တောင်လှေကား-Home Art Gallery

Website

တောင်လှေကား-Home Art Gallery We offers a quiet space to enjoy pure, high-quality art. No coffee shop, no distractions—just art. A peaceful escape for art lovers in the Highland.

We proudly exhibit the private collection of our founder, featuring works by celebrated artists.

✨YOUNG AND BEAUTIFUL✨အလှဆိုတာ အသက်အရွယ်တစ်ခုတည်းနဲ့ သတ်မှတ်လို့ရတဲ့အရာ မဟုတ်ပါဘူး။တခါတလေ မီးအိမ်လေးတစ်လုံးရဲ့ နူးညံ့တဲ့အ...
28/09/2026

✨YOUNG AND BEAUTIFUL✨
အလှဆိုတာ အသက်အရွယ်တစ်ခုတည်းနဲ့ သတ်မှတ်လို့ရတဲ့အရာ မဟုတ်ပါဘူး။
တခါတလေ မီးအိမ်လေးတစ်လုံးရဲ့ နူးညံ့တဲ့အလင်းထဲမှာ အလှတရားတစ်ခုကို တွေ့ရတတ်သလို၊
သတင်းကျွတ်ညရဲ့ ရောင်စုံမီးပုံးလေးတွေကြားမှာလည်း ငယ်ဘဝရဲ့ အမှတ်တရတွေကို ပြန်လည်ခံစားမိတတ်ပါတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှုတွေ၊ ပွဲတော်တွေရဲ့ အငွေ့အသက်တွေ၊ ရိုးရာဝတ်စုံတွေနဲ့ လူငယ်ဘဝရဲ့ လန်းဆန်းတက်ကြွမှုတွေဟာ ကိုယ့်နိုင်ငံရဲ့ အလှတရားတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
ဒီလိုအလှတရားတွေကို အရောင်တွေနဲ့ ပြန်လည်ဖော်ပြထားတဲ့ ပန်းချီဆရာမ *Moh Moh Yin*ရဲ့ ပန်းချီလက်ရာတွေကို “YOUNG AND BEAUTIFUL”ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 🎨
*Young*ဆိုတဲ့စကားလုံးထဲမှာ ငယ်ရွယ်ခြင်းတင်မကဘဲ
အိပ်မက်တွေရှိခြင်း၊ မျှော်လင့်ချက်ရှိခြင်း၊ ဘဝကို အရောင်စုံနဲ့ မြင်တတ်ခြင်းတွေ ပါဝင်ပါတယ်။
*Beautiful*ဆိုတာလည်း အပြင်ပန်းအလှတရားတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။
ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားတတ်ခြင်း၊ ကိုယ်ပိုင်ဟန်အပြည့်ဖြင့်
ရိုးရာအမွေအနှစ်တွေကို ခေတ်သစ်အမြင်နဲ့ ပြန်လည်ဖန်တီးနိုင်ခြင်းဟာလည်း အလှတရားတစ်မျိုးပါပဲ။
သတင်းကျွတ်ကာလရဲ့ မီးရောင်တွေ၊ ပျော်ရွှင်စရာ အငွေ့အသက်တွေ၊ မြန်မာ့ရိုးရာဓလေ့တွေနဲ့အတူ လူငယ်တွေရဲ့ လန်းဆန်းတက်ကြွမှုကို ပန်းချီကားတွေပေါ်မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ပန်းချီကားတစ်ချပ်ချင်းစီဟာ ကြည့်ရှုသူတွေအတွက် အဓိပ္ပာယ်တစ်မျိုးစီ ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
တချို့ပန်းချီကားတွေက ကိုယ့်ရဲ့ ငယ်ဘဝကို ပြန်သတိရစေမယ်။
တချို့က မြန်မာ့ရိုးရာတွေကို ပြန်လည်တန်ဖိုးထားမိစေမယ်။
တချို့ကတော့ သီတင်းကျွတ်ညတွေရဲ့ နွေးထွေးတဲ့အမှတ်တရတွေကို ပြန်လည်ခံစားမိစေမယ်။
အနုပညာဆိုတာ မြင်ရုံနဲ့ ပြီးဆုံးသွားတဲ့အရာမဟုတ်ပါဘူး။
ပန်းချီကားတစ်ချပ်ကို ကြည့်ရင်း ကိုယ်ဘာခံစားမိသလဲ၊
ဘယ်အမှတ်တရကို ပြန်သတိရမိသလဲ၊
ဘယ်အရောင်က ကိုယ့်ရဲ့စိတ်ထဲမှာ အကြာကြီးကျန်ခဲ့သလဲဆိုတာက အနုပညာရဲ့ တန်ဖိုးတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် “YOUNG AND BEAUTIFUL”ပြပွဲလေးဟာ ပန်းချီကားတွေကို လာရောက်ကြည့်ရှုရုံသာမက—
**ငယ်ရွယ်ခြင်းရဲ့ အလှ၊
မြန်မာ့ရိုးရာရဲ့ အလှ၊
သတင်းကျွတ်အမှတ်တရတွေရဲ့ အလှ၊
နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ခံစားချက်တွေကိုပါ ပြန်လည်ရှာဖွေတွေ့ရှိနိုင်မယ့် နေရာလေးတစ်ခု ဖြစ်စေချင်ပါတယ်။ ❤️
သတင်းကျွတ်ညတွေရဲ့ အလင်းရောင်ထဲမှာ
ကိုယ့်ရဲ့ ငယ်ဘဝအမှတ်တရတွေကို ပြန်လည်ရှာဖွေကြည့်ပါ။
ပြီးတော့
“Young and Beautiful”ဆိုတဲ့ စကားလုံးနှစ်လုံးရဲ့ အဓိပ္ပာယ်ကို
ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ ခံစားနိုင်ဖို့အတွက်
အနုပညာချစ်မြတ်နိုးသူများအားလုံးကို
နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။ 🌸

“YOUNG AND BEAUTIFUL”
1st Solo Exhibition by Moh Moh Yin
📅 1 – 5 October 2026
🕘 9:00 AM – 5:00 PM
📍 တောင်လှေကား–Home Art Gallery

#တောင်လှေကား

တောင်လှေကား-Home Art Gallery နဲ့ Brick Studio တို့ပူးပေါင်းပြီး"Generation"ဆိုတဲ့ခေါင်းစဉ်နဲ့ တောင်လှေကား-Home Art Galle...
27/09/2026

တောင်လှေကား-Home Art Gallery နဲ့ Brick Studio တို့ပူးပေါင်းပြီး
"Generation"
ဆိုတဲ့ခေါင်းစဉ်နဲ့
တောင်လှေကား-Home Art Gallery မှာ
September လ 9ရက်နေ့ကစတင်ပြီး
အားလုံးနဲ့စီးမျှောခံစားခဲ့ကြတာ
ဒီကနေ့ September လ 27ရက်နေ့မှာပဲ
ပြပွဲလေး အောင်မြင်စွာ ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။

ပန်းချီပြပွဲလေးကို သောင်းသောင်းဖျဖျ လာရောက်ခံစားကြသော ဝယ်ယူစုဆောင်းကြသော တယောက်ချင်းစီတိုင်းအား အထူးပင်ကျေးဇူးတင်ရှိပါတယ်။

gallery လေးကို မနက်ဖြန်ကစပြီး 3ရက် ပိတ်ထားမှာဖြစ်ပြီး

2026 October လ 1ရက်နေ့မှာတော့ ကချင်ပြည်နယ်ကပန်းချီဆရာမလေးမို့မို့ယဉ်ရဲ့ “Young & Beautiful”ဆိုတဲ့ပထဆုံးအကြိမ်မြောက် ပန်းချီပြပွဲမှာ ချစ်စရာမြန်မာ့ရိုးရာပန်းချီကားများစွာနှင့်အတူ ပြန်လာခဲ့မှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။

ချစ်ရစွာသော ပန်းချီအနုပညာချစ်မြတ်နိုးသူများရဲ့တုန့်ပြန်မှုကို လေးနက်ယုံကြည်စွာကျေးဇူးတင်ပါတယ်။
ပြန်လည်ဆုံတွေ့ကြပါဦးမယ်နော်...

#တောင်လှေကား

26/09/2026

Young and Beautiful ကို ခံစားဖို့ အချိန်တန်ပါပြီ… ✨
မြန်မာ့ရိုးရာအလှတရားများ၊ ငယ်ရွယ်နုပျိုမှု၏အရှိတရားများကို အမျိုးသမီးတဦးရဲ့ နူးညံ့သိမ်မွေ့သော အမြင်များဖြင့် Traditional Aesthetics နှင့် Contemporary Expression တို့ ပေါင်းစပ်ဖွဲ့နွှဲ့ထားသော Moh Moh Yin ၏ ပထမဆုံး တစ်ကိုယ်တော်ပန်းချီပြပွဲလေးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

သီတင်းကျွတ်ကာလ၏ ကြည်နူးဖွယ်အငွေ့အသက်များကြားတွင် အနုပညာနှင့် ပြန်လည်တွေ့ဆုံနိုင်မည့် အခိုက်အတန့်တစ်ခုကို မိတ်ဆွေများအတွက် ပြင်ဆင်ထားပါတယ်✨✨✨

ပန်းချီကားတချပ်ချင်းစီမှာ အမှတ်တရများ၊ ခံစားချက်များနှင့် မြန်မာ့ယဉ်ကျေးမှု၏ နူးညံ့သိမ်မွေ့သော အငွေ့အသက်များကို အချိန်တခုအတွင်း သိမ်းဆည်းထားသည့် Visual Poetry များ ဖြစ်ပါသည်။

နုပျိုမှု လှပမှုတွေဟာ အရာရာတိုင်းမှာ တည်ရှိနေတာ မြင်တွေ့နိုင်တာဖြစ်လို့ လူသားအားလုံးဟာ Young and Beautiful ကို ခံစားဖို့ ထိုက်တန်ပါတယ် ✨

Young and Beautiful
1st solo exhibition by Moh Moh Yin
1 to 5, October,2026

#တောင်လှေကား

Sold Out 🔴Untitled (2026)Artist      - Muu Muu Medium - Acrylic on canvas Size        - 18 inches X 24 inchesCollected b...
22/09/2026

Sold Out 🔴
Untitled (2026)
Artist - Muu Muu
Medium - Acrylic on canvas
Size - 18 inches X 24 inches
Collected by Ma Chan Myae Win
Thank you for supporting the arts.Art is essential for long life,emotional healing,and inner peace.You now own a piece of that journey.

#တောင်လှေကား

Sold Out 🔴Untitled (2026)Artist      - Lwin Lwin KyawMedium - Acrylic on canvas Size        - 36 inches X 48 inchesColle...
22/09/2026

Sold Out 🔴
Untitled (2026)
Artist - Lwin Lwin Kyaw
Medium - Acrylic on canvas
Size - 36 inches X 48 inches
Collected by Ko Thaik Din Aung
Thank you for supporting the arts.Art is essential for long life,emotional healing,and inner peace.You now own a piece of that journey.

#တောင်လှေကား

တောင်လှေကား-Home Art Gallery တွင်ပြသနေသော “Generation”Selected works from a private collection ✨ ပြပွဲရဲ့ (13)ရက်မြောက်န...
22/09/2026

တောင်လှေကား-Home Art Gallery

တွင်ပြသနေသော

“Generation”
Selected works from a private collection
✨ ပြပွဲရဲ့ (13)ရက်မြောက်နေ့ မှာလာရောက်ကြည့်ရှုသူ၊ ပန်းချီကား ၀ယ်ယူအားပေးသူ မိတ်ဆွေ‌တွေကို ကျေးဇူးတင်ပါတယ်။

September လ 27ရက်နေ့အထိ တောင်လှေကား-Home Art Gallery မှာ ပြပွဲရှိနေမှာပါ။

အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းထဲက ပန်းချီကားတွေကို လာရောက် ခံစားကြည့်ကြပါလို့ပဲ ဖိတ်ခေါ်ပါရစေ။

#တောင်လှေကား

Sold Out 🔴Untitled (2022)Artist      - Muu Muu Medium - Acrylic on canvas Size        - 24 inches X 24 inchesPrice      ...
22/09/2026

Sold Out 🔴
Untitled (2022)
Artist - Muu Muu
Medium - Acrylic on canvas
Size - 24 inches X 24 inches
Price - 300Lakh
Collected by Ko Lin Ah Yone Soe
Thank you for supporting the arts.Art is essential for long life,emotional healing,and inner peace.You now own a piece of that journey.

#တောင်လှေကား

ဒီနေ့ တနင်္လာနေ့ဆိုတော့ Galleryလေးတစ်ရက်ပိတ်ပါတယ်နော်...မနက်ဖြန်မှာ အားလုံးနဲ့ပြန်တွေ့ကြမယ်...စကားမစပ် October လ 1 ရက်နေ...
21/09/2026

ဒီနေ့ တနင်္လာနေ့ဆိုတော့ Galleryလေး
တစ်ရက်ပိတ်ပါတယ်နော်...
မနက်ဖြန်မှာ အားလုံးနဲ့ပြန်တွေ့ကြမယ်...

စကားမစပ် October လ 1 ရက်နေ့မှာ တင်ဆက်ပြသမည့် ကချင်ပြည်နယ်ကပန်းချီဆရာမလေးတယောက်ဖြစ်တဲ့ ဆရာမမို့မို့ယဉ်ရဲ့ ပထမဦးဆုံး solo exhibition ပြပွဲကြီးအတွက် တောင်လှေကား-Home Art Gallery ရဲ့ အဖွဲ့သားတွေစတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ကြိုတင်အသိပေးလိုက်ပါတယ်နော်...

#တောင်လှေကား

တောင်လှေကား-Home Art Gallery တွင်ပြသနေသော “Generation”Selected works from a private collection ✨ ပြပွဲရဲ့ (11)ရက်မြောက်န...
19/09/2026

တောင်လှေကား-Home Art Gallery

တွင်ပြသနေသော

“Generation”
Selected works from a private collection
✨ ပြပွဲရဲ့ (11)ရက်မြောက်နေ့ မှာလာရောက်ကြည့်ရှုသူ၊ ပန်းချီကား ၀ယ်ယူအားပေးသူ မိတ်ဆွေ‌တွေကို ကျေးဇူးတင်ပါတယ်။

September လ 27ရက်နေ့အထိ တောင်လှေကား-Home Art Gallery မှာ ပြပွဲရှိနေမှာပါ။

အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းထဲက ပန်းချီကားတွေကို လာရောက် ခံစားကြည့်ကြပါလို့ပဲ ဖိတ်ခေါ်ပါရစေ။

#တောင်လှေကား

Sold Out 🔴Untitled (2011)Artist      - Muu Muu Medium - Acrylic on canvas Size        - 48 inches X 48 inchesCollected b...
18/09/2026

Sold Out 🔴
Untitled (2011)
Artist - Muu Muu
Medium - Acrylic on canvas
Size - 48 inches X 48 inches
Collected by Ko Htin Lin Htet
Thank you for supporting the arts.Art is essential for long life,emotional healing,and inner peace.You now own a piece of that journey.

#တောင်လှေကား

Address

ဇ/၅၈, ဒုဌဝတီလမ်း, ရပ်ကွက်ကြီး(၁၀), ပဒေသာမြို့သစ်, ပြင်ဦးလွင်မြို့။
Maymyo

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when တောင်လှေကား-Home Art Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category