Hera Chal Gallery

Hera Chal Gallery Be faithful to that which exists within yourself

OACETT certification process ကို စိတ်ဝင်စားတဲ့သူတွေအတွက် Associate Member ကနေ Certified Member (C.Tech / C.E.T.) ဖြစ်တဲ့...
05/19/2026

OACETT certification process ကို စိတ်ဝင်စားတဲ့သူတွေအတွက် Associate Member ကနေ Certified Member (C.Tech / C.E.T.) ဖြစ်တဲ့အထိ ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ process ကို knowledge sharing အနေနဲ့ မျှဝေပေးချင်ပါတယ်
(Applicant တစ်ယောက်နဲ့တစ်ယောက် assessment requirement က education နဲ့ experience ပေါ်မူတည်ပြီး မတူနိုင်ပါဘူးနော်

Part -1 အနေနဲ့ Associate member ကနေ Certified member process ကို အရင် ရှင်းပြသွားပါမယ်

Step 1 — OACETT Associate Member လျှောက်ခြင်း
ပထမဆုံး OACETT Associate Member အနေနဲ့ apply လုပ်ရပါတယ်။

ပုံမှန်လိုအပ်တတ်တဲ့ documents တွေက —
• Diploma / Degree Certificate
• Official & Unofficial Transcript
• Resume
• Job Description
• ID documents
• Canada မှာရှိတဲ့ status proof (Visa / PR / Citizenship)
• English Language Qualification
• Professional References

English မဟုတ်တဲ့ documents တွေဆို translation / notarization လိုနိုင်ပါတယ်

Documents submit လုပ်ပြီးရင် OACETT က ကိုယ့် academic background နဲ့ work experience ကို assessment လုပ်ပါတယ်။

Step 2 — Academic & Experience Assessment
ဒီအဆင့်မှာ OACETT က ကိုယ့် background က
✅ C.Tech pathway လား
ဒါမှမဟုတ်
✅ C.E.T pathway လား ဆိုတာ determine လုပ်ပေးပါတယ်။

လူတော်တော်များများက C.Tech နဲ့ C.E.T ကို ကိုယ်ရွေးလို့ရတယ်ထင်ကြပေမယ့် တကယ်တော့ OACETT assessment ပေါ်မူတည်တာပါ
Assessment လုပ်တဲ့အခါ —
• Education length
• Subjects studied
• Technical responsibility
• Work experience level တို့ကိုကြည့်ပြီး pathway assign လုပ်ပါတယ်။

C.Tech နဲ့ C.E.T ဘာကွာလဲ?

✅ C.Tech (Certified Technician)
ပုံမှန်အားဖြင့် —
• 2-year technician diploma
• Technician level responsibilities
• Support / implementation focused roles ရှိသူတွေကို assign လုပ်တတ်ပါတယ်။

✅ C.E.T. (Certified Engineering Technologist)
ပုံမှန်အားဖြင့် —
• 3-year technologist diploma or degree-equivalent education
• Higher technical responsibility
• Design, analysis, coordination, problem-solving work ရှိသူတွေကို assign လုပ်တတ်ပါတယ်။

Internationally educated applicants တွေအတွက်တော့ ကိုယ့် education ကို Canadian standard နဲ့ compare လုပ်ပြီး pathway determine လုပ်ပေးတာပါ

Hera ရဲ့ Pathway → C.E.T.
Hera ရဲ့ assessment result အရ OACETT က C.E.T pathway assign ပေးခဲ့ပါတယ်

Requirement list ထဲမှာ —
✅ English Language Benchmark
✅ Graduation from a 3-Year Acceptable Academic Program
✅ Minimum 2 Years of Acceptable Work Experience at Technologist Level
✅ Professional Practice Exam (PPE)
✅ Technology Report Proposal
✅Technology Report တို့ပါဝင်ပါတယ်။

Step 3 — PPE (Professional Practice Exam)
Eligibility approval ရပြီးမှ PPE exam register လုပ်လို့ရတာပါ 😊

အခု PPE exam က online on-demand system ဖြစ်တဲ့အတွက် fixed exam date မရှိတော့ပါဘူး။
Eligibility ရပြီးတာနဲ့ anytime register လုပ်ပြီး ကိုယ်အဆင်ပြေတဲ့နေ့ online ဖြေလို့ရပါတယ်

Step 4 — Technology Report
C.E.T applicants တချို့အတွက် —
• Technology Report Proposal
• Technology Report တင်ရပါတယ်။

ဒီ report က ကိုယ့် technical/project experience အပေါ်အခြေခံပြီးရေးရတာဖြစ်ပြီး
technical knowledge, problem-solving skill, communication ability နဲ့ professional competency တွေကို demonstrate လုပ်ရတာပါ

Final Step — Certified Member
Assign ပေးထားတဲ့ requirements အားလုံး complete ဖြစ်သွားရင် —
✅ Academic requirement
✅ Work experience
✅ PPE exam
✅ Technology report (if assigned)
✅ Reference & document review

ပြီးတဲ့အခါ Official Certified Member designation ရရှိနိုင်ပါတယ်

ဆိုလိုတာက —• C.Tech ဒါမှမဟုတ်• C.E.T. designation ကို officially အသုံးပြုလို့ရသွားတာပါ
International students နဲ့ internationally educated professionals တွေအတွက် ဒီ process က အချိန်ယူရပေမယ့် Canada မှာ professional recognition ရဖို့ အရေးကြီးတဲ့ journey တစ်ခုလို့ ထင်ပါတယ် 🇨🇦😊

Part-2 မှာ
ဘယ် diploma/degree တွေ accept ဖြစ်လဲ?
Job description ဆိုတာဘာလဲ?
Professional reference ကဘာလဲ?
English language requirement ကဘာလိုတာလဲ?

Part -3 မှာ
PPE / IEPPE Exam ဆိုတာဘာလဲ?
PPE နဲ့ IEPPE ကဘာကွာလဲ?
ဘယ်အချိန် register လုပ်လို့ရလဲ?
Study Package ကဘာတွေပါလဲ?
OACETT PPE / IEPPE ကို Self-Study ဘယ်လိုလုပ်သင့်လဲ?

ဆက်ရေးသွားပေးမှာမလို့ စောင့်ဖတ်ပေးပါနော်

If the path to what you want seems too easy, then you are on the wrong path.
(မင်းသွားချင်တဲ့ လမ်းကြောင်းက လွယ်လွန်းနေရင် မင်းလမ်းကြောင်းက မှားနေပြီ)

Hera diary in Maple Land 🍁
Keep on going and Keep smiling 😊

Hera ရဲ့ page လေးကို ပြန်ပြီး activate လုပ်လိုက်ပါပြီနော် ✨အလုပ်တွေရှုပ်နေတာရယ် ၊ မထင်မှတ်ထားတဲ့ life challenges တွေကြော...
12/04/2025

Hera ရဲ့ page လေးကို ပြန်ပြီး activate လုပ်လိုက်ပါပြီနော် ✨

အလုပ်တွေရှုပ်နေတာရယ် ၊ မထင်မှတ်ထားတဲ့ life challenges တွေကြောင့်
မသုံးဖြစ်ပဲ တနှစ်လောက် ပစ်ထားခဲ့မိတယ်🤍

ဒီတစ်ခေါက် လဝက်လောက်ရတဲ့ Company designated holidays လေးတွေ ရှိတာမို့
Christmas festive season ✨ to New Year season 🎄မှာ အိမ်မှာ
အေးအေးဆေးဆေးနေမယ့် opportunity လေးရလို့
Canada lifestyle နဲ့ ပတ်သက်ပြီး သိချင်တာလေးတွေ …
မေးချင်တာရှိရင် Messenger မှာ “Hi” လိုက်ပါနော် 💌

Agent မဟုတ်လို့
School application အကြောင်း၊ Visa application အကြောင်းတွေကို
ဝန်ဆောင်မှု personally မပေးနိုင်ပေမယ့်—
ယုံကြည်လောက်တဲ့ reliable agent services တွေဆီ
Direction ပေးနိုင်ပါတယ်

အားလုံးကို Hera Chal Gallery မှ နွေးထွေးစွာ ပြန်လည်ကြိုဆိုပါတယ် 🤍✨

Hera diary in Maple Land 🍁
Keep on going and Keep smiling 😊

Address

London
East London, ON

Alerts

Be the first to know and let us send you an email when Hera Chal Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Hera Chal Gallery:

Shortcuts

Share

Category