My Blue Memory

My Blue Memory Memories Art

ကြည်ပြာရောင် ပန်းကလေးတစ်ပွင့်တစ်ခါတုန်းက ကောင်းကင်က ကြွေကျလာတဲ့ကြယ်လေးတစ်လုံးကနေ ပန်းလေးတစ်ပွင့်ပွင့်လာခဲ့တယ်။ပန်းကလေးက ...
25/02/2026

ကြည်ပြာရောင် ပန်းကလေးတစ်ပွင့်

တစ်ခါတုန်းက ကောင်းကင်က ကြွေကျလာတဲ့
ကြယ်လေးတစ်လုံးကနေ ပန်းလေးတစ်ပွင့်
ပွင့်လာခဲ့တယ်။
ပန်းကလေးက ကမ္ဘ​ာမြေပေါ်က ပန်းတွေထက်
ပိုပြီးထူးခြားပြီးတော့ ရနံ့ဟာလည်း ပိုသင်းတယ်။
ပန်းကလေးရဲ့ ပွင့်ဖပ်လေးတွေက
ကောင်းကင်အရောင်လို ကြည်လင်တဲ့
အပြာရောင်လေး၊သူ့ရဲ့ဝတ်ဆံက အဖြူရောင်...။
ပန်းကလေးက လိပ်ပြာလေးကို မေးတယ်
"ဘာလို့ တခြားပန်းတွေနဲ့ အဆင်းရော အချင်းပါ
မတူညီရတာလဲ''
လိပ်ပြာလေးက ပြန်မေးတယ်။
"မင်းက မေတ္တာရနံတွေ ဖြန့်ဝေဖို့ ကောင်းကင်က
နေ ကြွေကျလာတဲ့ ပန်းကလေးတစ်ပွင့် ဖြစ်လို့ပါ'' တဲ့။
art gallery

 #နေဝင်ချိန် ကို စွဲလမ်းမိတဲ့ ကောင်ကလေးတစ်ခါတုန်းက နေဝင်ချိန်ကို အမြဲမြင်တွေ့ချင်တဲ့ကောင်ကလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ကောင်က...
13/02/2026

#နေဝင်ချိန် ကို စွဲလမ်းမိတဲ့ ကောင်ကလေး

တစ်ခါတုန်းက နေဝင်ချိန်ကို အမြဲမြင်တွေ့ချင်တဲ့
ကောင်ကလေးတစ်ယောက်ရှိခဲ့ဖူးတယ်။

ကောင်ကလေးက ဘယ်မြို့ ဘယ်ရွာ ဘယ်ဒေသပဲ
ရောက်ရောက် နေဝင်ချိန်တွေကို အမြဲငေးကြည့်နေတတ်တယ်။

နေဝင်ချိန်​လေးက ကောင်ကလေးအတွက် စိတ်ခွန်အားတွေကို ပြန်လည်အားဖြည့်ပေးတဲ့ စိတ်အာဟာရ တစ်ခုလိုပဲ...။

လူတစ်ယောက်ကို ချစ်တဲ့အခါ ကောင်ကလေးက
နေဝင်ချိန်အတူကြည့်ခွင့်ရဖို့ တောင်းဆိုတတ်တယ်။

နေဝင်ချိန်လေးကို ချစ်ရသူနဲ့ လမ်းအတူ
မျှဝေခံစား လမ်းလျှောက်တတ်တယ်။

ဒီလိုနဲ့ကောင်ကလေးဟာ နေဝင်ချိန်တွေကို စွဲလမ်း
လာခဲ့ပါတယ်။



Boy

 #နွေဦးမှာ အထီးကျန်နေတတ်တဲ့ခုံတန်းလေး တစ်ခု ရှိခဲ့ဖူးတယ်။ခုံတန်းလေးဟာ ရွက်ကြွေတွေကို အဖော်ပြုပြီးနေရသတဲ့...။တစ်နေ့မှာ ဥ...
09/02/2026

#နွေဦးမှာ အထီးကျန်နေတတ်တဲ့
ခုံတန်းလေး တစ်ခု ရှိခဲ့ဖူးတယ်။

ခုံတန်းလေးဟာ ရွက်ကြွေတွေကို အဖော်ပြုပြီး
နေရသတဲ့...။

တစ်နေ့မှာ ဥသြငှက်လေးတစ်ကောင်က
အရွက်တွေ မရှိတော့တဲ့ သစ်ကိုင်းလေးမှာ နားပြီး
သူ့ရဲ့အဖော်ငှက်ငယ်ကို တမ်းတပြီး လွမ်းတေးလေး ဆိုနေခဲ့တယ်။

ခုံတန်းလေး က ငှက်ကလေးကို မေးလိုက်တယ်

"မင်းရဲ့ အသံကို သူကြားရလား''

ငှက်ကလေးက ပြန်ဖြေတယ်

"သူမကြားနိုင်ပေမယ့် ငါတော့ ဆိုနေမှာပါ
ဘာလို့လဲဆိုတော့ ငါက လွမ်းတေးဆိုရတာ နှစ်သက်လို့လေ"

ခုံတန်းလေး က ငှက်ကလေးကို မော့ကြည့်ပြီး
ဖြေလိုက်တယ်

"ငါက သူ့အလာကို မျှော်
သူ ပြန်သွားတဲ့အခါ ငေးကျန်ခဲ့ရတဲ့ ခုံတန်းလေးတစ်ခုပါပဲ ငှက်ကလေးရယ်...
ဒီနွေဦးမှာလည်း သူ့ကို ငါ မျှော်နေရပြန်တယ်"

နောက်ထပ် ပုံပြင်လေးတွေ ဖတ်ရှူခံစားချင်တယ်ဆိုရင် ဒီpage လေးကို like & Follow လုပ်ပေးပါဗျ😊
https://www.facebook.com/share/1NQwgmnt74/

#နွေဦး ပုံပြင်
#ခုံတန်းလေး
#ခေတ်လွန်းနေ



လူတစ်ယောက်ကို ချစ်ရတာကနေဝင်ချိန် သဲသောင်ပြင်ပေါ် လမ်းလျှောက်ရတဲ့အခိုက်အတန့်လေးပဲပေါ့ အချစ်ရယ်...။နူးညံ့တဲ့ အထိအတွေ့နဲ့ သ...
07/02/2026

လူတစ်ယောက်ကို ချစ်ရတာက

နေဝင်ချိန် သဲသောင်ပြင်ပေါ် လမ်းလျှောက်ရတဲ့
အခိုက်အတန့်လေးပဲပေါ့ အချစ်ရယ်...။

နူးညံ့တဲ့ အထိအတွေ့နဲ့ သဲထဲကို
ခြေဖဝါးလေး နစ်ဝင်သွားသလိုမျိုး

နွေးထွေးတဲ့ ဆည်းဆာနေရောင်လေးကို
ခံယူရသလိုမျိုး

ပျောက်ကွယ်ခါနီး နေမင်းကို ငေးကြည့်ရသလိုမျိုး

မင်းပါးပြင်ပေါ် ကျရောက်တဲ့ ဆည်းဆာနေရောင်လေးကို နမ်းရှိုက်ခွင့်ရသလိုမျိုး

သဲပြင်ပေါ်မှာ မင်းအမည်လေးကို ရေးထိုးခွင့်
ရသလိုမျိုး

ကမ်းစပ်ကို လာရိုက်ခတ်တဲ့ မြစ်ရေပြင်ကို
ထိတ်လန့်ရသလိုမျိုး

နေရောင်ခြည်ထက် နွေးတဲ့
မင်းအနမ်းကို ခံယူခွင့်ရတဲ့ အချိန်လေးလိုပေါ့...။






 #အိပ်မက်တွေ ပျောက်ရှသွားတဲ့ ကောင်မလေးတစ်ခါတုန်းက အိပ်မက်တွေ ပျောက်ရှသွားတဲ့ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးတယ်။အိပ်မက်တွေ ပေး...
04/02/2026

#အိပ်မက်တွေ ပျောက်ရှသွားတဲ့ ကောင်မလေး

တစ်ခါတုန်းက အိပ်မက်တွေ ပျောက်ရှသွားတဲ့
ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးတယ်။

အိပ်မက်တွေ ပေးဖူးတဲ့ သူချစ်ရတဲ့ ကောင်လေးကို အမြဲ အမှတ်ရနေတဲ့ ကောင်မလေးပေါ့။

ကောင်လေးနဲ့ ဝေးကွာသွားပေမယ့် ကောင်မလေးက ကောင်လေးကို တစ်နေ့မှ မေ့မရခဲ့ဘူး။

အဲဒီလိုနဲ့ပဲကောင်မလေးဟာ သူ့ရဲ့အိပ်မက်တွေ ပျောက်ရှသွားခဲ့ရတယ်။

တစ်နေ့မှာ ကောင်မလေးက အိပ်မက်တွေကို ရေးဆွဲပုံဖော်တတ်တဲ့ ကောင်လေးတစ်ယောက်နဲ့
ဆုံတယ်။
ဒါပေမဲ့လည်း...
အဲဒီကောင်လေးက ကောင်မလေးရဲ့ ပုံတူကို ရေးဆွဲပေးပြီး ကောင်မလေးကို ချန်ထားခဲ့ပြန်တယ်။

ဒီလိုနဲ့ ကောင်မလေးဟာ အိပ်မက်တွေ ထပ်ပြီး ပျောက်ဆုံးရပြန်သတဲ့။

တစ်နေ့မှာ...
ကောင်မလေးက အိပ်မက်တွေကို ပြန်ရှာတွေ့ဖို့အတွက် ရွှေရောင်ပန်းချီပြခန်းဆီ ရောက်လာခဲ့တယ်။

ဒီလိုနဲ့ ကောင်မလေးက
ပန်းချီကားထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ပြီး အိပ်မက်သစ်တွေ ထပ်ပြီး
မက်ခွင့်ရသွားခဲ့တယ်...။


photo

နေကြာတစ်ခင်းစာ ပျိုးထားတဲ့ အိပ်မက်တွေ🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻တစ်ခါတုန်းက အိပ်မက်တွေကို နေကြာတစ်ခင်းစာ ပျိုးထားတဲ့ ကောင်လေးတစ်ယ...
03/02/2026

နေကြာတစ်ခင်းစာ ပျိုးထားတဲ့ အိပ်မက်တွေ🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

တစ်ခါတုန်းက အိပ်မက်တွေကို နေကြာတစ်ခင်း
စာ ပျိုးထားတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်။🌻

ကောင်လေးက သူချစ်ရတဲ့ လူတွေကို နေကြာပန်းတစ်ပွင့်စီ ပေးပြီး သူ့ရဲ့အိပ်မက်
တွေကို ပြောပြခဲ့တယ်။

အဲဒီထဲမှာ သူနဲ့အနေဝေးသွားတဲ့ လူတစ်ယောက်အကြောင်းလည်း ပါခဲ့တယ်။🍃

ဒီလိုနဲ့ ကောင်လေးဟာ အဲဒီလူကို မျှော်ရင်းနဲ့
သူ့ရဲ့နေကြာတစ်ခင်းစာအိပ်မက်တွေ ကုန်ဆုံးသွားတဲ့ အထိပါပဲ...။

​နောက်ဆုံးတော့...ကောင်လေးဟာ
အနေဝေးတာ ကြာတဲ့
လူတစ်ယောက်အပေါ် မျှော်နေရင်းနဲ့ နေကြာပန်း
လေးတစ်ပွင့် ဖြစ်သွားခဲ့ရတာတယ်...။🌻

ကောင်လေးက အဲဒီလူဆီက ကဗျာလေးတစ်ပုဒ်
ရခဲ့ဖူးတယ်။

အချစ်ရယ် ...
ကိုယ် မင်းကို ပန်းဘုရင်လို လန်းရွှင်နေတာပဲ မြင်ချင်တယ်
နေကြာပန်းလို နေလာမှ လန်းတာမျိုး ကိုယ် မမြင်ချင်ဘူး တဲ့...။




 #အိပ်မက်ဆိုးတွေကို စားသုံးတဲ့ ရွှေရောင် ညနေခင်းStoryတစ်ခါတုန်းက အိပ်မက်ဆိုးတွေ မက်တဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးတယ်ညတွေ...
02/02/2026

#အိပ်မက်ဆိုးတွေကို စားသုံးတဲ့ ရွှေရောင် ညနေခင်း

Story

တစ်ခါတုန်းက အိပ်မက်ဆိုးတွေ မက်တဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးတယ်

ညတွေဆို အိပ်မက်ဆိုးမက်မှာစိုးလို့ ကောင်မလေးက အိပ်စက်ရမှာ အရမ်းကို ကြောက်နေခဲ့တာပေါ့

တနေ့မှာတော့
ကောင်လေးတစ်ယောက်က ကောင်မလေးကိုရွှေရောင်ညနေခင်းအချိန်လေးမှာ အိပ်မက်ဆိုးတွေ ဖမ်းတဲ့ Dream Catcher လက်ဆောင်လေးပေးခဲ့တယ်⭐💫🌙

အဲဒီနေ့ကစပြီး ကောင်မလေးက အိပ်မက်ဆိုးတွေ ဆက်မမက်တော့ဘူး တဲ့😊

ကောင်မလေးက သံစဥ်တွေ တီးခတ်နိုင်လာတယ်
စာအုပ်တွေ ဖတ်ဖြစ်လာတယ်🎶🎵🎼🎹
တစ်ကိုယ်တည်း အနားယူ ပျော်ရွှင်နေတတ်လာတယ်😊



Photo

ရောင်နီမျှော်တဲ့ မနက်ခင်း
20/02/2025

ရောင်နီမျှော်တဲ့ မနက်ခင်း

ဒေစီပန်းလေးတစ်ပွင့်ဆိုရင်နေရောင်ခြည်လေးက ကိုယ်ဖြစ်ချင်😊😊😊
16/01/2025

ဒေစီပန်းလေးတစ်ပွင့်ဆိုရင်

နေရောင်ခြည်လေးက ကိုယ်ဖြစ်ချင်😊😊😊

Address

Hpa-an , Kayin State
Hpa-an

Website

Alerts

Be the first to know and let us send you an email when My Blue Memory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category