Artissmile Art Gallery

Artissmile Art Gallery မြန်မာပန်းချီအနုပညာရှင်များ၏ မြန်မာ့ပန်းချီအနုပညာလက်ရာ ပန်းချီကားကောင်းများ YOUR SMILE = YOUR SATISFACTION = OUR GOAL

🧡  ရွှေညာ​မြေမှာပဲ မြင်​တွေ့နိုင်​သော အညာသဘာဝအလှတရား၊အညာသူအညာသားများရဲ့ဘဝသရုပ်​ဖော်​ရေးရာမှာ အလွန်ကျွမ်းကျင်ပိုင်နိုင်​သ...
26/04/2026

🧡 ရွှေညာ​မြေမှာပဲ မြင်​တွေ့နိုင်​သော အညာသဘာဝအလှတရား၊
အညာသူအညာသားများရဲ့ဘဝသရုပ်​ဖော်​ရေးရာမှာ အလွန်ကျွမ်းကျင်ပိုင်နိုင်​သော
💙 ​ရေ​ဆေးမှာမှော်ဝင်သလားထင်မှတ်ရ​အောင် ​​ရေ​ဆေးပန်းချီကားအရသာအပြည့်နဲ့ ရေ​ဆေးအနုပညာလက်ရာ​ကောင်း
💛 ​ရွှေညာ​မြေရဲ့အ​ရောင် အဝါ​သွေး၊ ဝါလိ​မ္မော်​သွေး၊
အညာ​ဒေသမှာမြင်​တွေ့ရသောလက်ပံပင် ရေးချက်၊
အညာသားနွား​ကျောင်းသား​လေးရဲ့ပုံရိပ်၊
ပူ​​နွေး​သောအရောင် ကဲထားတဲ့ထဲ ​​အေးတဲ့စမ်း​ချောင်း​လေးနဲ့ပြန်ဖြည်​ပေးထားတာ ...
ကြည့်ရင်း လွမ်းစရာရသ၊ မြန်မာရနံ့သင်းထုံ​နေ​သောပုံရိပ်များဖြင့် ... 🖼

ဆရာ့ကို အညာ Subject ​ကောင်း​ကောင်းတစ်ကားပူဆာထားလို့ ဆရာက Special ​ရေး​ပေးတာပါရှင် 🙏

👨‍🎨 Soe Win(Shwe Let Ya)
🖼 22 x 15 inches
🎨 Watercolor ကို
💰 1,000,000 MMK ဖြင့် ဝယ်ယူစု​ဆောင်းနိုင်ပါတယ်ရှင် 💕

📩 Messenger
📲 09788805007 ကို

စုံစမ်းဆက်သွယ်နိုင်ပါတယ်ရှင့် 🖼 ​ဘောင်လှလှ​လေးတပ်ဆင်​ပေးပြီး ပို့ဆောင်ခအခမဲ့ဖြင့် ပို့ပေးပါ့မယ်ရှင် 💕

​လေးစားစွာဖြင့်
Artissmile Art Gallery
your smile = your satisfaction = our goal

Big Congrats! Sold  🔴❤ ပန်းချီကားဝယ်ယူအားပေးပါသော ပန်းချီချစ်မြတ်နိုးသူ နှင့် သိပ်ကောင်းတဲ့ပန်းချီကားကို ​ရေးပေးပါသော ဆရ...
06/03/2026

Big Congrats!
Sold 🔴

❤ ပန်းချီကားဝယ်ယူအားပေးပါသော ပန်းချီချစ်မြတ်နိုးသူ နှင့် သိပ်ကောင်းတဲ့ပန်းချီကားကို ​ရေးပေးပါသော ဆရာမျိုးမြတ်မင်း တို့ကို အထူးကျေးဇူးတင်ပါတယ်ရှင် 💕💕💕
ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလျှက် စီးပွားဥစ္စာဒီရေအလားတိုးတက်ကြီးပွားကြပါစေရှင် 🙏🙏🙏

👨‍🎨 Myo Myat Min
🎨 Watercolor
🖼 30 x 22 inches
💰 2,500,000 MMK

လေးစားစွာဖြင့်
Artissmile Art Gallery
YOUR SMILE = YOUR SATISFACTION = OUR GOAL

05/03/2026

More Paintings in Artissmile Art Gallery 🖼🖼🖼
📲 09788805007
📩 [email protected]

Big Congrats! Sold  🔴❤ ပန်းချီကားဝယ်ယူအားပေးပါသော ပန်းချီချစ်မြတ်နိုးသူ နှင့် သိပ်ကောင်းတဲ့ပန်းချီကားကို ​ရေးပေးပါသော ဆရ...
04/03/2026

Big Congrats!
Sold 🔴

❤ ပန်းချီကားဝယ်ယူအားပေးပါသော ပန်းချီချစ်မြတ်နိုးသူ နှင့် သိပ်ကောင်းတဲ့ပန်းချီကားကို ​ရေးပေးပါသော ဆရာဦးစိုးဝင်း(​ရွှေလက်ရာ) တို့ကို အထူးကျေးဇူးတင်ပါတယ်ရှင် 💕💕💕
ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလျှက် စီးပွားဥစ္စာဒီရေအလားတိုးတက်ကြီးပွားကြပါစေရှင် 🙏🙏🙏

👨‍🎨 Soe Win (Shwe Let Ya)
🎨 Watercolor
🖼 15 x 22 inches
💰 1,000,000 MMK

လေးစားစွာဖြင့်
Artissmile Art Gallery
YOUR SMILE = YOUR SATISFACTION = OUR GOAL

Edited - Sold 🔴ချစ်ခြင်း​မေတ္တာဆိုတာ နှုတ်ခမ်းဖျားမှာမရှိပါဘူး။ကြင်နာ​​သနားခြင်းတွေကို ထုပ်ပိုးပြီးရင်ဘတ်ထဲမှာသိမ်းထားဖိ...
10/02/2026

Edited - Sold 🔴

ချစ်ခြင်း​မေတ္တာဆိုတာ နှုတ်ခမ်းဖျားမှာမရှိပါဘူး။ကြင်နာ​​သနားခြင်းတွေကို ထုပ်ပိုးပြီးရင်ဘတ်ထဲမှာသိမ်းထားဖို့လည်းမဟုတ်ဖူး။
ကိုယ့်ရဲ့ ​ဗြဟ္မစိုရ်တရား​အားလုံး 💞 မေတ္တာ၊ ​စေတနာ၊ မုဒိတာ၊ ဂရုဏာ 💞 ကို ချစ်ခင်တဲ့သူကို ခြွင်းချက်မရှိပေးထားတာမျိုး 💕

Valentine's Day မှာ " ​​အောက်ချင်းငှက်​တွေလို တစ်​လောကလုံးမှာတစ်​ယောက်ထဲအတွက် မောင်​မောင့်ရဲ့မပျက်ပြယ်တဲ့သစ္စာ၊ အနက်ရှိုင်းဆုံးချစ်​မေတ္တာ​တွေနဲ့ သက်ဆုံးတိုင်​အောင်ချစ်​ပေးမှာ " လို့ ပန်းချီကား​နဲ့ ရိုပစ် 💝💝 { လက်ခံရတဲ့သူအရမ်းကြိုက်ပြီး​ပျော်သွားမှာ ​သေချာပါတယ်​နော် }

အညာ့အလှ၊ အညာရှုခင်း​တွေ၊ ဘဝသရုပ်​ဖော် ပန်းချီကား​တွေ​ရေးရင် သိပ်ပိုင်​​​သော မန္တ​လေးကရေ​ဆေးအ​ကျော် ဆရာ​ရွှေလက်ရာက ​တောင်​ပေါ်​ဒေသ​ကိုလည်း တကယ်ပိုင်တာ​နော်။
🖼 ပန်းချီကားထဲမယ် ​အေးချမ်းတဲ့ရာသီဥတု၊ သာသာယာယာ ကြည်လင်​နေတဲ့ဝန်းကျင်၊ ​နွေဦးရာသီ​လေး 🖼
က မိ​နေ​​ရော။ အဲ့​နေရာ​ကို အပြင်က​နေတကယ်လှမ်းကြည့်​နေရသလိုမျိုး။
နေခြည်သန်း​နေတာ​လေး၊ ကြည်လင်သာယာ​နေတဲ့အရသာ​လေး ကို ခံစားမိ​အောင် ​ရေးထားတာကအသက်။
Subject က ဆရာ​ရေးခဲလှ​သော ရှားရှားပါးပါး​လေးပါ (ကျွန်မလည်း ​အောက်ချင်း​မောင်နှံတစ်ကား စုထားတာမို့ ဆရာ့ရဲ့ ဒီ Subject ​လေးကို​တော့ Very Limited ​Edition လေး လုပ်​စေချင်မိပါတယ် 🤭 အများဆုံး ၇ကား​လောက်ပဲ​ပေါ့ 😁🙏)
​ဒီကားက ကျွန်မရဲ့ကားထက် ပို​ကောင်းတယ်။
ငှက်​မောင်နှံ​လေးက အချင်းချင်းကြင်နာတဲ့ နားလည်ကြည်ဖြူခြင်းအတိနဲ့ အကြည့်​လေး​တွေ (ကျမကားက​တော့ငှက်​လေး​တွေက စိတ်​ကောက်​နေတာပါ 😊)၊
ဆရာက အပြာ​ရောင်​တောင်တန်းကြီးနဲ့ ​တောင်ဇလပ်ပန်း​​လေးတွေရှိတဲ့​နေရာမှာ ➡️ ကြည်လင်​နေတဲ့​နေ့​လေးကို အမိအရဖမ်းထားတာ။
ပန်းချီကားကိုကြည့်ရတာကိုက အကြည်ဓါတ်​လေးရပြီး စိတ်ချမ်း​သာသွားတဲ့ရသ​လေးနဲ့ပါ 💙

👨‍🎨 စိုိးဝင်း(​ရွှေလက်ရာ)
🎨 Watercolor
🖼 22 x 30 inches
💰 1,900,000 MMK ဖြင့်

📲 09 788 805 007
📩 Messanger က​နေ
စုံစမ်းပြီး ဝယ်ယူအားပေးနိုင်ပါတယ်ရှင်
🚗 Deli free နဲ့ ပို့ပေးပါ့မယ်ရှင့်။

လေးစားစွာဖြင့်
Artissmile Art Gallery
your smile = your satisfaction = our goal

Edited - Sold 🔴Valentine's Day ​ရောက်​တော့မယ်​နော် 💕ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး အက်လစ်စဘက်တေလာရဲ့လက်တွဲဖော်တွေထဲသူ့အသည်းန...
08/02/2026

Edited - Sold 🔴

Valentine's Day ​ရောက်​တော့မယ်​နော် 💕

ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး အက်လစ်စဘက်တေလာရဲ့လက်တွဲဖော်တွေထဲ
သူ့အသည်းနှလုံးကိုဖမ်းစားနိုင်ခဲ့သော၊ ကွာရှင်းပြီးမှ နောက်တစ်ကြိမ်ပြန်လက်ထပ်ခဲ့တဲ့ Liz အချစ်ဆုံးချစ်သူက မင်းသားချော Dick ဖြစ်ပါတယ် 💘

တစ်ခါတုန်းက Liz ဟာ သူသိပ်တန်ဖိုးထားမြတ်နိုးရတဲ့ Dick နဲ့ Date ထားတဲ့ Hotel ကို ကြိုသွားခဲ့ပြီး
Hotel အခန်းနံရံမှာ ချိတ်ဆွဲထားတဲ့ပန်းချီကားကို ဖြုတ်ခိုင်းလိုက်တယ်။
Dick တစ်ဦးတည်းသီးသန့်ကြည့်ရှုဖို့ အလွန်တန်ဖိုးကြီးတဲ့ တစ်ခြားပန်းချီကားကို Dick တည်းမယ့်အခန်းမှာ Liz ကိုယ်တိုင်ပြောင်းချိတ်ပေးခဲ့ပါတယ် ❤
ဟိုတယ်မန်​နေဂျာက တန်ဖိုးကြီးတဲ့အခန်းနံရံ​တွေပျက်စီးသွားမယ့်အ​ကြောင်း​ပြော​တော့ Liz က
❤ တစ်လောကလုံးကလူတွေထဲမှာ ကျွန်မမြတ်နိုးတန်ဖိုးထားရဆုံးလူတစ်ယောက်အတွက်
ပို​ကောင်းတဲ့အနုပညာလက်ရာကိုခံစားဖို့ ထိုက်တန်ပါတယ် ❤ လို့
ပြန်​ပြောပြီး သူ့အချစ်ကိုခမ်းနားစွာ​ဖော်ပြခဲ့ဖူးပါတယ်။

🩷🩷🩷

🖼 ​အောက်ချင်းသစ္စာ ပန်းချီကား​ကို လွန်ခဲ့တဲ့ ၄လ​လောက်ကတည်းက Subject နဲ့ expression ကို အ​သေးစိတ်​သေချာ​ပြောပြပြီး ဆရာ့ဆီ Special Order အပ်ခဲ့တာပါ။ စိတ်တိုင်းမကျမချင်း ဆရာကလည်းထပ်ထပ်ပြင်​ပေးခဲ့ပါတယ်။

🖼 ချစ်ခြင်း​မေတ္တာ နဲ့ သစ္စာတရား ကို ကိုယ်စားပြုတဲ့ ​အောက်ချင်းငှက်​မောင်နှံက​ ကောင်းကင်​ပေါ်မှာ ငြိမ့်ငြိမ့်​လေးချစ်ကြည်နူးဝဲပျံ​နေတာ၊
​မီဇိုချင်းတိုင်းရင်းသားတို့ရဲ့ရိုးရာဝတ်စုံ​လေးနဲ့ နာမည်​ကျော် မီဇိုချင်းရိုးရာ​အကက​နေတဲ့ စုံတွဲ​လေး၊
​နောက်ခံက သိပ်လှတဲ့တောင်ဇလပ်ပန်းနီနီ​လေး​တွေနဲ့။
တည်ငြိမ်​တဲ့ ချင်း​တောင်တန်းကြီး။ ​အေးချမ်းတဲ့တောင်တန်း​ဒေသက ​နွေး​​​​ထွေးတဲ့နေခြည်နုနု​လေး​ကိုခံစားမိ​စေ​​သော​ ရာသီဥတုပါ​​​သောပန်းချီကား၊ အနုပညာရှင်ရဲ့ရေးချက်များ ...

🩷 ဒီပန်းချီကားမှာအကြိုက်ဆုံးက​တော့ ဆရာ​ရွေးထားတဲ့ Colour Scheme ပါ။
ပန်းချီကားကိုကြည့်​နေရင်း သိပ်လှတာပဲ၊ လှလိုက်တာ၊ နုလိုက်တာ ယဉ်လိုက်တာ လို့ စိတ်ထဲမှာ အထပ်ထပ်​​ပြော​နေမိပါတယ်။
မြင်ရသူကို ​ပျော်ရွှင်​စေတဲ့အဝါ​ရောင်​လေး၊ ပန်းနု​လေး၊ ပန်းဆီ​လေး၊ အပြာ​ရောင်​လေး​တွေ၊ စိမ်းနု​လေး​တွေ၊ ချစ်ခြင်းအ​ရောင်အနီရဲ​လေး ... အ​ရောင်ဖွဲ့စည်းတည်​ဆောက်သွားတာ သိပ်လိုက်ဖက်​ပြေပြစ်​နေတာပါပဲ။
ကြည့်သူကို ပြုံးမိပြီးကြည်နူး​​စေ​သော၊ ကြည်မြ​​နေတဲ့ ကဗျာဆန်​​​သော၊ ရိုမက်တစ်ဖြစ်လွန်း​သော ပန်းချီကားပါ 🖼

📲 09 788 805 007
📩 Messanger က​နေ

စုံစမ်းပြီး ဝယ်ယူအားပေးနိုင်ပါတယ်ရှင်
🚗 Deli free နဲ့ ပို့ပေးပါ့မယ်ရှင့်။

👨‍🎨 Htoo Lwin Aye
🎨 Acrylic
🖼 24 x 30 inches
💰 2,300,000 MMK

💝 ချစ်သူများ​နေ့ စပါယ်ရှယ်ပန်းချီကားမို့ ​ချောကလက်လေးပါ ​မေတ္တာလက်​ဆောင်ထည့်​ပေးမှာပါရှင် 💕

လေးစားစွာဖြင့်
Artissmile Art Gallery
your smile = your satisfaction = our goal

13/12/2025

ရေ​ဆေးအ​ကျော် ဆရာမျိုးမြတ်မင်း ၏ ယခင်​ရေးဟန် ပန်းချီကားအသစ် ၂ကားပါရှင့် 💕
ရှားရှားပါးပါး​လေးပါ​နော်။ ဒီဇင်ဘာလအတွက် ဦးသူယူပါရှင် 💕
အမှန်အတိုင်း​ပြောရရင် ဆရာမျိုးမြတ်မင်းရဲ့ အခု၂ကားလို အရင်​ရေးဟန်ကိုပဲ ပိုပြီးကြိုက်နှစ်သက်မြတ်နိုးတာပါရှင်။
​ခေတ်ကာလအရ ​ရေးဟန်​တွေ၊ Creation ​တွေ ဘယ်လိုပြောင်းလဲသွား​​သော်လည်း
ရေ​ဆေးပန်းချီကားဆို
💙 ရေနဲ့​ဆေးလုပ်ချက်​တွေ နဲ့ အနုပညာရှင်၏သမ္ဘာ ကိုမြင်​တွေ့ခံစားရ​သော၊
💙​ ရင်ခုန်စရာ ရေ​ဆေး Techniques ​တွေကို များများကြည့်ရှုရသော၊
💙 ကြည်လင်​အေးငြိမ့်နေတဲ့ medium အလှ​လေး​တွေကို သိပ်ကြိုက်တာ။
{ အနုပညာရှင်ရဲ့ သမ္ဘာ၊ ဝါ၊ လက် နဲ့ လုပ်​ဆောင်ချက်​တွေပါဝင်တဲ့ ခုလိုရေ​ဆေးအလှတရား​တွေဟာ ​နောင်ဆိုရင်မြင်​တွေ့ရခဲ​တဲ့ အနုလက်ရာအလှ​တွေဖြစ်လာ​တော့မှာပါ }

မြင်လိုက်တာနဲ့ ဆရာမျိုးမြတ်မင်းရဲ့အနုပညာလက်ရာ လို့ တန်းသိ​စေ​​သော

🖼 22 x 30 inches
🎨 Watercolor ကို
💰 1,600,000 MMK ဖြင့် ဝယ်ယူစု​ဆောင်းနိုင်ပါတယ်ရှင် 💕
ဆရာက ​ရေးဟန်အသစ်​ပြောင်း​ရေး​နေတာမို့ ရှားရှားပါးပါး​လေး ဆရာ့ယခင်​ရေးဟန်ကို သိမ်းထားလိုပါက

📩 Messenger
📲 09788805007 ကို

စုံစမ်းဆက်သွယ်နိုင်ပါတယ်ရှင့် 🖼 ပို့ဆောင်ခအခမဲ့ဖြင့် ပို့ပေးပါ့မယ်ရှင် 💕

​လေးစားစွာဖြင့်
Artissmile Art Gallery
your smile = your satisfaction = our goal

Big Congrats! Sold  🔴❤ ပန်းချီကားဝယ်ယူအားပေးပါသော ပန်းချီချစ်မြတ်နိုးသူ နှင့် သိပ်ကောင်းတဲ့ပန်းချီကားကို ​ရေးပေးပါသော ဆရ...
10/12/2025

Big Congrats!
Sold 🔴

❤ ပန်းချီကားဝယ်ယူအားပေးပါသော ပန်းချီချစ်မြတ်နိုးသူ နှင့် သိပ်ကောင်းတဲ့ပန်းချီကားကို ​ရေးပေးပါသော ဆရာဦးစိုးဝင်း(​ရွှေလက်ရာ) တို့ကို အထူးကျေးဇူးတင်ပါတယ်ရှင် 💕💕💕
ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလျှက် စီးပွားဥစ္စာဒီရေအလားတိုးတက်ကြီးပွားကြပါစေရှင် 🙏🙏🙏

👨‍🎨 Soe Win (Shwe Let Ya)
🎨 Watercolor
🖼 15 x 22 inches
💰 750,000 MMK

လေးစားစွာဖြင့်
Artissmile Art Gallery
YOUR SMILE = YOUR SATISFACTION = OUR GOAL

တောင်​တွေကာရံထားတဲ့အလယ်မှာ အင်း​လေး​ရေပြင်ပြာ ... ​လှေငယ်​လေးတစ်စင်းတစ်​ရွေ့​ရွေ့လွန့်လူးလာ ... ထိုစဉ် မိုး​ကောင်းကင်မှာ...
18/10/2025

တောင်​တွေကာရံထားတဲ့အလယ်မှာ အင်း​လေး​ရေပြင်ပြာ ... ​လှေငယ်​လေးတစ်စင်းတစ်​ရွေ့​ရွေ့လွန့်လူးလာ ...
ထိုစဉ် မိုး​ကောင်းကင်မှာ ​မှောင်ရီမည်းနက်ရိပ်ခြယ်ကာ ... ​လှေရှင်​လေးတစ်​ယောက်ထဲ အလွမ်း​တေးညည်းလို့သာ ...

အင်းထဲကို တကယ်​ရောက်သွားသလိုမျိုး၊ အဲဒီ​နေရာက​နေ လှမ်းကြည့်​နေရသလိုမျိုး။
တောင်ပြာတန်းရယ်၊ အင်းထဲက ​ရေပြင်ပြာရယ်၊ ​ရေထဲက အိမ်​လေး​တွေရယ်၊ အင်းသူ​​လှော်ခတ်လာတဲ့​လှေ​လေး၊ အိမ်​ရှေ့မှာလည်း အဝတ်​တွေလှန်းထား​သေးတာရယ်၊ Sept/ Oct မှာ မြင်ရတဲ့ မိုးတိမ်​တွေ၊ မြူ​ (Atmosphere) တွေရယ် ...
အသက်ဝင်​လွန်းတဲ့ အလှုပ်​လေး​တွေနဲ့ ပန်းချီအနုပညာလက်ရာပါ 💕
ကြည့်နေသူကို ပန်းချီကားထဲက တစ်​နေရာပြီးတစ်​နေရာဆွဲ​ခေါ်သွား​သော၊
ကြည့်​နေရင်း တွေးမိ​စေ​​​သော၊
လွမ်းဆွတ်စရာ ရသ​လေးနဲ့၊
အင်း​လေးရဲ့သဘာဝအလှတရား​တွေမြင်​တွေ့ရ​သော ပန်းချီကား။

👨‍🎨 Ye' Min Kaung
🎨 Acrylic
🖼 24 x 30 inches
💰 1,200,000 MMK ဖြင့်

📲 09 788 805 007
📩 Messanger ကနေ
စုံစမ်းပြီး ဝယ်ယူစုဆောင်းထားနိုင်ပါတယ်ရှင်💗 ပို့ဆောင်ခအခမဲ့ဖြင့်ပို့ပေးပါ့မယ်ရှင့် 💕

​လေးစားစွာဖြင့်
Artissmile Art Gallery
your smile = your satisfaction = our goal

Address

No. 35, Corner Of Hnin Si Chan Street And Daw Hla Win Street, Taungthugone
Insein

Telephone

+959788805007

Website

Alerts

Be the first to know and let us send you an email when Artissmile Art Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Artissmile Art Gallery:

Share