Namti Art Gallery - နမ္မတီး အနုပညာပြခန်း

  • Home
  • Myanmar
  • Mandalay
  • Namti Art Gallery - နမ္မတီး အနုပညာပြခန်း

Namti Art Gallery - နမ္မတီး အနုပညာပြခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Namti Art Gallery - နမ္မတီး အနုပညာပြခန်း, Art Gallery, 79th Street, bet;27x28 street, Mandalay.

ဒဿနမပါသောရသမပါသောဖန်တီးမှုတိုင်းသည်အတတ်ပညာသက်သက်သာဖြစ်၏အနုပညာ မမည်ပေ
06/07/2026

ဒဿနမပါသော
ရသမပါသော
ဖန်တီးမှုတိုင်းသည်
အတတ်ပညာသက်သက်သာဖြစ်၏
အနုပညာ မမည်ပေ

15/05/2026
Artist Myo Lwinဝိဇ္ဇာပရမတ် တကိုယ်တော်ပန်းချီပြပွဲပထမနေ့ မြင်ကွင်းများ
15/05/2026

Artist Myo Lwin
ဝိဇ္ဇာပရမတ် တကိုယ်တော်ပန်းချီပြပွဲ
ပထမနေ့ မြင်ကွင်းများ

Artist မျိူးလွင်ရဲ့ ဝိဇ္ဇာပရမတ် တကိုယ်တော်ပြပွဲယနေ့ စတင်ခင်းကျင်းပြသပါပြီခင်ဗျာ
15/05/2026

Artist မျိူးလွင်ရဲ့ ဝိဇ္ဇာပရမတ် တကိုယ်တော်ပြပွဲ
ယနေ့ စတင်ခင်းကျင်းပြသပါပြီခင်ဗျာ

“လူသားတစ်ယောက်အနေဖြင့် လောကကြီးထဲမှာ သာမန်အတိုင်း ရှင်သန်နေသော်လည်း၊ အတွင်းစိတ်မှာမူ ကြယ်တာရာများကြား လွင့်မျောနေသကဲ့သို...
13/05/2026

“လူသားတစ်ယောက်အနေဖြင့် လောကကြီးထဲမှာ သာမန်အတိုင်း ရှင်သန်နေသော်လည်း၊ အတွင်းစိတ်မှာမူ ကြယ်တာရာများကြား လွင့်မျောနေသကဲ့သို့ ငြိမ်းချမ်းမှုအပြည့်နှင့် အရာရာကို အရှိအတိုင်း မြင်နေခြင်းကို ဝိဇ္ဇာပရမတ်၏ အမြင့်ဆုံး အနုပညာဟု ခေါ်ဆိုနိုင်ပါတယ်”တဲ့။

အဲ့ဒီထက် ပိုတိုးလို့ပြောကြည့်ရမယ်ဆိုရင် သစ်ရွက်တရွက်ကိုမြင်တဲ့အခါမှာ အဲ့ဒီအရာကို သစ်ရွက်လို့ ကောက်ချက်မချပဲ၊ အဲ့ဒီသစ်ရွက်ထဲမှာ စီးဆင်းနေတဲ့ ရေဓာတ်၊လေဓာတ်၊နေရောင်ခြည်နဲ့ မြေဆီလွှာတို့ရဲ့ အပြန်အလှန်ဆက်သွယ်မှုကို မြင်ခြင်းဟာ ပရမတ်အမြင်ဖြစ်ပါတယ်။

“ငါ”ဆိုတဲ့ အတ္တအစွဲကို အရည်ဖျော်လိုက်တဲ့အခါ ကျန်ရှိလာတဲ့ လွတ်လပ်မှုဟာ ဝိဇ္ဇာပရမတ်ရဲ့ ပန်းတိုင်ပေါ့။

ဆိုလိုချင်တာကတော့

ယခုလ၊မေလ ၁၅၊၁၆၊၁၇ရက်နေ့တွေမှာ ကျနော်တို့ရဲ့ နမ္မတီးပြခန်းက ပြုလုပ်မယ့် Artistမျိုးလွင်ရဲ့ ပန်းချီပြပွဲရှိပါတယ်။

ဒီပြပွဲမှာ ပြသမယ့် ပန်းချီကားတွေမှာ ရေးဆွဲသူရဲ့ လောကုတ္တရာအမြင်နဲ့ လောကီအနုပညာကို ဘယ်လိုမျိုးပေါင်းစပ် ပုံဖော်ထားသလဲဆိုတာကို လာရောက်ခံစားစေချင်တာပါ။

ရုပ် အမြင် ၊နာမ် အမြင် သဘာဝ သဘောတရား တွေကိုပစ္စုပ္ပန်မှာ ခံစားဖို့ရာ
ပန်းချီချစ်သူများအားလုံးကို လှိုက်လှဲစွာ ဖိတ်ကြားပါရစေ၊ နွေးနွေးထွေးထွေး ကြိုဆိုချင်ပါတယ်ခင်ဗျာ။

Namti Art Gallery
ကောင်းကျော်ကဖေး အပေါ်ထပ်
79လမ်း၊27x28လမ်းကြား၊မန္တလေးမြို့။
09-259171712

ယခု ပြသလျက်ရှိသော Artist K.T.Zinရဲ့ "Ho'oponopono" 5th Solo Showမှ ပန်းချီကားများပဲ ဖြစ်ပါတယ်။ ပြခန်းနေရာသို့ လူကိုယ်တို...
27/03/2026

ယခု ပြသလျက်ရှိသော Artist K.T.Zinရဲ့ "Ho'oponopono" 5th Solo Showမှ ပန်းချီကားများပဲ ဖြစ်ပါတယ်။

ပြခန်းနေရာသို့ လူကိုယ်တိုင် မလာရောက်နိုင်သော ပန်းချီချစ်သူမိတ်ဆွေများ အဝေးကနေ ခံစားကြည့်ရှုရင်း စုဆောင်းအားပေးနိုင်စေဖို့ပါ။

Namti Art Gallery
ကောင်းကျော်ကဖေး အပေါ်ထပ်
79လမ်း၊27-28လမ်းကြား၊မန္တလေးမြို့။
09-259171712

Ho'oponopono ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ဟာဝိုင်ယီပြည်နယ်ဆေးရုံမှာ စိတ်မနှံ့တဲ့ ရာဇဝတ်သားတွေကို ထားတဲ့ အဆောင်တစ်ခု ရှိခဲ...
24/03/2026

Ho'oponopono

၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ဟာဝိုင်ယီပြည်နယ်ဆေးရုံမှာ စိတ်မနှံ့တဲ့ ရာဇဝတ်သားတွေကို ထားတဲ့ အဆောင်တစ်ခု ရှိခဲ့ပါတယ်။ အခြေအနေက အရမ်းဆိုးလွန်းလို့ ဝန်ထမ်းတွေ ခဏခဏ အလုပ်ထွက်ကြပြီး လူနာတွေကလည်း ပိုရမ်းကားလာကြပါတယ်။
အဲ့ဒီအချိန်မှာ Dr. Hew Len က အဲ့ဒီဌာနမှာ တာဝန်ကျလာပါတယ်။ သူက လူနာတွေကို ကိုယ်တိုင်သွားတွေ့ပြီး ကုသတာမျိုး မလုပ်ပါဘူး။ သူလုပ်တာက -
လူနာတစ်ဦးချင်းစီရဲ့ ရာဇဝင်မှတ်တမ်းတွေကို ဖတ်ပါတယ်။
ဖတ်နေရင်းနဲ့ "ငါ့ရဲ့ စိတ်ထဲမှာ ဘယ်လို အညစ်အကြေးတွေ ရှိနေလို့ ဒီလူနာတွေ ဒီလိုဖြစ်နေရတာလဲ" ဆိုတာကို အဖြေရှာပါတယ်။
ပြီးရင် မိမိကိုယ်ကို ပြန်ကြည့်ပြီး "I’m sorry, Please forgive me, Thank you, I love you" ဆိုတဲ့ စကားစုတွေကိုပဲ စိတ်ထဲက ထပ်ခါတလဲလဲ ရွတ်ဆိုပါတယ်။
ဒါဟာ Ho'oponoponoပါပဲ။

အံ့သြစရာကောင်းတာက လအနည်းငယ်အတွင်းမှာပဲ လူနာတွေဟာ ငြိမ်သက်လာပြီး ဆေးရုံက ဆင်းခွင့်ရတဲ့အထိ သက်သာလာကြပါတယ်။ နောက်ဆုံးမှာတော့ အဲ့ဒီအဆောင်ကို ပိတ်လိုက်ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ဒါကတော့ Ho'oponoponoကို ပိုပြီးယုံကြည်လက်ခံလာစေခဲ့တဲ့ ဒေါက်တာ ဟူးလင်း(Dr.Hew Len)ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတခုပါ။

ယခု နမ္မတီးမှာ ၅ကြိမ်မြောက် တကိုယ်တော်ပြပွဲကို ကျင်းပပြုလုပ်မယ့် Artist K.T.Zinကလည်း
"Ho'oponoponoဆိုတဲ့ ဆုတောင်းစကားကို အကြိမ်ကြိမ်ရွတ်ဆိုခြင်းဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုနှင့် လေးစားတန်ဖိုးထားမှုများ ရင့်ကျက်စေသကဲ့သို့ ဘဝ၏မျှခြေကိုနားလည်စွာ ပြန်လည်ညှိယူနိုင်စွမ်းကို ညွှန်းဆိုခြင်းဖြစ်သည်။
သဘာဝကိုချစ်ပါ၊အရောင်များကိုချစ်ပါ၊
မိမိကိုယ်ကိုချစ်ပါ၊ဖန်တီးမှုကိုချစ်ပါ....ဟု ဖော်ဆောင်ခြင်းဖြစ်ပါသည်"ဆိုပြီး ဖော်ပြထားပါတယ်။

ကျနော်တို့ဟာ တခုခုဖြစ်ရင် သူတပါးကို အပြစ်တင်ဖို့ပဲ စဉ်းစားတတ်ကြပါတယ်။
"Ho'oponoponoကတော့ "ငါ့မှာလည်း တာဝန်ရှိတယ်"လို့ လက်ခံလိုက်တဲ့အတွက် ဒေါသနဲ့ အာဃာတတွေ လျှော့ချလိုက်မိပြီး ပြဿနာကို ဖြေရှင်းနိုင်စွမ်း‌တွေ ပိုကောင်းလာပါတယ်။
ဒါကြောင့်မို့ ဒီကျင့်စဉ်ဟာ မှော်အတတ်မဟုတ်ပဲ စိတ်ကိုသန့်စင်တဲ့ ကုထုံးလို့ပဲ သတ်မှတ်ရမှာပါ။

မိတ်ဆွေတို့အနေနဲ့ စိတ်ထဲမှာ လေးလံနေတဲ့အရာတွေကို ဖြေလျော့စေနိုင်ဖို့ရာ Artist K.T.Zinရဲ့ ပန်းချီကားများကို ခံစားရင်း "I’m sorry, Please forgive me, Thank you, I love you"ဆိုတဲ့ "Ho'oponopono"စကားစုလေးကို အတူတူ ရွတ်ဆိုကြရအောင်လားဗျာ။

Artist K.T.Zin
5th Solo Show
25th to 27th March 2026
Daily showtime - 8am to 6pm
Place - Namti Art Gallery - နမ္မတီး အနုပညာပြခန်း
ကောင်းကျော်ကဖေး အပေါ်ထပ်
၇၉လမ်း၊၂၇-၂၈လမ်းကြား၊မန္တလေးမြို့
09-259171712

ပန်းချီဆရာ ခင်မောင်ညို(ချင်းတွင်းရေကြည်)ရဲ့ ရသရနံ့ တကိုယ်တော်ပန်းချီပြပွဲ ပထမရက်မြင်ကွင်းများဖြစ်ပါတယ်။မရောက်ဖြစ်သေးသော ...
21/03/2026

ပန်းချီဆရာ ခင်မောင်ညို(ချင်းတွင်းရေကြည်)ရဲ့ ရသရနံ့ တကိုယ်တော်ပန်းချီပြပွဲ ပထမရက်မြင်ကွင်းများဖြစ်ပါတယ်။

မရောက်ဖြစ်သေးသော ပန်းချီချစ်သူမိတ်ဆွေများလည်း နောက်ရက်များမှာ လာရောက်ကြည့်ရှုကြဖို့
ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

Namti Art Gallery
ကောင်းကျော်ကဖေး အပေါ်ထပ်
၇၉လမ်း၊၂၇-၂၈လမ်းကြား၊မန္တလေးမြို့
၀၉-၂၅၉၁၇၁၇၁၂

20/03/2026

ပန်းချီခင်မောင်ညို(ချင်းတွင်းရေကြည်)
ရသရနံ့
တတိယအကြိမ် ပန်းချီပြပွဲ
၂၁၊၂၂၊၂၃ရက်၊မတ်လ၊၂၀၂၆
နံနက်(၉)နာရီ မှ ညနေ(၆)နာရီ အထိ

နမ္မတီးအနုပညာပြခန်း
ကောင်းကျော်ကဖေးအပေါ်ထပ်
၇၉လမ်း၊၂၇-၂၈လမ်းကြား၊မန္တလေးမြို့။
၀၉-၂၅၉၁၇၁၇၁၂

Address

79th Street, Bet;27x28 Street
Mandalay
05023

Website

Alerts

Be the first to know and let us send you an email when Namti Art Gallery - နမ္မတီး အနုပညာပြခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share