25/08/2026
**တခါတလေ… ကိုယ်ချစ်ရတဲ့မြို့လေးတမြို့စီရောက်ဖို့ ခရီးထွက်စရာ မလိုပါဘူး...
ပန်းချီကားတစ်ချပ်ထဲ ဝင်ကြည့်လိုက်ရုံနဲ့ရောက်ရှိသွားနိုင်ပါတယ်**
မေမြို့ရဲ့ အမွေအနှစ်များဆီသို့ ကျွန်တော်တို့ ခေတ္တခဏ အတူသွားကြမယ်...
“HERITAGE OF MAY TOWN”
12th solo exhibition
Artist Lwin Lwin Kyaw
မေမြို့ဟာ ပန်းတွေ၊တောင်တန်းတွေ၊ရေတံခွန်တွေစတဲ့ သဘာဝအလှတွေသာမက အချိန်ကာလတစ်ခုရဲ့ အမှတ်တရများ၊ ယဉ်ကျေးမှုအငွေ့အသက်များနဲ့ အမွေအနှစ်များ ကို ထိန်းသိမ်းထားတဲ့ မြို့လေးတစ်မြို့ပါ...
ဒီလို “Heritage“တွေကို ထိန်းသိမ်းထားတဲ့ မြို့လေးရဲ့ ရှေးဟောင်းအဆောက်အဦးများ၊အမွေအနှစ်များရဲ့ ထူးခြားတဲ့ အငွေ့အသက်တွေကို artist Lwin Lwin Kyaw ဟာ ကိုယ်တိုင်ကိုယ်ကျလာရောက်၍ အောက်ဒိုးရေးဆွဲထားတဲ့ ရေဆေးပန်းချီများ ဖြင့် လတ်ဆတ်စွာ ဖန်တီးပုံဖော်ခဲ့ပါတယ်။
အချိန်တွေ ပြောင်းလဲသွားပေမယ့် မေမြို့ရဲ့ အလှတရားနဲ့ အမှတ်တရတွေ မပျောက်ကွယ်သွားစေဖို့—
ပန်းချီကားတချပ်ချင်းစီကနေ အတိတ်ရဲ့ အငွေ့အသက်တွေကို ပြန်လည်ခံစားကြည့်လိုက်ပါ။
📅 1 September to 5 September,2026
🕘 9:00 AM - 5:00 PM
📍 တောင်လှေကား – Home Art Gallery,
Pyin Oo Lwin
Preserving Our Past, Inspiring Our Future.
မေမြို့ရဲ့ အမွေအနှစ်များကို ပန်းချီဆရာတဦးရဲ့ နှလုံးသားဖြင့် ပြန်လည်ခံစားကြည့်ကြပါစို့။
#တောင်လှေကားHomeArtGallery #ပြင်ဦးလွင် #ရေဆေးပန်းချီ #ပန်းချီပြပွဲ