလာပါတယ်။
ဒါဆိုဘယ်အချိန်မှပြီးသွားမလဲ။
ဝယ်လိုအားတွေလျော့ကြသွားတဲ့အချိန်ကျရင် အကုန်လုံးက Agent တွေဖြစ်နေကြတဲ့အချိန်ကြရင်တောင် ကျွန်တော့်Product ရဲ့ ရောင်းဈေးဟာ 5000လောက်မှာပဲရှိနေမှာမို့လို့ ကျွန်တော့်အနေနဲ့မြတ်နေတုန်းပါပဲ။

ဒါဆိုဒီစနစ်ကကောင်းတာပဲဟာ Win-Win ပေါ့လို့ ဆိုလိုချင်တယ်ဆိုရင်လည်း မဟုတ်သေးပါဘူး။
ဒီစနစ်မှာဘယ်သူတွေကိုသွားထိခိုက်ရပါသလဲ?
ဘယ်သူတွေက အကျိုးမြတ်ရသွားပါသလဲ?

သူတို့ကလူဆွယ်တဲ့အခါ အရင်းအနှီးနည်းနည်းလောက်နဲ့ တစ်လ‌ဘယ်လောက်ရမယ်ဆိုပြီးဆွယ်ပါတယ်။
အဲ့တော့သူတို့အနေနဲ့ပိုက်ဆံဝင်တဲ့အချိန်ဟာAgent တွေဝင်ကြတဲ့အချိန်ပါပဲ။
ထိခိုက်ခံရတဲ့သူတွေကတော့ နောက်ဆုံးကျမှဝင်တဲ့Agent တွေပါပဲ။
သူတို့အနေနဲ့ ဝယ်လိုအားမရှိတော့တဲ့အခါပစ္စည်းတွေကို သောင်းချီပေးဝယ်ထားပေမဲ့ အချင်းချင်း 5000လောက်နဲ့ပြန်ရောင်းနေရတဲ့အခါ ပစ္စည်းတွေကသူတို့လက်ထဲမှာ သောင်တင်နေပါတယ်။
အရင်းတောင်ပြန်ရှာမရတဲ့အခြေအနေတွေနဲ့ပိုက်ဆံတွေဆုံးကြပါတယ်။
ဒီအခြေအနေမှာ ကျွန်တော်တိုက်သုံးလေး‌လုံးနဲ့ ကား‌သုံးလေးစီး ဝယ်စီးနေနိုင်ပါပြီ။

သူတို့အနေနဲ့ဘာလို့ဒီလောက်အထိထိုးဖောက်နိုင်လဲ?
MLM သမားတော်တော်များက Marketing အရမ်းကောင်းပြီး လူဆွယ်တာနဲ့မက်လုံးပေးတာအရမ်းတော်ပါတယ်။
ဒါ့အပြင် ဘယ်လိုလူထပ်ရှာရမယ် ဘယ်လိုမက်လုံးပေးရမယ်ဆိုတာကအစ သေချာသင်တန်းနဲ့ပြန်သင်ပေးတတ်ကြပါတယ်။
ဟိုအမပြောသလိုပဲ ပိုက်ဆံတွေဘယ်လောက်ဝင်ပါတယ်ဆိုပြီးရိုက်ရိုက်ကြွားနေတာကိုက သူတို့ရဲ့Marketing Strategyပါပဲ။
သူတို့အနေနဲ့အဓိကTarget ထားတာကလည်း ကျောင်းသူတွေ နဲ့ ဆယ်ကျော်သက်တွေကိုပါပဲ။
အဲ့တော့ ဘာမှမသိနားမလည်ပဲ MLM စနစ်ထဲ ရောက်ကုန်ကြပြီး အဲ့လိုနဲ့လူကတဖြည်းဖြည်း‌များလာတာပါ။
အခုထိမြင်နေတွေ့နေရသမျှတော့ လုပ်နေကြတဲ့သူတွေဟာ သူတို့ MLM စနစ်တစ်ခုထဲဝင်ရောက်နေရတယ်ဆိုတာ သူတို့ကိုယ်တိုင်မသိကြပါဘူး။

ကျွန်တော်ကြည့်ရသလောက်တော့ တကယ်ကောင်းတဲ့ ဘယ် Brand ကမှ အခုလိုမျိုး MLM စနစ်မသုံးပါဘူး။
Authorizeလုပ်ပြီး မြန်မာနိုင်ငံမှာ ဆိုင်တွေနဲ့ပဲပြန်ရောင်းကြပါတယ်။
ပြီးတော့ သူတို့ရဲ့ဝယ်လိုအားကလည်း ဘယ်တော့မှ လျော့ကျသွားတယ်ရယ်လို့ကိုမရှိပါဘူး။
တစ်ချို့ကMLMမဟုတ်ပါဘူး Direct Selling ပါဆိုပြီးငြင်းတယ်။
Direct Selling မှာ အခုလိုAgent ခေါ်နေတာတွေလည်းမရှိသလို ဘာLevel ညာLevelဆိုပြီးရှိစရာလည်းမလိုပါဘူး။
အခုချိန်သတိပေးရင်လည်း ငါတို့ဟာကအဲ့လိုမဟုတ်ဘူးဆိုပြီး ပေတေပြီးဆက်လုပ်နေမှာသိပါတယ်။
အရင်MLMတွေခေတ်စားခဲ့တုန်းက MLM company တစ်ခုက လူတွေအကုန်Agent တွေဖြစ်ကုန်ပြီး ဝယ်လိုအားမရှိတော့လို့ပိတ်သွားတဲ့အခါ ပိုက်ဆံတွေဆုံးပြီး စီးပွားပျက်သွားခဲ့တဲ့သူတွေဒုနဲ့ဒေးပါ။
အခုပြန်ခေတ်စားလာတော့လည်း ပစ္စည်းဝယ်လိုအားက Consumerတွေမဟုတ်ပဲ Agent ဝင်နေတာတွေကအဓိကပါ။
အဲ့တော့ပုံမှန်ဦးနှောက်နဲ့ပဲစဉ်းစားကြည့်ရင် Agent တွေများလာပြီး ရောင်းလိုအားကဝယ်လိုအားထက် အဆပေါင်းများစွာမြင့်တက်လာရင် အဲ့ပစ္စည်းတွေက လက်ထဲမှာသောင်တင်နေမှာပါပဲ။
ရိုးရိုးလေးပဲတွေးတတ်ပါစေ။

ဘယ်အဖွဲ့အစည်းကိုမှ ဆိုလိုခြင်းမဟုတ်ပါ။ :
လွန်ခဲ့တဲ့8နှစ် 9နှစ်က ခေတ်စားခဲ့တဲ့ MLM စနစ်ကြီးက ပေါ်တင်အသက်ပြန်ဝင်လာတာမြင်တွေ့နေရလို့ MLM စနစ်အကြောင်းပြောပြရခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။

By Lyn Htut NyanMLM

06/02/2022

မအိပ်မနေ......အသက်ရှည်
👇👇
ပစ္စည်း
ပျောက်လည်း..သက်သာစေ။

 #စစ်ကိုင်းြမိ့ုထဲတွင်မကြာခဏဆိုသလို #ဆိုင်ကယ်သူခိုးများ #ရဲတင်းစွာကျူးကျော်ခိုးယူနေမူ့များ #ဖြစ်ပေါဲလျှက်ရှိနေပါသဖြင့် #...
05/02/2022

#စစ်ကိုင်းြမိ့ုထဲတွင်မကြာခဏဆိုသလို
#ဆိုင်ကယ်သူခိုးများ
#ရဲတင်းစွာကျူးကျော်ခိုးယူနေမူ့များ
#ဖြစ်ပေါဲလျှက်ရှိနေပါသဖြင့်
#မိမိတုိ့ရပ်ကွက်အလိုက်၊
#ရပ်ရွာအလိုက်ရှိလူငယ်လူရွယ်များ
#စည်းစည်းလုံးလုံးတတ်ညီလက်ညီရှိကြဖို့နှင့်
#နိူးနိူးကြားကြားအိပ်စက်ပြီး
#မိမိတို့အိမ်ရှိဆိုင်ကယ်များကိုလည်း
#သေချာဂရုပြု၍
#ထားကြဖို့ပြောလိုပါတယ်

လူတိုင်းက ကိုယ့်အမှန်တရား နဲ့ ကိုယ်နေလို့ရပါတယ်၊👇👇👇အခြားလူတစ်ယောက် ရဲ့အမှန်တရား နဲ့ ထိပ်တိုက်မတွေ့မခြင်းပေါ့ဗျာ
28/01/2022

လူတိုင်းက
ကိုယ့်အမှန်တရား နဲ့ ကိုယ်နေလို့ရပါတယ်၊
👇👇👇
အခြားလူတစ်ယောက် ရဲ့
အမှန်တရား နဲ့
ထိပ်တိုက်
မတွေ့မခြင်းပေါ့ဗျာ

 #စစ်ကိုင်းမြို့ပန်းဘဲတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှနှုတ်ထွက်စာတင်ထားစစ်ကိုင်း ၊ ဇန်နဝါရီ-(၂၅)                       စစ်က...
25/01/2022

#စစ်ကိုင်းမြို့ပန်းဘဲတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှနှုတ်ထွက်စာတင်ထား

စစ်ကိုင်း ၊ ဇန်နဝါရီ-(၂၅)

စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသောင်းက ကျန်းမာရေးမကောင်းတဲ့အတွက် စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်ခြင်းမရှိတော့ပါ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်မှနှုတ်ထွက်ခွင့်ပြုရန် ယမန်နေ့ ဇန်နဝါရီလ (၂၄)ရက်နေ့ရက်စွဲဖြင့် နှုတ်ထွက်စာတင်ထားကြောင်းသိရှိရပါသည်။


#စစ်ကိုင်းသတင်းစုံ

 #စစ်ကောင်စီလက်ထက်လူမှုကွန်ရက်ပေါ်  ွှင့်ကြေညာလာသောပြည့်တန်ဆာလုပ်ငန်းရန်ကုန် သင်္ကန်းကျွန်းမြို့နယ်တွင်းက ပြည့်တန်ဆာလုပ်...
16/01/2022

#စစ်ကောင်စီလက်ထက်လူမှုကွန်ရက်ပေါ်
ွှင့်ကြေညာလာသောပြည့်တန်ဆာလုပ်ငန်း

ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်တွင်းက ပြည့်တန်ဆာလုပ်ငန်းတစ်ခုသည် ယမန်နေ့ညက ဖေ့စ်ဘုတ်တွင် Live လွှင့်ကာ ကြေညာမှုပြုနေခဲ့ပြီး ၎င်းတို့လုပ်ငန်းသည် စစ်အာဏာသိမ်းပြီးကာလအတွင်း ဖမ်းဆီးမှုများမဖြစ်အောင်စီမံထားနိုင်ခဲ့သည်ဟုပါ အဆိုပါလုပ်ငန်း၏မန်နေဂျာဆိုသူက ပြောသွားခဲ့သည်။
သင်္ကန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက်တွင်တည်ရှိသော Rainblow Myanmar သည်အနှိပ်ခန်းဟုဗန်းပြကာ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေ ရရှိနိုင်ကြောင်း အမျိုးသမီးငယ်များကိုပါပြသကာ စျေးနှုန်းများပါကြေညာသွားခဲ့သည်။
အဆိုပါပြည့်တန်ဆာလုပ်ငန်းကို ပေါ်ပေါ်ထင်ထင်လုပ်သော်လည်း စစ်ကောင်စီတပ်ကအာဏာသိမ်းပြီးကာလ အာဏာပိုင်များနှင့်ချိတ်ဆက်ထားသည်ဟု မန်နေဂျာက Live တွင် ဝန်ခံပြောသွားသည်။
" ကျွန်တော် ၇လပိုင်း ၂ရက်နေ့က စပြီး ဒီမှာ အလုပ်လုပ်တာ ဆိုင်စဖွင့်ကတည်းက အလုပ်လုပ်တာပါ ကျွန်တော်လုပ်နေတာ ခြောက်လ ကျော်ရှိပါပြီ။ ဒီလို ဖမ်းတာတွေ အရှုပ်အရှင်းတွေနဲ့ ပတ်သက်ပြီးလည်း ကျွန်တော် ဘာဖိအားပေးတာကိုမှ မကြုံဖူးဘူးဗျ။ လုံးဝအေးအေးဆေးဆေးပါပဲ။ လူကြီးပိုင်း​ဆိုင်ရာတွေနဲ့ အားလုံးအဆင်ပြေ ချောမွေ့အောင် သူတို့ဘာသာ လုပ်ထားပြီးသား အားလုံးစီစဥ်ထားပြီးသားပါ။ ဘယ်လိုပြသနာမှ ရှိလာစရာ ဘာအကြောင်းမှ မရှိပါဘူး'' ဟု သူက ပြောသည်။
Rainbow Myanmar ပြည့်တန်ဆာလုပ်ငန်းသည် ကနဦးက သာကေတတွင်ဖွင့်လှစ်ခဲ့ပြီး လှည်းတန်းသို့ပြောင်းရွှေ့ခဲ့ကာ မကြာသေးခင်ကမှ သင်္ကန်းကျွန်းမြို့နယ်သို့ထပ်မံပြောင်းခဲ့သည်။
"ဆိုင်က RK (Rich kids) သီးသန့်ကို အားကိုးတဲ့ဆိုင်မို့ ကိုယ်​ရေးကိုယ်တာအချက်အလက်တွေ
ကို လုံးဝထိန်းသိမ်းပေးပါတယ်။ ဆိုင်ကိုလာတဲ့ဧည့်သည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံးဝမပေါက်ကြားစေရဘူး။ ဓာတ်ပုံရိုက်တာမျိုး ကားတွေနဲ့ ပုံရိုက်တာမျိုး လုံးဝမရှိစေရဘူး'' ဟု မန်နေဂျာဆိုသူကပြောသည်။
Live လွှင့်ရာတွင် အမျိုးသမီးတစ်ဒါဇင်ခန့်ကို ပြသမိတ်ဆက်သွားခဲ့သည်။
တရားမဝင်ဖြစ်သည့် ပြည့်တန်ဆာလုပ်ငန်းသည် ယခင်ကတည်းကရှိသော်လည်း ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် Live လွှင့်ကြေညာရဲသည်ကတော့ရှားရှားပါးပါးဖြစ်သည်။

 #လုိင်း‌ေပါဲမှာတော့ မွေမွေ🤔 #တစ်ကယ်တမ်းကျတော့ ချေချေ😏
16/01/2022

#လုိင်း‌ေပါဲမှာတော့ မွေမွေ🤔
#တစ်ကယ်တမ်းကျတော့ ချေချေ😏

 ◾ ပိုင်တံခွန်အမှု အယူခံမဝင်တော့ဟု မိသားစုဝင်များပြောနိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အလုပ်ကြမ...
14/01/2022



◾ ပိုင်တံခွန်အမှု အယူခံမဝင်တော့ဟု မိသားစုဝင်များပြော

နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည့် သရုပ်ဆောင်ပိုင်တံခွန်၏အမှုအတွက် အယူခံ၀င်ရန် မိသားစုကငြင်းဆိုခဲ့ကြောင်း ရှေ့နေဦးခင်မောင်မြင့်ထံမှသိရသည်။

"ပုံမှန်အားဖြင့် အမိန့်ချတဲ့နေ့ကနေ ရက်ပေါင်း ၃၀ အတွင်း ခရိုင်တရားရုံးကိုတင်ရမှာ။ သူ့မိသားစုနဲ့ ကျွန်တော်တို့ တိုင်ပင်တဲ့အခါမှာ အယူခံတင်ချင်တဲ့ဆန္ဒမရှိတော့ဘူးလို့ပြောတဲ့အတွက် အယူခံမတင် ဖြစ်တော့တာပါ" ဟု ၎င်း၏ရှေ့နေက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
မော်ဒယ်လ်သရုပ်
ဆောင်ပိုင်တံခွန်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် ပုဒ်မ ၅၀၅(က) ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရားလိုပြသက်သေ စစ်ဆေးဆဲအဆင့်၌ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းမှတ်တမ်းများအရသိရသည်။

သရုပ်ဆောင်ပိုင်တံခွန်သည် ဖမ်းဆီးခံအနုပညာရှင်များထဲတွင် ပထမဆုံးအလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသူဖြစ်သည်။

မန္တလေးတွင် နှစ်ပေါင်း၄၀ကျော် နေထိုင်ခဲ့သည့်ပြည်သူများအား ကျူးကျော်သတ်မှတ်ခံရပြီး နေအိမ်များ ဖယ်ရှားမည်ဖြစ်၍ ကူရာမဲ့ဖြစ်...
14/01/2022

မန္တလေးတွင် နှစ်ပေါင်း၄၀ကျော် နေထိုင်ခဲ့သည့်ပြည်သူများအား ကျူးကျော်သတ်မှတ်ခံရပြီး နေအိမ်များ ဖယ်ရှားမည်ဖြစ်၍ ကူရာမဲ့ဖြစ်နေ

ဇန်နဝါရီ(၁၄)၊မန္တလေး

မန္တလေးမြို့တွင် နှစ်ပေါင်း၄၀ကျော် နေထိုင်ခဲ့သည့် ပြည်သူများအား ကျူးကျော်များအဖြစ် သတ်မှတ်ခံရ
ပြီး နေအိမ်များအား နစကမှ ဖယ်ရှားမည်ဖြစ်၍ ၎င်း တို့အနေဖြင့် ကူရာမဲ့ဖြစ်နေကြောင်း နေအိမ်ဖယ်ရှားခံ
ရမည့်ပြည်သူများက တညီတညွတ်တည်းပြောဆိုခဲ့
ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရန်ကုန်နှင့်မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်လုံးရှိ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ် ဓာတ်အားလိုင်းနယ်
မြေ၊ အစိုးရဌာနဆိုင်ရာမြေနှင့် ပုဂ္ဂလိကပိုင်မြေနေရာ များတွင် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ တရားဝင်ပိုင်ဆိုင်ခွင့်မရှိသူများမှ တရားမဝင် ကျူးကျော် နေထိုင်လျက်ရှိသူများအား ဇန်နဝါရီလအတွင်းနောက်ဆုံးဖယ်ရှားပေးရမည့်ရက်များသတ်မှတ်ပြီး ဖယ်ရှားရန် စီမံချက်ချမှတ်၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

သို့ဖြစ်ရာ မန္တလေးမြို့တွင် အမှန်တကယ်တရားမဝင် ကျူးကျော်နေထိုင်သူများရှိသော်လည်း သက်ဆိုင်ရာ မြို့နယ်အလိုက် အိမ်ခွန် အမှိုက်ခွန် လမ်းမီးခွန်များအား လစဉ်ပေးဆောင်ပြီးသက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့မှာ တရားဝင်အိမ်နံပါတ်များချထားပေးခဲ့ပြီး နေအိမ်များတွင်လည်း တည်ဆဲအစိုးရအသီးသီးက ချထားပေးခဲ့သော လျှပ်စစ်မီတာများရှိသည့်အပြင် မီတာခအားလည်း လစဉ် ပုံမှန်ပေးဆောင်၍ ၎င်းတို့နေထိုင်ရာနေရာများတွင်လည်း အနည်းဆုံးနှစ်ပေါင်း၂၀မှနှစ်ပေါင်း၄၀ကျော် အစဉ်အဆက်နေထိုင်ခဲ့ကြသော ပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ နိုင်ငံသားပြည်သူများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များအတွက် ၎င်းတို့၏ နေအ်ိမ်များ ဖယ်ရှားခံရမည့်အရေးကို လျော့ပေါ့စဉ်းစားပေးစေလိုကြောင်း နေအိမ်ဖယ်ရှားခံရမည့်ပြည်သူများက တညီတညွတ်တည်းပြောဆိုခဲ့ကြသည်။

``ကျနော်တို့ဒီမှာနေလာတာ နှစ်ပေါင်းများစွာကြာလာပါပြီ၊ဦးသန်းရွေလက်ထက်၊ဦးသိန်းစိန်လက်ထက်၊NLDအစိုးရလက်ထက်တွေမှာကတည်းက ဒီနေရာမှာ နေခဲ့ကြတာပါ။အစိုးရကိုပေးရမယ့် အခွန်အခအားလုံးကိုလည်း နိုင်ငံသားတစ်ဦးတာဝန်အနေနဲ့
အပြည့်အဝဆောင်ခဲ့ပါတယ်။အခု ကျနော်တို့နေအိမ်ကို ရထားလမ်းဧရိယာနဲ့မလွတ်လို့ဆိုပြီး ဒီလ၁၂ရက်မှာ ဖယ်ရှားပေးရမယ်ဆိုတဲ့စာကို စည်ပင်ကလာပေးသွားပါတယ်။ရှေ့အစိုးရအဆက်ဆက်ကလည်း ကျနော်တို့နေအိမ်တွေ ဖယ်ရှားမခံခဲ့ရပါဘူး။ဒါကြောင့် ကျနော်တို့နေအိမ်တွေ ဖယ်ရှားပေးရမယ့်ကိစ္စအပေါ်ကို လက်ရှိအစိုးရတာဝန်ရှိသူတွေအနေနဲ့ ငဲ့ညှာထောက်ထားပြီး လျော့ပေါ့ပေးပါလို့တောင်းဆိုချင်ပါတယ်´´ ရပ်ကွက်နေပြည်သူတစ်ဦးမှ ပြောသည်။

``ကျနော်တို့အနေနဲ့လည်း ပြည်သူတွေရဲ့နေအိမ်ဖယ်ရှားရမယ့်ကိစ္စအပေါ်စိတ်မကောင်းဖြစ်ရပါတယ်။ခုကိစ္စကလည်း အထက်ကနေ စီမံချက်ချဆောင်ရွက်နေတာဆိုတော့ ကျနော်တို့အနေနဲ့လည်း ပြည်သူကို ဘာမှ မကူညီပေးနိုင်ဘူးဖြစ်နေတယ်။နေအိမ်ဖယ်ရှားခံရမယ့်ပြည်သူတွေအနေနဲ့ နိုင်ငံတော်အဆင့်၊တိုင်းဒေသ ကြီးအဆင့် တာဝန်ရှိသူတွေဆီကို အသနားခံစာတင်
ပြီး အထက်အဆင့်ဆင့်က အသနားခံစာအပေါ် နားလည်လက်ခံပြီး လျော့ ပေါ့စဉ်းစားပေးမယ်ဆိုရင် သူတို့နေအိမ်ဖယ်ရှားခံမယ့်ကိစ္စတွေ အဆင်ပြေလာလိမ့်မယ်လို့ ထင်ပါတယ်´´ စည်ပင်တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ဖြစ်သော အောင်မြေသာစံ မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်း
မြသာစည်မြို့နယ်၊ ပြည်ကြီး တံခွန်မြို့နယ်နှင့်အမရပူရမြို့နယ်အတွင်း လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေနှင့်အစိုးရဌာနဆိုင်ရာမြေစသည်တို့၏ ဧရိယာတို့နှင့်မလွတ်သဖြင့် ဇန်နဝါရီလအတွင်း နေအိမ်ဖယ်ရှားခံရမည့် ပြည်သူအများအပြားရှိရာတွင် နိုင်ငံသားတစ်ယောက် တာဝန်ဖြစ်သော အခွန်အခများကို ပေးဆောင်ခဲ့ပြီး ၎င်းတို့နေထိုင်ရာနေရာများတွင်လည်း အနည်းဆုံးနှစ်ပေါင်း ၂၀မှနှစ်ပေါင်း၄၀ကျော် အစဉ်အဆက်နေထိုင်ခဲ့ကြသော ပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီမှ အကူအညီများပေးအပ်ရန်လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။

.crd

ဆင်းမ်ကတ်တွေကို ဘယ်နိုင်ငံမှာမှ အခု မြန်မာပြည်မှာလို လွယ်လွယ်ဝယ်မရဘူး ကီးပတ်ဖုန်းနဲ့ ဗုံးခွဲလို့ ကန့်သတ်တာလို့ စစ်ကောင်စ...
14/01/2022

ဆင်းမ်ကတ်တွေကို ဘယ်နိုင်ငံမှာမှ အခု မြန်မာပြည်မှာလို လွယ်လွယ်ဝယ်မရဘူး ကီးပတ်ဖုန်းနဲ့ ဗုံးခွဲလို့ ကန့်သတ်တာလို့ စစ်ကောင်စီပြော.....................
ဇန်နဝါရီ ၁၄

ဆင်းမ်ကတ်တွေကို ဘယ်နိုင်ငံမှာမှ အခု မြန်မာပြည်မှာလို လွယ်လွယ်ဝယ်မရဘူး ကီးပတ်ဖုန်းတွေနဲ့ ဗုံးခွဲနေလို့ ဆင်းမ်ကတ်အသုံးပြုမှုတွေကိုကန့်သတ်လိုက်တာ ဖြစ် တယ် လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၁ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ယင်းက “ နံပါတ်တစ် လုံခြုံရေးအခြေအနေပြောပါမယ်။ မည်သည့်နိုင်ငံမှာမှ ဆင်းကတ် ကို မြန်မာနိုင်ငံလို လွတ်လွတ်လပ်လပ်ဝယ်ခွင့်မရပါဘူး။ ခုကျွန်တော်တို့ ကီးပတ်ဖုန်း တွေနဲ့ ဗုံးခွဲနေတယ်။ ဆင်းကတ်တွေနဲ့ဗုံးခွဲနေတယ်။ ဘာကြောင့်လဲ ဒီဟာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကန့်သတ်ခြင်းဖြစ်ပါတယ်”လို့ပြောပါတယ်။

 #စစ်ကုိင်းမြို့နန္နဝန်ရပ်ကွက်တွင်ဆုိင်ကယ်ခိုးယူမှုဖြစ်ပွားစစ်ကုိင်း၊ ဇန်နဝါရီ (၁၄)ရက် ၊၂၀၂၂ စစ်ကုိင်းမြို့၊ နန္နဝန်ရပ်က...
14/01/2022

#စစ်ကုိင်းမြို့နန္နဝန်ရပ်ကွက်တွင်ဆုိင်ကယ်ခိုးယူမှုဖြစ်ပွား

စစ်ကုိင်း၊ ဇန်နဝါရီ (၁၄)ရက် ၊၂၀၂၂

စစ်ကုိင်းမြို့၊ နန္နဝန်ရပ်ကွက် နယ်မြေ(၉)တွင်
ဇန်နဝါရီလ (၁၃)ရက်နေ့ ညအချိန် (၂း၃၀) အချိန်ခန့်မှာ ခိုးယူမှုဖြစ်ပွားခဲ့တယ်လို့ ပိုင်ရှင်မှပြောပါတယ်။

"ညအချိန်(၂း၃၀)အချိန် ခန့်မှာခိုးယူမှုဖြစ်သွားပါတယ်။CZIThai Anboအပြာခဲနှင့်ဆိုင်ကလုံးYunde110 ဆိုင်ကယ်နှစ်စီး"‌ခုိးယူခံရပါတယ်။

စစ်ကုိင်းမြို့မှာခိုးယူမှုတွေ များပြားလာတဲ့အတွက် ပြည်သူ‌ တွေသတိ၊ဝီရိယနဲ့ နေကြဖို့လိုအပ်ပါတယ်။သူခိုးကို တွေ့ရှိခဲ့ရင်09-443009661ကိုအမြန်ဆုံး အကြောင်းကြားပေးစေလိုပါတယ်။

အလားတူ ၂၀၂၁ ခုနှစ်၊အောက်တိုဘာလ (၅) ရက်နေ့ ညနေပိုင်းတွင်လည်း
စစ်ကုိင်းမြို့၊နန္နဝန်ရပ်ကွက်နယ်‌ေြမ(၉)တွင်ဆိုင်ကယ်(၂)စီး၊ပိုက်ဆံ(၃)သိန်းနှင့်လပ်တော့တစ်လုံးကိုလည်းခိုးယူမူဖြစ်ပွားခဲပြီး ကာယကံရှင်တစ်ဦး၏
‌ေြပာြပချက်အရ ခွေးဘီးလူးကားတစ်စီးနှင့်လူ(၅)ယောက်မှာဓားများကုိယ်စီကုိင်‌ေဆာင်၍ရောက်ရှိလာပြီးသံတစ်ခါးကိုဖျတ်တောက်ပြီးဝင်ရောက်ခိုးယူတင်ဆောင်သွားခဲ့ကြောင်းလည်းသိရှိခဲ့ရပါသည်။

#စစ်ကိုင်းသတင်းစုံ
#ခိုးယူမှုဖြစ်ပွား #စစ်ကုိင်းသတင်းစုံ

Address

Sagaing
Sagaing

Telephone

+959443009661

Website

Alerts

Be the first to know and let us send you an email when စစ်ကိုင်းသတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category