ပရိတ္တဝါ - ဂယ်လာရီကဖေး

Call

ပရိတ္တဝါ - ဂယ်လာရီကဖေး အနုပညာ၊ ကော်ဖီ၊ ခံစားမှုသက်သက်အပေါ် အရူးအမူး ယုံကြည်ခြင်း...

10/10/2026

အေးအေးဆေးဆေး ကော်ဖီဒေး

10/10/2026

“ရှင်သန်” တဲ့။ မရှင်သန်ချင်တဲ့ရက်တွေ၊ ရှင်သန်လိုစိတ်မရှိတဲ့ရက်တွေ၊ ရှင်သန်ချင်ပေမက် မရှင်သန်နိုင်အောင်ဖိစီးထားတဲ့ရက်တွေအတွက် "ရှင်သန်” ဆိုတဲ့အစီစဉ်တခုကို ပရိတ္တဝါမှာဖိတ်ခေါ်ထားပါတယ်။

လောကဓံဟာ ၈ပါးရှိသတဲ့။ လောကဓံ ၈ပါးကြားမှာ ကိုယ့်စိတ်ကလေးဟာ ရှင်သန်နေမှ၊ ကိုယ့်နှလုံးသားလေးဟာရှင်သန်နေဖို့ ဒါဟာအရေးကြီးဆုံးမဟုတ်လားလေ။

walk-in လည်းရသလို၊ ဒီလင့်ခ်မှာ reqလုပ်ပေးရင်လည်းပို့အဆင်ပြေတာပေါ့။ ကော်ဖီနဲ့ပန်းတွေလည်းစီစဉ်ထားသမို့ ဆက်ဆက်လာjoin ဖို့ ဖိတ်ပါတယ်ဗျာ။

https://forms.gle/GmXxAnkYxqRPNc9T6

ပရိတ္တဝါ x ရှင်သန်
ပရိတ္တဝါဂယ်လာရီ
32, 69x70ကြား ၊မန္တလေးမြို့
09754025796
09963620517

edit. Bunny on the Moon : the Exhibition ဟာလည်းဆက်လက်ပြသထားဆဲပါခင်ဗျ။

#ပရိတ္တဝါဂယ်လာရီ

08/10/2026

စိတ်အေးလက်အေးအရသာခံရတဲ့နေ့ရက်တွေပါပဲ💜
#ပရိတ္တဝါဂယ်လာရီကဖေး


07/10/2026

ပန်းပန်ပါ မှ Bunny on the Moon အထိတဲ့။ တင်ဆက်ပြသနိုင်ခဲ့သော ပြပွဲ ၇၃ပွဲမှသည် ပြပွဲပေါင်း ၇သိန်း ၇သန်းအထိ တင်ဆက်ပြသနိုင်ပါရစေဗျာ။ မိတ်ဆွေများအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။

#ပရိတ္တဝါဂလာရီကဖေး

Bunny on the MOON : the Exhibition 4~10. Oct . 2026ပရိတ္တဝါအနုပညာပြခန်း33, 69 x 70, Mandalay 09963620517095128549 #ပရိတ္...
07/10/2026

Bunny on the MOON : the Exhibition
4~10. Oct . 2026
ပရိတ္တဝါအနုပညာပြခန်း
33, 69 x 70, Mandalay
09963620517
095128549

#ပရိတ္တဝါဂယ်လာရီ


Bunny on the Moon : the Exhibition - concept statement ပထမဦးစွာ Bunny on the Moon ပြပွဲဟာ ချစ်ခြင်းမေတ္တာကိုအခြေခံတဲ့ပြပ...
06/10/2026

Bunny on the Moon : the Exhibition - concept statement

ပထမဦးစွာ Bunny on the Moon ပြပွဲဟာ ချစ်ခြင်းမေတ္တာကိုအခြေခံတဲ့ပြပွဲဖြစ်တယ်လို့ပြောပါရစေ။ ငွေကြေးတွေ အောင်မြင်ကျော်ကြားမှုတွေဘာတခုမှ ရယူလိုခြင်းမရှိပဲ bunny ရဲ့ပရိတ်သတ်တွေနဲ့ အနုပညာခံစားသူဧည့်သည်များအပေါ်တန်ဖိုးထားချစ်ခင်ရခြင်းကြောင့် တင်ဆက်ပြသတဲ့ပွဲဖြစ်ပါတယ်။

ဒီပြပွဲမှာ Bunny on the Moon concert ရဲ့ LED board ပေါ်မှာပြသခဲ့တဲ့ ပန်းချီကားတွေကိုမူရင်းပြသတာဖြစ်ပါတယ်။ ပြပွဲပြသတဲ့အခါ ချိတ်ဆွဲတာထက်ပိုတဲ့ တင်ဆက်မှုကိုဖန်တီးချင်ခဲ့ပါတယ်။ Bunny ရဲ့ show ကိုinspired ယူပြီး လကမ္ဘာကိုဖန်တီးခဲ့ပါတယ်။ လကမ္ဘာကိုဖန်တီးတဲ့အခါ မျက်နှာကျက်ကနေ ဆိုင်းယူရတာဖြစ်ပြီး အလေးချိန်နဲ့အရွယ်အစားအတွက် အများကြီးစဉ်းစားခဲ့ရတယ်။ စက္ကူနဲ့သီးသန့်ဖန်တီးခဲ့ပါတယ်။

ဆရာကြီးဦးဝင်းဖေရဲ့ပန်းချီကားကို အဓိကယူထားပြီး လကမ္ဘာရဲ့အရိပ်ဟာ ဆရာကြီးရဲ့ပန်းချီကားအောက်မယ် ကွက်တိကျနိုင်ဖို့ ကြိုးစားတွက်ချက်ခဲ့ရပါတယ်။ Bunny on the Moon ဆိုတဲ့အဓိကconceptက ဆရာကြီးဦးဝင်းဖေရဲ့ပန်းချီကားရဲ့အောက်က လကမ္ဘာရဲ့အရိပ်ဖြစ်ပါတယ်။ လကမ္ဘာပေါ်က ယုန်ကလေးဆိုတာမြင်တွေရမှာပါ။

နောက်အင်္ကျီတွေလေပေါ်ပျံတဲ့ကိစ္စပါ။ ထင်တာမြင်တာမြင်တာထက်ပိုခက်တဲ့ကိစ္စပါပဲ။ bunnyရဲ့ အင်္ကျီတွေဖြစ်လို့ မပျက်စီးအောင်လုပ်ရသလို ခန္ဓာကိုယ်တခုလိုဖောင်းနေအောင်အတွက်လည်းဖန်တီးခဲ့ရပါတယ်။ လေပေါ်ပျံနေတဲ့အင်္ကျီတွေချိတ်တဲ့သံပန်းဒီဇိုင်းဟာ galaxy way ကို ဒီဇိုင်းယူထားတာဖြစ်ပါတယ်။

နောက်တခုက ဒီပြပွဲဟာဝင်ကြေးအခမဲ့ဖြစ်ပြီး Bunny Phyoe Presents အဖြစ်တင်ဆက်ပြသခဲ့တာဖြစ်ပါတယ်။ သူသီချင်းဆိုတဲ့ မိုက်ကိုပါ ထည့်သွင်းပြသထားပါတယ်။ သူ့ရဲ့ပရိတ်သတ်များအပေါ်ထားရှိတဲ့ချစ်ခြင်းကိုသေချာထည့်သွင်းထားပြသထားပါတယ်။ ကျနော်တို့ရဲ့ ပြသလိုသောအနုပညာများနဲ့ချစ်ခြင်းမေတ္တာကို ဖမ်းယူခံစားကြဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။

*လကမ္ဘာဒီဇိုင်းဟာ Artistကေလာဖန်တီးပေးပြီး၊ အင်္ကျီများလေပေါ်ပျံတဲ့ဒီဇိုင်းဟာ Artistမင်းခန့်ဖန်တီးပေးတာဖြစ်ပါတယ်။

Bunny on the MOON : the Exhibition
4~10. Oct . 2026
ပရိတ္တဝါအနုပညာပြခန်း
33, 69 x 70, Mandalay
09963620517
095128549

#ပရိတ္တဝါဂယ်လာရီ


Bunny on the Moon ပြပွဲမှာ ပြသထားသော ပန်းချီကားများဖြစ်ပါတယ်ခင်ဗျာ။ ဒီပြပွဲမှာပြသတဲ့ပန်းချီကားများဟာ Bunny on the Moon c...
05/10/2026

Bunny on the Moon ပြပွဲမှာ ပြသထားသော ပန်းချီကားများဖြစ်ပါတယ်ခင်ဗျာ။ ဒီပြပွဲမှာပြသတဲ့ပန်းချီကားများဟာ Bunny on the Moon concert ရဲ့ LED board မှာပြသခဲ့သောကားများဖြစ်ပါတယ်။ ဒီပြပွဲမှာတော့ original ပန်းချီကားများကိုပြသတာဖြစ်ပါတယ်ခင်ဗျာ။

Bunny on the MOON : the Exhibition
4~10. Oct . 2026
ပရိတ္တဝါအနုပညာပြခန်း
33, 69 x 70, Mandalay
09963620517
095128549

#ပရိတ္တဝါဂယ်လာရီ


03/10/2026

ပြပွဲတစ်ခုအကောင်းဆုံးပီပြင်စေဖို့ သေချာလေးပြင်ဆင်ဖြစ်
#ပရိတ္တဝါဂယ်လာရီကဖေး
#ပရိတ္တဝါအနုပညာပြခန်း


Address

33 Street Between 69&70Street
Mandalay

Telephone

+9595128549

Website

Alerts

Be the first to know and let us send you an email when ပရိတ္တဝါ - ဂယ်လာရီကဖေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category