13/07/2024
News✨✨✨
GalleryAnzu is back with a new collaboration with a young artist. Celebrating DASSK birthday, a new poster is here.
The profits are for IDPs.
We aim to produce only 20 posters for now.
Please preorder from our messenger or from this chat.
Thank you everyone ✨🙏
အမေစုမွေးနေ့အထိမ်းအမှတ်အနေနဲ့လူငယ်ပန်းချီဆရာလေးတစ်ဦးနဲ့ပူးပေါင်းစီစဉ်ထားပါတယ်။ အမေစုပိုစတာလေးပါ
၆လပိုင်းထုတ်ဖို့စီစဉ်ထားပေမယ့် ပန်းချီဆရာလေးဆရာတော်ဈာပနကူညီရင်းအဖျားကြီးမိလို့နောက်ကျသွားပါတယ်။
Abstract အဓိကဆွဲတဲ့ပန်းချီဆရာမလေးက သူတတ်နိုင်တဲ့ဖက်နဲ့ကူညီဖို့အမြဲစိတ်အားထက်သန်သူပါ။
သူ့ရဲ့ရင်ထဲကခံစားချက်ကိုလည်းဖတ်ကြည့်ကြပါဦး
She / Her 🌹
"မွေးနေ့အမှတ်တရဆိုတော့ သူမနဲ့ပတ်သက်လို့ ခေါင်းထဲပေါ်လာတာလေးတွေကို ရေးဆွဲထားဖြစ်ပါတယ်။ ပုံရဲ့ညာဘက်အောက်ထောင့်က ပန်းစည်းကိုင်ထားတဲ့ပုံက မတရားဖမ်းဆီးကွပ်မျက်ခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော်ကို အမှတ်ရပြီး ရည်ညွှန်းချင်တာပါ။ ပြီးတော့ အဘက်ဘက်က ဖိနှိပ်မှုတွေ ခြိမ်းခြောက်မှုတွေကြားမှာ သန်မာရဲရင့်တဲ့ နှင်းဆီတွေဟာလည်း သူမနဲ့အတူ နေရာအနှံ့မှာ အရှိန်အဟုန်မပြတ် ပွင့်လန်းစီးဆင်းနေဆဲပါဆိုတာ ပုံလေးကိုကြည့်ရင်း သိရှိခံစားနိုင်မှာပါ။"
ပိုစတာကတော့လောလောဆယ်အခုနှစ်ဆယ်ပဲထုတ်ဖို့ရည်ရွယ်ထားပါတယ်
ဂျပန်ပြည်တွင်းပါ
ပွဲတွေလည်းစိတ်နေလို့ ရောင်းရဖို့လည်းစိတ်ပူရလို့ အရင်ပရီအော်ဒါလေးကောက်ခံပါရစေ🙇♀️✨
ဒီပိုစ့်အောက်ကဖြစ်ဖြသ် မေ့ဆင်ဂျာကဖြစ်ဖြစ်
အော်ဒါတင်နိုင်ပါတယ်ရှင်
အမြတ်ငွေများကတော့ စစ်ဘေးရှောင်များအတွက်ဖြစ်ပါတယ်🙇♀️✨